ဝါတွင်း ၃ - လ နှင့် စစ်ကိုင်း ဘုရားပွဲများ ( အပိုင်း -၂ )
Hello , all steemit member.
ယနေ့ သည် ဝါဆိုလပြည့်ကျော် (၈) ရက်နေ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့၏သီတင်ူသီလ ဆောက်တည်သော ဥပုဒ်နေ့ ဖြစ်ပါသည်
စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားပွဲတော်များဖြစ်သည့် " ပုံ-တောင်-ဇေ-ချမ်း၊ ဥ-နန်း-နံ၊ လေး-ပ-ထူ-ရှင်၊ ငါး-အောင်-ကောင်း၊ အမြှောင် ငါးထပ်ကြီး၊ အပြီး ကောင်းမှုတော် " ဟူသည့် လင်္ကာအတိုင်း ကျင်ပခဲ့ကြရာတွင်
စစ်ကိုင်းမြို့ရှိ ရပ်ကွက်အရုဏ်တော် ဝတ်အသင်းများ ဆွမ်းတော်ကြီးဝတ်ပြု အသင်းများမှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပသည့် စေတီပုထိုးများသို့ ဆွမ်းတော်ကြီးများ သွားရောက်ကပ်လှူ ပူဇော်ကြသည့် မွန်မြတ်လှသည့် အလေ့ တစ်ခု ရှိပါသည်
ဘုရားစဉ် လင်္ကာ အရ ဘုရားပွဲတော်များနှင့် နေ့ရက်များမှာ...
(၁) ဆွမ်းဦးပုညရှင်စေတီ (ဝါဆိုလပြည့်နေ့)
(၂) တောင်ဖီလာစေတီ (ဝါဆိုလပြည့်ကျော် ၈ ရက်)
(၃) ဇေတဝန်ဘုရား (ဝါဆိုလကွယ်နေ့)
(၄) ချမ်းသာကြီး ချမ်းသာရဘုရား (ဝါခေါင်လဆန်း ၈ ရက်)
(၅) ဥမင်သုံးဆယ်ဘုရား (ဝါခေါင်လပြည့်နေ့)
(၆) ရှင်ပင်နန်းဦးစေတီ (ဝါခေါင်လပြည့်ကျော် ၈ ရက်)
(၇) ရှင်ပင်နံကိုင်းစေတီ (ဝါခေါင်လကွယ်နေ့)
(၈) လေးကျွန်းမာရ်အောင်ဘုရား ( တော်သလင်းလဆန်း ၈ ရက်)
(၉) ပတ္တမြားစေတီ ( တော်သလင်းလပြည့်နေ့)
(၁၀) ထူပါရုံစေတီ ( တော်သလင်းလပြည့်ကျော် ၈ ရက်)
(၁၁) ရှင်ဖြူရှင်လဘုရား ( တော်သလင်းလကွယ်နေ့)
(၁၂) ငါးထပ်ကြီးဘုရား (သီတင်းကျွတ်လဆန်း ၃၊ ၄၊ ၅ ရက်)
(၁၃) အောင်မြေလောက (သီတင်းကျွတ်လဆန်း ၈ ရက်နေ့)
(၁၄) ကောင်းမှုတော်ဘုရား (သီတင်းကျွတ်လပြည့်နေ့)
ဟူ၍ ဝါတွင်းကာလ ဘုရားပွဲစဉ်များအား အဆုံးသတ်လေ့ရှိပါသည်
စစ်ကိုင်းမြို့ တွင် ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ ဆင်ယင် ကျင်းပ ခဲ့သောဝါတွင်းကာလ ဘုရားစဉ် ဘုရားပွဲ များ မှ
ယနေ့ ကျင်းပပြုလုပ်သော ဘုရားပွဲမှာ တောင်ဖီလာ ဘုရားပွဲ ဖြစ်ပါသည်
ဘုရားစဉ် လင်္ကာ စာချိုးး တွင်တော့ " တောင် " ဖြစ်ပါသည်
တောင်ဖီလာ ဘုရားသည် စစ်ကိုင်းမြို့မြောက်ဖက် ရှိ စစ်ကိုင်းတောင်တန်း
ကြီး နှင့်ဆက်လျက် ရှိသော တောင်ဖီလာတောင်ပေါ်တွင် တည်ရှိပါသည်
သမိုင်းတွင် စစ်ကိုင်းတောင်တော် တောင်ဖီလာနာဂဝိသပဗ္ဗတောင်၌ တိပိဋိကလင်္ကာရဘွဲ တံဆိပ်တော်ရ တောင်ဖီလာပုဂ္ဂို လ်အကျော်သည်
ရှေးပဒူကြီး သံင်္ဃာ့ရာဇာကောင်းမှုစေတီတော်ဟောင်းကို ပြင်ဆင်ပြီးလျှင်
မိမိစီရင်အပ်သော ဝိနည်းငါးကျမ်းကို ဓမ္မစေတီ တွင် ဋ္ဌာပနာ၍
တောင်ဖီလာလေးကျွန်ဆီမီး ဘုရားဟုဘွဲ့တော်သစ်ပေးကာ သက္ကရာဇ် (၁၀၀၀) ပြည့်နှစ်၌ တည်ထားတော်မူခဲ့ပါသည်
တနေ့သ၌မှာပေါ့ တောင်ဖီလာဆရာတော်ကြီးဟာ ကိုယ်စီရင်ရေးသားထားတဲ့ ဝိနည်းပါဠိအဋ္ဌကထာ နိဿယနဲ့ ရွှေဥမင်ဆရာတော်ကြီး စီရင်ရေးသားတော်မူတဲ့ ဝိနည်းပါဠိအဋ္ဌကထာနိဿ တို့ကို တိုက်ဆိုင်ရန် ရွှေဥမင်ဆရာတော်
သီတင်းသုံးတဲ့ဆီ ကိုယ်တိုင်ကြွတော်မူ ခဲ့ပါသည်
သာရဏီယကထာစကား မိန့်တော်မူကြပြီးမှာ ဝိနည်းနိဿယ ကို ကြည့်
ရာတွင်တာ့ ငါစီရင်တဲ့ ဝိနည်းနိဿယ ကျယ်လွန်းသည်( ရွှေဥမင်ဆရာတော်)
စီရင်တဲ့ နိဿယက ကျဉ်းသည်
ဒီလောက်နဲ့ကို နောင်လာနောက်သားတို့ မှီရာဖြစ်လောက်ပါပြီ နှစ်နည်းရှိရင် လောကမှာ ဘုရားနှစ်ဆူပွင့်ပါကသူ့ဘုရားသာတယ် ငါ့ဘုရားသာတယ်ဆိုပြီး
ငြင်းခုံမှုသာတိုးပွား အကျိုးမများရာသကဲ့သို့ ရှိတော့မယ် ရယ်ဟု့ နှးလုံးသွင်း
တော်မူပြီး မိမိစီရင်တဲ့ နိဿယ ကို စေတီရင်ပြင်မှာ မီးပူဇော်လိုက်သည်ဟု
သီလဝိသောဓနီကျမ်းတွင် တတိယ ဗန်ံမော်ဆရာတော် မှ မှတ်တမ်းတင်ခဲ့ပါသည်
တောင်ဖီလာဆရာတော်သည် သက္ကရာဇ် ၁ဝဝ၃ ခုနှစ်တွင်
မိမိရေးသား ပြုစုသော ကျမ်းစာအုပ်များကို ဌာပနာပြုကာ စေတီတစ်ဆူ
တည်သည်
ယင်းစေတီကို '' တောင်ဖီလာဘုရား''ဟု ခေါ်တွင်ခြင်း ဖြစ်သည်ဟု မှတ်တမ်းများ ၌ ဖတ်မှတ်ရပါသည်
…… နောက်တစ်ပတ် ဆက်ရန် ……
Nice post.
I have given you upvote and comments.
Please,
You also give me upvote and comments.
https://steemit.com/bitcoin/@mdsohagm24/australian-state-grants-crypto-startup-usd100k-to-boost-tourism
ဖူးမျော်ချင်ပါသည်။
ဖူးမျှော်ချင်ပါသည်
လာခဲ့လိုက်ပါ စစ်ကိုင်း တောင်ရိုး မင်ဝံတောင်ရိုး မှာ နာမည်ကျော် တန်ခိုးကြီး ဘုရားများစွာ ကို လိုက်ပို့ပါမည်
လာခဲ့လိုက်ပါ စစ်ကိုင်း တောင်ရိုး မင်ဝံတောင်ရိုး မှာ နာမည်ကျော် တန်ခိုးကြီး ဘုရားများစွာ ကို လိုက်ပို့ပါမည်
လာမယ်နော်