စိတ်ကိုလေ့လာခြင်း အပိုင်း ၁

in #myanmar5 years ago (edited)

FB_IMG_1589141594941.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
ဘဝမှာ စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတွေ ဆွေနွေးတင်ပြပါရစေ။ ခန္ဓာကိုယ်ကြီး ကျန်းမာဘို့ လိုအပ်သလို စိတ်ကျန်းမာဘို့ စိတ်ချမ်းသာဘို့ စိတ်အေးချမ်းဘို့ လိုအပ်ပါတယ်။ စိတ်ရဲ့သဘောသဘာဝကို သိရုံ အကဲခတ်မိရုံနဲ့ ကျွန်တော်တို့ဟာ စိတ်ချမ်းသာစွာ နေထိုင်နိုင်မယ်လို့ ပြောလို့မရပါဘူး။ သူကို့ရှင်းလင်းအောင် ဥပမာပြရရင် စက်ဘီးစီးသင်နည်းကို စာဖတ်ရုံ လေ့လာထားရုံနဲ့ စက်ဘီးမစီးတတ်ပါဘူး။ ထို့အတူဘဲ စိတ်ရဲ့သဘောသဘာဝတွေကို ဖတ်ရုံမှတ်ရုံ လေ့လာရုံနဲ့ သင်ဟာ စိတ်ချမ်းသာစွာဖြတ်သန်းဘို့ဆိုတာ အာမမခံနိုင်ပါဘူး။ ဒီလိုသာဆိုရင် အနောက်တိုင်းက စိတ်ပညာရှင်တွေ အမြဲစိတ်အေးချမ်းနေမှာပေါ့။
နောက်တစ်ခု​ပြောချင်တာက စိတ်သဘောထားပြည့်ဝတါ ကောင်းမှန်းလူတိုင်းသိတယ် စိတ်ယုတ်စိတ်ဆိုးတွေဖြစ်တာ မကောင်းမှန်းလူတိုင်းသိတယ် ထို့အတူ စိတ်အေးချမ်းတာ လူတိုင်းဖြစ်ချင်တယ် စိတ်ပူလောင်တာ မကောင်းမှန်း ခလေးကအစသိတယ်။ မဟော်ပေးချင်တာက စိတ်ပူလောင်နေရင် အခုချက်ချင်း ပူလောင်မှုတွေလျော့ပြီး စိတ်အေးချမ်းစေချင်တာ။ ဒေါသကြီးတာ မကောင်းမှန်းသိကြပါတယ်။ ဒေါသကြီးတာမကောင်းဘူး မေတ္တာထားတာ ကောင်းတယ်လို့ ဉာဏ်ရည်မီတဲ့ လူသားတိုင်း သိပါတယ်။ ဒေါသကြီးနေရင် ဒေါသစိတ် ဘယ်လိုပျောက်သွားအောင် နေထိုင်နည်းတော့ လူတိုင်းမသိဘူး။ မကောင်းမှန်းတော့ လူတိုင်းသိတယ်။ တစ်ကိုယ်ကောင်ဆန်တာ အတ္တကြီးတာ မဖြစ်သင့်မှန်းသိတယ် ထိုစိတ်လျော့ပါးစေတဲ့နည်းတော့ လူတိုင်းမသိကြဘူး။မနာလိုတာ မဖြစ်သင့်မှန်းသိပေမယ့် ကိုယ့်မှာ မနာလိုစိတ်ဖြစ်နေရင် ဖြေဖျောက်ဘို့ မလွယ်ဘူးနော်။ အချို့ကပြောတတ်ကြတယ် ငါတို့က မနာလိုစိတ်မရှိဘူးတဲ့။အလကားပြောတာ ပုထုဇဥ်မှန်သမျှ ထိုစိတ်ရှိသေးတယ်။ နည်းတာများတာဘဲကွာတာ။ကိုင်း ! ဒါတွေထားလိုက်ပါတော့မယ်၊ စိတ်နှလုံးအေးချမ်းစေတဲ့နည်းကို လိုရင်းဘဲ ပြောကြပါစို့။ ထိုအကြောင်းပြောတော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားကို ကျေးဇူးတင်ဘို့ကောင်းသလို ကြည်ညိုပူဇော်ဘို့ ကောင်းလှပါတယ်။ ကျွန်တော်တို့အတွက် လိုလေသေးမရှိအောင် ဘက်ပေါင်းစုံ ဟောကြားထားတာတွေ ရှိပါတယ်။ စိတ်အေးချမ်းစွာ နေထိုင်နည်းက မခက်ပါဘူး။ လုပ်ဘို့ဘဲလိုတာပါ။ အနည်းငယ်ချဲ့ပြောပါရစေ။ ကျွန်တော်တို့စိတ်တွေ ပူလောင်တာ သောကဖြစ်တာ ကြောက်လန့်တာ မအေးချမ်းတာတွေ ရဲ့ အဓိက တရားခံက လောဘ ဒေါသ မောဟ တို့ပါဝင်တဲ့ ကိလေသာ ၁၀ပါးကြောင့်ပါ။ ပါဠိတွေပါလာလို့ မဟော်ကတော့ တရားဟောတယ်လို့ မထင်ပါနဲ့။ အခြေခံ အကြောင်းတရားကို သိစေချင်ရုံပါဘဲ။ စိတ်ကိုပူလောင်စေတဲ့ အရာတွေကို ယာယီခေတ္တ ပယ်တာရှိတယ် ၊ ခပ်ကြာကြာပယ်တာရှိတယ် ၊အမြစ်ပြတ် ပယ်လိုက်တာဆိုပြီး အဆင့် ၃ ဆင့်ရှိတယ်။ သဘောတရားက ထိုဟာတွေမရှိလေ ဆင်းရဲကင်းလေဘဲ။ကျွန်တော်တို့လိုချင်တဲ့ စိတ်အေးချမ်းစွာ နေထိုင်နည်းလောက်က အဆင့် ၂လောက်ဆိုရပါပြီ။ အဆင့် ၃ကတော့ အချိန်တွေလိုသလို ပညာပိုင်းတွေပါလို့ လောလောဆယ် ဖယ်ထားလိုက်ရအောင်။
အဆင့် ၁ ယာယီခေတ္တပယ်ခြင်းမှာ ကိုယ်ကျင့်တရားကောင်းရင် ဖြစ်ပါတယ်။ တရားလိုဟောရင် သီလလုံခြုံရင် ကိလေသာတွေကို ခေတ္တပယ်စေပါတယ်။
အဆင့် ၂ ကတော့ စိတ်တည်ငြိမ်ဘို့ တည်ကြည်ဘို့ လိုအပ်တယ်။ စိတ်ကြည်ရင် နီဝရဏလို့ခေါ်တဲ့ ကိလေသာဆိုးတွေ ဖယ်ရှားနိုင်ပါတယ်။တရား သဘောကတော့ သမာဓိလို့ ဟောတယ်။ကိလေသာဆိုးတွေကို ကြာကြာပယ်ထားနိုင်တယ်။
အဆင့် ၃ ကတော့ ဖြစ်ပေါ်လာတဲ့ အရာတွေကို အထူးစောင့်ကြည့်နေလိုက်တာ။ တကယ်ရှိ မရှိ သရုပ်ခွဲကြည့်တယ် ၊ ထိုအဆင့်ရောက်မှ ကိလေသာတွေကို အပြီးသတ်နိုင်တာ။တရားလိုဟောရင် ဝိပဿနာပေါ့။ ဗဟုသုတ အနေနဲ့ အခြေခံလေးတွေကို အကျဥ်းချူံး ပြောပြတာပါ။
ကျွန်တော်တို့ သာမန်လူတွေအတွက် စိတ်အေးချမ်းစွာ နေထိုင်နည်းကို ကျွန်တော့်နားလည်သလောက် တင်ပြပါ့မယ်။လောလောဆယ်တော့ ခေတ္တ နားခွင့်ပြုပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မဟော် (ရှားကိုး)
12/5/2020
2:00 am

Sort:  

ကိုမဟော် esteem ကနေ တင်တာမဟုတ်ဘူးဆိုရင် Hive-Myanmar ကနေ တင်စေချင်ပါတယ်။ ကိုမဟော်ရဲ့ ဆောင်းပါးတွေ မြန်မာစာ တွေနဲ့အတူ ရှိနေစေချင်လို့ပါ။ အခက်အခဲရှိရင်ပြောပါ။ ရှင်းပြပေးပါ့မယ်။

ျွန်တော် cb လာခဲ့မယ် ကိုဟင်