💙 ပျော်ရွှင်နေတဲ့ သူအဖြစ် လူတွေကြားထဲ 💙
လောကမှာ
သနားစရာအကောင်းဆုံး လူဟာ
ကိုယ်ဖြစ်သင့်သလို
ကိုယ့်ကိုကိုယ် လောက်ဘယ်သူမှ
မချစ်နိုင်ပါဘူး
လမ်းခွဲသွားလို့ 
ဝမ်းနည်းကြေကွဲနေစရာလား
စိတ်ထိခိုက် ခံစားရရင်
ခဏဆို.......
ကိုယ်လုပ်စရာရှိတာတွေကို
ဆက်လုပ်ဖို့ 
အားအင်အသစ်တွေကို အမြန်ဆုံးမွေးယူပြီး လုပ်ငန်းခွင်နဲ့  သူငယ်ချင်းတွေကြား ပျော်ပျော်ဘဲနေလိုက်မယ်
ချန်ထားခဲ့သူထက်
တစ်နေ့ သာရမယ် ဆိုတဲ့
စိတ်နဲ့ အလုပ်တွေကို
ပိုတောင်ကြိုးစားလိုက်ရုံဘဲ
ကိုယ့်ဘဝအတွက်
နောက်ထပ်ရှေ့ ဆက်ရမဲ့
ခရီးရဲ့ပဲ့ကိုင်ရှင်ဟာ
ကိုယ်သာဖြစ်နေတာမို့  ကိုယ့်ကိုယ်ဖေးကူသူမဟုတ်တဲ့
လူအတွက် အချိန်ပေးပြီး စိတ်ကိုညင်းဆဲနေစရာမှမဟုတ်တာ
သစ္စာမရှိလို့ 
ခံပျင်းစိတ်ဖြစ်နေလား
ခဏဒေါသထွက် ပေါက်ကွဲပစ်လိုက်မယ်
ဒါဆို အဆင်ပြေပြီလေ
တန်ဖိုးမသိတဲ့သူအတွက်
ကိုယ့်တန်ဖိုးတွေပါ
ကျဆင်းစေလောက်အောင်
ရုပ်ပျက်နေစရာမှ မလိုတာ
သူ့ ထက်သာတဲ့ သစ္စာရှိတဲ့ ချစ်သူ
အချိန်တန်ရင်တော့
အချစ်ဟာ ဘဝရဲ့
တစ်စိပ်တစ်ဒေသအခန်းကဏ္ဍမှာ
ပါဝင်နေတာမို့ 
စာရိတ္တမကောင်းသူနဲ့ 
စောစောလမ်းခွဲရတဲ့
ကိုယ်ဟာ ကံကောင်းတဲ့သူအဖြစ်
ပျော်ရွှင်နေတဲ့
သူအဖြစ် လူတွေကြားထဲ
ချစ်ရက်နဲ့  လမ်းခွဲရလို့ 
အားငယ်နေလား ခဏတော့ငိုပါ
ကိုယ်ချစ်တဲ့သူရဲ့
လျှောက်ရမဲ့ လမ်း နှောင့်နှေးခြင်း
အနှောက်ယှက် ဖြစ်စေတာမျိုး
မဖြစ်အောင် နောက်ထပ်
မျက်ရည် မကျတော့ဘူး
သူမြင်စေချင်တဲ့
အဆင်ပြေတဲ့ဘဝ
ချစ်တိုင်းညားကျကြေးဆိုရင်
အချစ်နဲ့ ပတ်သက်တဲ့
ရာဇဝင်တောင်ရှိလာမှာ မဟုတ်ဖူး
အချိန်ကြာကြာ
ဝမ်းနည်းကြေကွဲနေခြင်းနဲ့ 
စိတ်ဓါတ်ကို မပြိုလဲစေရဘူး
တွေ့ ဆုံခြင်းရှိရင်
ဘယ်လို အကြောင်းနဲ့  ဖြစ်ဖြစ် ခွဲခွာခြင်း
ဆိုတာ တစ်နေ့ ရှိလာရမယ်ဆိုတာ
လောကရဲ့ ဓမ္မတာတရားပါ
ဘယ်လိုအကြောင်းကြောင်းနဲ့ 
ခွဲရပါစေ ကိုယ့်ကိုယ်ကိုယ်
ချစ်တဲ့သူတွေဟာ
ခဏပဲငိုကြတယ်
အသဲကွဲလို့  ငိုလည်း ခဏပေါ့
ဘဝကို ထိခိုက်အောင်ထိ
အရူးအမူးဖြစ်နေစရာ မလိုအပ်ပါဘူ
💙 ပျော်ရွှင်နေတဲ့ သူအဖြစ် လူတွေကြားထဲ 💙
SMT 79
SMT 57
SMT 58
SMT-59
Good
SMT(51)
Smt 61
smt 62
Smt 52
Smt-66
Smt64
SMT No 55
Congratulations! This post has been upvoted from the communal account, @minnowsupport, by KLM from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.