💖 မေတ္တာစိတ်များများ ထားပေးကြပါလို့ 💖

in #myanmar7 years ago

💖 မေတ္တာစိတ်များများ ထားပေးကြပါလို့ 💖



များသောအားဖြင့် လူ့စိတ်ဟာ အနိုင်ယူလိုစိတ်ရှိတတ်ကြပါတယ် ကိုယ့်ထက်နိမ့်တာကို

သနားပေးရမဲ့အစား နင်းဖို့ပိုစိတ်ကူးပါတယ်



 မြင့်တဲ့လူမှာမှ ရှိတာမဟုတ်ပါဘူး

နိမ့်တဲ့လူမှာလည်း

ကိုယ်လုပ်တာထက်ပိုလိုချင်တာ မတန်တဆလိုချင်တာမျိုးရှိတတ်ပါတယ်



အနိုင်ယူနိုင်ဖို့အတွက်

 မြင့်တဲ့သူက နိမ့်သူကို

 တစ်ဖြည်းဖြည်းအားနည်းလာအောင် လုပ်ပါတယ်



အဲဒီနောက်

ကျေးဇူးနဲ့ကိုင်ပေါက်လိုက်ပါတော့တယ် အဲဒီကျေးဇူးဆိုတဲ့ စကားကို လက်နက်သဖွယ်အသုံးချပြီး

တစ်သက်လုံး အနိုင်ယူတတ်ပါတယ် နလန်မထူတော့အောင်ကို အနိုင်ယူပါတယ် ပေးထားတာနဲ့ မတန်အောင်ခိုင်းမယ် ရစရာမရှိအောင်ပြောမယ်

 

အဓိကက သူအနိုင်လိုချင်တယ်လေ

သူတစ်ပါးကို အနိုင်ယူ၊ ဖိနှိပ်ထားရမှ စိတ်သက်သာတဲ့လူစားမျိုးပါ

စိတ်ရောဂါတစ်မျိုးပါပဲ



နိမ့်သူကျပြန်တော့ရော ဒီအတိုင်းပါပဲ သူလုပ်ပေးတာနဲ့မတန်သောအကျိုးတွေကို မျက်စောင်းထိုးတတ်၊ ကြံစည်တတ်ပြန်ပါရောလား



 အလှူမှာထမင်းချက်ပေးတဲ့ ကုသိုလ်ယူအဖွဲ့တောင်မှ အလှူရှင်ကို စိတ်ဆင်းရဲအောင်ပညာပြသေးတာပဲ



 စီးပွားရေးနယ်ပယ်မှာတော့ ပျင်းတောင်ပျင်းသေးတယ်

လုပ်တာပေါ့ ဘယ်ညှာပါ့မလဲ

မေတ္တာတို့ သစ္စာတို့ နားထား

 

အလုပ်သမားကလည်း

တို့လုပ်ပေးလို့

 သူတို့စီးပွားဖြစ်နေတာဆိုပြီး

ပညာပြပါတယ်

အမှန်မှာက သူက

အစကတည်းက အလုပ်သမားလေ အခစားအလုပ်သမားလေ ဒီတော့ ယူထားတဲ့လစာအရ အလုပ်လုပ်ပေးရမှာပါပဲ



ဘယ်မှာလဲ ကုသိုလ်စိတ်

ဘယ်မှာလဲ ကိုယ်ချင်းစာစိတ်

တော်တော်ရှားပါတယ်

နင်လိုတုန်းက ငါချေးထားတာ

ငါကနင့်ကျေးဇူးရှင်လို့

ပြောတဲ့သူက မရှားပါပဲ



သူပေးတာ အတိုးအကြီးကြီးနဲ့ ပေးခဲ့တယ်ဆိုတာကိုတော့ ဘယ်တော့မှထည့်မပြောတတ်ပါဘူး



 ဒီကျေးဇူးစကားကို

ဘာကြောင့်ခဏခဏပြောပြီး

အနိုင်ယူကြတာလဲ



အဲဒါလူ့စိတ်ပါပဲ

နည်းနည်းအကူအညီယူမိရင်

တစ်သက်လုံး

အပင်းဆို့ထားရသလို ဖြစ်ရပါတယ် ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပါ



အထက်ကပညာပြလိုက်

 အောက်ကပညာပြလိုက်နဲ့  စစ်အေးတိုက်နေကြတာပါပဲ

အဓိကကတော့ မေတ္တာခေါင်းပါးနေတာပါ



မေတ္တာမထွန်းကားသ၍ လက်အောက်ငယ်သားလည်း

တစ်နပ်စားပဲရပါမယ်

ရေရှည်မှာ ဒုက္ခနဲ့ကြုံမှာပါ



အထက်ကနေတဲ့လူလဲ

ခဏပဲရပ်တည်နိုင်မှာပါ

လက်စားချေခြင်းတို့

လက်တုံ့ပြန်ခြင်းတို့ကို .........



ကိုယ်သေရင်တောင်

 ငိုမဲ့သူမရှိမဲ့ ဘ၀မျိုးတွေတော့

အရောက်မခံပါနဲ့

ကိုယ်ခံနိုင်မှ သူခံနိုင်မယ်ဆိုတာမျိုး



အထက်ရော အောက်ရော

အားလုံးတွေးတတ်ရင်

အင်မတန်မွေ့လျော်ဘွယ်

လူ့လောက ဖြစ်ရမှာပါ

 

မေတ္တာခေါင်းပါးခြင်းရဲ့ ရလဒ်ကတော့ လူယုံကြည်မှုတွေ ပျက်ပြယ်ကုန်ပြီး

သူ့ကိုကိုယ်မယုံ ကိုယ့်သူမယုံနဲ့

နေလို့မကောင်းတဲ့

 လောကဖြစ်နေတော့တာပေါ့



ဘယ်ကိုပြေးမလဲ

ပြေးစရာမြေလဲမရှိတော့ဘူးလေ

ဒီဒဏ်တွေကို မသေမချင်းကြုံကြရမှာပါ



ကိုယ်ချင်းစားတရားတွေနဲ့

အလုပ်လုပ်ကြရင်

မေတ္တာအပြန်အလှန်ထားပြီး

အလုပ်လုပ်ကြရင် ကောင်းပါလိမ့်မယ်



ကုသိုလ်ရသည်မရသည်ကို အသာထား လောလောဆယ်လူ့ဘ၀လေး

 အေးအေးချမ်းချမ်း နေထိုင်သွားချင်ရင်



💖 မေတ္တာစိတ်များများ ထားပေးကြပါလို့ 💖


SMT 75 image

Follow me

@mamaeainjal