တန်ဖိုး

in #myanmar7 years ago

တန်ဖိုး

အသေးအဖွဲလေးတွေပါ လို့ တွေးထင်နေကြတဲ့ ကျွန်တော့်ကလေးတွေကို ဆရာကြီးတစ်ယောက်ရဲ့ စကားကို ပြောဖြစ်လိုက်ပါတယ်...

ဘောလ်ပင်တစ်ချောင်းရဲ့တန်ဖိုး ဘယ်လောက်ကြီးဖြစ်နေပါစေ...

သူရဲ့ထိပ်က ဘောလ်စေ့လေးမရှိရင် အသုံးမဝင်တော့ပါဘူး...

ဂရုမစိုက်လုပ်ဆောင်မှုကြောင့် ပြုတ်ထွက်သွားရင် တန်ဖိုးမဲ့ဖြစ်သွားပါတယ်...

https://steemitimages.com/DQmdNhoH3FPAQxKYQsQkNbDuUCpYrF3u7P8xbG8LNtn2xyz/61ScgDELKWL.SY355.jpg
Credit to google image

မင်းတို့တစ်တွေလည်း အသေးအဖွဲဆိုပြီး မပေါ့ကြစေချင်ဘူး...

အဲဒီအသေးအဖွဲလေးတွေကြောင့် ကျရှုံးသွားရသူတွေ...

အသေးအဖွဲလေးတွေကြောင့် ဂုဏ်ထူးပြုတ်သွားသူတွေ မင်းတို့ရှေ့မှာ အများကြီးပါ...

အသေးအဖွဲလို့ မယူဆကြပါနဲ့...

အသေးအဖွဲဆိုတာ မရှိပါ...

တန်ဖိုးရှိကြတာတွေပါပဲ...

တန်ဖိုးထားပါ..အလေးထားကြပါ။

@mgmgkse
MSC-011

Sort:  

မအားလို့မနဲအချိန်ပေးလာရတယ်၊ မိတ်ဆွေဟောင်းတွေနဲ့ကင်းကွာနေပြီ။

ဟုတ် ဆရာ