အတူတူတော့ အတူတူပေမယ့် မတူကွဲပြားလို့ စာနာစိတ်လေး ထားကြစို့
တောင်တန်းတွေ သစ်ပင်တွေနဲ့ အေးမြမြဒေသ၌ ကျနော် တာဝန်ကျသည်။ တောင်တန်းတွေ သစ်ပင်တွေနဲ့ အေးမြမြဒေသ၌ ကျနော် နေထိုင်သည်။
မြေပြန့်ဒေသမှ အများလူတကာ အပူဒဏ် အပူသံတွေ ဆူဆူညံနေချိန်မှာ တောင်တန်းတွေ သစ်ပင်တွေနဲ့ အေးမြမြဒေသ၌ အေးအေးသက်သာ ကျနော် နေနိုင်သည်။
မြေပြန့်ဒေသမှ လူများစွာ အဲကွန်းတွေ ပန်ကာတွေ ၊သစ်ရိပ်ဝါးရိပ်တွေနဲ့ ရေစပ်တွေမှာ အပူဒဏ်ရှောင် နေကြစဉ် တောင်တန်းတွေ သစ်ပင်တွေ ရှိသော အေးမြမြ ဒေသ၌ သဘာဝလေ သဘာဝအငွေ့အသက် သဘာဝ အလှတရားများ ခံစားကာ ကျနော် အေးချမ်းနေသည်။
သေချာပြန်တွေးသော် မြေပြန့်ဒေသက လူတွေ အပူဒဏ်တွေ အပူခံနွမ်းလျနေရချိန်တွင် . . . တောင်ပေါ်ဒေသ၌ နေထိုင်သူများ အပူဒဏ်ကင်းဝေးကာ အေးမြလန်းဆန်းနေသည်။
ထပ်၍အကျယ်ချဲ့သော် မြန်မာနိုင်ငံမှာ နေထိုင်သူချင်း နေတစ်စင်းထဲ၏ အလင်းရောင်အပူဒဏ် ကျရောက်တာခြင်း အတူတူကို နေရာဒေသ မြေအနေအထား အခြေအနေ ကွာခြားသည်နှင့်အမျှ အပူနှင့်အအေး မတူကွဲပြား ခြားနားနေပေတတ်သည်။
"ဟာ. . . .နေတစ်စင်းထဲက အပူရှိန်က တစ်နိုင်ငံထဲ နေတဲ့ လူတွေကို သက်ရောက်တာပဲ အတူတူပါပဲကွာ "ဟု မည်သို့မှ သတ်မှတ်ပြောဆို၍ မရပေ။ မြေအနေအထား၊ဒေသ အနေအထား ကွာနေသေးသည်လေ။
ဒီလိုပါပဲ . . တစ်ခါတစ်ရံ ကျနော်တို့ လူ့ဘဝ ဖြတ်သန်းကြစဉ်မှာ . . . ကြုံရဆုံရတာတွေကို ဖြစ်စဉ်တူရင်တောင် ထပ်တူဟူ၍ နှိုင်းယှဉ်၍ မရစကောင်းပေ။
ဥပမာ . . ဆင်းရဲသား တစ်ယောက် ငွေ "၁သောင်း"ကျ ပျောက်သည်။ လူချမ်းသာ တစ်ယောက်သည်လည်း ငွေ"၁သောင်း"ကျ ပျောက်သည်။ ဆိုတော့ကား . . ငွေ "၁သောင်း"ကျပျောက်တာခြင်း အတူတူ ဖြစ်စဉ်တူတယ်ဆိုပေမယ့် . . ခံစားရတာခြင်း တူပ့မလား ???
ဆင်းရဲသား၏ ငွေ ၁သောင်းသည် ဆီဖိုး ဆန်ဖိုး၊ဆေးဖိုးဝါးဖိုး၊ ကလေးကျောင်းစရိတ်နဲ့ ကျန်းမာရေး စရိတ် ဖြစ်ကောင်း ဖြစ်နိုင်ပေသောကြောင့် ထို"၁သောင်း" ကျပျောက်ခြင်းသည် ထိုဆင်းရဲသားအတွက် ကြီးမားသော ဒုက္ခကြီး နှမြောတသ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကြီး တစ်ခုမို့ အသည်းအသန် ပြန်ရှာပေလိမ့်မည်။
သို့သော် လူချမ်းသာ အတွက်မှာတော့ ငွေ "၁သောင်း" ကျပျောက်ခြင်းသည် မှုလောက်စရာ မဟုတ်သဖြင့် သတိထားမိချင်မှ ထားမိမည်ဖြစ်ပေသည်။ သတိထားမိသည်ဆိုအုံးတော့ အရူးမီးဝိုင်း ပြန်လိုက်ရှာနေမည် မဟုတ်ပေ။ ထိုငွေ ၁သောင်းက သူ့စိတ်နှလုံးအား မည်သို့မှ ထိရှစေနိုင်မှု ရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ဒါကိုမှ ဆင်းရဲသား အား "တစ်သောင်း ပျောက်တာခြင်း အတူတူကို အကဲပို ပြာယာခတ်ရှာနေရသလား . . ယောကျာ်း မဟုတ်ဘူးလား "ဟူ၍ အပြစ်ဆိုလို့ ရပ့မည်လား ? လူချမ်းသာကိုလည်း "ပိုက်ဆံ ၁သောင်း ကျပျောက်တာကို ဘာလို့ ပြန်မရှာတာလဲ. နှမြောစရာကြီး" ဆိုပြီး အပြစ်တင်ဝေဖန်လို့ သင့်ပါမည်လား ? သူ့မှာက ပေါများလှသည်လေ . . . . ။
လူတိုင်းသည် သူတို့နေထိုင်ရှင်သန် ဖြတ်သန်းရသော ဘဝအလိုက် ခံနိုင်ရည်အားနှင့် အယူအဆများ ကွဲပြားခြားနိုင်သည်။ ဖြစ်စဉ်တူတစ်ခုကို ကြုံတွေရသော်လည်း ဖြေရှင်းပုံ ရင်ဆိုင်ပုံ တူချင်မှတူပေလိမ့်မည်။
ဒူးထောက်ငွေကြွေးနေသူ တစ်ဦးအား အားနည်းလှချည့်လား ? ဆိုပြီး မနှိမ်သင့် အပြစ်မပြောသင့်ပေ။ သူ့မှာလည်း သူ့ဘဝနဲ့ သူ့အနေအထားအရ သူ့ခံနိုင်ရည် ရင်ဆိုင်နိုင်စွမ်း အတိုင်းအတာက သေးငယ်နေနိုင်ပေသည်လေ။ နားလည်ပေးသင့်ပေသည်။
ဟိုးအထက်မှာ ပြောခဲ့သလိုပဲ မြေပြန့်က လူတွေ ပူလိုက်တာ အိုက်လိုက်တာ မနေနိုင်ဘူး ဘာညာ ပြောနေကြချိန်မှာ ကိုယ်က တောင်တန်းဒေသ သစ်ရိပ်ဝါးရိပ်မှာ နေနေရတယ်ဆိုပြီး "မြေပြန့်က ကောင်တွေ အသည်းငယ်လိုက်တာ အပိုပြောလိုက်တာ . . " ဆိုပြီး တွေးမြင် အပြစ်တင်နေ၍ မဖြစ်ပေ။
သြော် . . .ပူရှာမှာပေါ့ . . . သူတို့ နေရာ သူတို့ဒေသမှာ ငါ ခုချိန်နေနေရရင်လည်း သူတို့လိုပဲ ခံစားနေရမှာ. . သူတို့တွေ အပူသက်သာအောင် "မိုးရွာပါစေ. . . အေးမြပါစေ" ဆိုပြီး ကိုယ်ချင်းစာစိတ်လေး ထားလိုက်ကာ မေတ္တာနဲ့ မျှမျှတတ ချင့်ချိန်တွေးသင့်သည်။
ထို့ကြောင့် ဖြစ်စဉ်တစ်ခု ကြုံရဆုံရ ဖြေရှင်း အဖြေရှာရပြီဆိုလျှင် . . အမှားအမှန် ခွဲခြား မည်ဆိုပါက
ကိုယ့်ဘက်ချည့် ကိုယ့်အမြင်ချည့် မဟုတ်ဘဲ သူ့ဘက် သူ့အမြင် သူ့အနေအထားကနေလည်း ပြန်လှည့်တွေးသင့်ပေသည်။
အဘယ့်ကြောင့်ဆိုသော် တစ်ချို့အရာများသည် အတူတူတော့ အတူတူပေမယ့် မတူကွဲပြားခြားနာတတ်သည်မို့ ကိုယ်ချင်းစာစိတ်လေး ထားပေးဖို့ လိုတတ်သည်မို့ပါလေ . . . ။
MSC 253
@masterinnwa
အတွေး အရေး ကောင်းလွန်းပါတယ်ဗျာ ..လေးစားရပါတယ် ဦးအင်းခင်ဗျ ..ကိုယ်ချင်းစာတရား ထားပြီးသူ့ဘက်ကိုယ့်ဘက်မျှတအောင်ကြည့်တတ်ဖို့ကြိုးစားပါ့မယ်ဗျို့ ..
ဟုတ်ဗျို့ ကျေးဇူးပါ
ဘယ်တူမလဲနော်။ချမ်းသာသူကဆိုင်တစ်ခါထိုင်ဆိုပေမယ့်ဆင်းရဲသူကအိမ်စားရိတ်တစ်ပတ်စာလောက်ဖြစ်နေတာ။ကောင်းချက်ဗျာ။
ကျေးဇူးပါ ခိုခိုဇာ
အတွေးအခေါ် အရေးအသားတွေ မိုက်တယ် ဦးအင်း။
ဟုတ် ကျေးဇူးပါဗျို့
မေတ္တာတရားလေးရှေ့ထားပြီးတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ပြောဆိုနေထိုင်တက်ကျရင် အရင်ဆုံး ကိုယ်ကိုတိုင်အေးချမ်းတယ်
ဟုတ်ပ့ဗျာ
ကိုယ်ချင်းစာစိတ်လေးထားနိုင်ရင် အကောင်းဆုံးပေါ့အူးအင်းရယ်
ဒါပေါ့ဗျာ
ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာပေါ့ ဦးအင်းရယ်
မှန်ပ့ဘုရား
ကောင်းတယ်ဗျာ အပူရယ်ငွေတစ်သောင်းရယ်
ရေးထားတာလေး
ဟုတ် ကျေးဇူးပါဗျာ
နေရာ ၁ နေရာနဲ့ ၁နေရာ မှာဘဲဖြစ်ဖြစ် လူ၁ယောက်နဲ့၁ယောက်မှာဘဲဖြစ့်ဖစ်အားသာချက် အားနည်းချက် တွေရှိကြပါတယ်
ဟုတ်တယ် မမ
ဟုတ်ကဲ့ ဦးအင်း..ဘယ်နေရာဖြစ်ဖြစ် ကျနော်တို့လူတွေမှာ လိုနေတာလေးက အဲ့ဒါလေးပါပဲ
ဟုတ်တာပေါ့ဗျာ အမှန်ဆုံးပဲ
လူလူချင်းမတူဘူးလို့ပြောတဲ့လူတွေကရှိသေးတာရယ်
ဟီး ဟုတ်ပ့ဗျာ