ဒီနေ့လည်း သူ လာလေဦးမလားလို့ ကျွန်တော်စောင့်နေမိသည်။ ကျောင်းသွားကျောင်းပြန် ဒီဧကရာဇ်ပင်လေးအောက် သူ ဧကရာဇ်ပန်းလေးတွေကို ဝင်ကောက်နေသည်ကို သတိထားမိတာ နှစ်ရက်ရှိပြီ။ ပုံမှန်ဆို ဧကရာဇ်ပင်တွေကြားက ဝေနေအောင် ပွင့်၍ တဖြုတ်ဖြုတ် ကြွေနေကျသော ဧကရာဇ် ပန်းခင်းတဲ့လမ်းလေးကို သတိမထားမိ။ဖြတ်လျှောက်မိခဲ့သည်ချည်းသာဖြစ်သည်။ခုတော့ ကျွန်တော်သတိထားမိပြီ။ သနပ်ခါးကို ပါးကွက်ကြားလေးလိမ်းထားပြီး ဆံပင်ကို ကြက်ဆံမြှီးလေးကျစ်ထားသည့် သူကို ပိုးဟပ်ဖြူလေးဟု ကျွန်တော်နာမည်ပေးမိသည်။
ခုတော့ ကျွန်တော်သည် သူ၏ ဆံနွယ်များကြားတွင် အမြတ်တနိုးပန်ဆင်တတ်သော ဤဧကရာဇ်ပန်းလေးတွေကို အမြတ်တနိုး နမ်းရှိုက်တတ်နေပြီ။ယခုလည်း ကျောင်းဆင်းချိန် ကျွန်တော်စောင့်နေမိသည်။သူလာလေမလား။ထင်သည့်အတိုင်းပင် ကျောင်းဆင်းချိန်တွင် သူရောက်လာခဲ့သည်။ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ခုံတန်းလေးမှ ထိုင်၍စောင့်ကြည့်နေခဲ့သော်လည်း သူက ကျွန်တော့်ကို သတိမထားမိ။
ပင်ယံထက်မှ ကြွေလာသည့် ဧရာဇ်ပန်း လေးငါးဆယ်ပွင့်ကို ချက်ချင်းလက်နဲ့ဖမ်းကာ နမ်းရှိုက်နေလေသည်။ပြီးတော့ အခြားပန်းလေးငါးဆယ်ပွင့်လောက်ကို ထပ်ကောက်ကာ ပန်းများတပွေ့တပိုက်ဖြင့် ပြန်သွားသည်။ သူ့၏နောက်ကျောပြင်ကို ငေးကာ ကျန်ခဲ့သော် ပန်းနှစ်ပွင့် သုံးပွင့် လက်ကလွှတ်၍ကျခဲ့သည်ကို သူမသတိမပြုမိပေ။အမှန်တိုင်းဝန်ခံရလျှင် ထိုစဉ်က ချက်ချင်းပင် ထိုပန်းလေးများကို ပြေးကောက်ခဲ့သည်။
photos from google
MSC-073written by @mgtoetat
အတိတ်ဆိုတာမေ့လို့မရတာတွေအများကြီးရှိနေပါတယ်။
ဟုတ်ပါတယ်ဗျာ...ဟီးး
အတိတ်ဟောင်းတွေ သတိရလွမ်းဆွတ်နေဆဲပေါ့။
တစ်ခါတလေ ပါ ဟီးး 😁😁
လမ်းဟောင်းလဲ ကတော့ မပြောင်းလဲ သေးဘူး ပြောင်းလဲ လာတာ ရင်ထဲက ခံစားချက်တွေရယ် တချိန် တွေကုန်တာ မြန်နေတာရယ်
အမှန်ပါ sl ရေ တခါတလေ ခံစားရဒေ ဟီး 😁😁
အတိတ်ဆိုတာ အရိပ်လို နေကွယ်တာနဲ့ပျောက်ကွယ်သွားတတ်တာမှမဟုတ်တာ
မှန်ပါတယ်ဗျာ...
အတိတ်က ဇာတ်လမ်းလေးတွေဆိုတာ မေ့ပျောက်ဘို့ ခက်ခဲပါတယ်လေ။
လူတိုင်းလူတိုင်း အတိတ်ခြေရာလေးတွေ ပြန်တူးဆွပီး လွမ်းနေကြရတာပဲ ။
ဟုတ်ပါတယ်....
အရးအသားအရမ်းကောင်းပါတယ်
လေးစားပါတယ်
ကျေးဇူးပါခင်မျာ...
Good writing
thanks!!!
ဧကရာဇ်လမ်း ဆိုလို့ သမ္မဖြစ်မယ့်နည်းလမ်းထင်သွားတာ 😁😁😁
ဧကရာဇ်ပွင့်တဲ့ စီခြယ်ထားတဲ့ လမ်းကလေးပါဗျာ....
😃😃😃
အတိတ်ဆိုတာ မေ့လို့မရတက်တော့လည်းခက်သားပဲလား
ဟုတ်ပါတယ်ဗျာ ဟီးး
အခုမှကြားဖူးတယ် အဲ့ပန်းကို
ကြုံတဲ့ခါ လေ့လာကြည့်ပါ တော်တော်မွေးတယ် အဲ့ပန်းအပင်နားတဝိုက်ကိုက သင်းပျံ့တဲ့ရနံ့ကြိုင်နေတာ
အရင်ကဇာတ်လမ်းလေး...
အမှန်ပဲ...
သတိရတယ်ဗျ အတိတ်ကို
အတိတ်ကိုကြည့်ပြီးလည်း သင်ခန်းစာယူသင့်တာပေါ့ဗျာ...
အချိန်တွေသာပြောင်းလဲသွားတာအတိတ်ကအမှတ်တရတွေကထင်ကျန်နေဆဲပါ
ဟုတ်ပါတယ်ဗျာ...
တခါတလေတော့လဲ လွမ်းမိပါတယ်
သူဘယ်မှာလဲ သတိရနေတယ်...
မင်း ကောင်မလေးကို ငါပြလိုက်ရမလား ဘယ်သူ့ကိုစောင့်နေတာလဲ ဆိုတာ
ခံစားရေးဖွဲ့ထားတာပါ အယ်ကိုရေ 😒😒
အားပေးနေပါတယ်
ဟုတ်ကဲ့ပါဗျာ...
မုန့်မေ့ဖို့မလွယ်ဘူးပေါ့။
မေ့လို့ရပါပြီ😁😁
သတိရမိတယ် အတိတ်ဟောင်းတွေရယ် 😁😁😁
အမှန်ပါဘဲဗျာ....
past is just the past bro , stay strong
ဟုတ်ကဲ့ပါဗျာ...😢😢