ကျွန်တော် နှင့် လက်ဖက်ရည်ဆိုင်
❇❇❇❇❇❇❇❇❇❇❇❇❇❇
Credit to google image
မြန်မာလူမျိုးများ အထူးသဖြင့် လူငယ်ပိုင်းများ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ရေးသားထားသည့် ဆောင်းပါးများကို ဖတ်ဖူးကြမည် ထင်ပါသည်။ ကျွန်တော် ဖတ်ဖူးသည့် ဆောင်းပါးများမှာမူ နှစ်အတော်ကြာခဲ့ပြီဖြစ်၍ စာရေးသူ၊စာစောင်များ၏ အမည်များကို မှတ်မိခြင်းတော့ မရှိတော့ပါ။ သို့သော် ဆောင်းပါးများ၏ အဓိက ဆိုလိုရင်းများကိုမူ မှတ်မိနေပါသည်။ ထိုဆောင်းပါးများ၏ အဓိက ဆိုလိုရင်းအချက်မှာ လက်ဖက်ရည်ဆိုင်များကို လူငယ်များ ထိုင်၍ အချိန်ဖြုန်းနေကြမည့်အစား မိမိအတွက် အကျိုးရှိစေမည့် လုပ်ငန်း၊ အကြောင်းအရာတစ်ခုကို လုပ်ဆောင်နေသင့်ကြောင်း ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများမှ လူငယ်များနှင့် နှိုင်းယှဉ်၍ သုံးသပ်ဖော်ပြထားခြင်း ဖြစ်ပေသည်။
ယခု ဆောင်းပါးတွင် ကျွန်တော့်ဘဝ၊ ကျွန်တော့်ပတ်ဝန်းကျင်နှင့် ဆက်စပ်၍ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအကြောင်း၊ ယနေ့ ကျွန်တော့်နှင့် နီးစပ်သည့် ကျောင်းသားလူငယ်လေးများ၏ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းများ အကြောင်းကို မြင်မိ၊ တွေးမိသလို ပြောပြချင်ပါသည်။ ကျွန်တော့်အကြောင်း၊ ကျွန်တော့်ဝန်းကျင်အကြောင်းသာ ဖော်ပြခြင်းဖြစ်၍ အားလုံးအတွက် မဆိုလို၊ မရည်ရွယ်ကြောင်း ပြောထားပါရစေ။ အဘယ့်ကြောင့်ဆိုသော် အချို့သော အချက်အလက်၊ အကြောင်းအရာများမှာ နေရာဒေသ၊ ပတ်ဝန်းကျင်အပေါ် မူတည်၍ ကွဲလွဲမှုများ ရှိနေနိုင်၍ ဖြစ်ပါသည်။
ကျွန်တော့်၏ မိဘများမှာ လက်ဖက်ရည်သောက်ခြင်းကို နှစ်သက်ကြသူများ ဖြစ်ကြပါသည်။ ကျွန်တော်တို့မြို့တွင် ကျွန်တော် ငယ်စဉ်က လက်ဖက်ရည်ဆိုင်အရေအတွက် ဆယ်ခုလောက်သာ ရှိပါသည်။ ထိုဆိုင်များအားလုံးသည်လည်း နာမည်ကြီးဆိုင်များ ဖြစ်ကြပါသည်။ ဆိုင်ရှင်များမှာလည်း ဘာသာပေါင်းစုံ ဖြစ်ကြသည်။ မနက်ခင်းတိုင်း လက်ဖက်ရည်ဝယ်သည့် အလုပ်ကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တာဝန်ယူရသည်။ မနက်အစောထလေ့ရှိသဖြင့် မနက်ခင်း လေးနာရီသာသာလောက်တွင် လက်ဖက်ရည်ဝယ်ထွက်ရသည်။ ဆိုင်များမှာ ကျွန်တော်တို့အိမ်နှင့် သိပ်မဝေးသဖြင့် လက်ဖက်ရည်ထည့်ရန် ချိုင့်လေးကို လက်ကဆွဲ၍ ခြေလျင်လျှောက် သွားဝယ်ကြသည်။ ကလေးအရွယ်ဖြစ်သော်လည်း ထိုခေတ်ထိုအခါက စိုးရိမ်စရာကိစ္စ၊ အန္တရာယ်ဖြစ်ဖွယ်ကိစ္စများ မရှိပါ။ ညီအစ်ကိုနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သွားဝယ်လေ့ရှိသော်လည်း တစ်ခါတစ်ရံမူ နှစ်ယောက်အတူ သွားကြသည်။
Credit to google image
လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ ထိုအချိန်မှာ လက်ဖက်ရည်ဆိုင်များမှာ ဆိုင်ဖွင့်ရန် စ,တင်ပြင်ဆင်နေကြလေ့ရှိသည်။ ဆိုင်ခင်းရန် ပြင်သူကပြင်၊ မုန့်များကြော်ရန် ပြင်ဆင်သူကပြင်၊ လက်ဖက်ရည်ဖျော်ရန် နှပ်ရည်အိုးတည်သူကတည် စသည်ဖြင့် သက်ဝင်လှုပ်ရှားနေကြသည်။ ဆိုင်ရှင်များမှာလည်း ကျွန်တော်တို့၏ မိဘများကို ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ကျွန်တော်တို့ ရောက်ရှိသည့်အချိန်စောနေလျှင် ဆိုင်ရှင်များက ကျွန်တော်တို့ကို ထိုင်ခိုင်းထား၍ မုန့်များကို အရင်ကြော်စေ၍ မုန့်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ထိုခေတ်က မုန့်များမှာ စမူဆာ၊ ပလာတာ၊ ထပ်တစ်ရာ၊ အီကြာကွေးများသာ ဖြစ်ကြသည်။ ဆိုင်ရှင် ဧည့်ခံသည်များကို စားသောက်၍ လက်ဖက်ရည်၊မုန့်များဝယ်၍ အိမ်ပြန်ကြသည်။ ကျွန်တော် ငယ်ရွယ်စဉ်အချိန်များမှာ အိမ်ဝယ်သောက်သည်သာများ၍ ဆိုင်ထိုင်၍သောက်ခြင်း နည်းပါသည်။ မိဘများမှာလည်း လက်ဖက်ရည်ဆိုင်ထိုင်သည့် အကျင့်မရှိ၍ ဖြစ်သည်။
ဆိုင်ထိုင်၍ လက်ဖက်ရည်သောက်ခြင်းမျိုးကို ဆောင်းရာသီများတွင် သောက်ရလေ့ရှိသည်။ ထိုဆောင်းရာသီကာလမျိုးတွင် လူထုအားကစား လှုပ်ရှားမှုအနေဖြင့် စနေ၊တနဂါင်္နွေရက်များတွင် စုပေါင်းလမ်းလျှောက်ခြင်းများ ရှိကြသည်။ ထိုသို့သောအခါမျိုးတွင် ကျွန်တော်တို့ အလွန်တက်ကြွစွာ ပါဝင်ဆောင်ရွက်လေ့ ရှိကြသည်။ လမ်းလျှောက်ဖိနပ်အသစ်၊ ခေါင်းစွပ်အသစ်၊ လက်အိတ်အသစ် စသည်ဖြင့် မိဘများက ဝယ်ပေးထားသဖြင့် ဖြစ်ပေသည်။ ထို့အတူ လမ်းလျှောက်ပွဲမှအပြန်တွင် နာမည်ကြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် တစ်ထောက်နား၍ လက်ဖက်ရည်နှင့်မုန့်များ စားကြသောက်ကြသည်။ ငယ်ရွယ်သူများဖြစ်ကြ၍ လက်ဖက်ရည်ထက် မုန့်များကို ပို၍နှစ်သက်ကြသည်။ မုန့်များစားပြီးသည့်အချိန်မှ အစာပိတ်အနေဖြင့် လက်ဖက်ရည်တစ်ခွက် သောက်ကြသည်။
ထို့ကြောင့် ငယ်ရွယ်စဉ် လက်ဖက်ရည်ဆိုင်နှင့် ပတ်သက်၍ ထူးထူးခြားခြား စိတ်ခံစားမှုဟူ၍ မရှိခဲ့ပေ။ မုန့်စားရ၍၊ လက်ဖက်ရည်သောက်ရ၍ ပျော်ရွှင်ခြင်းမျိုးသာ ရှိခဲ့ပေသည်။
ဆက်လက်ရေးသားပါဦးမည်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။
MSC-011@mgmgkse
လာမဲ့အပိုင်းဆက်လက်ဖတ်ရှုပါ့မယ်...ကျေးဇူးပါ
ေ
Thanks
Good writing
Thanks
လဖတ်ရည်ဆို အရမ်းကြိုက် ဆရာ
Me too
လဖတ်ရည်ဆို အရမ်းကြိုက် ဆရာ
စောင့်မျော်နေသူပါ
ကျေးဇူးပါ
ကျွန်တော်လက်ဖက်ရည်သမားတစ်ယောက်ပါ![C360_2016-12-26-16-34-13-582.jpg](https://images.hive.blog/768x0/https://steemitimages.com/DQmU9HGyFQJzyu51pkAgbdLoavnGYivJnvUzGzXUddHLw1p/C360_2016-12-26-16-34-13-582.jpg)
😊😊😊
စောင့်မျှော်နေတယ်
ကျေးဇူးပါ
ဆရာရေ လက်ဘက်ရည်ဆိုင်များနည်းပါးပြီး ဘီယာဆိုင်များပေါလာတာ ဝမ်းနည်းစရာ
ဆရာရေ လက်ဘက်ရည်ဆိုင်များနည်းပါးပြီး ဘီယာဆိုင်များပေါလာတာ ဝမ်းနည်းစရာ
ဟုတ်ကဲ့ ဆရာ နောက်တစ်ပိုင်း ခုခေတ်လူငယ်ကျောင်းသားတွေ့ လက်ဖက်ရည်ဆိုင်အကြောင်းရေးတဲ့အခါ ဒီအကြောင်းပါ ထည့်ရေးမှာပါ ဆရာ။ အဲဒီ ဘီယာဆိုင် ကိစ္စကလည်း လူငယ်ကျောင်းသားတွေအတွက် အလေးထားရမယ့် အကြောင်းအရာ တစ်ခုပါ ဆရာ။ ကျေးဇူးပါ။
👍👍👍
😱😱😱