💖 အချစ်ခံနိုင်ရစေမယ့် ခံယူချက်များ  💖

in #myanmar7 years ago



💖 အချစ်ခံနိုင်ရစေမယ့် ခံယူချက်များ  💖

 



လူအများစုက သူတို့နဲ့ တန်တဲ့ အချစ်ကိုပဲ ရကြတယ်လို့တွေးတတ်ကြတယ်။ ဒါပေမဲ့ လူတိုင်းဟာ အချစ်ခံဖို့ ထိုက်တန်သလို လူတိုင်းဟာ အချစ်ကိုလည်း ကောင်းမွန်စွာရှာဖွေနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို အချစ်ကို မရှာဖွေနိုင်ကြသူများအတွက် ဝေမျှချင်တာကတော့ အချစ်နဲ့ ပတ်သတ်ပြီး အကောင်းမြင် နှိုးဆော်ချက် (၁၀) ခုပါပဲ။ ဒီအချစ်နဲ့ပတ်သတ်တဲ့ အကောင်းမြင် နှိုးဆော်ချက်လေးတွေက သင့်အချစ်ကို မရှာဖွေနိုင်ရဲလောက်အောင်တားဆီးနေတဲ့ သံသယတွေကို ပယ်ဖျက်ပေးနိုင်မှာပါ။ ဒါ့အပြင် ဒီအချက်လေးတွေက သင် နဲ့သင့်ရဲ့ ဘဝဟာ ဘယ်လောက် အချစ်တွေပြည့်နှက်နေတယ်ဆိုတာနဲ့ သင်အနေနဲ့ ထိုက်တန်တဲ့ အချစ်တစ်ခုကို ရှာဖွေနိုင်ကြောင်း သတိပေးနေမှာ ဖြစ်ပါတယ်။ သင်လုပ်ဖို့လိုတာကတော့ ဒီအချက် (၁၀) ချက်ကို သင်တစ်ယောက်တည်းရှိတဲ့အချိန်ရွတ်ကြည့်ဖို့ပါပဲ။



၁။ ငါအနားမှာ အချစ်တွေ အမြဲတမ်းပြည့်နေတယ်။ 💕💕

(သင်ကို ချစ်တဲ့သူတွေအမြဲတမ်းရှိနေပါတယ်။ အချစ်ဟာ သင့်အနားကလေ လိုပါပဲ။ )



(၂) ငါဟာ အချစ်နဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်ပြီး အချစ်ခံနေရတဲ့ လူတစ်ယောက်ဖြစ်တယ်။ 💕💕

( သင်ဟာ Romantic အချစ်ကို လိုက်ရှာနေနိုင်ပေမဲ့ သင်ကို ချစ်တဲ့အချစ်တွေဟာ သင်သိနိုင်တာထက်များပြားပါတယ်။ သင်သိနိုင်တဲ့ ပမာဏထက် သင့်ကိုချစ်နေတဲ့သူတွေရှိပါတယ်။ ဥပမာ သင့်မိဘတွေလိုမျိုးပေါ့။ )



၃။ ငါရှာနေတဲ့ ငါ့ရဲ့ ဖူးစာရှင်က အခု ငါ့ကို သူလည်း လိုက်ရှာနေပြီ။  💕💕

(သင် က အခုအချိန်မှာ သင့်ရဲ့ ဖူးစာရှင်ကို လိုက်ရှာနေသလို သင့်ကို သူကလည်း လိုက်ရှာနေပြီဆိုတာ သတိရပါ။



၎။ ငါ လူတွေကို ချစ်တယ်။ ဒါ့ကြောင့် ငါလည်း အချစ်တွေပြန်ရတယ်။ 💕💕

(သင်လူတွေကို ချစ်ပေးလေ သင့်ကို လူတွေက ပြန်ချစ်ပေးလေဆိုတာ သိထားဖို့လိုပါတယ်။



၅။ ချစ်တဲ့ မျက်လုံးနဲ့ ကြည့်ရင်အရာရာလှပါတယ်။ ငါ့မျက်လုံးနဲ့ မြင်သမျှ အရာအားလုံးကိုလည်း ချစ်ပါတယ်။  💕💕

( အချစ်နဲ့ အလှတရားကို မြင်နိုင်ဖို့အတွက် သင် အရမ်းကြိုးစားနေစရာမလိုပါဘူး။ ချစ်တဲ့ မျက်လုံးနဲ့ ကြည့်ရင် အရာရာတိုင်းက ချစ်ဖို့ကောင်းပါတယ်။ )



၆။ ငါ့ရဲ့ နှလုံးသားက ချစ်ဖို့ အဆင်သင့်ပဲ။ 💕💕

( သင်က ချစ်ဖို့ အမြဲတမ်း အသင့်ပြင်ထားလေ အချစ်တွေ့လာတဲ့ အချိန် သင် ပျော်ရွှင်စွာနဲ့ ကြိုဆိုနိုင်လေပါပဲ။)



၇။ ငါ့ရဲ့ ဖူးစာရှင်ကို ငါဆွဲဆောင်နေတယ်။ 💕💕

( အခုချိန်မှာ သင်လုပ်ဆောင်နေတဲ့ အရာအားလုံးက သင့်ရဲ့ ဖူးစာရှင် ချစ်မြတ်နိုးမယ့် လူတစ်ယောက်ဖြစ်လာစေဖို့ ပုံသွင်းနေတာကို သတိရပါ။ သူက အခုချိန်မှာ သိချင်မှ သိနိုင်ပေမဲ့ အချိန်ကျလာတဲ့အခါ သူ့ကို ဆွဲဆောင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သူကို ချစ်မိသွားမှာ အမှန်ပါပဲ)



၈။ ငါ့ရဲ့ အတွင်းစိတ် အလှတရားဟာ ငါ့ပတ်ဝန်းကျင်က လူတွေဆီ ဖြာထွက်နေတယ်။ 💕💕

( သင်ဟာ ထူးခြားတဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့ အတွင်းစိတ်အလှတရားနဲ့ မေတ္တာ တရားတွေက ပတ်ဝန်းကျင်ကို ဖြာထွက်နေပါတယ်။ တစ်နေ့ကျရင် သင့်ရဲ့ အတွင်းစိတ်အလှတရားတွေကို ရူးရူးမူးမူး ချစ်သူတစ်ယောက် ပေါ်လာမှာပါ။



၉။ ငါဟာ နက်နက်ရှိုင်းရှိုင်းနဲ့ အရူးအမူး ချစ်တတ်သူတစ်ယောက်ပါ။ 💕💕

( သင့်ရဲ့ အချစ်တွေဟာ အရမ်းနက်ရှိုင်းလွန်းတဲ့အခါမှာ သင်ချစ်တာခံရတဲ့ လူတစ်ယောက်ဟာ ဒီအချစ်တွေက  ကမ္ဘာပေါ်က အရာအားလုံးထက် အဖိုးတန်တယ်လို့ ကျေးဇူးတင်နေမိမှာပါ)



၁၀။ ငါတစ်နေ့ထက် တစ်နေ့ ပိုပြီးချစ်တတ်လာတယ်။ 💕💕

(အချစ်ကို ရှာဖွေတာက ခရီးစဉ်တစ်ခုဆိုရင် အချစ်တွေကို ပြသတာကလည်း ခရီးစဉ်တစ်ခုပါပဲ။ သင့်အနေနဲ့ ဒီအချစ်တွေကိုပြသနိုင်ဖို့အတွက် အမြဲတမ်း သင်ယူနေသင့်ပါတယ်။ ဒါမှလည်း တစ်ချိန် သင့်ရဲ့ဖူးစာရှင်ကို တွေ့တဲ့ အချိန်မှာ ဒီအချစ်တွေကို ကောင်းကောင်ထုတ်ဖော်ပြတတ်လာမှာပါ။)



💕💕 “ချစ်တတ်သောသူများနဲ့ အချစ်ခံရသော သူများဖြစ်ကြပါစေ ”💕💕

image

Sort:  

Good post
Keep trying @mamaeainjal

Congratulations! This post has been upvoted from the communal account, @minnowsupport, by KLM from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.