မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
ထက်သန်နိုးကြွစိတ်ဟာ ဘယ်အလုပ်မဆို မရှိမဖြစ် လိုအပ်သောအရာပါ။ ကျွန်တော်တို့တစ်တွေဟာ ကောင်းတာတွေအများကြီး လုပ်ခဲ့ကြပေမယ့် ရေတက်ငဇင်းရိုင်းလို့ ခဏဘဲ ပြုလုပ်ခဲ့တော့ အောင်မြင်မှုဟာ ထိုက်သင့်သလောက် မရခဲ့ကြဘူး။ သင်တန်းတွေတက်တယ် English စကားပြောတွေ လေ့လာတယ် ဘာသာရေးစာပေတွေလေ့လာတယ် တရားတွေထိုင်တယ် လုပ်ငန်းပေါင်းစုံကို ဟိုစပ်စပ်ဒီစပ်စပ်လိုက်လုပ်တယ် ဂျပန်စာကိုတတ်မြောက်ထားရင်ကောင်းတယ်ဆိုလို့ လိုက်တတ် တရုတ်ဟေ့ဆိုလည်း တရုတ်တရုတ် မဟုတ်တော့ဘူး ကိုရီးယား ဖြစ်နေပြီ ဆိုလည်း ယားချင်နေတယ်။ တကယ်တမ်းက ဘာမှဖြစ်ဖြစ်မြောက်မြောက် မသင်ယူ။ ပြောနေကြစကားနဲ့ပြောရရင် ကောက်ရိုးမီးပေါ့။သူများတွေ steemit ဟေ့ဆိုတော့လည်း ထလုပ်လိုက်တယ်။ အစကတော့ ဟုတ်မလိုလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြတော့ ဒီငပျင်းလည်း ဘယ်ခံပါ့မလဲ။ အစကတော့ ည၂နာရီထစာရေးရတာနဲ့ ည ၄နာရီဆို postတင်ရတာနဲ့ ဝီရိယတွေ လွှတ်ကောင်းပါ့။ထိုအချိန်တုန်းက ထက်သန်စိတ်က ကောင်းမှကောင်း။
ဘာကိုတွေးမိလဲဆိုတော့ထက်သန်စိတ်ကို မဖြစ်မနေ မွေးမြူသင့်တယ်ဆိုတာ ဘဲ။ ထက်သန်စိတ်ဖြစ်ဘို့ ဘာလိုအပ်လဲဆိုရင် စေ့ဆော်သောအရာတွေ လိုအပ်ပါတယ်။ စေ့ဆော်သောအရာဆိုရာဝယ် သက်ရှိကော သက်မဲ့ကော ပါဝင်ပါတယ်။ ကဗျာဆရာဆိုရင် ကဗျာရေးဖော်ရေးဘက် ကဗျာစာအုပ် ကဗျာဆရာကြီးတွေရဲ့အထ္ထုပ္ပတ္တိ ကဗျာသမားချင်း စကားဖောင်ဖွဲ့ပြီး အရသာခံယူတဲ့အချိန် မဂ္ဂဇင်းမှာ ကိုယ့်ကဗျာ ပါလာတဲ့အချိန် စသဖြင့် သူ့ပတ်ဝန်းကျင်မှာ မပြတ်လှုံ့ဆော်သော ပတ်ဝန်းကျင်လေးရှိရင် သူကဗျာရေးဘို့ တွန်းအားဖြစ်စေသလို ထက်သန်စိတ်လည်း ဖြစ်ပေါ်စေပါတယ်။
မဟော်က သူပျင်းခဲ့တာကို တစ်ခြားသူကိုယိုးမယ်ဖွဲ့အပြစ်တင်တော့မယ်လို့ မထင်လိုက်ပါနဲ့။ ဆိုလိုချင်တာက စေ့ဆော်မှုဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ကိုယ့်ဘာသာ ဖန်တီးရမှာပါ။ ကျွန်တော်တို့ စာမရေးဖြစ်တဲ့အချိန်မှာ ကိုဟိန်းတို့ ကိုထွေးကြီးတို့ ဆက်လက်ရေးခဲ့ကြတာဘဲ။ အခြေခံပတ်ဝန်းကျင်တူပေမယ့် ကိုယ်ခံယူတဲ့ပတ်ဝန်းကျင် ကိုယ်ဖန်တီးတဲ့စေ့ဆော်သောအရာတွေက ကွာခြားမှုကို ဖြစ်ပေါ်စေခဲ့တာပါ။သူတို့လည်း ပျင်းခဲ့မှာဘဲ။သူတို့ ဆက်လုပ်နိုင်တဲ့ တွန်းအားတွေ ထက်သန်စိတ်တွေ စေ့ဆော်သောပတ်ဝန်းကျင်ကိုဖော်ဆောင်နိုင်ခဲ့လို့ အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားရတာပါ။အဖြေကရိုးရိုးလေးပါ။ဒါကိုဘဲ ဇွဲလုံ့လတွေ ဝီရိယတွေ လို့ သတ်မှတ်ကြတာမဟုတ်လား။ ကျွန်တော့်အမြင်ပြောရရင် အကျိုးတရားထက် အကြောင်းတရားက ပိုအရေးကြီးတယ်လို့ ပြောချင်တယ်။ အရာဝတ္ထုတစ်ခုဟာ ပုံမှန်ရွေ့နေဘို့ တွန်အားတစ်ခုလိုအပ်ပါတယ်။ ပုံမှန်ရွေ့နေခြင်းကို မကြည့်ဘဲ ထိုအရာကိုရွေ့စေသောတွန်းအားနဲ့ တွန်းအားကိုဖြစ်ပေါ်စေသောလောင်စာကို ပိုသတိထားရမှာပါ။တွန်းအားကိုဖြစ်ပေါ်စေသော လောင်စာဆိုတာ ကျွန်တော်ပြောချင်တဲ့ စေ့ဆော်ခြင်းပါဘဲ။
ဆရာဝန် ဖြစ်ချင်လား ဆရာဝန်ဖြစ်စေမယ့်စေ့ဆော်ခြင်းတွေ ပြည့်ဝဘို့လိုပါတယ်။ချမ်းသာချင်လား ချမ်းသာချင်စိတ် ထက်သန်နေဘို့ လိုပါတယ်။ထက်သန်စိတ်ကို ဖြစ်စေမယ့် စေ့ဆော်မှုတွေ မပြတ်ရှိနေဘို့ လိုအပ်ပါတယ်။ မရှိသေးရင် ရှိအောင် ကိုယ်က ဖန်တီးပေရမှာပါ။အလွယ်ပြောရရင် မပြတ်မီးထိုးပေးနေဘို့ အရေးကြီးတာပေါ့။ စေ့ဆော်မှုဖြစ်စေတယ်ဆိုတာ မီးထိုးပေးတာပါဘဲ။မီးငြိမ်းသွားရင် တဖန်ပြန်မွှေးဘို့ ခက်ပါတယ်။မီးအားကောင်းနေရင် သူ့အပူချိန်နဲ့သူ ဆက်လက်လောင်ကျွမ်းနေဘို့ တွန်းအားဖြစ်စေပါတယ်။
ထို့ကြောင့် ဘယ်အရာမဆို အောင်မြင်ချင်ရင် မီးထိုးပေးဘို့ မမေ့ပါနဲ့မိတ်ဆွေ။
မဟော်(ရှားကိုး)
10/5/2020
6:15pm
ထက်သန်စိတ်ကို မီးလိုမွေးရအောင် လောင်စာတွေလိုအပ်တာပေါ့
ကိုမဟော်ရေ။ လောင်စာကုန်နေလို့ မီးကငြိမ်းချင်သလိုလိုဖြစ်နေတယ်။
ဓာတ်ဆီလောင်းထည့်ရမယ့်သဘောလားညီ