အို ချစ်ခြင်းတရား....အကျွနုပ်သည် သင့် ကို မြတ်နိုးပါ၏။နှစ်သက်ပါ၏၊ အနားမှာ ထာဝရရှိစေချင်သလို သင်နဲ့ပက်သက်သမျှကို ပိုဆိုင်လိုပါ၏။ငါ့ရဲ့သွေးသားနဲ့ထွန်းထားတဲ့ ဖယောင်းငယ်လို့ မီးစာကုန်သည်အထိ သင့်ကို အလင်းရောင်ပေးရင်းချစ်သွားမှာပါ။ ငါ့နှလုံးသားက လှတာမြင်ရင် မြတ်နိုးတတ်တော့ အလိုကြီးသူရယ်လို့ သတ်မှတ်ချင် သတ်မှတ်ပါ ။သံပရားသီးစားရင် ချဉ်မှာဘဲ ။ ကြက်ဟင်းခါးစား ခါးမှာဘဲ။ လှတာမြင်ကြိုက်မှာဘဲ။သင်တို့ဟာ ငါ့နှလုံးသားနံရံကို
ဖျက်မရအောင်စေးကပ်ကြတယ်။ သင်တို့ကိုဖယ်ရှားရင် ငါ့သွေးသား အသားစတွေပါ ပါလောက်အောင် သင်တို့က ခိုင်မြဲနေပြီ။ သင် ခိုင်းစေသမျှ ဘာမဆိုလုပ်ဘို့လည်း ဝန်မလေးပါ။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မယ်ဆိုတဲ့ ယုံတမ်းစကားတွေမပြောကြားလိုပေမယ့် ငါ့ရဲ့ အသက်ရှူသံနဲ့အမျှ သင့်ကို သတိရနေမှာပါ။ငါ့ကိုအလိုလောဘကြီးတယ်လို့ မထင်ပါနဲ့ ၊သင်နဲ့ပက်သက်သမျှ ငါ ပိုင်ဆိုင်လို၏။တဆာဆာတောင်းနေတဲ့ ခလေးငယ်လို သင့်ကို ပူဆာနေမိတယ်။တောင်းတနေမိတယ်၊ ငါ့ရဲ့ သွေးသားထဲမှာ ချစ်တတ်တဲ့ sensor လေးပါနေတော့ သင်ချစ်ခြင်းတရားကိုမြင်တိုင်း အချက်ပြနေတာ ငါ့အလွန်လား။
crd.org.source
အို အသင်လောက......
ဖြစ်သင့်တာတွေနဲ့ ငါ့ဘဝကို ချုပ်ချယ်တယ်၊ငါမမှီတဲ့ ဥပဒေတွေနဲ့ငါ့ကို တရားစီရင်တယ်။အသင်ဘဲဖန်တီးပေးပြီး အသင်ဘဲ ငါ့ရဲ့ လိုအင်ဟူသမျှ ပိတ်ပင်တားဆီးနေတယ်။ မွေးလိုက်သေလိုက်နဲ့ အလုပ်ပေါင်းစုံ သင်ခိုင်းသလို ငိုလိုက်ရယ်လိုက် ဇာတ်ဝင်ခန်းတွေကလည်း မနည်းပါလား။သင့်အလိုကျ က ပြရတာ မောလှပြီ။ တစ်ခုခိုင်းပြီး တစ်ခုကို့ သတိမရအောင် မေ့သွားအောင် လုပ်တာတော့ အံ့သြပါရဲ့။ေ ပြာသေးတယ် သင်တို့ ကိုယ်တိုင် သတိမရအောင် လုပ်တာတဲ့။္ခ္ခအသင်ပြောတဲ့ ပေးဆပ်ခြင်းတစ်ခုဘဲ ငါ့မှာ ပိုင်ဆိုင်ခွင့်ရှိတာလား။အသင်မကြိုက်တဲ့ ချင်ဟူသမျှ ငါ့မှာရှိတာက အခက်သား။အမှန်တရားကို သင်က မြတ်နိုးပေမယ့် မှန်တာ ပြောတိုင်း သင်လက်မခံဘူး။ အသင်ပြောနေကြစကားက မှန်တိုင်း ပြောသင့်မှပြော ၊လုပ်သင့်မှလုပ်တဲ့။ရောင်စုံလှပတဲ့ ပန်းခင်းကြီးထဲ ဖြတ်လျှောက်ခိုင်းပြီး မခူးဆွတ် မနမ်းရှိုက်ရဘူးတဲ့။ ရေလောင်းပေါင်းသင်းဘဲ လုပ်ရမယ်တဲ့ ၊ ရက်စက်ပါပေ့ အသင်လောကရယ်။
အို လွတ်မြောက်ခြင်းတရား.....
တောင်းတမှုနဲ့ ဖိနှိပ်မှုအောက်မှာ ငါမနေလိုတော့ပါ။ဒါပေမယ့် သင့်ရဲ့ဒဿနဖြစ်တဲ့ ငါမရှိဘူးဆိုတာသိဘို့ တော်တော်သင်ကြားရဦးမယ်။သင်ပေးတဲ့ ငြိမ်းချမ်းမှုကို ရချင်တာတော့ အမှန်။လွတ်မြောက်မှုဆို့တဲ့ စကားလုံးနဲ့တင် သင့်ကို သဘောကျနှစ်ခြိုက်မိပါတယ်။ဒါဆို အကျွနုပ်တို့က မလွတ်မြောက်သေးဘူးပေါ့နော်။ အသင့်ဆီက ပညာတွေ သင်ကြားလိုပါ၏။
ဘာမှမမြဲဘူးဆိုတော့ ငါချစ်ချင်နေတာတွေ အလကားပေါ့နော်။သင်ပြောတာအမှန်ဆို လောကကြီးက ငါ့အတွက်ပြောတာပေါ့နော်။မမြဲတာကိုမနမ်းရှိုက် ခိုင်းတာဘဲ။သင့်ကို တစ်ခုတော့ မေးပါရစေ၊ဖြစ်ပေါ်လာတဲ့ သွေးသားဆန္ဒကို ဘယ်လိုတားဆီးမလဲ ။ ဘယ်လို ! အာရုံပြောင်းရမယ် ဟုတ်လား။သူ့ကို ဖြစ်ခွင့်မပေးဘဲ ဝေးဝေးနေရမယ် ၊သူ့ကိုမတွေးရင် သူဖြစ်ခွင့်မရှိဘူးတဲ့။ထိုစကားကိုတော့ တော်တော် ကြိုက်သွားပြီဗျာ။ပန်းလေးတွေလှတာ သဘာဝ၊ငါ့ပန်းလို့ဆွဲယူလိုက်တာက ငါ့ အပြစ်တဲ့။ဆွဲယူနေသမျှ မင်း ပူလောင်နေမှာဘဲတဲ့။စာတမ်းပြုစုသူ စစ်ဆေးသူအနေနဲ့ဘဲ နေထိုင်ပါ၊ အရှိကို အရှိအတိုင်းမှတ်တမ်းတင်ပါတဲ့။
ပညာတွေတက်မြောက်သွားရင် ချစ်ခြင်းတရားနဲ့ လောကကြီးကို ကျေးဇူးတင်ကြောင်းသွားပြောမယ်။ သူတို့က သင့်ကို လမ်းညွှန်လိုက်လို့ပါ။ထပ်ပြောချင်ပါသေးတယ်။
ကျေးဇူးအထူးတင်ပါတယ် အသင်လောကရေ......။
MSC -228
@mahaw
တရားဟောဆရာ လုပ်စားလို့ရပီ ဆရာဟော် အဟီး
ကြာသလားလို့ လုပ်လိုက်ကြရအောင်။
တရားကိုသွယ်ဝိုက်သောနည်းဖြင့်ရေးသားနိုင်စွမ်းရှိပါပေတယ် ဥဥမဟော် .ကို ခေး ချီးကျူးပါတယ်ဗျာ လေးစားပါတယ်😋😋😋😋
ကျေးဇူးပါ ချစ်ဆုံးရေ။
အယ့် ကျွနုပ် နားဝေတေ သိပ်နားမလည်ဘူး.ဆြာမဟော်😊
ခေးကို မေးလိုက်။သူေ ပြာ ပြမယ်တဲ့။
တကယ့်ကိုဖတ်လို့ကောင်းပါတယ်....ဒီလိုရေးတာကဗျာရေးနည်းလား?ကောင်းသောပိုစ့်ပါ....
ကဗျာမဟုတ်ပါဘူး။ရေးသားနည်း ပြောင်းကြည့်တာပါ။ကျေးဇူးပါညီမ။
!
ဟဲ ဟဲ ဘာကြောင့်ကြိုက်လည်း သိတယ်နော်။ကျေးဇူးပါ bro.
လောကလူသားတွေကို အချစ် ဖြင့် တည်ဆောက်ထားတာပါ
မချစ်ကြတော့ရင် လူသားတွေ ရှိကြတောမည့် မဟုတ်...
ကိုင်း! ချစ်စေသတည်း ။
ရေးအားကောင်းလှချီလား ဦးမဟော်ရဲ့
ဒီလိုဘဲ ပွားချင်တဲ့သူတွေက စာပိုရေးတယ်။ကျေးဇူးပါညီမ။
တစ်ဦးကိုယ်တစ်ဦးချစ်တာ မင်္ဂလာရှိပါတယ်ဗျ😊
အရာရာကို စွဲလန်းချင်တာကို အဓိက ဦးတည်လိုက်တာပါ။လိုအပ်တာ ဖြစ်တဲ့အတွက် sorry.ကျေးဇူးပါ bro.
အိုအသင်လော..... မြင့်လွန်းအားကြီးတယ် လိုက်မမှီတော့ဘူး
မ မြင့်ပါဘူးဦးရယ်။နားမလည်အောင်ရေထားတော့ မြင့်သလို ဖြစ်နေတာပါ။ဲ ဟဲဟဲ
အကြောင်းအရာ အဖွဲ့ အနွဲ့ များ ပီပြင်လှပါတယ်ဗျာ ။
ကျေးဇူး bro.
အိုး အသင်လောက
ဖာတလုံးခေါင်းကျားကို သတိရတယ်
မရှင်းလို့ ၊ဘာကိုသတိရတယ်?
ဖာတလုံးခေါင်းကျား ဇတ်ထုတ်မှာ ဘုရင်က ကြွေးကြော်တာလေ
အိုအသင်လောကဆိုပီး
ကိုမဟော်ရေးတာနဲ့တူတယ်
ဟိုစကားလုံးကို နောက်ချင်တာကိုသက်ရဲ့။ဂယ်ဘဲ နောက်လို့နောက်မှန်းလည်းသိဘူး။စိတ်ချိုးတယ်။
အ လို့ချစ်တာမဟုတ်....
ချစ်လို့ အ တာပါ
မိုက်တယ်
ကိုယ် အာသန်ရာကို ရွေးကြည့်ကြတာဘဲ။
လိုက်ကိုမမှီဘူးဗျို့ အတွေး အရေးတွေက
သြော် မသိအောင်ရေးမှ မြင့်မှာပါဆို။ကျေးဇူး bro.မနက် ဖြန် လာvoteဦးနော်။
ဖာတစ်လုံးခေါင်းကြားပဲ
ဆရာ့postကို မမန့်တတ်လို့ မမန့်ခဲ့တာ။ဆရာတို့ ကောင်းမယ်ထင်တာ ဆုံး ဖြတ်ကြပါ။
အဲ ကိုမဟော် အရေးအသားဒီဇိုင်းပြောင်းသွားလို့ အံ့သြနေတာ တော်တယ်ဗျာ စိတ်ကူးနဲ့ အတွေးတွေ အများကြီးရလိုက်တယ်။
လိုက်မမှီတော့ဘူး အရေးအသားတွေက....