" ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း ပြုပြင် ရအောင် "
Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်
ကျမ ဒီနေ့ ရေးသား post တင် မယ့် အကြောင်းအရာကတော့
ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း
ပြုပြင်ရအောင် ဆိုတဲ့ ခေါင်းစဉ် နှင့်အတူ
ဘာကြောင့် သဘာဝ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီး ရသလဲ
ယိုယွင်း ပျက်စီးနေသော သဘာဝ ပတ်ဝန်းကျင် ကို
ဘယ်လို ပြုပြင် ထိန်းသိမ်း ကြမလဲ
အနာဂတ် မြန်မာနိုင်ငံတော်ကြီး သာယာလှပ အောင်
ဝိုင်းဝန်း ကျိုးစား အားထုပ်သင့် ကြစေရန် ရည်ရွယ်၍
ကျမ တတ် မှတ် သိရှိထားသော အချက်အလက်အကြောင်း အရာများဖြင့် ရေးသား လိုက်ပါတယ်
သဘာဝ ပတ်ဝန်းကျင် ဟူသည်မှာ လူတို့၏ တီထွင်
ဖန်တည်းမှု့ မပါဝင်ဘဲ သဘာဝအတိုင်းဖြစ်ပေါ်နေသော
ကောင်းကင် ရေမြေ တောတောင် များကို ဆိုလိုပါတယ်
သတ္တဝါများ သည်သဘာဝ တောတောင် ရေမြေ တို့ကို
အမှီသဟဲ ပြု ၍ အသက်ရှင် နေထိုင်ကြရတာ ဖြစ်ပါတယ်
ထို့ကြောင့်သက်ရှိ သတ္တဝါများ အသက်ရှင်နေထိုင်ရာ
မြန်မာနိုင်ငံ တွင်သာ မက ဘဲ ကမ္ဘာကြီး မှာပါ သဘာဝ
ပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုကို ထိန်းသိမ်းစောက်ရှောက်
ရန်မှာ လူသားတိုင်း ရဲ့ တာဝန် ပင်ဖြစ်ပါတယ်
ယနေ့ခေတ်တွင် လူဦးရေ တိုပွားလာခြင်း နည်းပညာများ
မြင့်မား တိုးတက်လာခြင်း တို့ကြောင့် မြန်မာနိုင်ငံ အပါအဝင်
ကမ္ဘာ့ နိုင်ငံ တော်တော်များများ တို့တွင် သဘာဝ ပတ်ဝန်း
ကျင် များ ပျက်ဆီးလာပြီး ရာသီဥတု ပြောင်းလဲမှုများ
သဘာဝ ဘေးအန္တရာယ် များ ကြုံ တွေ့ နေကြရ ပါတယ်
သဘာဝဆိုတာ ပြုပြင်ဖန်းတီထားတာမဟုတ်တဲ့ ပင်ကို
သဘောမို့ သဘာဝလို့ဆိုပါတယ်
လူ တိရစ္ဆာန် သစ်ပင် တို့သည် တစ်ခု နှင့် တစ်ခု ထောက်ပံ့
ရင်း အမှီသဟဲပြု ရပ်တည်နေကြတာဖြစ်ပါတယ်
ပြောင်းလဲနေမယ်။
လူသားဟာ တစ်မျိုးတည်း ရပ်တည်လို့မရသလို
လူ တိရိစ္ဆာန် သစ်ပင် နေ လေ ရေ မီး
စတဲ့ အရာအားလုံးဟာ တစ်ခုနဲ့တစ်ခု အမှီသဟဲပြု ပါမှ
ရှင်သန် မှာ ဖြစ်ပါတယ်
သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာစေသော
အကြောင်း မျာတွင် လေထု ညစ်ညမ်းမှု သည်လည်း
တစ်ခု အပါအဝင်ဖြစ်ပါသည်
တောမီးများ လောင်ကျွမ်းခြင်း ကျောက်မီးသွေး ရေနံ
ဓာတ်သတ္ထု လောင်ကျွမ်းခြင်း ထင်းနှင့်မီးသွေး တို့ကို
အလွန်အကျွံ ထုပ်ယူ သုံးစွဲခြင်း ဓာတ်ဆီ ဒီဇယ် လောင်စာဆီ
များသုံးစွဲ ခြင်း ရွှေ့ပြောင်းတောင်ယာခုတ် မီးရှို့ခြင်းများ
လျှပ်စစ်ဓာတ် သုံးစွဲမှု့ များလာခြင်းများ စသည့် လူတို့ ၏်
ပယောဂ ကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူမှုန် ဒြပ်မှုန် မျိုးစုံ
တို့သည် လေထုထဲသို့ ပျံနှံ့နေရာယူလာကြသည့်
အတွက် သဘာဝ ပတ်ဝန်ကျင် ကို ယိုယွင်းပျက်စီးစေပြီး
ရာသီဥတု ဖောက်ပြန်ပျက်ဆီးမှုများ တွေ့ကြုံ လာခဲ့
ကြပါတယ်
ထိုကဲ့သို့သော ယိုယွင်းပျက်ဆီးနေသော သဘာဝ
ပတ်ဝန်ူကျင်ရှိ လေထု ကြီး ကိုသန့်စင်စေရန်အတွက်
သစ်ပင်များသစ်တောများ စိုက်ပျိုးခြင်းဖြင့် ထိန်းသိမ်း
ကာကွယ် စောင့်ရှောက်ရန် လိုအပ်ပါတယ်
" ဥတုရာသီ တောကိုမှီ၏ " ဟူသော စကားပုံ အတိုင်း
သစ်ပင်စိုက်ပျိုးခြင်းသည် ယိုယွင်းနေသောသဘာဝ
ပတ်ဝန်းကျင် ကို သာယာလှပစေရန် ပြုပြင်ပေးစေ နိုင်
မှာဖြစ်ပါတယ်
ထို့အတူ တိရိစ္ဆာန်များ မျိုးတုန်း ပျောက်ကွယ်သွားကြ
ခြင်းကလည်း သဘာဝ ပတ်ဝန်းကျင် ကို ယိုယွင်းပျက်စီး
လာစေသော အကြောင်းအချက် တစ်ခုလည်းဖြစ်ပါတယ်
သစ်ပင်သစ်တောများ ပြုန်းတီး မှု့ ကြောင့် ကျေးငှက်
တိရစ္ဆာန်များ နေစရာ စားစရာ စားကျက်မြေများ ရှာပါး
လာမှု့ တို့ကြောင့်သေကျေ ပျက်စီး ၍ မျိုးတုန်းပျောက်ကွယ်
သွားကြရပါတယ်
ထို့ကြောင့် လူ တိရစ္ဆာန် သစ်ပင် တို့သည် သဟဇာတဆိုတဲ့ အတိုင်း အပြန်အလှန် မျှတနေမှသာ အညမညဆိုတဲ့
အပြနိအလှန်မှီခို ဖြစ်တည်ပျက် အစားထိုး ဖြစ် တည်ပျက်နဲ့ လည်ပတ်နိုင်မှာဖြစ်ပါတယ်
သတ္တဝါတစ်မျိုးပျောက်တိုင်း ဂေဟစနစ် စတင် ယိုယွင်းသလို
လူတွေရဲ့ စိတ်အာဟာရရှာဖွေစရာ နေရာတစ်ခုလည်း
ပျောက်လာ စေပါတယ်
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး ခြင်း မှ
ကင်းဝေးအောင် တိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်မှု့
မရှိစေရန် ဝိုင်းဝန်းကာကွယ် ကြရမှာ ဖြစ်ပါတယ်
သစ်ပင်သစ်တောများ ပြုန်းတီး မှု့ကြောင့် နေအပူရှိန်
မြင့်တက်လာပါတယ်
တောင်တွေဖြို တဲ့အတွက် ပင်လယ်ရေမျက်နှာပြင်မြင့်တက် လာပါတယ်
တိရစ္ဆာန်များ မျိုးတုန်း ပျောက်ကွယ်လာတဲ့ အတွက်
ဂေဟစနစ် ပျက်စီးလာပါတယ်
သဘာဝ သယံဇာတများအလွန်အကျွံ ထုပ်ယူ သံးစွဲ
လာကြတဲ့ အတွက် မြေပြို ခြင်း ရေကြီးခြင်း များ ဖြစ်ပေါ်
လာပါတယ်
လောင်စာဆီများ ဓာတ်ငွေ့ များကြောင့် လေထုညစ်ညမ်း
မှု့ ကိုဖြစ် ပေါ်လာပါတယ်
လူတို့ရဲ့စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ကလည်း သဘာဝ
ပတ်ဝန်းကျင် နှင့်မြေဆီလွာများ ယိုယွင်းလာပါတယ်
ထိုသို့သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ယိုယွင်း
ပျက်စီးလာပါက
ငလျင် မုန်တိုင်း မီးဘေး ရေဘေး သဘာဝဘေးအန္တရယ်
ဖျက်ပိုးဘေး ရာသီဥတုဖောက်ပြန်ဘေး စတဲ့ ပြင်းထန်တဲ့
အန္တရာယ်များ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်
ကျမ တို့သည် ဂေဟစနစ် အတွင်းမှာ အသက်ရှင်နေထိုင်
သူများ ဖြစ်ကြပါတယ်
ဂေဟစနစ် ( Ecosystem )
သဘာဝ အရင်းအမြစ် ( Natural Resources )
အဖွဲ့အစည်း များ ထောက်ပံ့မှု (Organizations and Funding )
သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်းများ (Maintenance ours Ecosystems )
စသော အချက် အလက်များဖြင့် ဥိးစားပေး အကောင်အထည်
ဖော်သင့်ပါတယ်
သဘာဝတရားကို ဖျက်ဆီးဖို့မကြိုးစားပါနှင့် ထို့အတူ
စည်းကမ်းရှိခြင်းဖြင့် သဘာဝဂေဟစနစ်ကို ကယ်တင်ကြပါ
ဝိုင်းဝန်ကူညီ ထိန်းသိမ်းကြပါ
မိမိကြောင့် သဘာဝအလှတရားများ မညိုးနွမ်းပါစေနဲ့
ကောင်းမွန်သော သယံဇာတကိုသာ လက်ဆင့် ကမ်းစေလို
ပါတယ်
ယိုယွင်းပျက်စီးနေသော မြန်မာ့သဘာဝ ပတ်ဝန်းကျင်
ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အနာဂတ် မြန်မာ
နိုင်ငံတော် ကြီး အဓွန့်ရှည် တည်တံ့ စေရန်မှာ
ကျမတို့ နိုင်ငံသူ /သား အားလုံး ၏ သမိုင်းပေးတာဝန်
တစ်ရပ် ပင်ဖြစ်ပါတယ်
ကျမ တို့မြန်မာနိုင်ငံတွင် လူပေါင်းများစွာတို့၏ အသက်
အိုးအိမ် စည်းစိမ် များစွာ တို့ သေကျေ ပျက်စီး ဆုံးရှုံး
ခဲ့ရတဲ့ နာဂစ်မုန်တိုင်း ကြီးသည် သဘာဝ ပတ်ဝန်းကျင်
ယိုယွင်းပျက်စီး မှု့ ဂေဟစနစ် ပျက်ယွင်းမှု့ ၏ ဆိုးကျိုး
တစ်ခု ပင်ဖြစ်ပါတယ်
ဒီရေတောများ ပျက်ဆီး ပျောက်ကွယ် သွားရတဲ့ အကျိုး
ဆက် ကြောင့် ရာသီဥတု များဖောက်ပြန် ပျက်စီးကာ
လူပေါင်း သိန်းချီ ပြီး အသက်ဆုံးရုံး သွားသည့် အပြင်
တိရိစ္ဆာန်များ သေကျေ ပျက်စီး ၍ အိုးအိမ်စည်းစိမ် များစွာ
ဆုံးရုံး ခဲကြရပါတယ်
ဒါဟာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ယိုယွင်းပျက်စီး
ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ သဘာဝဘေးအန္တရာယ်
ဖြစ်ပါတယ်
အချို့သော စီမံကိန်း များသည် သဘာဝသယံဇာတကို
ပျက်စီးဆုံရုံး စေရုံသာမက သဘာဝ ပတ်ဝန်းကျင် ကို
ယိုယွင်း ပျက်ဆီးစေနိုင်သောကြောင့် အသိပညာရှင်
အတတ်ပညာရှင်များ မှ တားမြစ်ပိတ်ပင် ခဲ့ကြခြင်း
ဖြစ်ပါတယ်
မြစ်ဆုံ စီမံကိန်း
လက်ပံတောင်းတောင် ကြေနီ စီမံကိန်း
အစရှိသော သဘာဝ ကို ပျက်စီးစေသော စီမံကိန်းများ
ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေတဲ့
ဖားကန့် ဒေသမှာဆိုရင်လည်း သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီး ရတဲ့ အဓိက အကြောင်းအရင်း များကတော့
ဟိုးအရင်က တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ရေး
လုပ်ငန်းများ ပြုလုပ်ရာမှ စက်ယန္တယားကြီးများ အသုံးပြု ၍
အလွန်အကျွံ တူးဖော်ပြု လုပ်လာ ကြသည့် အတွက်
မြေစာပုံ ပြိုကြ ချင်းများ ဖြစ်ပေါ်ခဲ့ ပြီး သဘာဝပတ်ဝန်းကျင်
နှင့် ဂေဟစနစ် ကို များစွာ ယိုယွင်း ပျက်စီးစေခဲ့ ပါတယ်
ဖားကန့်မြေတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးခြင်းရဲ့ အကျိုးဆက် ကတော့ သဘာဝ သယံဇာတများဆုံးရုံးခြင်း
မြေပြို ခြင်း မြေစာပုံပိ၍ လူအမြောက်အများ သေဆုံးခြင်းများ
ရေကြီးခြင်း များ ဖြစ်ပေါ် လာခဲ့ပါတယ်
သတ္ထု သယံဇာတ ထုပ်လုပ်ခြင်း ကိုပြုလုပ်ကြရာ မှာ
သဘာဝ ပတ်ဝန်ကျင်ကိုထိန်းသိမ်းရင်း ပြုလုပ်သင့်ကြ
ပါတယ်
သဘာဝ ပတ်ဝန်းကျင် ကို ညစ်ညမ်းမှု ဖြစ်စေသောအကြောင်းအရာများ
မီးခိုးများ
ဓာတ်ဆီ ဒီဇယ်ဆီ စသည့် ကားအိပ်ဇော တို့မှထွက်လာသည့်
အခိုးအငွေ့များ
အမှိက်သရိုက်များအား မီးရှို့ သဖြင့် ထွက်လာသော
အခိုးအငွေ့များ
သဘာဝ သယံဇာတ ဆုံးရှုံးစေသော အကြောင်းရင်းများ
သတ္ထု တူးဖော်ခြင်းများ
ရွှေတူးဖော်ခြင်းများ
ရေနံ သဘာဝ ဓာတ်ငွေ့ တူးဖော်ခြင်းများ
ကြေးနီ စီမံကိန်းများ
သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးစေတဲ့ အကြောင်းများကတော့
သစ်ပင်သစ်တောများ ပြုန်းတီးခြင်း
ဒီရေတော များပျောက်ကွယ်သွားခြင်း
သဘာဝ သယံဇာတ အရင်းအမြစ် များအား အလွန်အကျွံ
ထုပ်ယူ သုံးဆွဲခြင်း
စက်ရုံ အလုပ်ရုံ ယဉ် ယန္ထရားများမှ အခိုအငွေ့များ ကြောင့်
လေထု ရေထု ကို ညစ်ညမ်းမှုများ ဖြစ်ပေါ်စေခြင်း
စွန်ပစ် ပစ္စည်းများ အမှိုက် အညစ်အကြေများ အား စနစ်တစ်ကျ
စွန့်ပြစ် ခြင်းလမရှိသည့် အတွက် ချောင်း မြောင်းများ
တိမ်ကော ပျက်စီးစေခြင်း
ဆည်မြောင်း တာတမံ များ ဆောက်လုပ်ခြင်း
ရေနံ သတ္ထု ကျေုက်မီးသွေးများ တူးဖော်ခြင်း
ရေလှောင်တမံများ ဆောက်လုပ်ခြင်း
သတ္ထု တူးဖော်ခြင်း
ရေအရင်းအမြစ် များ ပျောက်ဆုံးခြင်း
သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်ဆီးခြင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်များ
ရာသီဥတုဖောက်ပြန် ပျက်ဆီးခြင်း
တိရိစ္ဆာန်များ မျိုးတုံးပျောက်ကွယ်ခြင်း
ရေကြီးခြင်း
မြေပြိုခြင်း
တောင်ပြိုခြင်း
ငလျင် ကြီးများလှုပ်ခတ်၍ အသက်အိုးအိမ် စည်းစိမ်များ
ဆုံးရှုံးခြင်း
ရေလမ်းကြေင်းများပိတ်ဆို့ခြင်း
သဲသောင်များတူးခြင်းကြောင့် ရေလမ်းကြောင်းများပြောင်းပြီး
မြစ်ချောင်း များကောသွား စေခြင်း
ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင် ကို ဘယ်လိုထိန်းသိမ်းကြ မလဲ
သစ်ပင်သစ်တောများ မပြုံးတည်းအောင် ထိန်းသိမ်းစောင့်
ရှောက် ခြင်းဖြင့်
တိရစ္ဆာန်များ မျိုးတုံးမသွားအောင် ကာကွယ်စောင့်ရှောက်
ခြင်းဖြင့်
ဒီရေတောများ မပျက်ဆီးအောင် ဝိုင်းဝန်းထိန်းသိမ်း
စောင့်ရှောက် ခြင်းဖြင့်
သဘာဝသယံဇာတ အရင်းအမြစ် များအား စနစ်တစ်ကျ
ထုပ်ယူ ခြင်းဖြင့်
စွန့်ပစ်ပစ္စည်းများအား စနစ်တစ်ကျ စွန့်ပစ် ခြင်းဖြင့်
ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ကြရမှာ
ဖြစ်ပါတယ်
ဇွန်လ - ၅ ရက်နေ့ ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
နေ့ အဖြစ် သတ်မှတ် ပြီး သဘာဝ အရင်းအမြစ် များ ဆုံးရှံးမှု
မဖြစ်ပေါ် အောင် လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်
ယခုဆိုလျင် မြန်မာနိုင်ငံ၌
" သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဝန်ကြီးဌာန " မှ
( Environmental Conservation Department - ECD )
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးလုပ်ငန်းများ
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးသင်တန်းများ
ဒေသ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း လုပ်ငန်းများ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ရာသီဥတု ပြောင်းလဲ မှု့
ဆိုင်ရာ အထူးပြု ဘာသာ ရပ်များ သင်ကြားပေးခြင်း
စသည့် လုပ်ငန်းစဉ်များ ဖြင့် သဘာဝ ပတ်ဝန်းကျင် ယိုယွင်း
ပျက်စီး မှုများ ကိုကာကွယ် ရန် အကောင်အထည်ဖော်
လုပ်ဆောင် လျက်ရှိနေပါတယ်
မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုလျက်ရှိကြသော လူတိုင်း
လုတိုင်း သည်လည်း မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်
နှင့် သဘာဝ အရင်းအမြစ်များကို နှစ်သက်မြတ်နိုး တန်ဖိုးထား
ပြီး အမြဲ ထာဝစဉ် တည်တံ့နေစေရန် ဝိုင်းဝန်းထိန်းသိမ်း
စောင့်ရှောက်ကြ ပါလို့လည်း တိုက်တွန်း ချင်ပါတယ်
ယနေ့ခေတ် မြန်မာနိုင်ငံသူ နိုင်ငံသား လူငယ် လူရွယ်များ
အနေဖြင့်သဘာဝပတ်ဝန်းကျင်ကို လက်ရှိအနေအထားထက်
ဆိုးဝါးသော သဘာဝပတ်ဝန်းကျင် တစ်ခု အနေဖြင့်ချန်မထား
ခဲ့ကြဘဲ ဝိုင်းဝန်း ထိန်းသိမ်းပြုပြင် ရင်းဖြင့် သာယာလှပ တဲ့
အနာဂတ် မြန်မာ န်ုင်ငံတော် ကြီး အဓွန့်ရှည်တည်တံ့ အောင်
ကြိုးစား ကြပါစို့ဟု တိုက်တွန်းရင်းဖြင့်
Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း
မြန်မာ့ သဘာဝ ပတ်ဝန်းကျင် ရဲ့ ယိုယွင်း ပျက်ဆီးနေမှုများကို
မိမိတို့ တတ်နိုင်သည့် ဘက်မှ တစ်တပ် တစ်အား ပါဝင် ကူ
ညီ အားဖြည့်ရင်း ထိန်းသိမ်းပြုပြင် ကြ စေရန် ရည်ရွယ်၍
post တင် ရေးသားလိုက်ရပါတယ်
အားလုံးသော steemit member များလည်း ကျန်းမာချမ်းသာ
ကြပါစေ
photo credit - google
author -
MSC - 070
ဆုရပါစေ
ပြည်ုပါရစေ ရှင့်
very good. I love your creativity. it is very amazing.
အရေးအသားကောင်းပါတယ် ဆုရရှိပါစေ ညီမ
thanks ပါ
ဆုရနိုင်တယ် အရေးအသားကြိုက်တယ်
thanks
ဆုရပါစေအမ
ပြည့်ပါစေ
ဆုရပါစေမမ……
ကျးဇူးပါ
ဆုရပါစေဗျာ
ရရင် မုန့်ဝယ်ကြွေမယ်
ဆုရပါစေကွယ်
ပြည့်ပါရစေ အေ
ဆုရပါစေ အယ်မ
thanks အေ
အချက်အလက်စုံစုံ ဓာတ်ပုံ ကဝေဝေဆာ
ဆုရပါစေဗျာ
ပြည့်ရ ပါလို၏
အရမ်းကောင်းတယ်ဗျာ
ဆုရပါစေဗျ
thanks
အရေးအသားကောင်းတယ်အစ်မရေ ဆုရပါစေနော်
thanks ပါ
ပြိုင်ပွဲရှိတာလား ခေါင်းစဉ်လေးတွေက အတူတူဖြစ်နေတာ
ဟုတ်ကဲ့ ပြိုင်ပွဲပါ
ဆုရရှိပါစေ ညီမလေး
ဆွတ်ခူးနိုင်ပါစေဗျာ
ပြည့်ရပါလို၏
ဆုရပါစေဗျာ...
ကျေးဇူးပါ
G4 ကလူတွေအကောင်းဆုံးပဲ ဟိဟိ။ အစ်မရေ ဆုရပါစေဗျာ။
me too
မမဆုရပါစေလို့ဆုတောင်းပေးပါတယ်
ကျေးဇူးပါ နော်
သူတို့ အရေးကောင်းတာနဲ့ ကိုယ်ရေးထားတဲ့ ပိုစ့်တောင်တင်ရမှာ ရှက်သလိုလိုဖြစ်နေပြီ ...
အဲ့လိုဘုတ်ဘူးလေ ဆုရဖို့က အဓိက မကျပါဘူး
ခေါင်းစဉ် တစ်ခုအောက်မှာ စာစီစာကုန်းေးရးသလိုပေါ့
active ဖြစ်ဖို့ ပိုအရေးကြီးတာပါ
ဆုရပါစေနော
ပြည့်ပြည့်စုံစုံရေးသားဖော်ပြသွားတာ
အရမ်းကောင်းပါတယ် အမရေ..
Goodluck ပါ..
thanks bro
တင်ပြပုံတော့စုံပါပေတယ်၊ အရေးအသားပိုင်းသေချာပြန်ဖတ်ရဦးမယ်။
ကျေးဇူးပါ ရှင့်