လူမှုကွန်ယက်တွေပေါ်မှာ နေ့စဉ်နေ့တိုင်း မမြင်ချင်လည်း မြင်၊ မတွေ့ချင်လည်း တွေ့ နေရတာတွေက သတင်းတွေ အတင်းတွေပါပဲ ။
စိတ်ချမ်းမြေ့ ကြည်နူးစရာ သတင်းတွေ ၊ စိတ်ပျက်ဝမ်းနည်းဖွယ်ရာ သတင်းတွေ ကြုံရမြင်ရနိုင်သလို တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်ကြသော အတင်းတွေနဲ့ မလိုသူတွေကို ထိုးနှက်ကြသော အတင်းတွေ၊ မဆီမဆိုင် ဖောင်းထုကြသော အတင်းတွေကောပါ မြင်နေကြုံနေ ကြရတာ လူမှုကွန်ယက် သုံးသူတိုင်းပါပဲ။
ကောင်းသတင်း ဖြစ်စေ ၊ ဆိုးသတင်း ဖြစ်စေ ၊ ပုတ်ခတ်ပြောဆိုကြသော အတင်းတွေ ဖြစ်ပါစေ တစ်ခုခုထူးခြားသည်ဆိုပါက ပေါ်ပင်အနေနဲ့ shareကြ ၊ ဝန်းရံကြ ၊ ပုတ်ခတ်ကြနဲ့ ရက်အတန်ကြာအထိ လှုပ်လှုပ်ခတ်ခတ် ရှိကြစမြဲပါ. . . ။
လူမှုကွန်ယက်ပေါ်မှာ ဟစ်ဖြစ်လာတဲ့ ဖြစ်ရပ်တွေက သတင်းမှန်တွေ ဖြစ်နိုင်သလို သတင်းအတုအယောင်တွေလည်း ပေါများလှသောကြောင့် ဆင်ခြင်သုံးသပ်ပြီးမှ ယုံကြည်နိုင်လောက်သော ခိုင်မာသေချာမှုကို တွေ့မှ ယုံကြည်သင့်ပါတယ်။ သတင်းမှန် ဖြစ်နိုင်/မဖြစ်နိုင်တွေ ဆင်ခြင်သုံးသပ် မေးမြန်းတိုင်ပင်ပြီးမှ ယုံသင့်ပါတယ်။ ဒါမှ ကိုယ်တိုင်က မဟုတ်တာကို ဖွမိတဲ့ အဖြစ်မျိုး ကင်းဝေးနိုင်မှာပါ။
သတင်းမှန်တွေရှိသလို သတင်းအတုအယောင်တွေ၊ အတင်းတွေကို သတင်းလုပ် ဖွသူတွေ ပေါများလွန်းလှသောကြောင့် မြင်ရတွေ့ရ အကုသိုလ် ဖြစ်ရတာတွေလည်း အများပါ။ တစ်ခါတစ်လေမှာ လူမှုကွန်ယက်တွေကို အသုံးပြုရတာကလည်း ကိုယ့် ဖုန်းဘေလ် ကိုယ်ထည့် ၊ ကိုယ့်ထမင်းကိုယ် စားပြီး လိုင်းတက်ကာ အကုသိုလ်ကို ငွေနဲ့ ဝယ်ယူနေရသလိုပါပဲ . . .။
ဒါ့ကြောင့် ကိုယ်ထမင်းကိုယ် စားပြီး ကိုယ့်ငွေကိုယ် သုံး ၊ ကိုယ့်ဘေလ်ကိုယ်အကုန်ခံပြီး လိုင်းသုံးကြရင်း အကုသိုလ် မဖြစ်ရအောင် နေဖို့ဆိုရင် သူများကို အပြစ်မြင်နေလို့ မရပါဘူး။ လူမှုကွန်ယက် အသုံးပြုသူတွေဟာ အနယ်နယ် အရပ်ရပ် နယ်ပယ်ပေါင်းစုံက စရိုက်ပေါင်းစုံရှိသူတွေပါ။
ကိုယ့်ထက် အသိဥာဏ် အတွေ့အကြုံ ဗဟုသုတများတဲ့သူတွေ ရှိနိုင်သလို ကိုယ့်ထက် အတွေ့အကြုံ ဗဟုသုတ နည်းပါးသူတွေလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် အသိဉာဏ်ဗဟုသုတ လုံးဝ နီးပါး ခေါင်းပါးကြသူတွေလည်း ရှိနေပါသေးတယ်။
ဆိုတော့ကား ဒီလိုလူတွေ ရှိနေတာကို ကိုယ်က နားလည်ရပါမယ်။ ကိုယ့်စိတ်ထဲ ဘဝင်မကျတိုင်း အလိုမကျတိုင်း လူမှုကွန်ယက်ကြီးက ဘာဖြစ်တယ် လူတွေက ဘာဖြစ်တယ်ဆိုပြီး ကိုယ့်စိတ်ကတွေးပြီး သောကပွား ဒေါသများ နေစရာ မလိုပါဘူး။
အရမ်းလွဲမှား အသိဉာဏ်နည်းပါးသူတွေရဲ့ ဖြစ်စဉ်တွေ လုပ်ရပ်တွေ မြင်ရင်လည်း သြော် သူ့ခမျာ တော်တော်ကို လွဲမှားနေပ့လား သနားစရာပါပဲလား လို့ ဖြေတွေးလိုက်ပါ။ ရိုင်းစိုင်းရမ်းကား ဆဲဆိုနေသူတွေ မြင်ရင်လည်း သြော် ဒီလိုလူတွေလည်း ရှိနေပ့လား ဆိုပြီး မမြင်ချင်ယောင်ဆောင်ထား ပေးလိုက်ပါ။ ဘလော့သင့် ဘလော့လိုက်ပါ။ကင်းကင်းရှင်းရှင်း ဖြစ်တာပေါ့။
အပူသောက ဆိုတာ သူတို့ ပေးတိုင်း ကိုယ့်ဆီ မရောက်ပါဘူး။ ကိုယ်က ယူလိုက် လက်ခံလိုက်မှ ရောက်တာမျိုးပါ။ ဒါ့ကြောင့် လူမှုကွန်ယက်တွေ အသုံးပြုပြီး အပူပေးနေသူတွေဆီက အပူတွေကို မယူပါနဲ့၊ လက်မခံမိပါစေနဲ့ ။ စိတ်သောကတွေ အရောက်မခံပါနဲ့။
လူမှုကွန်ယက် အင်တာနက် အွန်လိုင်း အသုံးပြုပြီး ကိုယ် နှစ်သက်စိတ်ဝင်စားရာ အကြောင်းအရာ ဗဟုသုတ ပညာရပ်များကို များစွာလေ့လာလိုက်စားပြီး ကိုယ့်လူမှုကွန်ယက်အကောင့်မှာလည်း ကိုယ်နှစ်သက်ရာ အများမထိခိုက် အကျိုးဖြစ်စရာလေးတွေ တင်ရင်း ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းမြေ့စွာ သုံးစွဲ၍ သောကကင်းဝေးကြပါစေသတည်း ။
MSC - 253
@masterinnwa
Photo Credit; Google Image
ကိုယ့်အတွက်ကောင်းတာ အကျိုးရှိတာဆိုရင်တော့ ယူပေါ့ဗျာ။တချို့ကတော့ အဲ့လိုမဟုတ် ဦးအင်းပြောသလိုပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသိုလ်ဝယ်နေကြတာ။
Habla, blah blah blah blah blah, Español for my bunghole...
ဟုတ်ပ့ဗျို့
ပေးတဲ့ဆုနဲ့ပြည့်ပါစေဥအင်ဥရေ။လိုင်းသုံးရင်းပျော်တာတော့ပြောမနေနဲ့။နေကပူတာကိုးဗျာ။သူများလဲမထိခိုက်ဘူးအာ့လဲဟုတ်တယ်။သူများတွေနားမသွားဘူးပူလို့သူလဲကပ်ချင်မှာမဟုတ်ဘူး။ကိုယ်လဲမကပ်ချင်ဘူးတအားပူတော့။အဲ့ကျနှစ်ယောက်လုံးမထိခိုက်တော့ဘူး။အကျိုးလဲရှိတယ်။ပူတော့ချွေးထွက်တယ်ထမင်းလဲမစားနိုင်ဘူလေ။အရင်သုံးနပ်စားတာ ခုနှစ်နပ်ပဲစားနိုင်တော့တယ်။တစ်နေ့တစ်နပ်သက်သာသွားတယ်ဦးအင်းရေ။ဦးအင်းရေးတာနဲ့သားနဲ့ကွက်စတိပဲ။
တိန် ကောင်းရေ
ဟုတ်တယ်ဗျို့ .. ကိုယ့် phone ကိုယ့် bill နဲ့ အကျိုးယုတ်စေမယ့် အဖြစ်မျိုးတော့ အဖြစ်မခံတော့ဘူး ဦးအင်းရေ .. တကယ် အဖိုးအထုပ်အထည်တန်တဲ့ post ပါပဲလို့ ..:-P
ဟုတ်ဗျို့
ဟုတ်ကဲ့ ဦးအင်း......
အဲ့ ဖွဘုတ်ကြီး မရှိမကောင်း ရှိမကောင်း 😁
ဟီး ဟုတ်ပ့
ဟုတ်ကဲ့ဗျာ အဟီး
ဟဲ
ကိုယ့်ဖုန်း BPyae wifi ကပ်သုံးတော့ရောဗျ
အမြင်ကတ်လို့ Wifiပိတ်ခံရတတ်တယ်တဲ့ ငိ
ဟုတ်
အိမ်း
ကိုယ့်ဖုန်း ကိုယ့်ဘေဖြင့် ကိုယ့်ဘာသာ ပွတ်တယ် ဘာဖိလဲ
တိန် ပြတ်သားချက်
ဟုတ်ပ သူပေးလဲ ကိုယ်ယူမှဖြစ်တာ
fb လေ
ဟုတ်တာပေါ့ ဦးထွေးရေ
ဟုပါ့ဗျာ ကို့်ပိုက်ဆံနဲ့ကိုယ်စိတ်မညစ်အောင်နေသင့်တာပေါ့
မှန်ပ့ဗျာ
လူမှုကွန်ယက်ပေါ်ကတော့ အမျိုးမျိုးပါဘဲ
အူးအင်းရေ
တကယ်ဟုတ်
ခုတလော photoတွေ ဖြတ်ညှပ်ကပ်ခေတ်စားနေဒယ် ဦးအင်းရေ အတိုင်ပင်ခံတောင် မနေရ
ဟုတ်ပ့ တော်တော်ဆိုးကြေတယ်
ဘယ့်သူကိစ္စမှမွင်စားတော့ဘူး freeကြီးနဲ့ငြိမ့်နေပီ
ကိုယ်ဘာသာအေးဆေးနေတာဘဲကောင်းတယ်