ရှေ့သို့ လှမ်းချီ MSC

in #myanmar7 years ago

CBA5584F-6251-4089-B05F-745BE0D0004B.jpeg

Myanmar Steemit နှင့်ပက်သက်ပြီး ရေးမည် ရေးမည် နှင့် တေးထားသည်မှာကြာပြီဖြစ်သည်။အခြား စိတ်ထဲရေးစရာများ၊ရေးချင်သည်များရေးပြီးမှ ရေးလိုက်နိုင်သည်ကို ခွင့်လွှတ်ကြစေလိုပါသည်။ ဒါကလည်း အေးဆေးဖြစ်တော့မှ အေးဆေးဆေးလေးရေးမည်ဟု၍ ရေးရခြင်းဖြစ်သည်။ကျွန်တော်တို့ MSC သည် ရှေ့ဆက်ချီတက်လာသည်မှာ အချိန်အတော်အတန်ရှိပြီ။အတော်အတန် ခရီးပေါက်ရောက်ခဲ့ပြီ ဖြစ်သည်။ကျွန်တော်သည်မှာလည်း Myanmar Steemit Community နှင့် ချိတ်ဆက်၍၊ ပိုစ့်တွေတင်လာသည်မှာလည်း အတော်အတန် ခရီးရောက်ခဲ့ပြီဖြစ်သည်။

မှတ်မှတ်ရရ ကျွန်တော် MSC ကို စတင် ချိတ်ဆက်(join) တုန်းက ဆိုလျှင် မည်သည့် MSC Number,မည့်သည့် ထူးထူးခြားခြား စည်းကမ်းချက်များလည်း မရှိခဲ့ပါ။ ကျွန်တော်သည် MSC ကို စတင် ချိတ်ဆက် (join) တော့ ကျွန်တော့် ၏ steemit platform ပေါ်တွင် ပထမဆုံး စ၍ ပိုစ့်(post)တင်ဖြစ်ခဲ့သည့် Introducing my self ပိုစ့်နဲ့ပင် promotion ရယူခဲ့ခြင်းဖြစ်သည်။အပေါ်ကပြောခဲ့သလို စည်းကမ်းချက်များ ထူးထူးခြားခြားမရှိ မိမိတင်သည့် post ၏ link အား ည 7:30 pm မတိုင်ခင် promotion ပေးသည့် post အောက်တွင် ချပေးရသည့် စည်းမျဉ်းနှင့် နှစ်ရက်ဆက်၍ promotion မယူရန် စသည့်စည်းမျဉ်းနှစ်ခုသာရှိခဲ့သည်။

93E64F1D-24FE-4D71-841C-36653705B5B9.jpeg

No Copy post စည်းမျဉ်းကတော့ Steemit ၏ အသက်သွေးကြောစည်းမျဉ်းပေမို့ အထူးပြောနေရန်ပင်မလိုပါ။တနေ့လျှင် 20 ဆိုလျှင် 20 သာမန့်ခွင့်ရှိသည်ဆိုတော့ ပျော်ဖို့တော့ အလွန်ကောင်းသည်။သူငယ်ချင်းတွေ လု၍ မန့်ရတော့ သည်။ရင်ခုန်ဖို့လည်း အတော်ကောင်းသည်။ကိုယ့်ပိုစ် မမန့်လိုက်ရမှာကို ရင်ခုန်ခြင်းဖြစ်သည်။ကိုယ်က မမန့်ခင် မန့်ရမည့် လူဦးရေ ကပြည့်သွားလိုက်၊ပြည့်တော့နောက်တစ်ရက် ထပ်ဆက်ပြီး မန့်ရုံသာ။no problem..ထို့နောက် MSC ကိုယ်ပိုင် number များလျှောက်ကြတော့ MSC number ရရန် လျှောက်ကြရပြန်သည်။

MSC number ရရန် မေးလ်ပို့ကျ၊ MSC number ရသည်နှင့်ပင် အလွန်ပင်ပျော်ခဲ့ရသည်။ထိုတုန်းက MSC number ရသည့် reply ရခဲ့သည်ကို ထီပေါက်သည်ထက် ပိုပျော်မိသည်။မေးလ် ဘယ်ချိန်ဝင်လာမလည်းကို တမျှော်မျှော် နှင့် စောင့်ခဲ့ရသည်မဟုတ်လား။နောက်တော့ ယခုကဲ့သို့ group များစွာဖြင့် မိမိ promotion ယူရသည့် ပိုကောင်းသည့် အစီအစဉ်ဖြစ်လာသည်။ဤကဲ့သို့ ဆိုတော့လည်း အရင်က လုမန့်ဖော် မန့်ဘက်တွေ၊ အရင်အချိန်တွေကို သတိရမိသည်။
FAF22AA8-A588-4E06-BBA7-D71F9DC34562.jpeg

မိမိ ဘော်ဒါရင်းများ မန့်နောက်ကျ၍ နောက်ပြောင် ကျီစယ်ခဲ့ရသလို ကိုယ်ကျန်ခဲ့လို့ ငိုသံပါကြီးနဲ့ ဖြစ်သွားခဲ့တဲ့ အချိန်လေးတွေကိုလည်း သတိရမိသည်။ကြာလည်း ကြာခဲ့ပြီ။ ပြီးတော့ ပြီးခဲ့ပါပြီ။ MSC ချီတက်လာရာ လမ်းတစ်လျှောက်တွင်လည်း သုခတွေချည်းပဲ ကြုံခဲ့ရတာတော့ မဟုတ် လှိုင်းလေလူးသည့် ဒဏ်တွေကိုလည်း ခံခဲ့ရသည်များလည်းရှိသည်။မုန်တိုင်း ဒဏ်ကို အလူးအလဲခံခဲ့ရသည်တွေလည်းရှိခဲ့သည်။သို့သော် ထိုလှိုင်းလေ မုန်းတိုင်းကြားတွင် အလံမလှဲဘဲ၊ တက်မကျိုးဘဲ၊အားမလျော့ဘဲ MSC ပေါ်မှ ညီအကိုမောင်နှမများဖြင့် ရှေ့သို့ချီတက်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မည်သို့ လှိုင်းဒဏ်၊မုန်တိုင်းဒဏ် ရှိနေစေကာမှု MSC သည် ရှေ့သို့(go forward)လှမ်းချီနေဦးမည်ဖြစ်သည်။

photos from google

MSC-073 written by @mgtoetat

Sort:  

Good post

thanks ပါဗျာ...

အတူတူရှေ့ဆက်ကြတာပေါ့ အကိုရေ

ဟုတ်ကဲ့ပါဗျာ...

အားမ​လျော့ဘဲတူတူ​လျောက်​လှမ်းကြတာ​ပေါ့; bro.

အမှန်ပေါ့

Fighting together

fighting...💪

You got a 8.70% upvote from @nado.bot courtesy of @mgtoetat!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.


For more information, click here!!!!
Send minimum 0.050 SBD|STEEM to bid for votes.
This post has received a 2.58% upvote from thanks to: @mgtoetat.


Do you know, you can also earn daily passive income simply by delegating10SP, 100SP, 500SP, 1000SP or Another amount your Steem Power to @minnowhelper by clicking following links:

အတူလျောကြတာပေါ့ဗျာ

ဟုတ်ကဲ့ ဗျ...

လက်​တွဲပြီး​ရှေ့ဆက်​ကြမယ်

ဟုတ်ကဲ့ပါဗျာ...

အတူတူ ရှေ့ဆက်လျှောက်ကြမယ်။

we fight together!!

တူတူခရီးဆက်တာပေါ့ညီလေး

ဒါပေါ့ အကို!!!

ရှေဘ့လှီးချီ MSc

ဒါပေါ့ ဘဒို

အတူလက်တွဲပြီး ရှေ့ဆက်ကြတာပေါ့ဗျာ

အိုကေ ဘဒို

အတြူုးစာကြတာပေါ့ bro

ဒါပေါ့ အကိုရာ

ခရီးသွားဖော်တွေပေါ့ဗျာ အားလုံးက

ဟုတ်ပါတယ် ဗျာ...

ရှေ့ဆက်​ကြစို့

ဟုတ်ပြီဗျာ...

Fighting together!

yeppp....

မေ့နေ့ ကိုမိုတိုးတက်ရေ အခုမှတက့် သိတာ ပေးပြီးပြီနော် vote

ကျေးဇူးပါဗျာ...

ရိုးသားကြိုးစားရင် MSC က ၀မ်းသာနေမှာပါ။

ဟုတ်ကဲ့ပါ ခင်မျာ...

အားလုံးညီညီညာညာ လက်တွဲပီးသွားကြရင်
အောင်မြင်မှာပါ..bro