You are viewing a single comment's thread from:

RE: MSC တနှစ်ပြည့် တွေ့ဆုံပွဲ ( Henry Aung )

in #myanmar7 years ago


msc ဘယ်တော့ အောင်မြင်လာမှာလည်း ဆိုတဲ့မေးခွန်းကို မေးရမလိုဖြစ်နေပြီ
admin ထဲမှာ အသက်ငယ် အတွေ့အကြုံမရှိ ပညာလည်းနုသေးတဲ လူတွေ နဲ့ ပတ်သက်ပြီး msc ရေရှည် တည်တံ့ စေချင်တဲ့စေတနာနဲ့ပါ
ရှေးရှေးလူတွေမှာကတည်းက check group တွေထဲမှာ သူတပြန် ကိုတပြန်ပြောကြ မောက်မာစွာပြော နောက်ထုတ်တယ် လုပ်
အဲ့လိုမျိုး ရင့်ကျက်မှုနည်းပါးစွာ ပြုမှုနေကြတာကို တွေ့မြင် ပီးကတည်းက ကျမတော်တော်လေး စိတ်ပျက်နေခဲ့တာပါ
leader အနေနဲ့ msc ရေရှည် အတွက် ရှေ့ဆက်သွားမယ်ဆိုရင် စဉ်းစားသုံးသပ်နိုင်အောင်ပါ
အောက်ပါ စာသားများကတော် check group မှာ ကျမ ရေးပို့
ခဲ့သောစာသားများ ဖြစ်ပါသည်
msc ရေရှည် တည်တံ့ပါစေလို့လည်း ဆန္နပြုပါတယ်
ဖြေရှင်းချက်လည်းမပေးတော့ပါ စိတ်လည်းအင်မတန်ပျက်မိပါတယ် MSC ထုတ်ပယ်မယ်ဆိုလည်း ထုတ်ပယ်နိုင်ပါတယ် ရှေးကလက်ဆင့်ကမ်းလာတာတွေကို copy တွေလို့အမြဲတမ်းပြောနေတော့ ဇွတ်မငြင်းပါ လက်ဆင့်ကမ်းလာတာကို တူနေပါတယ်ဆိုတော့ ဘယ်လိုမတူအောင်လုပ်ရမလဲ မသိကြလို့လား ဆရာပါဝါပြလိုတာပဲလားမသိပါ အိမ်ရှင်မတစ်ယောက်သာဖြစ်တဲ့ကျမအတွက် အဟာရတန်ဖိုးတွေကို မသိပါဘူး ပညာရှင်တွေကိုယ်တိုင်ကော သေချာသိကြလို့လား စာအုပ်လှန်နေကြရတာပဲလို့ထင်တယ် အိမ်မှာအမြဲဟင်းချက်တယ် ထမင်းကိုလူတိုင်းစားနေကြတယ် နေ့တိုင်းစားနေတဲ့ ထမင်းရဲ့အဟာရတန်ဖိုး လူတိုင်းသိပါသလား နေ့တိုင်းစားနေတဲ့ဟင်းရဲ့အဟာရလူတိုင်းတန်ဖိုးသိပါသလားမြန်မာတွေ ကိုလက်တွဲခေါ်ချင်တဲ့ @kachinhenry ရဲ့ စိတ်ဓ်ာကို လေးစားလျက်ပါ

က ကို ကကြီးနဲ့မတူအောင် ရေးခိုင်းနေသလိုပဲ ကြက်သွန် ၂ လုံးထည့်ရမှာမို့ ကြက်သွန် ၂ လုံး ထည့်တာရေးရင် copy ပေါ့ အဲလိုလား ချက်တာတူနေရင်လဲ copy ပေါ့ တူညီတာကို copy ပေါ့ အဲလိုဆိုရင် အားလုံးက copy တွေပဲလို့ ပြောချင်ပါတယ် ကျမအမေကို ကျမအဖွားက ဟင်းချက်နည်း သင်ပေးခဲ့တယ် ကျမကိုလဲ ကျမအမေက ဟင်းချက်နည်း သင်ပေးခဲ့တယ် ကျမက ကျမသမီးကို ဟင်းချက်နည်းလက်ဆင့်ကမ်းသင်ပေးခဲ့တယ် copy ပဲ လက်ဆင့်ကမ်းတာကို ယူမိရင် copy ပေါ့ အင်ဥ ကို အင်ဥ လို့မရေးပဲ english လိုရေးရင် ကော်ပီမဟုတ်တော့ဘူးပေါ့ ရေးချင်ရာရေးမယ်ဆိုတောင် copy မလွတ်လောက်ပါ

က ဆိုတာအရင်ဆုံးရေးတဲ့သူက မူပိုင်ပေါ့ အဲလိုလား ကိုယ်တိုင်ဓာတ်ပုံရိုက်တယ် ကိုယ်တိုင်ဟင်းချက်ပီးရေးနေတာတွေ တချို့ သေချာမသိနိုင်တာကို ကူးရေးတယ် ဒါကို copy လို့ပြောနေကြတယ်ဆိုတော့ ဘယ်သူ copy လွတ်နိုင်သလဲ MSC မှာလူနဲနဲသွားတာပဲမြင်တယ် လူတွေတိုးလာတာမမြင်မိပါ လူဟောင်းတွေထွက်သွားရပီး လူသစ်တွေပဲတိုးလာနေတယ် လူဟောင်းတွေမရှိတော့တာကို အောင်မြင်တယ်ထင်နေတာလား

MSC က မြန်မာတွေကို ကူညီနေတယ် လမ်းပြ လက်တွဲ ခေါ်နေတယ်လို့ မှတ်ထားတာ ဘယ်ဟုတ်လို့တုံး မြန်မာတွေကို အပြစ်ရှာ နှိမ်ချ ပါဝါပြနေကြတာမှန်းလဲ သိသွားပါပြီ ကူညီတာလား နှိမ်ချနေတာလား ပါဝါပြနေလားဆိုတာ မရှင်းဘူး leader က အခုချိန်ထိ လက်တွဲပီး လက်ခံပေးထားတာကို ကျေးဇူးတင်တယ် အားလည်းနာမိပါတယ်