မကွေးဂုဏ်ရည်လွမ်းစေတီ
ပိုက်စုံရတု
လွမ်းစေတီဌာန ဘွဲ့တော်ရနာမည် မြန်ပြည်တွင်ပျံ့မွှေး မြို့ မကွေးနှင့်
မြစ်ဘေးဧရာ သပြေညာ၏
နဂရာမင်းဘူး မြောက်စူးစူးမျှော်
ရေနံကျော်တို့ ထွက်ကျပေါ်ရာ
နမ္မဒါနှင့်
မှန်စွာမဝေး ငေးစေသော်။
မန်းရေကြည်သာစွ ဝါဆိုလခါ
ရေတက်လာသော်
ဖူးမျှော်သူပေါင်း ငြိမ့်ညောင်းသာယာ
မြစ်ဧရာ၏ ရေပြာဖွေးဖွေး
လေအေးအေးနှင့် ဆည်းလည်းမြည်ဟန်
လှိုင်းခွပ်သံက ဟဒယမှာ
အေးငြိမ်းကာဖြင့်
ဘယာစိတ်ဘေး ဝေးစေသော်။
မှန်းလေပြီသန္ဓာယ သမဏကဉ္စနာ
ဒကာကရွာလူကြီး ဦးစီးလေရာ
ဒါယကာတို့ ညီညာကျိုးစား
မြန်တလွှားတည် သဒ္ဓါတရားကြည်ဖြူ
များဗိုလ်သူတို့ ပေးလှူ လေကြ
မြတ်ပုညမှာ နှောင်းအခါဝယ်
နောင်လာလူများ ကုသိုလ်ပွါး၍
ပြု ငြားဒါန သီလလုံစွာ ဘာဝနာနှင့်
သံသရာနောင်ရေး အေးစေသော်။
(သမဏ =ရဟန်း။သန္ဓာယ=ရည်ရွှယ်၍
နဂရ=မြို့ နမ္မဒါ မန်းချောင်း
တတ်သလောက်ရေးဖွဲ့ပူဇော်သည်ဖြစ်၍
ပညာရှင်ကြီးမဟုတ်ရကား အမှားပါက
ထောက်ပြပြင်ဆင် ပြောစေချင်၏)
Please give me a follow and I will give you a follow in return!
Please also take a moment to read this post regarding bad behavior on Steemit.✅ @magway-pagoda, I gave you an upvote on your first post!