"မဟာ" သို့မဟုတ် ပုဂံမြေသို့ခရီးသွားခြင်း -1

in #myanmar7 years ago (edited)

F1C1C7A9-5523-4BF1-9C2F-21A27C0894FB.jpeg

"မဟာ...ကြီးမြတ်လေသော သမိုင်းကြောင်းများဒီမြေကြီးမှာ" မဟာဆိုတာနှင့် လူတိုင်းအသည်းနှလုံးသပွတ်သည်းအူဆီသို့ လာရောက်ရိုက်ခတ်လိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။မှန်ပေသည်။မဟာ ဆိုသည်မှာ အဆိုတော်ဇော်ဝင်းထွဋ် သီဆိုသော မဟာသီချင်းမှ ပုဂံမြေကို ကို ကြီးမြတ်လေခြင်းဟုတင်စားခြင်းဖြစ်သည်။ "မဟာ" ဟူသည့် အဓိပ္ပာယ်သည် ကြီးခြင်း၊ကျယ်ခြင်း၊အင်အားရှိခြင်းစသည့် သဘောကိုဆောင်လေသည်။

ထို့ကြောင့် ထိုသီချင်းတွင် ကိုညီထွဋ်သည် ပုဂံမြေကို မြန်မာတို့၏ကြီးမြတ်သောမြေ၊မဟာမြေအဖြစ် တင်စားခြင်းဖြစ်ပေသည်။ပုဂံသည် မြန်မာတို့ နှလုံး၊မြန်မာတို့၏ ပထမဆုံးသောနိုင်ငံတော်ဖြစ်သည်။ ထိုခေတ်တွင် လက်နက်နိုင်ငံတော်တည်ထောင်နိုင်ခြင်းသည်အလွန်တရာ မလွယ်ကူပါချေ။အိမ်နီးချင်း ထိုင်းလျှင်ပင် ထိုခေတ်အခါက နိုင်ငံတော်အဖြစ်မတည်ထောင်နိုင်သေးပါ။

CBA2BD95-8458-4150-90AF-2414A2A9B820.jpeg

မြို့ပြနိုင်ငံများအဖြစ်သာရှိသေးသည်။ထို့ပြင် ပုဂံသည် မြန်မာလူမျိုးအများစု ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာ၏ ဘူမိနက်သန်ဖြစ်သည်။ထောင်ချီသော၊ထုထည်ကြီးမားသော၊အရပ်လေးမျက်နှာ လက်ညိုးထိုးမလွှဲသော ရှေးဟောင်းစေတီပုထိုး(pagoda)များကို ဤကမ္ဘာကြီးပေါ်တွင် ပုဂံတွင်သာတွေ့နိုင်သည်။ထိုရှေးဟောင်းစေတီပုထိုးများမှ အနုလက်ရာများ၊နံရံဆေးရေးပန်းချီများ၊ဘာသာမျိုးစုံဖြင့်ရေးထိုးထးသည့် ကျောက်စာများသည် ထိုခေတ်ရှေးမြန်မာတို့၏ ပညာရပ်၊မြန်မာတို့၏ နှလုံးရည်ကို ဖော်ပြနေသော မြန်မာတို့၏ပညာအဆင့်အတန်းပင်ဖြစ်သည်။

ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိခြင်းကြောင့်လည်း ထိုခေတ်မြန်မာများ၏ စိုက်ပျိုးရေးအတွက် တွေးခေါ်ပုံကိုလေ့လာဆန်းစစ်နိုင်သည့်အတွက် ရှေးမြန်မာတို့၏ စိုက်ပျိုးရေးကို လျှော့တွက်၍မရနိုင်ပါ။ထို့ကြောင့်လည်း မြန်မာမှန်လျှင် ပုဂံကို ရောက်ဖူးသင့်သည်ဟု ပြောကြခြင်းဖြစ်သည်။ကျွန်တော် နှင့် ကျွန်တော့် သူငယ်ချင်းများသည် မြန်မာများဖြစ်သည့်အားလျော်စွာ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် မဟာ သို့မဟုတ် ပုဂံမြေသို့ ချီတက်ခဲ့ကြသည်။

98FFCAAC-071E-4C59-96D5-73D92A4794D9.jpeg

မကွေးမှ မနက်စောစော ငါးနာရီတွင် အမြန်ယာဉ်လိုင်း အန်စာတုံးဖြင့်ထွက်ခဲ့ကြသည်။ မကွေးမှ မနက်စောစော ငါးနာရီလောက်ထွက်မည်ဆိုပါကပုဂံသို့ နောက်အကျဆုံး မနက်ရှစ်နာရီလောက်ဝင်မည်ဖြစ်သည်။ထို့ပြင်မကွေးမှ ပုဂံသို့ကားဖြင့်သာမက ရထားဖြင့်လည်းခရီးဆက်နိုင်သည်။လမ်းတွင် ကျွန်တော်တို့သည် ရေနံချောင်းတွင် မနက်စာဝင်ခဲ့ပြီးဖြစ်၍ ပုဂံရောက်လျှင် တည်းခိုရန် မိုလ်တယ်သို့သာတန်းမောင်းခဲ့သည်။


photos from google
MSC-073written by @mgtoetat

Sort:  

မရောက်ဖူးတုန်းကလည်းအရမ်းသွားချင်ခဲ့တာ။ တစ်ခါရောက်ဖူးပြီးရင်လည်း အထပ်ထပ်အခါခါသွားချင်လာတယ်။

မှန်ပ့ဗျာ...မြန်မာတွေအတွက် အစဉ်လေ့လာစရာတွေရှိနေတဲ့နေရာ..ဘာသာရေးအရေးအကြီးဆုံးနေရာတစ်ခု

မှန်ပါတယ်၊မြန်မာမှန်ရင်ပုဂံရောက်ဖူးသင့်တယ်

ဟုတ်ပါတယ်ဗျာ

အားလုးံရဲ့ ပုဂံ.....

မှန်ပါတယ်ဗျာ...

ပုံဂံတောင်ထက်သွားချင်လာပြီး😊

ထပ်သွားကြည့်ဗျာ...ဂွတ်တယ်နော်

ပျော်​စရာခရီး​လေးဖြစ်​ပါ​စေ

ကျေးဇူးပါဗျာ...

ကောင်းပါတယ်​ဗျာ အား​ပေး​နေပါတယ်

ကျေးဇူးကမ္ဘာပါဗျို့...

မဟာ ကြီးမြတ်လေသောသမိုင်းကြောင်းများ ဒီမြေကြီးထက်မှာ

ပုဂံကတော့ မြန်မာတို့ရဲ့ဂုဏ်ယူစရာနယ်မြေပါ

ဟုတ်ပါတယ် ဆရာ..

မရောက်ဖူးသေးဘူး ရောက်ဖူးချင်တယ်

မြန်မာတိုင်းရောက်ဖူးအောင် သွားလည်သင့်ပါတယ်

ပုဂံကအေးအေးဆေးဆေးသွားပြီး သေခြာလေ့လာသင့်တဲ့နေရာပါဗျာ

တစ်ညအိပ်လောက်သွားသင့်တယ်..တစ်ညအိပ်ဆို ဘုရားစုံဖူးရပါတယ်..အေးဆေးလဲဖြစ်ပါတယ်

ပုဂံ ကို 3ကြိမ်မြောက်ရောက်ဖူးသွားပြီ ကျေနပ်တယ် 😁😁😁

အကောင်းဆုံးပေါ့ဗျာ...ကျွန်တော်လည်း သုံးကြိမ်ထက်မနဲရောက်ဖူးခဲ့တယ်

မရောက်ဖူးသေးပါ။

တနေ့ရောက်ဖူးအောင် သွားလည်ပါဗျာ...

သွားပီး၇င်း သွားချင်​ရင်းပဲဗျာ

ဒါပေါ့ဗျာ...ဘယ်တော့မှ ရိုးမသွားဘူးး ဘယ်တော့မှလဲ လေ့လာစရာမကုန်နိုင်တဲ့နေရာ

This post has received a 6.80% upvote from
For more information, click here!!!!

Try the new Minnowhelper Bots for more information here thanks to: @mgtoetat.

Do you know, you can also earn passive income after every bidding round simply by delegating
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount your Steem Power to @minnowhelper?

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

အမှန်ပါဘဲ ရုပ်လုံးဖော်ရေးထားတာ အသက်ဝင်လှပါတယ်

ကျေးဇူးပါဗျာ...

မျှ​ဝေ​ပေးတာ​ကျေးဇူးပါဗျာ....။

ဟုတ္ကဲ့ပါ ခမ်...