ရည်‌မှန်းချက်‌

in #myanmar7 years ago

FB_IMG_1524973561560.jpg

အားလုံးဘဲ ကိုယ်‌စိတ်‌နှစ်‌ဖြာ ကျန်းမာကြပါ‌စေ။ ကျွန်‌‌တော်‌ ဒီတစ်‌ပတ်‌ Post ကို ရည်‌မှန်းချက်‌ နှင့်‌ အဓိဌာန်‌ အ‌ကြောင်း‌လေး တင်‌ပြပါရ‌စေ။ အဓိဌာန်‌ဆိုတဲ့ စကားလုံးကို ‌တော်‌‌တော်‌များများက မကြိုက်‌ချင်‌ကြဘူး။ တစ်‌ခုခုကို ကန့်‌သတ်‌ချုပ်‌ခြယ်‌ထားသလို ဖြစ်‌တယ်‌ဆိုပြီး မနှစ်‌သက်‌ဘူး။ အလုပ်‌တစ်‌ခုကို လုပ်‌ချင်‌လုပ်‌လိုက်‌မယ်‌ ၊မဖြစ်‌မ‌နေ လုပ်‌ကိုလုပ်‌ရမယ်‌ဆိုရင်‌ မကြိုက်‌ကြဘူး‌ပေါ့။ ဒါ‌ပေမယ့်‌ အဓိဌာန်‌တို့ ရည်‌မှန်းချက်‌ ၊ပန်းတိုင်‌တို့မှာ ‌ကောင်းကွက်‌‌လေး‌တွေ ရှိကြပါတယ်‌။ အလွယ်‌ဆုံး ၊အရိုးရှင်းဆုံးစကားနဲ့ ‌ပြောရရင်‌ မိမိကိုယ်‌ကို စည်းကမ်းသတ်‌မှတ်‌ခြင်း ၊နှိုး‌ဆော်‌ခြင်းပါ။

FB_IMG_1525267952063.jpg

ဘဝကို ‌ပေါ့‌ပေါ့ပါးပါး ဖြတ်‌သန်းကြပါဆိုတာ အတိုင်းအတာတစ်‌ခုထိဘဲ မှန်‌တာပါ။ တကယ်‌တမ်း လူ့ဘဝဆိုတာ တိုတို‌လေးပါ။ ရခဲလှတဲ့ တိုတို‌လေးကို အ‌ကောင်းဆုံး ဖြတ်‌သန်းသင့်‌ပါတယ်‌။ ကိုယ်‌လိုချင်‌တဲ့ ပုံစံကို အရင်းဆုံး format ချထားရမှာပါ။ အချိန်‌တန်‌ ဖြစ်‌လာမှာ‌ပေါ့၊ဖြစ်‌ချင်‌တိုင်းမှ မဖြစ်‌တာ ကံ‌ပေးသ‌လောက်‌‌ပေါ့ဆိုတာ မဖြစ်‌သင့်‌တဲ့ အ‌တွေး‌တွေပါ။ သူတစ်‌ပါး‌ကောင်းစား‌နေမှ ၊သူတစ်‌ပါး‌အောင်‌မြင်‌‌နေမှ ဖြစ်‌ချင်‌ရင်‌ အားကျရုံဘဲတတ်‌နိုင်‌မှာပါ။ တစ်‌‌နေ့တာရဲ့အချိန်‌ကို တန်‌ဘိုးရှိစွာ အသုံးချတတ်‌ဖို့ လိုတယ်‌ဆိုတာ လူတိုင်းနီးပါးသိပါတယ်‌။ ဒါက‌တေ့ မ‌ဟော်‌ရယ်‌ မင်း‌ပြောမှလား ခ‌လေး‌တောင်‌သိတယ်‌ကွလို့ ‌စောဒက တတ်‌နိုင်‌ပါတယ်‌။ ဒါဆို ဘာ‌ကြောင့်‌ အသုံးမချကြတာလဲ အပိုင်းကို ‌ဆွေး‌နွေးချင်‌တာပါ။ English ‌လေ့‌လာမှု အပိုင်းနဲ့ ဥပမာ‌ပေးချင်‌ပါတယ်‌။ English စာကို ကိုယ့်‌ဘာသာ‌လေ့လာရင်‌ ကြည့်‌တစ်‌ရက်‌ မကြည့်‌တစ်‌ရက်‌နဲ့ တိုးတက်‌မှု ‌နှေး‌ကွေးပါတယ်‌။ ဆရာ့ဆီမှာ သင်‌တန်းသွားတက်‌ရင်‌ တိုးတက်‌မှုဟာ မြန်‌ပါတယ်‌။ သင်‌တန်းမှာက အချိန်‌ကျရင်‌ မလုပ်‌ချင်‌လည်း လုပ်‌ဖြစ်‌တယ်‌‌လေ။ အချိန်‌ကို သတ်‌မှတ်‌ထားလိုက်‌‌တော့ ပုံမှန်‌ထက်‌စာရင်‌ လုပ်‌ဖြစ်‌တာကို ‌ပြောချင်‌တာပါ။ ဦးတည်‌ချက်‌‌လေး ၊သတ်‌မှတ်‌ချက်‌‌လေး ထားလိုက်‌‌တော့ ပုံမှန်‌‌နေသာသလို မ‌နေဖြစ်‌‌တော့ဘူး‌ပေါ့။ထုတ်‌လုပ်‌‌ရေးစက်‌ရုံ‌တွေမှာ Target နဲ့ ထုတ်‌လုပ်‌‌နေတာပါ။ အဆင်‌‌ပြေသလို ထုတ်‌လုပ်‌မယ်‌ဆိုရင်‌ ထုတ်‌လုပ်‌မှုစွမ်းအား ကျဆင်းမှာပါ။ ဒါ‌ကြောင့်‌ ကျွန်‌‌တော်‌တို့ ‌နေ့စဉ်‌ဘဝကိုလည်း Target ‌လေး‌တွေ ထားပြီး ကိုယ်‌ဝါသနာပါရာ၊ကိုယ်‌ဖြစ်‌ချင်‌တာကို ယူ‌ဆောင်‌‌စေချင်‌ပါတယ်‌။ အဓိက ဆိုလိုချင်‌တာက ရည်‌မှန်းချက်‌တို့ အဓိဌာန်‌တို့ရဲ့တန်‌ဘိုးကို ချပြချင်‌တာပါ။
ကျွန်‌‌တော်‌ဆို တရားထိုင်‌ရင်‌ ‌ကောင်းကျိုး‌တွေ များတယ်‌၊ မဖြစ်‌မ‌နေ လုပ်‌သင့်‌တယ်‌ဆိုတာ သိ‌ပေမယ့်‌ လုပ်‌လိုက်‌ ၊မလုပ်‌လိုက်‌ပါ။ တကယ်‌တမ်း‌ပြောရရင်‌ မလုပ်‌ဖြစ်တာ ‌များပါတယ်‌။ဒါ‌ပေမယ့်‌ တစ်‌ခုခုကို အဓိဌာန်‌ဝင်‌ရင်‌‌တော့‌ ပုံမှန်‌လုပ်‌ဖြစ်‌တယ်‌။ ဝါဝင်‌ရင်‌‌တော့ Beer မ‌သောက်‌‌တော့ဘူးလို့ ကတိ‌ပေးထားရင်‌‌တော့ မ‌သောက်‌ဖြစ်‌ဘူးဗျ။ ပုံမှန်‌ဆိုရင်‌‌တော့ ည‌နေဆို ဆွဲပြီဘဲ။ အဓိက‌ပြောချင်‌တာက အဲ့ဒါဘဲ။ လူတစ်‌ဦးတည်းမှာ ဦးတည်‌ချက်‌ ၊‌ခေါင်းစဉ်‌ ၊အဓိဌာန်‌‌လေး Format ချတာနဲ့ မချတာ ‌တော်‌‌တော်‌ကွားခြားပါတယ်‌။
FB_IMG_1525268173590.jpg

ကျွန်‌‌တော်‌တို့ MSCမှာ sp 500 target ထား တာ အားလုံးသိမှာပါ။ ထို့‌ကြောင့်‌ ငါတို့ power up ဖို့ တာဝန်‌ရှိတယ်‌ဆိုတာ သတိ‌ပေး‌နေသလို sp 500ရ‌အောင်‌ ကြိုးစား‌နေမိတယ်‌။ sp 500 target မရှိရင်‌ အဖွဲ့ ကစည်းကမ်းမထုတ်‌ထားရင်‌ ထုတ်‌သုံးတာနဲ့ Sp 100‌တောင်‌ မ‌ကျော်‌‌လောက်‌ဘူး။ ဖုန်းဝယ်‌ချင်‌လို့ ၊ဘာဖြစ်‌လို့ ညာဖြစ်‌လို့ အ‌ကြောင်းပြချက်‌‌ပေါင်းများစွာနဲ့ ထုတ်‌ယူသုံးစွဲ ကြမှာပါ။ စည်းကမ်းသည်‌ လူ၏တန်‌ဘိုးတဲ့၊ သိပ်‌မှန်‌တဲ့စကားပါ။ စည်းကမ်းက ကိုယ့်‌အကျိုး အတွက်‌ဘဲ‌လေ။
‌နောက်‌ပြီး မိသားစု‌တွေမှာ ‌ငွေစုတဲ့ အပိုင်း‌လေး ‌ပြောပါရ‌စေ။ ပုံမှန်‌အားဖြင့်‌ မိသားစု‌တော်‌‌တော်‌များများ ‌ငွေ မစုဖြစ်‌ကြဘူး။ ဝင်‌‌ငွေနည်းလို့ မစု နိုင်‌တာပါလို့ အ‌ကြောင်းပြရင်‌ အပြည့်‌အဝ မမှန်‌ကန်‌ပါဘူး။ ကိုယ်‌နိုင်‌သ‌လောက်‌ နည်းနည်းစီ စစုဖြစ်‌ရင်‌ရပါတယ်‌။ ဒီ‌နေရာမှာလည်း ဒီလ ငါတို့အိမ်‌ ‌ငွေစုမယ်‌ အတိုင်းအတာတစ်‌ခု‌လောက်‌ ‌ငွေစုမယ်‌လို့ Target ထားလိုက်‌ရင်‌ ထိုလ စုဖြစ်‌တယ်‌ဗျ။ တကယ်‌တမ်း ဝင်‌‌ငွေက တိုးလာတာမဟုတ်‌ပါဘူး။ ‌ထွေ‌ထွေထူးထူးလည်း မ‌ချွေတာလိုက်‌ရပါဘူး။ ဒါ‌ပေမယ့်‌ Target ထားတဲ့လ‌တော့ ‌ငွေစုဖြစ်‌တယ်‌။ အိ‌မ်‌ရှင်‌မက နှစ်‌လတစ်‌ခါ သုံးလတစ်‌ခါ‌လောက်‌ ‌ရွှေစ‌လေးသွားလုပ်‌‌တော့ ကျွန်‌‌တော့်‌‌ခေါင်းထဲ အ‌တွေးတစ်‌ချက်‌ဝင်‌လာတယ်‌။ ငါတို့ အရင်‌က ဘာလို့မစုခဲ့တာလဲ ဆိုတာကို ‌တွေးမိလို့ပါ။ ဝင်‌‌ငွေ က တိုးလာတာမဟုတ်‌ပါဘူး။ တကယ်‌တမ်း‌ပြောရရင်‌ ယခင်‌က ယခုထက်‌‌တောင်‌ ဝင်‌‌ငွေ ‌ကောင်းခဲ့ပါတယ်‌။ ဒါ‌ပေမယ့်‌ ဘာမှ မစု‌ဆောင်းမိခဲ့ဘူး။ ဝင်‌‌ငွေနည်းမှ‌တောင်‌ စု‌ဆောင်းတာတိုးလာ‌တော့ ဦးတည်‌ချက်‌ရဲ့တန်‌ဘိုးကို ‌တွေးမိလို့ပါ။ ရည်‌မှန်းချက်‌ ၊ဦးတည်‌ချက်‌ ၊ Target ၊ ‌တွေရဲ့ တန်‌ဘိုးကို‌ပြောရင်‌ အများကြီးပါ။
ကျွန်‌‌တော်‌တို့ MSC member ‌တွေလည်း MSC အဖွဲ့အစည်းကြီး တိုးတက်‌ဘို့ ‌အောင်‌မြင်‌ဘို့ ရည်‌မှန်းချက်‌ ၊ ဦးတည်‌ချက်‌ ၊ ပန်‌တိုင်းတို့ ထာပြီး အတူလက်‌တွဲ ကြိုးစားကြပါစို့။
အားလုံးကျန်းမာချမ်းသာကြပါ‌စေ။

photo - facebook
MSC - 228
@mahaw

Sort:  

SP 470 ကျော်ရင် Minnow III အဆင့်ကိုရမှာပါ၊ နဲနဲ အတက်မြန်လာတဲ့ကာလပေါ့။ အဲဒီကနောက်တစ်ဆင့်ကတော့ ခက်ခဲပါတယ်၊ Minnow II ပါ။ အဲဒီအဆင့်ရဖို့ SP 1430 ထိ ထပ်မံစုဆောင်ရမှာပါ၊ ဒါ့ကြောင့် Steem ခရီးစဉ်ဟာ မာရသွန်ပြေးပွဲလို၊ ဇွဲထက်သန်ဖို့လိုပါတယ်၊ အဲဒီဇွဲကိုရဖို့က စိတ်ဓါတ်အင်အားကို အပြည့်ဖြည့်ထားပါ လို့ပဲ တိုက်တွန်းပါရစေဗျာ။ (၅)နှစ်လောက်ကြိုးစားမယ်ဆိုရင်တော့ တစ်သက်တာ အေးလူစွာ ထိုင်စားနိုင်တဲ့အခြေအနေကိုရမှာပါ။

အမှန်​ပါဘဲ...Targetထားသင့်​ပါတယ်​...ဒါမှလည်းမဖြစ်​မ​နေလုပ်​မှာပါ...

‌ခေါင်းစ်ဉ်‌တည်‌လိုက်‌ဟာ လမ်း‌ဖောက်‌လိုက်‌သလိုပါဘဲ။လမ်းရှိ‌တော့ သွား ဖြစ်‌တာ‌ပေါ့။‌ကျေးဇူးပါ ညီမ။

အလုပ်တော်တော်များများဟာtargetထားလုပ်
ရင်အောင်မြင်ပါတယ်

ဟုတ်‌တယ်‌အစ်‌ကို‌ရေ။ဒီအတိုင်းဆို ‌ဝေ‌လေ‌လေ နဲ့ အချိန်‌ကုန်‌‌နေတာ။ဘာမှ မလုပ်‌ဖြစ်‌ဘူး။

Sp 500 အမြန်ပြည့်ရေး တို့အရေး တို့အရေး 👍👍

ညီမတို့က ပြည့်‌‌တော့မှာပါ။အစ်‌ကိုတို့က အ‌ဝေး ကြီးလို‌သေး။

မှန်တယ်။လူရဲ့လို့ဖြစ်လာရင် plan targetတို့ထားသင့်ပါတယ်။အရမ်းကောင်းတဲ့postလေးပါ

မိမိကိုယ်‌ကို နှိုး‌ဆော်‌တဲ့သ‌ဘောပါ။‌ကျေးဇူးပါညီ။

စတီးမစ်​မှာ​တော့ ၅၀၀sp ​ပေါ့အစ်​ကိုရယ်​။

အ ပြင်‌မှာက မိန်းမယူ ဘို့လား။‌ကျေးဇူးပါညီ။

Target ​လေးတစ်​ခုရှိ​နေသ​၍ ​အောင်​မြင်​မူ့ဆီသို့

ပထမဆုံး လမ်းဦး‌ကြောင်း ‌ဖောက်‌လိုက်‌တဲ့သ‌ဘော‌ပေါ့။

ဟုတ်တယ် အကိုပြောသလို ရည်မှန်းချက်ထားဖို့လိုလာပြီ😊😊

ကိုယ်‌ ဖြစ်‌ချင်‌ရာ ကိုယ်‌နှစ်‌သက်‌ရာ တစ်‌ခုခုကို ထားသင့်‌ပါတယ်‌။

SP 500 ပြည့်ခါနီးပီဗျာ Target ရောက်တော့မယ်

အားကျ တယ်‌ဗျာ။‌ကျေးဇူးပါကိုသာ‌အေး။

မရှိတဲ့ကြားက စုဆောင်းထားတာ တစ်ကယ်တမ်းကျပြန်အသုံးချရင်
အရမ်းအသုံးဝင်ပါတယ်အကို

ဟုတ်‌ပါတယ်‌ညီ။တစ်‌ခုခုကို ဦးတည်‌‌စေချင်‌တာပါ။

လူဆိုသည်မှာရည်မှန်းချက်ရှိမှ
အောင်မြင်တာမဟုတ်ပါလားဗျာ။

သိပ်‌မှန်‌တဲ့စကား‌ပေါ့ညီ။

အရမ်းသဘောကျတယ် အစ်ကိုရယ် ရည်မှန်းချက်ထားတယ်ဆိုရင်နည်းနည်းလေးပေါ့နေမလားလို့ အဓိဌာန်ထားမှ ပိုလေးနက်မယ်လို့ ခံစားမိတယ်ဗျ

ပုံမှန်‌ထက်‌စာရင်‌ လုပ်‌ ဖြစ်‌တာ‌ပေါ့။‌ကျေးဇူးပါညီ။

You got a 50% upvote from @aungzawhtwe courtesy of @mahaw ! its cool fee free .

‌ကျေးဇူးပါ ကို‌ထွေး။

ကိုမဟော် ပုံ crd ပေးရအုံးမယ်လေ facebook ဆိုလဲ သူ့ link ချပေးရမေ 😁copy right နော်😊

ဟုတ်‌တယ်‌၊မလုပ်‌တတ်‌‌သေးလို့ပါ။

👍👍👍👍👍

မင်းမမြင်‌ရတာရင်‌ထဲမှာ ဘာလိုလိုပါ။

အားပေဲးပါတယ်

အားပေးနေတယ်

ညီမရဲ့cm ကို ‌မျှော်‌‌နေတာပါကွာ။

ရည်မှန်းချက်ရှိမှ အောင်မြင်မှာပါ

လူတိုင်းကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ကံ ဥာဏ် ဝီရိယအားနဲ့ အမြန်းဆုံးလျှောက်လှမ်းနိုင်ကြပါစေဗျ

ကျမတို့ steemitမောင်နှမတွေအားလုံး steemitရွာကြီးထဲရှိ ရည်မှန်းချက်ပန်းတိုင်ကို အမြဲဆုံးရောက်နိုင်စေရန် အတူတူကြိုးစားကြပါစို့