ကျွန်တော်တို့သည် လုပ်သင့်လုပ်ထိုက်တာကိုသိပေမယ့် လက်တွေ့မလုပ်ဖြစ်ဘူး။ လူတော်တော်များများဟာယေဘူယျအားဖြင့် အကောင်း/အဆိုးကို ခွဲခြားနိုင်ပါတယ်။ခွဲခြားနိုင်ပေမယ့်လည်း မှားမြဲမှားနေကြတာ ဘာကြောင့်လည်းဆိုတာကိုဆွေးနွေးမှာပါ။ဥပမာအားဖြင့်အရက်သောက်တာ ၊ဆေးလိပ်သောက်တာ ၊ကွမ်းစားတာ၊ ဘိန်းရူတာ စသဖြင့်အကြောင်းအရာတွေကို လူတိုင်းနီးပါးမကောင်းဘူးဆိုတာသိပါတယ်။သိပေမယ့် ဘာကြောင့် လုပ်နေကြတာလဲ။အစပိုင်းမှာ သွေးသားတွေကို အလေ့အကျင့်လုပ်ခဲ့တော့ ခန္ဓာကိုယ်ရဲ့သွေးသားတွေကတောင်းတလာတယ်။အဲ့ဒီအချိန်ရောက်ရင် မကောင်းဘူးပြောလည်း ဆက်လုပ်ဖြစ်မှာဘဲ။
#သွေးသားများကို အလေ့အကျင့် လုပ်ပါများလာလျှင် သူတို့သည်အချိန်တန်ရင် တောင်းဆိုလာကြပါလိမ့်မည်။
နောက်တစ်ပိုင်း စဉ်းစားကြည့်ရအောင်။လောင်းကစားလုပ်တာ ၊ မိန်းမလိုက်စားတာ ၊စသဖြင့်အကြောင်းအရာတွေကိုမကောင်းဘူးဆိုတာသိကြပါတယ်။ဒီလိုဘဲစိတ်ခံစားမှုတွေကို အစပိုင်းမှာနည်းနည်းချင်းလိုက်လျောတဲ့အလေ့အကျင့် လုပ်ခဲ့တော့ အချိန်ကျလာလျှင် စိတ်ခံစားမှုကတောင်းတ၊တောင်းဆိုလာတာပါ။စိတ်ကတောင်းတလား၊တောင်းဆိုလာရင် ဘာကိုမှမမြင်တော့ပါဘူး။အမှား အမှန် ၊အကောင်းးအဆိုးလည်းမခွဲခြားနိုင်တော့ဘူး။မှားမှန်းသိလည်း လုပ်မှာဘဲ။
#စိတ်လိုအင်ဆန္ဒကိုလိုလျောပါများရင် သူတို့သည်ထိန်းချုပ်နိုင်စွမ်းကို ဖျက်ဆီးပါလိမ့်မည်။
အာဃတစိတ်၊မုန်းတီးစိတ်၊မနာလိုဝန်တိုစိတ်၊သူတစ်ပါးကိုအထင်သေးစိတ်တွေဟာလည်းတွေးပါများအလေ့အကျင့်များလာရင်အဲဒါတွေစိတ်မှာအမြဲကိန်းအောင်းနေမယ်။
#မကောင်းသောစိတ်များအစဉ်တွေးနေလျှင်မိမိနှင့်သူတစ်ပါးကို ဖျက်ဆီးပါလိမ့်မည်။
ကျွန်တော်ဘာကို ဆိုလိုချင်တာလည်းဆိုတော့အသိတရားထက် အလေ့အကျင့်က ပိုပြီးအဓိက ကျတယ်လို့ပြောချင်တာ။နောက်ပြီး အလေ့အကျင့်မပါတဲ့ အသိတရားဟာမခိုင်မြဲပါဘူး။ကျွန်တော်တို့ဟာ
လောဘတွေဖြစ်တာ မကောင်းမှန်း သိတယ်။
ဒေါသတွေဖြစ်တာ မဖြစ်သင့်မှန်း သိတယ်။
မနာလိုဝန်တိုစိတ်ဟာ မထားသင့်မှန်း သိတယ်။
မေတ္တာတရားဟာ အေးချမ်းမှန်း သိတယ်။
ဒါပေမယ့် မလိုက်နာမကျင့်သုံးနိုင်ကြဘူး။အသိဟာအသိအဆင့်ဘဲရှိပြီ အလေ့အကျင့်ထိ မရောက်လို့ပါ။ရပ်ကွက်ထဲ အချို့လူကြီးတွေ တရားဆွေးနွေးတာ ကျမ်းတတ်ဆရာတော်တွေ သြချလောက်တယ်။အဘိဓမ္မာကဘယ်လို၊ သုတ္တန်ကဘယ်လို၊ ဘယ်ဆရာတော်က ဘယ်လို၊ဟိုနည်းက နှေးတယ်ကြာတယ်တို့ပြောနေကြတာ တွေ့ဖူးမှာပါ။လောကဓံတစ်ခုခုနဲ့ကြုံလိုက်တာနဲ့ တရားမကပ်နိုင်ကြတော့ဘူး။တစ်ခါတုန်းက ရွာဘုန်းကြီးလိုပေါ့။သူများအမေတွေ၊ဆွေမျိုးတွေသေတော့ တရားဟောလိုက်တာကောင်းမှကောင်း။လူတိုင်းတစ်နေ့သေရမှာဘဲ၊ဘဝကူးသွားတာ မင်းတို့ကိုမသိတော့ဘူး။ဘဝခြားသွားပြီ မငိုနဲ့တော့ဆိုပြီး နှစ်သိမ့်လေ့ရှိတယ်။တစ်နေ့ ဘုန်းကြီးမယ်တော် သေတော့ ငိုတာပေါ့ဗျာ။ရွာကလူကြီးသူမတွေက ဖြောင်းဖျကြတယ်။ဘုန်းဘုန်းလည်းဟောခဲ့တာဘဲ၊မငိုပါနဲ့ပြောတော့။ဘာပြန်ပြောတယ်မှတ်လည်း
အဲ့ဒီတုန်းကသေတာ နင်တို့အမေ၊အခုက ငါ့အမေ ငိုမှာဘဲတဲ့။ဒီပုံပြင်လေးကို အားလုံးကြားဖူးကြမှာပါ။ဆိုလိုချင်တာက အလေ့အကျင့်ဟာ အရမ်းအရေးကြီးပါတယ်။ဘာဝနာဆိုတာ အလေ့အကျင့်လုပ်တာပါ။ဝီရိယပိုင်းကို နည်းနည်းပြောဦးမယ်။ရေတွင်းတစ်တွင်းဟာ ပေ ၁၀၀ အနက်မှာ ရေထွက်တယ် ဆိုပါစို့။၁၀ ပေအနက် ၁၀ တွင်းတူးလို့ရေမထွက်ပါ။ပေ ၁၀၀ တင်းတင်းပြည့်မှရေသောက်သုံးခွင့်ရမှပါ။ဒီသဘောတရားကို ကလေး တွေတောင်သိပါတယ်။မသိတာက အချို့လူကြီးတွေ။ရိပ်သာတွေလည်းစုံပြီ၊ နှစ်တွေလည်းကြာပြီ ဒုံရင်းက ဒုံရင်းဘဲ။စေတနာ၊ ကရုဏာတွေနဲ့ပြောနေခြင်းဖြစ်ပါတယ်။စော်ကားလိုစိတ်မရှိပါ။ဆရာတော် ဦးဇောတိက ပြောသလို မြန်မာကျောင်းသားတွေ အင်္ဂလိပ်စာကို ၁၅ နှစ်လောက်သင်ထားတာတောင် မတက်သေးဘူး။အဖြစ်သင်တာကိုး။တစ်စိုက်မတ်မတ် မလေ့ကျင့်ဘူး။ဒါဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေပါ။နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်နှစ်သက်ရာကိုရွေးပြီး အလေ့အကျင့်မှန်မှန် ဝီရိယသန်သန်ဖြင့် ကြိုးစားကြပါ မိတ်ဆွေတို့။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
photo-facebook
MSC-228
@mahaw
V %=100% $0.11 V n C done. @thiha/poe
ကျေးဇူးပါဗျာကြိုးစားပါ့မယ်
Nice
ကျေးဇူးပါ။
ဗဟုသုတ တစ်ကယ်ရပါတယ်
အကိုရေ
ကြိုးစားဆဲပါညီ။ Thank u
ဗဟုသုတရပါတယ်
ဖြစ်နိုင်ရင် လိုက်နာပေးပါ။အကျိုးတရား ရစေချင်လို့ပါ။ကျေးဇူးပါ။
ကောင်းတယ်ကွာ
မင်းPostကို မျှော်နေတယ်။
right post
THANK
ကောင်းလိုက်တာ အစ်ကိုရယ် ကျွန်တော့ကိုပြောနေသလိုဘဲဗျာ
မဟုတ်ရပါဘူးဗျာ။ကျေးဇူးပါ
တကယ်ကောင်းတဲ့ post ပါ
ကြိုးစားဆဲပါ။လက်တွဲခေါ်ပါဦး။
good knowledge
THANK bro
ခု ကွီးယားစာ သင်နေတာ အချိန်ကမရ မနဲ လုပ်နေရတယ်😁😁
ကျေးဇူးပါညီမ။လက်တွဲခေါ်ပါဦး
နော်။
ခေါ်ပီးသားပါခွယ်😁😁
Nice post
ကျေးဇူးပါခင်ဗျ။
ရှားကိုးကွ
Thank ညီ
မိုက်မိုက်
Thank sister
Good post
Thank u very much.
ရေးသားထားချက်များကောင်းပါသည် ကြိုးစားပါဗျာ
ကျေဇူးပါ။ ကျွန်တော်ကြိုးစားပါမယ်။
good အားမေးနေမယ်ဗျာ
ကျေးဇူးပါ။အတူလက်တွဲ ကြမယ်။
Good writing bro
Thank bro
အလေ့ကျင်းကောင်းလေးတွေ့လိုက်ရပါတယ်။
ကျေးဇူးပါအစ်ကို။ လိုအပ်တာလမ်း
ပြပေးပါ။