အထီးကျန်ခြင်း ဆိုတာ တစ်ယောက်တည်းနေထိုင်ရခြင်းဖြစ်တယ်..ဆိုရင် မမုန်ပါဘူး..
လက်တွဲဖော်ရှိပေမဲ့ မပျော်ရွှင်နေကြသူတွေလည်း ဒုနဲ့ဒေးမို့ တစ်ယောက်တည်း နေတိုင်း အထီးကျန်တယ်မပြောနိုင်ပါဘူး..
တစ်ယောက်တည်းပေမဲ့ တခြားသူတွေထက် ဘဝကို ပျော် ရွှင်အောင်တည်ဆောက်ထားနိုင်သူတွေလည်း ရှိပါတယ်..
ပျော်ရွှင်ခြင်း” ဆိုတာ ကိုယ်လိုချင်တဲ့အရာရရှိချိန်မှာ ဖြစ်ပေါ်လာတယ် ဆိုရင်..မမှန်ပါဘူး..
ကိုယ်လိုချင်တာ၊ မျှော်လင့်ထားတာတွေ ပိုင်ဆိုင်ခွင့်ရလို့ ပျော်ရွှင်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..
ဒါက ရေရှည်ပျော်ရွှင်မှုမဟုတ်ပါဘူးအမြဲတမ်းပျော်ရွှင်ဖို့ဆိုရင် ကိုယ့်မှာရှိပြီး သားအရာတွေအပေါ်အသိအမှတ်ပြုတတ်ဖို့ အရေးကြီးပါတယ်..
နာကျင်မှု ဆိုတာ မြင်တွေ့နိုင်တဲ့အရာဖြစ်တယ် ဆိုတာ မမှန်ပါဘူး..
လူတစ်ယောက်ရဲ့ဖုံးကွယ်ထားတဲ့ နာကျင်မှုတွေကို ဘယ်တော့မှ လျှော့မတွက် လိုက်ပါနဲ့
လူတိုင်းရဲ့ဘဝမှာ ပြဿနာကိုယ်စီရှိကြပေမဲ့ တချို့တွေက ဖုံးကွယ်ထားကြလို့ပါ..
ဒါကြောင့် သူတပါးရဲ့ဘဝကို အကဲဖြတ်မယ်ဆိုရင် မမြင်တွေ့နိုင်တဲ့နာကျင်မှုတွေ ရှိနေနိုင်တာကို ထည့်စဉ်းစား ပေးဖို့ မမေ့သင့်ပါဘူး
“ ဘဝ” ဆိုတာ ကိုယ်လိုချင်တဲ့အတိုင်းဖြစ်တယ် ဆိုတာ မမှန်ပါဘူး
ဘဝကဖြစ်တည်လာသမျှတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့လွတ်လပ်စွာတုံ့ပြန်ခွင့်ရှိ ပေမဲ့ ကိုယ်လိုချင်တဲ့ဘဝမျိုးရမယ်လို့ အာမမခံနိုင်ပါဘူး..
ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် ဘဝကို ပုံသေကားကျ စိတ်ကူးထားတာထက် ဖြစ်လာတဲ့ တကယ့် ဘဝအစစ်ကိုလက်ခံဖို့ ကြိုးစားပါ
ပြောင်းလဲနိုင်သလောက် ပြောင်းလဲပါ..
မပြောင်းလဲနိုင်တဲ့အရာတွေအတွက် ကိုယ့်အတွေးတွေကို ပြောင်းလဲပစ်ပါ..
ပြီးရင် ရှေ့ဆက်လျှောက်လိုက်ပါ..
တိုးတက်ဖို့အတွက် ယှဉ်ပြိုင်ဘက်လိုအပ်တယ် ဆိုတာ မမှန်ပါဘူး..
တကယ်တော့ ကိုယ့်ကိုယ်ကို ကိုယ်မတတ်နိုင်တဲ့တခြားပုံစံနဲ့ နှိုင်းယှဉ်နေတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို တခြားသူနဲ့နှိုင်းယှဉ်နေတာပဲဖြစ်ဖြစ် ရပ်တန့်လိုက်မှသာ ကိုယ့်ရင်ထဲက အစစ် အမှန်ခံစားချက်ကို သိမှာဖြစ်ပါတယ်..
ကောင်းမွန်တဲ့ဘဝပိုင်ဆိုင်ခွင့်ဆိုတာ လူတိုင်းမရနိုင်တဲ့အထူးအခွင့်အရေးသာဖြစ်တယ် ဆိုတာ
မမှန်ပါဘူး..
တကယ်တော့ နံနက်တိုင်းကိုလည်း ကောင်းသောအတွေးအမြင်နဲ့ နိုးထမယ်..
ညနေခင်းတိုင်းကိုလည်း ကောင်းသောအတွေးအမြင်နဲ့ဖြတ်သန်းမယ်...
ညတိုင်းကိုလည်း ကောင်းသော အတွေးအမြင်နဲ့အိပ်စက်မယ်ဆိုရင် ကောင်းမွန်တဲ့ဘဝကို လူတိုင်းပိုင်ဆိုင်ခွင့်ရနိုင်ပါတယ်
အခက်အခဲ”ဆိုတာ ဘဝမှာ မရှိုသင့်တဲ့အရာဖြစ်တယ်..
တစ်ခါတရံမှာ ပိုကောင်းတဲ့လမ်းကြောင်းမှန်ပေါ် ရောက်ရှိဖို့အတွက် ခက်ခဲတဲ့ အ ရာတွေ၊ အမှားအယွင်းတွေကို အရင်ကျော်ဖြတ်ကြရပါတယ်
သင်ခန်းစာတွေယူပြီးမှ ဘဝကိုပိုကောင်း အောင် တည်ဆောက်ကြရတာပါ..
ဒါကြောင့် ခက်ခဲမှုတွေဆိုတာလည်း ဘဝအတွက် လိုအပ်ပါတယ်..
“ စိတ်ဓာတ်ကြံ့ခိုင်သူတွေ” ဆိုတာ နာကျင်မှုကို မခံစားတတ်သော..သူတွေဖြစ်တယ် ဆိုတာ
မမှန်ပါဘူး..
စိတ်ဓာတ်ကြံ့ခိုင်သူတွေဆိုတာလည်း နာကျင်မှုကို ခံစားတတ်၊ လက်ခံတတ်သူ တွေသာ ဖြစ်ပါတယ်...
ဒါပေမဲ့ သာမန်လူတွေနဲ့ ကွာခြားသွားတာက သူတို့က နာကျင်မှုဆီကနေ သင် ခန်းစာယူပြီး ပိုကောင်းအောင်ကြိုးစားတတ်ကြတာပါ..
ပြောချင်တဲ့စကားထိရောက်ဖို့ဆိုရင် များများပြောတတ်ဖို့လိုတယ်..ဆိုတာ မမှန်ပါဘူး..
ချစ်တယ်” ဆိုတဲ့စကားမပြောခင် အချစ်ကို တကယ်ခံစားပါ
ကျေးဇူးတင်ပါ တယ်” ဆိုတဲ့စကားကိုမပြောခင် ကျေးဇူးတရားကို အရင်ခံစားပါ..
ဝမ်းနည်းပါတယ်” ဆိုတဲ့စကားကို မပြောခင် စာနာစိတ်ကို အရင်ခံစားပါ..
ရင်ထဲကလာတဲ့တကယ့်ခံစားမှုနဲ့ပြောတဲ့ စကားလုံးမှန်ရင် စကားလုံးတိုတိုလေးပေမဲ့ တစ်ဖက်သားရင်ထဲကို တကယ်ရောက်ရှိနိုင်ပါတယ်
အိပ်မက်” ဆိုတာ အချိန်ဖြုန်းတီးမှုတစ်ခုဖြစ်တယ် မ မှန်ပါဘူး မျက်လုံးတွေအတွက်
အမြင်အာရုံက အကြီးမားဆုံးလက်ဆောင်ဆိုတာ မှန်ပေမဲ့ နက်နက်ရှိုင်းရှိုင်းခံစားမှုကိုတော့ နှလုံးသားကမှလုပ်ဆောင်နိုင်တာပါ.
ဒါကြောင့် အပေါ်ယံအမြင်နဲ့ မပြည့်စုံတဲ့
တချို့သော အလှအပတွေ၊ စိတ်ကူးယဉ်မှုတွေ၊ ပျော်ရွှင်မှုတွေအတွက်တော့ နှလုံးသား ခံစားချက်ကြောင့်မက်တဲ့ “ အိပ်မက်”
တွေကလည်း ဘဝမှာလိုအပ် နေပါတယ်..
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gandawin.net/%e1%80%9c%e1%80%bc%e1%80%b2%e1%80%99%e1%80%bd%e1%80%ac%e1%80%b8%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%9a%e1%80%b6%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%99%e1%82%88%e1%80%b1/