အန္တိမဈာပန
ကျမတို့ မိသာစု များ ကိုးကွယ်ဆည်းကပ်လျက် ရှိသော
စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက် ရပ်/ကျေး သံဃာဥက္ကဋ္ဌ ဘောင်ဝန်မင်း
ဆရာတော် ဘဒ္ဒန္တ အာဒိစ္စ၀ံသ ( သက်တော် ၈၀ နှစ် )သည်
၁၃. ၈. ၂၀၁၈ ရက် တနေင်္လာန့ ည(၈:၀၀) အချိန်တွင် ပျံလွန်တော်မူ
သွားခဲ့ပါသည်
ဘောင်ဝန်မင်း ဆရာတော်သည် စစ်ကိုင်း တိုင်းဝက်လက်မြို့နယ် ညောင်ပင်တွင်း ကျေး ရွာတွင် မွေးဖွားခဲ့ပြီး တစ်ဦးတည်းသောသား ဖြစ်ပါသည်
ရှင်သာမဏေ ဘဝ မှစတင်ကာ စစ်ကိုင်းမြို့ ဘောင်ဝန်မင်းကျောင်း တွင် ပရိယတ္တိ ပရိပတ္တိ တို့အား သင်ကြားပြသ ပေးခြင်းများ
တိုင်း သံဃာ့နာယက အဖြစ် တားဝန်ထမ်းဆောင် ခဲ့ပြီး သာသနာ ဆိုင်ရာ လုပ်ငန်းများ အား ထမ်းရွက်ရင်း ခန္ဓာ ဝန်ချ သွားခဲ့ပါသည်
ဆရာတော် ကြီး ၏ အန္တိမဈာပန အခမ်းအနားအား ဝမ်းနည်းစွာဖြင့် ပြင်ဆင် ကူညီပူဇော် ရင်း
ဘောင်ဝန်မင်း ကျောင်း ပေါ်ပေါက်လာပုံ အကြောင်း ကို ဆရာတော်ဘုရားအား ပူဇော်ရင်း ရေသားလိုက်ပါသည်
ဘောင်ဝန်မင်း ဘုရားစေတီနှင့် ဘောင်ဝန်မင်း ကျောင်းတိုက် သည်
စစ်ကိုင်းမြို့ ၏ အရှေ့ဘက် သာစည် ရပ်ကွက်ရှိ ဧရာဝတီ မြစ်ကမ်းနဘေး
တွင် တည်ရှီပြီး မြေဧက ၂ ဧကခန့်ရှိသော ကျယ်ဝန်းပြီး သာယာအေးချမ်းလှသည့် ကျောင်းဝင်း အတွင်း တည်ရှိသည့် ဘုန်းကြီး ကျောင်း ဖြစ်ပါသည်
ထို ဘောင်ဝန်မင်းကျောင်းတိုက် နှင့်မြေနေရာ လှူ ဒါန်းခဲ့သော ကုသိုလ် ရှင် မှာ မင်းတုန်းမင်းတရား ကြီး လက်ထက်တော် အခါက တာဝန်ထမ်းဆောင်ခဲ့သော ဘောင်ဝန်မင်း မှ ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်
ရှေးအခါက မြစ်ကြောင်း အတွင်း ရေလမ်း ဖြင့်သွားလာရသော လှေ သမ္ဗာန် ဘောင် တို့ကို ကြီးကြပ်ရသော ဝန်မင်း ရာထူး ဟု သိရှိရပါသည်
ထို့ကြောင့် ဘောင်ဝန်မင်း ကျောင်းတိုက် ဟူ၍ ခေါ်တွင် အမည်နာမ
ပေးခဲ့ခြင်း ဖြစ်ပါသည်
ကျမ ၏ အဖွား နှင့် ဘောင်ဝန်မင်း ဆရာတော်တို့၏ မိန့်မှာ စကားအရ
ဘောင်ဝန်မင်းသည် ကျမ နှင့် ဘိုး ဘေး တော် စပ်သည် ဟု သိရှိရပါသည်
ဘိုးဘွား စဉ်ဆက် ဆောက်လုပ်လှူဒါန်း ကိုးကွယ် ဆည်းကပ်ခဲသည့်
ဘောင်ဝန်မင်း ကျောင်းတိုက်ကြီး ၏ ဦးစီး ပဓာန နာယက ဆရာတော်
အရှင် ဘုရား အား ရှိခိုး ဦးခိုက် ပူဇော် ကန်တော့ လိုက်ရပါသည် ဘုရား
အလျင်းသင့်ပါက " ဘောင်ဝန်မင်း " အထ္ထု ပတ္တိ အား ရေးသားပါမည်
ရေးသားပါဆက်ဖတ်ပါမည်
ဟုဟု
အလွန်ကောင်းမွန်တဲ့ကုသိုလ်ပါသမီးလေး
ဆက်ရေးပေးပါ
ဟုတ်ကဲ့