မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ ပြောင်းလဲခြင်းရဲ့နိယာမလို့ ပြောရမလား၊ ပြောင်းလဲမှုဖြစ်စဉ်လို့ ပြောရမလားဘဲ။။ ကျွန်တော်MSCကို စ လုပ်တုန်းက အုန်းအုန်းကိုထနေတာဘဲ။ ကျွန်တော်တို့ g3 proတင် လူ၃၀ လောက်ရှိတယ်။ နှစ်ရက်ခွဲပေးတဲ့ Planတောင် မယ်ကြည်ဆွဲပေးရတယ်။ တစ်ဖြည်းဖြည်းလူလျော့လာလိုက်တာ စိုးရိမ်စရာအခြေအနေထိပါဘဲ။ တကယ်တမ်းဘာမှမကြာသလိုပါဘဲ။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ပြောပြီး အခုလိုချက်ခြင်းကြီး ပြောင်းလဲတာဟာ သိသာစေပါတယ်။
ကျွန်တော်နဲ့အတူ steemit ဝင်လုပ်ကြတဲ့ အင်းတကော်အဖွဲ့မှာလည်း မရှိကြတော့ဘူး။ ကွင်းပြင်မှာ တစ်ယောက်တည်း ရပ်နေရသလို ခံစားမိတယ်။ ဝင်းကိုနဲ့ leeshan တို့ လည်း မအားကြဘူးထင်တယ်။ postတင်တာ ကျဲသွားတယ်။ အရင်ဆို အလုပ်ထဲမှာ steemit အကြောင်း MSC အကြောင်း postအကြောင်း cmအကြောင်း၊စသဖြင့် စည်စည်ကားကားပြောခဲ့ကြပေမယ့် အခုတော့ ကိုယ်တစ်ယောက်တည်း ရင်ထဲကတီးတိုးသံကို ကိုယ့်ဘာသာဘဲနားထောင်နေရတယ်။ စ လုပ်တုန်းက အင်းတကော်အဖွဲ့တင် ၂၅ယောက်လောက်ရှိတယ်။ ဘာကြာသေးလို့လဲဗျာ။ ၂၀၁၈ ဇန်နဝါရီကုန်ခါနီးမှ လုပ်ကြတာ။ အခုမရှိကြတော့ဘူးဆိုတော့ ပြောင်းလဲမှုကို သတိထားမိလို့ပါ။
အမှန်အတိုင်းပြောရရင် MSCမှာ အခုလို လူလျော့သွားတာကို ခေတ္တဘဲထင်ခဲ့တာ။ မအားလို့ လို ပြောကြတာကိုး။ အားရင်ပြန်လာမယ်လို့ ယုံကြည်တာပေါ့ဗျာ။ အခုသူတို့မအားတာက လချီနေပြီဆိုတော့ ချစ်သူတစ်ယောက်က ကိုယ့်ကိုလိမ်သွားသလို့ခံစားရသလိုပါဘဲ။ မအားဘူးဆိုရင် တောင် တစ်လ တစ်ပုဒ်လောက်တာင် postတင်နိုင်ပါတယ်။ အခုက လုံးဝကို နားလိုက်တဲ့သဘော။ ဈေးမကောင်းတာတစ်ခုအတွက်နဲ့ ဒီလောက် ဖြစ်သွားရတယ်လို့။ ကိုယ်ခင်ခဲ့တဲ့ မိတ်ဆွေတွေ ကိုယ်သိခဲ့တဲ့ ညီအစ်ကိုတွေကို ဘယ်တော့ပြန်တွေ့တွေ့ မဟော်တို့က အရင်အတိုင်းပါဘဲ ။ wellcome။ဒါပေမယ့် အကြောင်းအရာတစ်ခုကို တွေးမိလို့ပါ။ ဆိုပါစို့ဗျာ ဒီဇင်ဘာမှာ STEEMဈေးတွေတစ်အားတက်လာတယ်ဆိုစို့။ အဲဒီအချိန်မှပြန်ဝင်လာကြရင် ၊ပြန်လုပ်ကြရင် အခုမှအားတယ်လို့ ပြောထွက်ပါ့မလား။ ကျွန်တော်ကတော့ ဘယ်အချိန်ပြန်လာလာ ညီအစ်ကိုအားလုံးကို ကြိုဆိုလျက်ပါ။ ၆လလောက်နားပြီးမှ ဈေးတက်လို့ ပြန်လာရင် သူတို့ ဝင်ဖို့ ခက်မှာစိုးရိမ်လို့ပါ။ ပြောင်းလဲခြင်းဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်နေတာပါ။ဒါပေမယ့် သတိမထားမိခဲ့ဘူး။ ဒီလောက်ထိ ဖြစ်မယ်လို့လဲမထင်ခဲ့ဘူး။ ခေတ္တခဏ ရထားပေါ်က ဆင်းသွားတာလို့ ထင်ပေမယ့် အခုတော့ MSCရထားကြီးပေါ်မှာ သူတို့မရှိကြတော့ဘူး။ ဘယ်သူတွေမရှိမရှိ MSCရထားကြီးကတော့ ဆက်လက်ခုတ်မောင်းနေမှာပါ။ မရှိတော့တဲ့သူတွေကို လွမ်းနေတာထက်စာရင် ရှိတဲ့သူကို ပိုactiveဖြစ်အောင် လုပ်တာက ပိုအကျိုးရှိစေပါတယ်။ ကျွန်တော်ကတော့ အမှန်အတိုင်းပြောရရင် daily pro ရလို့ ပျော်တယ်။ ဈေးကိုတော့ ခေါင်းထဲမထည့်သေးဘူး။ ပုံမှန်ရေးတင်နိုင်ဖို့ဘဲ ကြိုးစားနေတယ်။ နောက်ပြီး MSCအတွက် အလုပ်နဲ့ဘဲ သက်သေပြမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အတူတူ ကြိုးစားကြတာပေါ့ဗျာ။ တစ်နေ့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို ရောက်မှာပါ။
အားလုံးကျန်းမာကြပါစေ။
MSC-228
@mahaw
ရည်ရွယ်ချက်ရည်မှန်းချက်နဲ့ လျှောက်လှမ်းနေပါတယ်
Posted using Partiko Android
ယုံကြည်ပါတယ်ညီမ။
ချထား ကိုမဟော်ရေ့
လက်တွဲ ညီညီ ရှေ့သို့ချီမယ်
ဦးယုနဲ့ကျွန်တော် မနားကြေးနော်။
ဘယ်သူနဲ့မှ မသိဘဲ... ဘယ်အပေါင်းအသင်းမှ မပါဘဲ...
Steemit ကို ရမ်းဖွင့်..ရမ်းသုံးရင်းကနေ MSC ထဲ
ရောက်လာတယ်... အကောင့်သက်တန်း ဆယ်လ...
ရက် သုံးရာမှာ ပို့စ်မတင်ခဲ့တဲ့ရက်က ၂၀ လောက်ပဲ
ရှိလောက်မှာ.. ပို့စ်ဆိုရင်တော့ ၃၀၀ ကျော်မှာပဲ... တစ်ရက်တစ်လေက နှစ်ပို့စ်လောက်တင်တာ ဆိုတော့...
MSC ရှိနေသ၍... Steemit ရှိနေသ၍ ဆက်လုပ်နေဦးမှာပါ... SP 500 စုပါမည် ကတိလည်း
နောက်လဆို တည်ပါပြီ... Fighting! 💪
Posted using Partiko Android
လေးစားအားကျပါတယ်ကိုဟိန်းရေ။ကိုဟိန်းတို့လို ဖြစ်အောင်ကြိုးစားနေပါတယ်။proကိုနှစ်ရက်ဘဲနားခဲ့ ၊power အကုန်အပ်ခဲ့တာတောင် sp 150ဘဲရှိသေးတယ် ကိုဟိန်းရေ ။နည်းလမ်းလေးရှိရင် လမ်းပြပါဦးဗျာ။
ဒီလိုပဲ ကို မဟော်ရေ.... အချိန်က ကုစားသွားပါလိမ့်မယ်.... အချိန်က စကားပြောသွားပါလိမ့်မယ်.... ကျွန်တော်တို့ ကတော့ မြင်ဘူး ကြုံးဘူးတာ တကြိမ်မက ဆိုတော့... ရှိရင် ရှိသလောက်နဲ့ ပဲ ရှေ့ဆက်ကြတာပေါ့။
ကျွန်တော်ကတော့ MSCရှိနေသရွေ့ကြိုးစားနေပါ့မယ်အစ်ကို။အစ်ကို့ရဲ့မောင်းနှင်အားကိုလည်းလေးစားပါတယ်။ကိုဟင့်နောက်မှာ ကျွန်တော်တို့ အမြဲရှိနေပါတယ်။
ပုံမှန်ပိုစ့်တင်ပြီးရှေ့ဆက်ကြိုးစားကြမယ်...
Posted using Partiko Android
ကျေးဇူးပါညီမ။
ဒါကြောင့်ပြောနေတာ Pro သာရပ်ရင် ခုလုပ်နေတဲ့ လူ ၁၀ ဝန်းကျင်လေးပါပျောက်သွားမှာစိုးမိတယ်။ MSC ဆိုတ Pro ပဲယူတတ်တဲ့ သူတွေမဟုတ်ပဲ။Steemit ကို ထိုးဖေါက်ပြီး လုပ်ကိုင်နိုင်စွမ်းရှိသူတွေဖြစ်လာစေချင်တာ
ကြိုးစားပါမယ်ဦး။အထူးသဖြင်း postကို English လိုရေးနိုင်အောင်ကြိုးစားပါ့မယ်။
တို့ GTI ဆင်းတွေက ညံ့ကြတာမဟုတ်ပါဘူး အားပေးတယ် ချသာချ
Posted using Partiko Android
တနေ့တော့ဖြစ်လာမှာပါ တနေ့တော့ဖြစ်လာရမှာပါ မဟော်ရေ
ယုံကြည်ပါတယ် ဦးစိုးရေ။
လုပ်ငန်းတစ်ခုကိုလုပ်ရင် လတ်တလောဝင်ငွေတစ်ရပ်အတွက် လုပ်မယ်ဆိုရင် ခိုင်မြဲဖို့မလွယ်ကူပါဘူး၊ ဝါသနာဓါတ်ခံလဲရှိ၊ အရှည်မြင်တတ်တယ်ဆိုမှ စိတ်ရှည်ဇွဲသန် ပြီး မှန်ကန်တဲ့နည်းလမ်းကိုရှာနိုင်မှာလေ၊ steem ဈေးဘယ်လောက်ကျပါစေ ဆရာ တစ်ပြားမှ မရှိပဲစလုပ်တာအခုအကောင့်တန်ဖိုး700$ လေ၊ မြန်မာငွေ ဆယ်သိန်းကျော် တန်သေးတာနည်းလား။
ဆရာဟာ ကျွန်တော့်ရဲ့ လမ်း ပြကြယ်ပါဘဲ။အမြဲလေးစားလျက်။
ကိုယ့်ကိုယ် ကိုယ် အားတိုးဆေးတိုက်ပြီးနေရတာမဟော်ရေ
ဒီလိုနဲ့ဘဲ ကျွန်တော်တို့လဲ တစ်နှစ်ခွဲတောင် ကျော်လာပြီ ဘားဖြစ်ဖု ဦးမဟော် ကျွန်တော်တို့ရှိပါတယ် ။
ဒီစကားကြားရတာ အရမ်းအားတတ်မိသလို ဝမ်းသာမိပါတယ်။ကျေးဇူးအထူးပါကိုဒို။
အလုပ်မှာကလည်း ဖက်တိပ်(လုပ်အားပေး)နဲ့ သင်တန်းနဲ့ မို့ ညကျ စာမရေးနိုင်အိပ်တာက လှဲတာနဲ့ တန်းအိပ်ပဲ အာ့ကြောင့်အကိုမဟော်ရေ
ဒါနဲ့  မမကြည်လည်း ပျောက်နေ ဟီး
ချစ်သူတစ်ယောက်က ကိုယ့်ကိုလိမ်သွားသလို့ခံစားရသလိုပါ
အဲ့စာသားကြိုက်တယ်ပြောတာ ဟဲဟဲ
တစ်ခုခုလုပ်ရင် ပြီးဆုံးအောင်လုပ်သင့်ပါသည်
Posted using Partiko Android
ပြီးအောင်တော့လုပ်ပါကွယ်၊ ဆုံးအောင်လုပ်ရင် ဆက်ရန်မရှိဖြစ်နေမယ်။