တည်ဆောက်တုန်းကတော့ ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရပေမယ့် ပြိုပျက်ဖို့ကျတော့ လွယ်လိုက်တာမောင်ရေ
ကျွန်မတို့နှစ်ယောက် သံယောဇဉ်အုတ်မြစ်ချတာပဲမခိုင်ခန့်ခဲ့လို့လား ပတ်ဝန်းကျင်ဆိုတဲ့ ရေကတိုက်စားလို့ပဲလား
တွေးနေရင်းနဲ့ပဲ မောင်နဲ့ ကျွန်မ သိပ်ကိုဝေးကွာခဲ့ပီ
ထားရစ်သူနဲ့ ချန်ရစ်ခံရသူ ချန်ရစ်ခံခဲ့ရတဲ့သူကပိုခံစားရတယ် မောင်ရေ
မောင်ကတော့ အဆုံးသတ်မှာပျော်ပျော်ကြီး လှည့်ထွက်သွားနိုင်ပေမယ့် ကျွန်မကတော့ မောင်မမြင်ရတဲ့နှလုံးသားဒဏ်ရာတွေနဲ့ကျန်ရစ်ခဲ့ရတယ် မောင် သိပ်အတ္တကြီးတယ်ကွယ် ဒါပေမယ့် ကျွန်မ မောင့်ကိုအပြစ်မမြင်ခဲ့ပါဘူးလေ မောင်ထားခဲ့တဲ့နေရာမှာပဲ ကျွန်မရပ်စောင့်နေတုန်းပါပဲ💔!
Khaing Thazinoo😍 #just thinkingIMG_20161210_174130.jpg
Sort: Trending