ဆရာတစ်ယောက် နဲ့ ပျောက်ဆုံးသွားသော အလေ့အကျင့်များ(၄)

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက် နဲ့ ပျောက်ဆုံးသွားသော အလေ့အကျင့်များ(၄)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

tenor.gif
Credit to google gif

အရင်အပိုင်းတွေတုန်းက စာဖတ်ခြင်းအလေ့အကျင့်အကြောင်း ပြောပြခဲ့ပါတယ်။ နောက်ထပ် ပျောက်ကွယ်သွားတဲ့ အလေ့အကျင့်တွေအကြောင်း ဆက်လက်ဖတ်ရှုပေးကြပါဦးခင်ဗျာ။

(၂)အချိန်မှန်လုပ်ဆောင်တတ်သည့်အလေ့အကျင့်(အချိန်လေးစားခြင်း)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

အချိန်မှန် လုပ်ဆောင်တတ်သည့် အလေ့အကျင့်ကလည်း လူတစ်ယောက်အတွက် အရေးပါတဲ့ အလေ့အကျင့်တစ်ခုပါ။ ယနေ့ခေတ် လူငယ်တွေမှာ ဒီအလေ့အကျင့်နဲ့ ပတ်သက်ပြီး အားနည်းနေတဲ့အတွက် ဒီအကြောင်းလေး အနည်းငယ်ပြောပါရစေ။

Time-Management1.jpg
Credit to google image

ကျွန်တော်တို့ မိဘတွေဟာ ကျွန်တော်တို့ကို ငယ်ရွယ်စဉ် ကျောင်းသားဘဝကတည်းက အချိန်ကို စီမံခန့်ခွဲခြင်းနဲ့ ပတ်သက်လို့ စနစ်တကျ လေ့ကျင့်ပေးခဲ့ပါတယ်။ ဘယ်အချိန်မှာ အိပ်ယာထ၊ ဘယ်အချိန် စာကျက်၊ ဘယ်အချိန် အနားယူ စသဖြင့် သူ့အချိန်နဲ့သူ သတ်မှတ်ပေးပြီး လိုက်နာဆောင်ရွက်စေခဲ့ပါတယ်။ အရေးပေါ်ကိစ္စတွေ ရှိလာတာကလွဲလို့ အချိန်အတိအကျ လုပ်ခိုင်းခဲ့ပါတယ်။ ငယ်စဉ်အချိန်တုန်းကတော့ မိဘတွေရဲ့ စေတနာကို သိပ်နားမလည်နိုင်သေးဘဲ စည်းကမ်းတင်းကြပ်လွန်းတယ်လို့တောင် တွေးထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်လာရတဲ့အချိန်မှာတော့ ဒီအလေ့အကျင့်ကြောင့်ပဲ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနိုင်ခဲ့ပါတယ်။ ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ထူးခြားတဲ့သူတစ်ယောက်အနေနဲ့ ထင်ပေါ်ခဲ့ပါတယ်။ တခြားသူတွေရဲ့ ဥပမာပေးခြင်းခံရသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ မိဘတွေရဲ့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးလိုက်တဲ့ အချိန်မှန်လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကြောင့်ပါပဲ။

time-running-out.jpg
Credit to google image

ဒီနေ့ခေတ် ကျောင်းသား/သူ လူငယ်လေးတွေကရော အချိန်မှန်လုပ်ဆောင်တတ်တဲ့ အလေ့အကျင့် ရှိကြပါသလား။ စာဖတ်ခြင်းအလေ့အကျင့်တုန်းကလိုပါပဲ။ လမ်းညွှန်မှုပေးရမယ့် လူကြီးပိုင်း အတော်များများကိုယ်တိုင်က အချိန်မှန်လုပ်ဆောင်တတ်တဲ့အကျင့်နဲ့ ကျွမ်းဝင်မှု နည်းကြပါတယ်။ အချိန်မမှန်တဲ့နေရာမှာ ဖြစ်နိုင်ခြေနှစ်မျိုးရှိပါတယ်။ သတ်မှတ်ထားတဲ့အချိန်ထက် စောခြင်းနဲ့ နောက်ကျခြင်းဖြစ်ပါတယ်။ မြန်မာတွေကတော့ နောက်ကျခြင်းကို ပုံသေယူထားကြပါတယ်။ စောခြင်းကတော့ ကြုံတောင့်ကြုံခဲ၊ ရှားပါးဖြစ်ရပ်မျိုးပါ။ အဲဒီတော့ အတုယူတဲ့ ကလေးတွေကလည်း နောက်ကျခြင်းကို အတုယူကြပါတယ်။ အိပ်ယာထနောက်ကျ၊ ကျောင်းတက်နောက်ကျ၊ ကျူရှင်တက်နောက်ကျနဲ့ နောက်ကျခြင်းဟာ သူတို့အတွက် ပုံမှန်အနေအထားတစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမယ့် အိပ်ချိန်တော့ နောက်ကျလေ့မရှိပါ။

SavvyCleaner.com-always-on-time-guarantee.jpg
Credit to google image

ငယ်ရွယ်စဉ် ကျောင်းသားဘဝမှာ နောက်ကျခြင်းတွေဟာ သိပ်မသိသာပေမယ့် လုပ်ငန်းခွင်ဝင်တဲ့ အရွယ်ရောက်ပြီဆိုရင် နောက်ကျခြင်းတွေဟာ ပြဿနာဖြစ်လာနိုင်ပါတယ်။ ငယ်စဉ်မှာ အချိန်အတိအကျ လုပ်ဆောင်တဲ့အကျင့် မရှိထားဘူးဆိုရင် ကြီးလာတဲ့အချိန်မှာ ပြောင်းလဲပစ်ဖို့ အတော်ကြိုးစားရမှာပါ။

အချိန်မှန်လုပ်ဆောင်တတ်တဲ့ အလေ့အကျင့် မရှိခြင်းဟာ အကြောင်းကိစ္စတစ်ခုကို အလေးအနက်သဘောမထားတော့ဘဲ ပေါ့ပေါ့တန်တန် သဘောထားတတ်တဲ့ စိတ်ခံယူချက်မျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ "ရပါတယ်" "ကိစ္စမရှိပါဘူး" ဆိုပြီး လုပ်ငန်းကိစ္စအပေါ်မှာ အလေးထားမှု၊ အာရုံစိုက်မှု လျော့ကျလာပါတယ်။ ကိုယ်လုပ်ကိုင်ရတဲ့ လုပ်ငန်းကိစ္စအပေါ်မှာ အလေးမထား၊ အာရုံမစူးစိုက်တဲ့သူတစ်ယောက်ဟာ အောင်မြင်မှုအခွင့်အလမ်းကို အလှမ်းဝေးကွာသွားနိုင်ပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

ဆရာ့ကိုတော့ပြောစရာသိပ်မရှိပါ၊ ကျွန်တော်တို့က ဆရာကျောင်းတွေ(သူတို့အခေါ်)ဆိုတော့ သူတို့ထက် ပိုပြီးရေးတတ်ကြမယ်ထင်တာ၊ စာသင်တာနဲ့ စာရေးတာ တခြားစီဆိုတာမသိကြပါ။ သို့သော်လည်းဆရာဆိုတော့ စံပြဖြစ်အောင်တော့ရေးရတာပေါ့ဆရာရယ်။ ဒီနေ့ ဆရာအကြောင်း ကျွန်တော့ post မှာထည့်ရေးထားတယ်။ ကျေးဇူးပါ။

ဟုတ်ကဲ့ပါ ဆရာခင်ဗျာ ရိုသေစွာနာခံလျက်ပါ

Great post and thanks for sharing

ကိုယ်ကိုကို အချိန်မှန် လုပ်ဆောင်နိုင်ဖို့ ကိုအတော်လုံးရပါတယ်ဗျာ…အရမ်းကောင်းတယ် ကိုဟိန်းရေ…! သတိပေး… အသိတွေပေးပေးလို့ ကျေးဇူးတင်ရပါတယ် အကိုရေ…

တွေ့မိမြင်မိတာလေးတွေပါ bro

ဟုတ်ပါတယ်ဆရာ...
အခုနောက်ပိုင်း ပိုဆိုးလာတယ်..
အချိန်ကိုသိပ်မလေးစားကြတော့ဘူး...

ဟုတ် bro င်္ကျွန်တော်ကတော့ ကလေးတွေကို အဓိကရည်ရွယ်တာပါ

အသိ အမြင် တိုးစေပါတယ် right ပါ

ကျေးကျေး မမ

good

စီနီယာတွေကို follow လုပ်ထားပါ

ကျေးဇူးပါ ဆြာ

မိတူး ဆာ