အမေရိကန် ဒေါ်လာ ၏ အခန်းကဏ္ဍ နှင့် စီးပွား
ရေး အရေးယူ ပိတ်ဆို့မှူ့ အနေအထား•••••••
အမေရိကန် နိုင်ငံ က ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ အပေါ်
မထင်ရင် မထင်သလို စီးပွားရေး အရေးယူ ပိတ်ဆို့
မှူ့  လုပ်ရပ်မျိုးကို အတိတ်ကတည်းကနေ ယခု
အချိန်အထိ လုပ်ဆောင်နေဆဲဖြစ်သည်။ Economic
Sanction ထုတ်တာတို့၊ ကုန်သွယ်စစ် စတင်တာ
တို့ကို လေ့လာကြည့်ပါက တိကျ သေချာသော အကြောင်းအချက် မျိုးဟူ၍ မရှိခဲ့သည်ကများသည်။
ကုန်သွယ် စစ်ကို စတင်ရာ၌ အဓိက အချက်မှာ ကုန်
သွယ်ရေး လိုငွေပြမှူ့ ကို နည်းအောင် လုပ်ခြင်းက
အဓိက သဘောဆန်သည်။သို့သော် ဇွန်လ ထဲ၌
အမေရိကန် ကုန်သွယ်မှူ့ လိုငွေပြခြင်းသည် ၇%
အထိတောင် တိုးလာခဲ့ပြီး၁၀နှစ်အတွင်းအမြင့်ဆုံး
တောင်ဖြစ်ခဲ့သည်။မှန်းချက်နင့် နှမ်းထွက် မကိုတ်ပေ။
တရုတ်ကိုကြတော့ ကုန်သွယ်မှူ့ မမျှတလို့်။ ရုရှားကြတော့ ယူကေ၌ Sergi နှင့် Yulia Skripalတို့
အား ရုရှားက အဆိပ်ခတ် လုပ်ကြံမှူ့နှင့် Sanction
ထုတ်ခဲ့သည်။ တူရကီကြတော့ ၂၀၁၆ခုနှစ်ကတည်း
က အမေရိကန်နိုင်ငံသားခရစ်စယန် သင်းအုပ်ဆရာ
အင်ဒရူးဘရန်ဆန်ကို တူရကီ က သူလျှိုလုပ်မှူ့နှင့်
ဖမ်းဆီးထားတာကို လွှတ်မပေးခြင်းက အစပြုခဲ့။
ထို့အပြင် တူရကီဘဏ်လုပ်းငန်းရှင် ဟာကန်
အက်တီလာ ဆိုသူက အမေရိကန်တို့ စီးပွားရေး
အရေးယူ ပိတ်ဆို့ထားသည့် အီရန်ဆီက ရေနံ
ဝယ်မှူ့ ကြောင့် အခုလို အမေရိကန်က တူရကီ
အပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှူ လုပ်ခဲ့ခြင်း
ဖြစ်သည်။
အမေရိ ကန်က ကမ္ဘာ့ နိုင်ငံများနှင့် သီးသီးသန့်သန့်
နေလာသည့် အနေအထားအပေါ် တရုတ်၊ရုရှား
နှင့် IMF တို့က ကမ္ဘာ့ စီးပွား ရေး စနစ်ကို အသစ်
ပုံစံ တည်ဆောက်ဖို့ကြိုးစားလာကြသည်။၎င်းအထဲ
၌ အမေရိကန်ဒေါ်လာနှင့် SWIFTစနစ်တို့ကို
နန်းချပြီးIMF ငွေကြေး SDR အခြေ ခံသည့် ကမ္ဘာ့ 
ငွေကြေး စနစ် ကို အကောင်အထည်ဖော်ရန် ခြေလှမ်း
စိတ်သထက်စိတ်လာခဲ့သည်။
အမေရိကန်ရဲ့ Sanction ထုတ်မှူ့ ခံထားရတဲ့ နိုင်ငံ
တွေဟာ အရင်အတိတ်ကာလတုန်ုးက ၎င်းတို့အချင်း
ချင်း ရန်စောင်မှူ့ တွေ ရှိခဲ့ရာကနေ အခုတော့ တပူးပူး
တ တွဲတွဲ ဖြစ်ကုန်ကြပြီ။ကက်စ်ပီယံ ပင်လယ် ဆိုင်
ရာ သဘောတူ စာချုပ်ကို ရုရှားနှင့် အီရန်တို့အပါအ
ဝင် နိုင်ငံ ၅ခုတို့က မကြာသေးခင်က သဘောတူ
လက်မှတ်ထိုးခဲ့ကြသည်။ကာလကြာရှည် ငြင်းခုံ
ပဋိပက္ခ ဖြစ်လာကြသည့် ၎င်း နိုင်ငံတို့သည် အမေ
ရိကန်ကြောင့် ညီညွတ်ကြကုန်ပြီ။
အီရန် နှင့် ရုရှားတို့ဆို ပိုပြီး နီးကပ်စွာ ရှိလာကြမှူ့
ကို ပညာရှင်အများစု တို့က သမိုင်းတလျှောက် မ
မြင်ဖူး၊မတွေ့ ဖူးခဲ့သည့် အနေအထားလို့တောင်
ဆိုကြသည်။ဥရောပနိုင်ငံတွေကလည်း အီရန်အပေါ်
အမေရိကန်ရဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှူ့ အပေါ်
သဘောမတွေ့ ကြသည့် နိုင်ငံများလည်းရှိနေကြသည်။
သို့သော် ၎င်းနိုင်ငံတို့သည် အမေရိကန် ဖိအားပေး
မှူ့ ကြောင့် အီရန်ဆီက ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ 
ဝယ်ယူမှူ့တို့ကို လျှော့ချ ရတော့မည်။ပြင်သစ်နှင့်
ဂျာမဏီတို့ကတော့ Alternative payment
system ကို အသုံးပြုပြီး အီရန်နှင့် ကုန်သွယ် မှူ့ 
လုပ်ရန် ကြံစည်နေကြသည်။ဂျာမဏီဆိုရင် အမေ
ရိကန်ရဲ့ အထိန်းချုပ်ခံ Swift payment ကွန်
ယက်စနစ် အစား Chinese based CIPS
စနစ်ကို သုံးဖို့ ရာခိုင်နှူန်း များနေပြီဖြစ်သည်။
အီရန် အပေါ် စက်တင်ဘာ ၌ အမေရိကန်က
စီးပွားရေး အရေးယူ ပိတ်ဆို့မှူ့နှုနိးထပ်တိုး
မည်ဖြစ်ပြှီး ၎င်းအနေအထားသည် အီးယူ
နိုင်ငံတွေလည်း အကြပ်ရိုတ်နိုင်သည်။
ဆောင်းရာသီ၌ အပူပေးစနစ်အပါအ၀င်
ရေနံစွမ်းအင်သုံး လုပ်ငန်းအများစုတို့၌ အီရန်၏
ရေနံနှင့် သဘာဝဓာတ်ငွေ့  အထောက်အပံ့အား
သာ လျော့ခဲ့ရင် ရုရှား ဘက် ပိုလို့တောင်ယိမ်းလာ
နိုင်ချေရှိသည်။လက်ရှိလောလောလတ်လတ်၌တောင်
မှဂျာမဏီနှင့်ရုရှားတို့၏ Nord Stream 2
ရေနံ ပိုက်လိုင်း သဘောတူ စာချုပ် ကို လက်
မှတ်ထိုးထားကြပြီးဖြစ်သည်၊၊ရုရှားအတွက်တော့ရေ
နံ စွမ်းအင် တင်ပို့နိုင်မှူ့ လမ်းကြောင်း ပိုပြီးကောင်း
မွန်စေခဲ့သည်။၎င်းသဘောတူညီချက် စာချုပ်ကို
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အပြင်း
အထန် ပေါက်ကွဲခဲ့ပြီး ဂျာမဏီသည် ရုရှား၏ ဂျင်း
ထည့်တာ ခံလိုက်ရပြီလို့ ဝေဖန် တိုက်ခိုက်ခဲ့သည်။
အဲဒိ အရေးကိစ္စ များအပြင် အမေရိကန်ဗဟိုဘဏ်
၏ QT အစီအစဉ် ကို ထွန်းသစ်စ နိုင်ငံအများစု
တို့က မနှစ်မြို့ကြပေ။ အဲဒီအထဲ၌ အိန္ဒိယ က
ပြောင်ပြောင်တင်းတင်း ဆိုသလို အမေရိကန်
Fed ဗဟိုဘဏ်ရဲ့ လုပ်ရပ်သည် ထွန်းသစ်စ
နိုင်ငံများတို့ရဲ့ ငွေကြေးတန်ဖိုးများကို ကျဆင်း
စေခဲ့ပြီး ၎င်းနိုင်ငံတို့၏ ဒေါ်လာ ဖြင့် ကြွေးမြီပေး
ဆပ်ရမှူ့ အပေါ် ပို၍ ၀န်ပိစေနိုင်ကြောင်း ဝေဖန်ထားသည်။ထွန်းသစ်စ
ဈေးကွက်များတို့၏ လက်ရှိ ကြုံတွေ့ နေရတဲ့
ဒုက္ခ ၊အန္တရာယ်များတို့သည် ဒေါ်လာ ဖြင့်ချေး
ငွေယူထားကြလို့ Fed ဗဟိုဘဏ်က အတိုးနှူန်း
တိုးလိုက်တိုင်း မိမိတို့ငွေကြေးများ ကို ကျဆင်း
စေပြီး အကြွေးဝန် ပိုပိစေနိုင်ကြသောကြောင့် ဒေါ်လာ
အစား အနာဂတ် ၌ အရန် ငွေကြေးအဖြစ်ကော
ကြွေးမြီ ဘွန်းများထုတ်သည့်အခါတို့၌ ပါ IMF
က ထုတ်တဲ့ SDR လို ငွေကြေးမျိုးကို နေရာ ပေးလာကြဖို့
များသထက်များလာနိုင်ချေ ရှိပါသည်။
လက်ရှိအနေထား ၌ IMFရဲ့ ငွေကြေး SDRသည်
တရုတ်နှင့်ရုရှားတို့အပါအ၀င် ထွန်းသစ်စနိုင်ငံ
များတို့ကော ဥရောပနိုင်ငံများတို့ကပါ ဒေါ်လာအစား
အစားထိုးငွေကြေးအဖြစ် သုံးစွဲ လာနိုင်ပြီးဒေါ်လာ
၏ ဘ၀ သည် နန်းချ ခံ ဘ၀ သို့ ရောက်မှန်းမသိ
ရောက်လာနိုင်ပါကြောင်း မျှဝေပေးလိုက်ရပါသည်။ ။
Author-Ko Nay Nay
Thu, Aug 30
မှန်ပါသည်