Prize

in #myanmar7 years ago

ရေးထားတာတော်တော်ကြာနေတဲ့ကဗျာတစ်ပုဒ်ပါ
စာအုပ်အတွက်စာမူရေးရင်း အမှတ်တရရေးဖြစ်ခဲ့တဲ့ကဗျာပေါ့
A1

ပထမဆု

အကွေ့အကောက်များတဲ့မြစ်ကို
လှော်တက်လေးကိုင် ခရီးစခဲ့စဉ်က
လေတွေတိုက်တယ်
ဗေဒါပင်တွေ တိုးတယ်
ဘဲအုပ်လဲရှောင်ကွင်းခဲ့တယ်
ငါးအုပ်လည်း မဖမ်းခဲ့ဘူး
နှစ်တွေ လကို စားခဲ့တယ်။

ဒုတိယဘဝ

ပင်လယ်ဝကနေ လှမ်းကြည့်
ဒီခရီး အမြင်မဆုံးဘူး
ကမ္ဘာက လည်ပတ်ဆဲ
စက္ကန့် လက်တံလေးတွေ နာရီကို ဝါးမြိုလို့ 
လှိုင်းကြမ်းတယ်
လေကြမ်းတယ်
မိုးကြမ်းတယ်
နေပူကြမ်းတယ်
မုန်တိုင်းထန်တယ်
အတွေ့အကြုံကြောင့်ပေါ့
အရောင်ပြောင်းလဲလာပီ ခပ်ညစ်ညစ်နဲ့
မှတ်တိုင်တွေထူခဲ့ကြတယ်
သာယာသောနေ့တ့ို ရှိခဲ့ပေမယ့်
ကောက်ရိုးပုံထဲ အပ်ပျောက်ရှာခဲ့ရသလို
မသောက်ပဲ မူးခဲ့ရတဲ့ ညတွေ
ကြယ်တစ်စင်းမှ မလင်းခဲ့ဘူး။

FINAL RESUIT

ခပ်ပြင်းပြင်းရှူရှိုက်ခဲ့တဲ့ နေ့တွေကို
ခပ်ယဲ့ယဲ့မျှင်းရှူနေသော ထွက်သက်ကလှောင်ရီလို့ 
နောက်ဆုံးတက်မြှောက် ကုန်းပေါ်ရောက်ချိန်
ကောင်းကင်ကြီး အရင်အတိုင်းဘဲ
အရောင်စုံနဲ့ တောက်ပဆဲ
ပြယ်လွှင့်မြဲ
ကျေနပ်စွာ ရယ်မောဖို့ ကြိုးစားရင်း
ငါပိုင်တဲ့နေရာလေး အနားယူလဲလှောင်းမယ်
သုံးပေ ပေမယ့် လုံလောက်စွာကျယ်ပြန့်ပါတယ်။

                                                         ဖြိုး(ကျုံပျော်)

meechit
MSC109
image

Sort:  

nice photo

ပျော်၏

ကဗျာ​လေး သ​ဘောကျတယ်​ ..
စကားမစပ်​ အဖွဲ့ဝင်​ဖြစ်​ရတာ ဝမ်းသာပါတယ်

အတူကြိုးစားကြပါစို့ 

Good မမီးခြစ်
ပံဆွဲနည်းက ဘယ်လို သင်ယူခဲ့ရလည်းဗျာ
စာအုပ်တွေထဲကနေလားဗျ

အစကတော့ ဝလုံးပေါ့ စိတ်ကူးနဲ့ရေးတယ် နောက်တော့ ဆရာတွေရေးတဲ့ပုံတေကြည့် ရေးတယ် ကိုယ်ပိုင်လိုင်းကျတော့ နိုင်ငံခြားပုံစံက ကျင့်ယူခဲ့တာပါ

ဟုတ် ကျေးဇူးပါဗျ
ဝလုံးအရင်ဆွဲကျင့်မယ် ခုတော့ဖြစ်သလိုပုံဆွဲကြည့်တာ မလှဘူး😄😁