ကမ္ဘာ ကျော်တွေ ပြောတဲ့စကား အလွယ်မယုံကြနဲ့
ပြီးခဲ့တဲ့ ၂၀၀၈ ဘဏ္ဍာရေး ပျက်ကပ်ကြီးကို အခုစာ
ဖတ်ကြတဲ့ သူတိုင်း သိကြမည်ဆိုတာ သံသယမရှိ
ပေ။အဲဒိတုန်းက အမေရိကန် စတော့ဈေးကွက် အ
ခြေအနေသည် လက်ရှိမျက်မှောက်ကာလ အခြေအနေ
နှင့် ၈၀%လောက်နီးပါး တူညီနေပြီဆို တာ တနေ့က
CNBC မှာကော CNN မှာပါ ရှင်းပြသွားတာကို
တွေ့ လိုက်ရသည်။ ၎င်းရုပ်သံလိုင်းတို့က ပြီးခဲ့တဲ့
အပတ်က Jackson Hole မှာ မှတ်ချက်ပေးခဲ့
တဲ့ Fed ဥက္ကဋ္ဌ Jerome Powell၏ စကားအပေါ်
အခြေခံပြီး ပြောကြားခြင်းလို့ မြင်မိသည်။
လက်ရှိအမေရိကန် စတော့ဈေးကွက် အနေအထား
သည် သမိုင်းတလျှောက် အမြင့်ဆုံး အနေအထား
သို့ ရောက် ရှိနေတာတော့ အမှန်ဘဲ။Fed ဥက္ကဋ္ဌ
ပြောခဲ့သလို အလုပ်အကိုင်နှူန်းထား ကလည်း
အကောင်းဆုံးအနေအထား၊ စီးပွားရေး တိုးတက်
မှူ့နှူန်းသည်ကလည်း ခန့်မှနိးသည်ထက်တောင်သာ
လွန်ကောင်းမွန်နေသည်။ တနေ့ကထွက်၇ှိတဲ့ အမေ
ရိကန် GDP ဒေတာသည် ယခင်က 4.10%/
ခန့်မှန်းက 4.00%/ အမှန်ထွက်ရှိမှူ့ က 4.20%
အထိ ရှိခဲ့သည်။ Fed ဗဟိုဘဏ်ရဲ့ Inflation
ကို ခြေရာခံရာ၌ အဓိက အသုံးပြုတဲ့ ဒေတာတခု
ဖြစ်တဲ့ Core PCE ဒေတာသည် 2.0% မှာ ရှိ
နေပါသည်။ ပြီးခဲ့တဲ့ Jackson Hole မှာ Fed
ဗဟိုဘဏ်ဥက္ကဋ္ဌ က အနာဂတ်မှာ စီးပွားရေး
ဒေတာတွေ အားကောင်းခဲ့ရင် ဗဟိုဘဏ် အတိုး
နှူန်းကို ဖြေးဖြေးချင်းတိုးမယ်လို့ ဆိုခဲ့သည့်အပေါ်
CNBC က `dovish´လို့ ယူဆကြောင်း
မှတ်ချက်ပြုတော့၊ ဒေါ်လာ ကျပြီး၊ ကမ္ဘာ့ ရွှေ
ဈေးနှင့်အတူ စတော့ တွေ တက်ခဲ့သည်။
အမှန်တကယ် dovish´ဆိုတာက
Fed ဗဟိုဘဏ်
သည် အတိုးနှူန်းကို အချိန်ကြာကြာ ထားလို့ ရ ရင်
ရနိုင်သလောက် အနိမ့် level နေရာ၌ ထားမည်´
ဟူသော စကားမျိုးကို မှ အမှန်တကယ်dovish´ လို့ ယူဆလို့ ရသည်။ အခု CNBC က
dovish´
လို့ မှတ်ချက်ပေး ကောက်ယူတဲ့အပေါ် ကျွန်ုပ်က
သံသယ ဖြစ်မိလို့ Powell ပြောခဲ့တဲ့ Speech
အပြည့်အစုံကို သေသေချာချာ တလုံးချင်း အဓိပ္ပါယ်
ကောက် ပြန်ဆိုကြည့်တော့ `dovish´လို့ ယူဆ၍
မရတာကို တွေ့ လိုက်ရသည်။ မကျေနပ်လို့ ထပ်ပြီး
လေ့လာကြည့်ရာ၌ Fed funds rate ၏
Powell ပြောအပြီး အတိုးနှူနိးလားရာ ဖော်ပြမှူ့ ကို
လေ့လာကြည့်တော့လည်း စက်တင်ဘာ အတိုးနှူန်း
တိုးနိုင်ချေ ၉၆%အထိ တောင် မြင့်တက်လာတာ
တွေ့ ရသည်။
အတိုးနှူန်းနိမ့်နိမ့်၌ ထားရှိခြင်းသည် စီးပွား ရေးလုပ်
ငန်းများ အတွက် ချေးငွေ ဖြင့် ချဲ့ထွင်မှူ့ လုပ်ရာတွင်
အတိုးနှူန်း သက်သာစေနိုင်ပြီး၊အကျိုးပြုမှူ့ ပိုပြီး
ရှိစေနိုင်ပါသည်။ မိသားစုတို့အတွက် လည်း အ
ကျိုးရှိစေနိုင်ပါသည်။၎င်း အခြေအနေမျိုးသည်
အမြဲတမ်းလိုချင်လို့တော့မရပေ။Fed ဗဟိုဘဏ်က
တော့ အဲဒိအခြေအနေမျိုးကို
အမေရိကန် အင်ဖလေးရှင်း အနိမ့်နေရာ၌ ရှိနေပြီး၊
အလုပ်လက်မဲ့နှူန်းကလည်း အသင့်အတင့်
နေရာမျိုး၌သာ ရှိနေသည့် အနေအထားမျိုး
မှသာ အခွင့်ပေးလေ့ရှိသည်။
Fed ဗဟိုဘဏ်သည် inflation နှင့် အလုပ်လက်မဲ့နှူန်း ၊ တို့ကို ထိန်းညှိ ရာ၌ ဗဟိုဘဏ် အတိုးနှူန်း ကို အတိုး
အလျှော့ လုပ်ခြင်းဖြင့် ကိုင်တွယ် ကြိုးကိုင်လေ့ရှိသည်။
လာမည့် စက်တင်ဘာလ ဗဟိုဘဏ် အစည်းအဝေး၌
Fed ဗဟိုဘဏ်၏် အတိုးနှူန်းတိုးရန် အနေအထား
က လက်ရှိ၌တော့ သွေဖယ်ခြင်းမရှိသေးပေ။
၂၀၀၇ခုနှစ် ၊အောက်တိုဘာ၌ အမေရိကန်စတော့
ဈေးကွက် အမြင့်ဆုံးအနေအထားအထိ ရောက်ရှိ
ခဲ့သည်။၎င်းနောက် ၂၀၀၈ခုနှစ်၊စက်တင်ဘာ ၁၅
၌ Lehman Brothers ဘဏ်ကြီး ပြိုလဲမှူ့နှင့်
အတူ ဘဏ္ဍာရေး ပျက်ကပ်ကြီး စတင်ဖြစ်
ခဲ့သည်။၂၀၀၉ခုနှစ်၊မတ်လ ရောက်တော့ အမေရိ
ကန်စီးပွားရေး အောက်ဆုံးအထိ ထိုးကျခဲ့သည်။
၂၀၀၅ခုနှစိ၊ဇူလှိုင် လ၌ှ Fedဥက္ကဌ Bernanke
က အိမ်ယာမြေဈေးကွက် ပူဖောင်း ကြီး ကြီးထွား
နေပြီး၊ မကြာခင် ပေါက်ကွဲပြီး တိုင်းပြည်စီးပွား
ရေး ကို ကပ်ဆိုက် စေနိုင်တဲ့ အနေအထားမျိုး
ရှိနေသည့် အပေါ် အင်တာဗျူးတခု၌ ဖြေကြား
ရာတွင် `အိမ်ယာမြေ ဈေးကွက်ကြီး ပြိုလဲဖို့
ဆိုသည်မှာ သမိုင်း၌လည်း မရှိခဲ့သလို၊ လက်ရှိ
အနေအထားကလည်း ခင်ဗျားတို့ သိတဲ့အတိုင်း
ဘဲလေ´ဟူ၍ ငေါ့တော့တော့ မှတ်ချက်ပေးခဲ့သည်။
၂၀၀၈ခုနစ်၊ ဇန်န၀ါရီ မှာ ရီဆက်ရှင်း (recession)
စ၍ နေသည့်တိုင် Bernanke ကတော့ စိုးရိမ်စရာ
မရှိကြောင်း ပြောကြားခဲ့သည်။၂၀၀၈ခုနှစ်၊ မေလ
၌ ဘဏ္ဍာရေး ၀န်ကြီးHank Paulson ကတောင်
ကောလာဟလ နှင့် သတင်းတု တွေ အပေါ် အယုံ
အကြည် မရှိကြရန်နှင့် ဈေးကွက်မတည်ငြိမ်မှူ့ 
နှင့် ကသောင်းကနင်း ဖြစ်မှူ့ အနေအထား၌
အခုမှ စတာ မဟုတ်ဘဲ အဆုံးသတ်တာလို့ မှတ်
ချက်ပေးပြောကြားခဲ့သည်။၂၀၀၈ခုနစ်၊ဇွန်လ၌
ပျက်ကပ်ကြီးမတိုင်ခင် ၃လ အလို ရောက်သည်
အထိ Fed ဥက္ကဋ္ဌ Bernanke က လေ သံ
မလျှော့ခဲ့သေးပေ။ ပျက်ကပ်ကြီး မစတင်ခင်
၂လ အလို လောက်အထိ ဘဏ္ဍာရေး ၀န်ကြီး
ကလည်း ``Our banking system is a
safe and a sound one.´´လို့ ဆိုပြီး
လေ သံ ကျယ်ထားခဲ့သည်။ ပြောလိုသည်မှာ
နိုင်ငံကျော်ဘဲဖြစ်ဖြစ်၊ကမ္ဘာကျော်ဘဲ ဖြစ်ဖြစ်
ပုထုစဉ် များသာ ဖြစ်ကြလို့ အမှား နဲ့ ကင်း
နိုင်ကြသူများ မဟုတ်တာ ရယ် အနာဂတ်
အခြေအနေ ကို ကြိုတင် ဟောကိန်းထုတ်လို့
မရနိုင်ဘူး ဆိုတာကိုရယ် ကို သိစေအပ်ဖို့
ရန် ဖြစ်သည်။
အခုလည်း Fed ဥက္ကဋ္ဌ Powell က ရီဆက်ရှင်း ဆို
တာ မဖြစ်နိုင်ကြောင်းနှင့် သမ္မတကြီး ထရမ့်ကလည်း
စီးပွားရေး အလွန်အမင်း ကောင်းမွန်နေပြီး၊ အလုပ်အ
ကိုင် နှူန်းလည်း အမြင့်ဆုံး အနေအထား၌ ရှိနေတယ်
လို့ ဆိုထားသည်။ အမေရိကန် အမျိုးသားကြွေးမြီက
$21 ထရီလီယံ ရောက်နေ ပြီ။ $10 ထရီလီယံ
မျှ တန်ဖိုးရှိကြသော ဘွန်း(ဒ)တွေ က yieldထွက်
နှူနိးအနှူတ်ပြနေကြသည်။WeWork, Telsaနှင့်
Netflix ကုမ္ပဏီ တို့က လုပ်ငန်းအရှူံးပြနေသည့်
တိုင် ဒေါ်လာ ဘီလီယံချီပြီး အရင်းအနှီးငွေကြေး
ဖြည့်တင်း၍ ရနေသလို ၊ စတော့ဈေးနှူနိးများလည်း
ကျသွားခြင်းမျိုး ဟူ၍ မရှိသေးပေ။ ဘယ်အချိန်မှာ
ဒုက္ခ ပေးကြမလည်းတော့ မသိနိုင်ပေ။
၁၉၇၀ခုနှစ် ၌ လက်တင်အမေရိက ကြွေးမြီပြဿနာ
ကြောင့် ဘဏ်များအပေါ် အကြပိအတည်း ဆိုက်စေ
ခဲ့ခြင်း သည် နိမိတ်ပြ လက္ခဏာတောင် မတွေ့ လိုက်
ရပေ။၁၉၈၀ခုနှစ်၌ ချီလီနှင့် မော်ရိုကို တို့၏ အကြပ်
အတည်း၊၁၉၉၀ခုနှစ် အစောပိုင်း၌ ဆွီဒင် ၊နော်ဝေ၊ဖင်လန်နှင့် ဆိုရှယ်လစ်နိုင်ငံအများစုတို့၏ စီးပွားရေးအ
ကြပ်အတည်းပြဿနာ၊၁၉၉၄-၁၉၉၅ ကာလ၌
ဗင်နီဇွဲလား ၊ဘရာဇီးနှင့် မက္ကဆီကို တို့၏ အကြပ်အတည်း စသည်တို့သည် ခြေရာခံလို့ မရခဲ့တဲ့ နမူနာ
အဖြစ်အပျက်များ ဖြစ်ကြသည်။
၁၉၉၇၌ ထိုင်း၊အင်ဒိုနီးရှား၊နှငိ့ အာရှနိုင်ငံအများစုတို့၏
ဘဏ္ဍာရေး ပျက်ကပ် မျိုးသည် IMF တို့ World
Banks တို့ အစောပိုင်း ခန့်မှန်းချက် အတိုင်းသာ
အမှန်ရှိခဲ့ရင် အာရှ ပျက်ကပ်မျိုး ဖြစ်လာစရာ
အကြောင်းမရှိနိုင်ပေ။တောင်ကိုးရီးယားနိုင်ငံဆို
၁၉၉၇ခုနစ်၊ဇန်န၀ါရီ ၁ ရက်နေ့မှာ သမ္မတ Y.S.Kim
က ၁၉၉၆ခုနှစ် တနှစ်လုံးရဲ့ စီးပွားရေး တိုးတက်မှူ့ 
သည် ၇.၁% အထိ မြင့်တက်ခဲ့သည်ဟု ဂုဏ် ယူ ၀ံ့
ကြွားစွာ ကြေညာခဲ့သည်။ အဲဒိအချိန်၌ တောင်ကိုး
ရီးယား စီးပွားရေးသည် ကမ္ဘာ ပေါ်၌ ၁၁နိုင်ငံမြောက်
အကြီးဆုံးဖြစ်ခဲ့သည်။
၁၉၉၇ ခုနှစ်တာ ကာလ၌ တောင်ကိုးရီးယား စီးပွား
ရေး ကို အခြေ ခံပြီးIMF က ၁၉၉၈ခုနှစ်ထဲမှာ
လက်ရှိထက်တောင် ပိုကောင်းနိုင်ကြောင်းခန့်မှန်း
ခဲ့သည်။တောင်ကိုးရီးယားငွေကြေးကလည်း တည်
ငြိမ်မှူ့ ရှိနေခဲ့သည်။အလုပ်လက်မဲ့နှူန်းကလည်း
၂.၅%သာ ရှိခဲ့သည်။အစိုးရ ကြွေးမြီ ဘွန်း
အဆင့် ကို လည်းMoody`s အေဂျင်စီ အဖွဲ့အစည်း
က A-1 အဆင့်၌ ထားရှိသတ်မှတ်ခဲ့သည်။
အဲဒိနှစ် နှောင်းပိုင်းမှာတင် စီးပွားရေးနှေးကွေးမှူ့ အဆင့်
ကနေ ဘဏ်စနစ် ပါ ပြိုလဲ ခဲ့သည်အထိ ဖြစ်ခဲ့ပြီး၊
၁၉၉၈ ခုနှစ်ထဲ ရောက်တော့ အလုပ်လက်မဲ့နှူန်းက
လည့်း ၈%အထိ မြင့်တက်ခဲ့သည်။ တောင်ကိုးရီးယား
စတော့ ဈေးကွက် တခုလုံးလည်း ကသောင်းကနင်း
ဖြစ်ခဲ့ပြီး စတော့ဈေးနှူန်းများသည် တနှစ်အတွင်း
၅၀%ကျော်အထိ ကျဆင်းခဲ့ပြီး စီးပွားရေး ပျက်ကပ်
ရုပ်လုံးအပြည့် ပေါ်ခဲ့သည်အထိ ဆိုးရွားမှူ့ ရှိခဲ့သည်။
ဤသို့သော အတိတ်က ဖြစ်ရပ်များကို လေ့လာသုံး
သပ်ကြည့်ပါက. အတိတ်ကအခြေအနေ၊ ပစ္စုန်ပ္ပန်
အခြေအနေ၊ တို့ကို အခြေ ခံပြီး အနာဂတ်မှာ ဘာ
ဖြစ်မည်။ မဖြစ်မည်၊ဆိုသည့် ဟောကိန်းထုတ်မှူ့၊
ခန့်မှန်းသုံးသပ်ထားမှူ့များသည် ကမ္ဘာ ကျော်ပုဂ္ဂိုလ်၊
ကမ္ဘာကျော်အဖွဲ့ အစည်းပင် ဖြစ်လငိ့ကစား အမှား
ရှိစေနိုင်ကြသည်ဖြစ်သောကြောင့် "Must/Will"
တို့ အစား ပရိုကြီးများကတောင်"may/might"
ဆိုသည့် စကားလုံးများကို သုံးကြပြီး၊ ကျွန်တော်တို့
တွေလည်း ဈေးကွက် လားရာ ၊ဈေးနှူန်း
လားရာ ကို ခန့်မှန်းရာ ၌ ကျိနိးသေ ဖြစ်မည်။
ကျိန်းသေ သွားမည်။ဟူသော အာဘော်လွန်စကားမျိုး
ကို မသုံးသင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုက်ရသည်။
Author-Ko Nay Nay
Fri,Aug 31
hi...vote ပေးခဲ့ပီ။
လာလည်သွားတယ်နော်။
ကျေးဇူးပါပဲ sis
Congratulations @magway-minbu! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP