ချစ်‌ဖွယ်‌‌သောစကား

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ ချစ်‌ဖွယ်‌‌သောစကားက ကြားရတာ ‌တော်‌‌တော်‌‌ကောင်းတယ်‌‌နော်‌။ အပြုံးမျက်‌နှာချိုချိုနဲ့ ချစ်‌ဖွယ်‌စကားကြားရရင်‌ ရင်‌ထဲမှာ ကြည်‌နူးစရာပါ။ နံနက်‌ခင်း‌စော‌စောအချိန်‌ ဟာ စိတ်‌ချမ်း‌မြေ့ဆုံးအချိန်‌ပါဘဲ။ တစ်‌ခါတ‌လေ ‌တွေးမိတယ်‌။ ဒီလိုစိတ်‌‌လေးနဲ့ ငါ တစ်‌‌နေကုန်‌‌နေနိုင်‌ရင်‌ ‌ကောင်းမှာဘဲလို့။ နံနက်‌ ၆း၀၀ ‌လောက်‌ဆိုရင်‌ ‌ဈေးသွားရတယ်‌‌လေ။ ‌လေး‌အေး‌အေးနဲ့ ရင်‌ထဲ‌အေးချမ်း‌နေတာဘဲ။ ဂုဏ်‌‌တော်‌‌လေးလည်း ပွားရင်း‌ပေါ့။ ဒါ‌ပေမယ့်‌ မနက်‌ ၈း၀၀ နာရီတန်းစီတာနဲ့ ဘယ်‌‌တွေ‌ရောက်‌ကုန်‌မှန်းမသိပါဘူး။ ကျွန်‌‌တော်‌တို့က ရယ်‌‌စရာ‌ကောင်းတယ်‌‌နော်‌။ ကိုယ့်‌ကိုပျူပျူငှာငှာနှုတ်‌ဆက်‌တဲ့သူဆိုရင်‌ အ‌ကောင်းမြင်‌လို့ ၊ စကတည်း ဘုနဲ့‌တောရင်‌‌တော့ ကန့်‌လန့်‌ကြီးဘဲ လိုက်‌‌ပြော‌နေ‌တော့တယ်‌။ ခ‌လေးအထာလို ဖြစ်‌‌နေတာ‌ပေါ့‌နော်‌။

j0pbw9kla3.jpg
crd.org.source

ကိုယ့်‌ကိုယ်‌ကို ‌တော့ အသက်‌ကြီးလာပြီဆိုပြီး ရင့်‌ကျက်‌လာတယ်‌လို့ ထင်‌‌နေ‌ပေမယ့်‌ တစ်‌ခုခုဆို သည်းမခံတတ်‌တာ လို‌သေးတယ်‌ဆိုတဲ့ သက်‌‌သေပါဘဲ။ ကိုယ့်‌ကျ‌တော့ ချစ်‌ဖွယ်‌စကား ကြားချင်‌ပြီး ‌ပြောဘို့ကျ ဘာ‌ကြောင့်‌ဝန်‌‌လေး‌နေပါလိမ့်‌။ တကယ်‌တမ်းက တစ်‌ခြားသူ‌တွေ ကိုယ့်‌ကို ချစ်‌ခင်‌လာ‌အောင်‌ လုပ်‌ဘို့က သိပ်‌မခက်‌ပါဘူး။ လုပ်‌ချင်‌စိတ်‌မရှိလို့ပါ။ တကယ်‌တမ်း‌တွေးကြည့်‌ရင်‌ ကိုယ်‌နှစ်‌သက်‌တဲ့အရာ ကိုယ်‌စိတ်‌သ‌ဘော‌တွေ့တဲ့ အရာ‌တွေကို မြင်‌ရရင်‌ဘဲ စိတ်‌ချမ်း‌မြေ့မှု ဖြစ်‌‌စေပါတယ်‌။ ဥပမာ ကိုယ့်ကို‌ခင်‌မင်‌နေသောသူ ဆိုပါ‌တော့။ ကိုယ်‌က ဘာမှအားမစိုက်‌ရဘဲ ပုံမှန်‌‌လေး‌နေ‌ပေမယ့်‌ သူ့ခဗျာ ‌ပျော်‌ရွှင်‌မှု‌တွေ ဖြစ်‌‌နေတာ ။ ကိုယ့်‌‌ကြောင့်‌သူတစ်‌ပါးစိတ်‌ချမ်းသာ‌နေတာမြင်‌ရရင်‌ ကြည်‌နူးစရာပါ။ ဒါ‌ကြောင့်‌ သည်းခံမှုရဲ့တန်‌ဘိုးကို ‌ပြောချင်‌တာပါ။ ကိုယ်‌မှန်‌တာဘဲဆိုပြီး သည်းမခံချင်‌ကြတာ များပါတယ်‌။ တစ်‌ခါတ‌လေ ‌ပြောလိုက်‌ပြီးမှအားနာတာ‌တွေ ဖြစ်‌ရတယ်‌။ ‌သြော်‌ ငါ ‌စော‌စောက သည်းခံလိုက်‌ရင်‌‌ကောင်းသားလို့ ‌တွေးမိတာ‌တွေ ရှိဖူးပါတယ်‌။

920B6686-9BBE-4D98-8C94-6A5A3757ECD3.jpeg

crd.org.source

တစ်‌ခါတ‌လေ ကိုယ့်‌သားသမီး‌တွေကို ဆူလို့ငေါက်လို့ ပြီးရင်‌ ငါ မဆူလိုက်‌ရ‌ကောင်းသားဆိုတာ ခဏခဏ ဖြစ်‌တယ်‌။ အချိန်‌‌တန်‌‌တော့ ‌ငေါက်‌ရတာပါဘဲ။ ‌ကျောင်းသွားခါနီးဆို ဆူရပြီ။ ‌လုပ်‌တာကိုင်‌တာ‌နှေးလို့ ။‌ကျောင်းပို့ပြီးလို့ ပြန်‌လာရင်‌ မဆူလိုက်‌ရ‌ကောင်းသားလို့ ဖြစ်‌။ ညဆိုစာကျက်‌ဘို့ ‌ပြောရ။ စာဘဲ‌ရေး‌နေလို့ ။ ဒီ‌ခေတ်‌ဆရာမ‌တွေကလည်း လွန်‌ပါတယ်‌ဗျာ။ အိမ်‌စာ‌ပေးလိုက်‌ရင်‌ မနည်းမ‌နော။ ခ‌လေး‌တွေက စာမကြည့်‌နိုင်‌အားဘူး။ စာဘဲ‌ရေး‌နေ တွက်‌‌နေရတယ်‌။ ကိုယ်‌နဲ့ ကိုယ့်‌သားက ညဆို စာ‌ရေးတဲ့ပြဿနာ အမြဲဖြစ်‌။ ဆူ‌ငေါက်‌ပြီးလို့ အိပ်‌ယာဝင်‌‌တော့ စိတ်‌မ‌ကောင်းဖြစ်‌လို့ သွားဖတ်‌အိပ်‌ရတာအ‌မော။ ‌အော်‌ လူ့ဘဝက မလွယ်‌ပါလား‌နော်‌။ စိတ်‌ကို လိုသလို ထိန်းချုပ်‌နိုင်‌ဖို့က ဒီအတိုင်း လွှတ်‌‌ပေးလို့‌တော့ မရဘူး။ ထိန်းချုပ်‌တဲ့အ‌လေ့အကျင့်‌ရှိမှရမယ်‌။ လူမှုဆက်‌ဆံ‌ရေး‌တွေမှာလည်း ‌ပြောပြီးမှ‌နောင်‌တရတာ‌တွေဟာ မ‌ကောင်းပါဘူး။ အဓိက က သည်းခံစိတ်‌ မြင့်‌မား‌နေဘို့ လိုတယ်‌။ ကိုယ်‌မှားတာမှန်‌တာ သူမှားတာမှန်‌တာ ဆိုတာမျိုး‌တွေထက်‌ ကိုယ့်‌စိတ်‌ကို တသတ်‌‌မတ်‌တည်း ထားနိုင်‌ဘို့ဟာ သည်‌ခံခြင်းနဲ့ ‌မေတ္တာတရား လိုအပ်‌လှပါတယ်‌။ ကျွန်‌‌တော်‌တို့ဟာ ဆင်‌ခြင်‌ဉာဏ်‌ရှိတဲ့လူသား‌တွေဘဲ။ ‌ကောင်းတာ‌လေး‌တွေ ကိုယ့်‌မှာများများ ပိုင်‌ဆိုင်‌နိုင်‌ဘို့ ကြိုးစားရမှာပါ။ အ‌လေ့အကျင့်‌သည်‌သာ အ‌ကောင်းဆုံးတဲ့။ ပြုံးပြမယ်‌၊ ချစ်‌ဖွယ်‌‌သောစကား ‌ပြောမယ်‌၊ ‌မေတ္တာထားမယ်‌ ၊သည်းခံမယ်‌ဆိုရင်‌ ကိုယ့်‌ကို ချစ်‌ခင်‌သူ‌တွေ များလာကြမှာဘဲ‌နော်‌။ ဟဲ ဟဲ တစ်‌ခု‌တော့ရှိတယ်‌၊ မိန်းခ‌လေး‌တွေ ‌ဝေဒနာဖြစ်‌မှာ‌တော့ မလိုလားပါဘူး။ ကျွန်‌‌တော်‌က အစသန်‌တယ်‌။ ရယ်‌‌အောင်‌လည်းလုပ်‌တယ်‌ စိတ်‌ညစ်‌‌အောင်‌လည်း ကြပ်‌တတ်‌တယ်‌။ ခု‌ခေတ်‌စကား‌ပေါ့ဗျာ။ ကြပ်‌တယ်‌တို့ က‌လော်‌တယ်‌တို့ ‌ပေါ့။ဟားး ကိုယ့်‌ကို ကြပ်‌ရင်‌‌တော့ မကြိုက်‌ဘူး။ ‌တော်‌‌တော်‌စိတ်‌ထား ပြည့်‌ဝတယ်‌‌နော်‌။ အဓိက‌ပြောချင်‌တာက ‌တွေ့ဆုံခွင့်‌ရတဲ့အခိုက်‌အတန့်‌‌လေးမှာ ‌ပျော်‌‌ပျော်‌ရွှင်‌ရွှင်‌ ‌နေထိုင်‌ပြီး သည်းခံစိတ်‌‌လေး ‌မွေးကြပါလို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

You got a 4.93% upvote from @booster courtesy of @mahaw!

Thank for your support.

ဒါ​ပေါ့ကိုယ်​မ​ဟော်​ရယ်​ မုန်း​အောင်​​ပြောဒါလဲ ဒီပါးစပ်
ချစ်​​အောင်​​ပြောတာလဲဒီပါးစပ်​မို ချစ်​​အောင်​​ပြောတပ်​ဖို့အ​ရေးကြီးပါတယ်

Posted using Partiko Android

ဟုတ်‌ကဲ့ bro။‌ကျေးဇူးပါ‌နော်‌။

ဒါ​ပေါ့ကိုယ်​မ​ဟော်​ရယ်​ မုန်း​အောင်​​ပြောဒါလဲ ဒီပါးစပ်
ချစ်​​အောင်​​ပြောတာလဲဒီပါးစပ်​မို ချစ်​​အောင်​​ပြောတပ်​ဖို့အ​ရေးကြီးပါတယ်

Posted using Partiko Android

မယ်ကြည်က ever smile😁

အဲ့ဒါ‌ကြောင့်‌ အမြဲလှ‌နေတာ။

ကလေးတွေကို ဆူပြီးရင် မိဘတွေမှာ ပိုခံစားရပါတယ် စိတ်ဖိစီးမှုတွေက ဒေါသတွေအဖြစ်ပြောင်းသွားပြီး ကလေးတွေ အပေါ်ကျသွားတာပါ

ဖြစ်‌တတ်‌ပါတယ်‌ ညီမ။ကျွန်‌‌တော်‌ ဖြစ်‌ဖူးပါတယ်‌။‌ကျေးဇူးဘဲ‌နော်‌။

တ​ရောက်​စကား
တ​ယောက်​နားမှာ
မခါးရ​အောင်
မောင်​တို့ဆို​စေ
ပျားသကာလို ချိုလှ​စေ...တဲ့

သိပ်‌‌ကောင်းတဲ့ ကဗျာ‌လေးပါ။

တစ်​ခါတစ်​​လေ ကိုယ့်​စိတ်​ကလည်း က​လေး​တွေလိုကာပဲ ကိုမ​ဟော်​​ရေ 😁😁

ခ‌လေးဘဲ ရှိ‌သေးတာကိုး။

ဟုတ်​တယ်​ အခုမှ ခ​လေးပဲ ရှိ​သေးတယ်​ 😁😁

Posted using Partiko Android

ပျားသကာလို ချိုရမယ် မဟုတ်လားဗျာ

ဟုတ်‌တယ်‌ ကိုဟိန်း‌ရေ ။ အတတ်‌နိုင်‌ဆုံး ဂရုစိုက်ေ ပြာရမှာဘဲ။‌ကျေးဇူးပါ။

နှုတ်ချိုလျှိုတစ်ပါးပါဗျာ

သိပ်‌မှန်‌တဲ့ စကား‌လေးပါ။‌ကျေးဇူးပါညီ။

ကလေးတွေဆုံးမရိုက်နှက်တာကို အိုးဖုတ်သမားလိုစိတ်ထားပါလို့ ကိုဟိန်းကတော့ မန့်သွားတာပဲ။ ကောင်းကောင်းမရီုက်လို့ မဆုံးမလို့ ထောင်ထဲရောက်မှ နားရွက်ကိုက်ဖြတ်ခံရတာလည်းရှိသေးတယ်လေ

အိမ်ကသားသားကတော့ ခု ၃ နှစ်မပြည့်သေးတဲ့အရွယ်မှာကို မေမေသားသားကို မအော်နဲ့ သားသားကြိုက်ဘူး တဲ့။ အမြဲတမ်းလိုလို နားဝင်အောင်ပြောနေလည်း တခါတလေ ပေကပ်ကပ်လုပ်နေရင် အော်မိရော..။ အော်ပြီးရင်လည်း သနားမဆုံးဖြစ်နေရတာ ။

သည်းခံစိတ်​ထားတာ​ကောင်းပါတယ်​...မထိန်းချုပ်​နိုင်​ရင်​မလိုလားအပ်​တာ​တွေဖြစ်​လာနိုင်​တာမို့...

Posted using Partiko Android

တစ်ခွန်းတည်းသောစကားလုံးက တော့ လူတွေရဲ့ အတ္တ လို့ပဲပြောရလိမ့်မယ်ထင်တယ် ကိုမဟော်ရေ အရှည်ကြီးပြောရမယ်ဆိုရင်တော့ ပို့စ်တွေ အများကြီးဖြစ်သွားလိမ့်မယ်ထင်တယ် ☺