Made Gelatine ( Dragon Fruit )

in #myanmar7 years ago (edited)

Dragon Fruit Gelatine

-နဂါးမောက်သီးကျောက်ကျော

image

Hello , all steemit member .

ဒီနေ့ အစားတစ်လိုင်း ကျမလည်း အနည်းငယ်အားလပ်နေပါသဖြင့်
နဂါးမောက်သီးကျောက်ကျော ပြုလုပ်စားသောက်ဖြစ်သည့်အတွက် ပြုလုပ်နည်းလေးအား ရေးသား လိုက်ပါသည်

လိုအပ်သည်များကတော့

နဂါးမောက်သီး (အနီ)- ၁လုံး
သကြား - ၂၅ကျပ်သား
ကျောက်ကျောထုပ် အသေး -၁ထုပ်
( တယ်လီဖုန်း or အာဂါး)

တို့လိုအပ်ပါသည်

ပြုလုပ်ပုံကတော့

နဂါးမောက်သီးအား အခွံခွာကြေအောင် ခြေထားပါ
အိုးတစ်လုံတွင် ရေ ၁လီတာခွဲ ခန့် ကို ပွက်ပွက်ဆူအောင် ကြို ထို့နောက်
သကြား ကျောက်ကျောတို့အားထည့်မွှေ
၁၅မိနစ် မှ မိနစ်၂၀ ခန်ကြာ ကြိုပီးပါက ခြေထားသော နဂါးမောက်သီးများ အာ ထည့်မွှေ ရေပြန်ဆူပါက လင်ဘန်းတွင်ထည့် အအေးခံ ပြီး စိတ်ကြိုက်စားသုံးနိုင်ပြီ ဖြစ်ပါသည်

image

နဂါးမောက်သီး စားခြင်းဖြင့်ရရှိစေနိုင်သာ ကျန်မာရေး ကောင်းကျိုးများက
တော့

  • ဆီးချို သွေးချို ကျစေသည်
  • ကင်ဆာရောဂါကို ကာကွယ် ပေးသည်
  • နှလုံး သွေး ကြောကျဉ်း ရောဂါကို ကာကွယ်ပေး သည်
  • အနာ ကျက်စေသည်
  • ခံတွင်း ကောင်းစေသည်
  • အမြင်အာရုံ ကြည်လင်စေ သည်
  • ဝိတ်ကျစေသည်
  • မှတ်ဥာဏ် တိုးတက်စေသည်

လုပ်ရတာလည်းလွယ် စားရသည်မှာလည်းအရသာရှိ ကျန်းမာရေးနှင့်လည်း
ညီညွှတ် သည်မို့ ပြုလုပ်စာစသောက်ကြည့်ကြစေရန် ရေးသားလိုက်ပါသည်

@mamamyanmar

Sort:  

I want to eat.

လာစားမယ်နော်

အများကြီး ရှိ

Favorit drink 😍

အစားတလိုင်းမှန်းသိဘာဒေ

ကိုဒေက အဲ့လိုဂို စားတာ

စားချင်စရာလေးကွယ်

အင်းဆို ခုချိန် နဂါးမောက်သီး ပေါချက်ကတော့ တစ်လုံးမှ ၂၀၀ ကျပ်ထဲရယ်
အဲ့ကြောင့် နည်းမျိုးစုံနဲ့ အမုန်းဆွဲနာ

ခုချိန်နဂါးမောက်ကဈေးကြီးသေးတယ်။ စားချင်ပေမယ့်လေ

အယ် ပ်ု့ပေးချင်တာအေ
စစ်ကိုင်းမှာ ၁လုံး ၂၀၀ ဘဲရှိတာ သီပေါ က အမျိုးတေက သူတို့ဆီမှာ ၁၀၀
တဲ့တော်