တမ်းတခြင်း

in #myanmar7 years ago

က​လေး​တွေ​နွေရာသီ​ကျောင်းပိတ်​ရက်​​ရောက်​​​တော့ ငယ်​ငယ်​ကအ​ကြောင်း​တေအမှတ်​ရမိတယ်​။ငယ်​ငယ်​က ​​နွေရာသီ​ကျောင်းပိတ်​ရက်​​ရောက်​ရင်​ အရမ်း​ပျော်​စရာ​ကောင်းတာ။ကျောင်းလဲမတက်​ရဘူး။ရွာဆို​တော့ သင်​တန်း​တေဘာ​တေလဲတက်​စရာမရှိဘူး။နောင်​နှစ်​တက်​ရမယ့်​အတန်းတွက်​ တစ်​​နေ့ကိုနှစ်​နာရီ​လောက်​ပဲတက်​ရတဲ့ ကျူရှင်​ပဲရှိတာ။ကျန်​တဲ့အချိန်​ကကိုယ့်​အချိန်​ပဲ။ကျူရှင်​ကမနက်​ဆို​တော့ ကျူရှင်​အပြန်​ဆို ​ရေမိုးချိုး သနပ်​ခါး​တေ​ဖွေး​နေ​အောင်​ ကစားဖို့ပြင်​​တော့တာပဲ။ဒါ​ပေမယ့်​ မာတာမိခင်​ရဲ့မအိပ်​မ​နေရအမိန့်​ရ နှစ်​နာရီ​လောက်​က အိပ်​​ရ​သေး😒​ပြောရဦးမယ်​ ငယ်​ငယ်​ကအိပ်​ခိုင်းရင်​ သိပ်​စိတ်​ညစ်​တာ က​လေးသဘာဝကစားချင်​တာကိုး။ အ​မေနဲ့တူတူအိပ်​​နေရာက​နေ ခိုးထပီး သွားကစားလို့အပြန်​အရိုက်​ခံရတာလဲအမှတ်​တရပဲ😂ခုများကျ​တော့လဲ အိပ်​ချိန်​မရှိပါဘူးဆို အိပ်​ချင်​လိုက်​တာ😌အဲ့လိုအိပ်​ယာက​နေနိုးရင်​ ကစားပီ။သူငယ်​ချင်း​တေလူလိုက်​စု တအိမ်​အိမ်​မှာ ​နေရာယူပီး ကစားကြတာ။အိုးပုတ်​တမ်းတို့ မန်​ကျည်း​စေ့​ကြွေချတမ်းတို့ ဖန်​ခုန်​တမ်း သရုပ်​​ဆောင်​လုပ်​တမ်း သီချင်းဆိုတမ်း တူတူပုန်းတမ်း စုံဆန်​​စေ့ အို.စုံ​အောင်​ကို မ​မောနိုင်​မပန်းနိုင်​​ဆော့ကြတာ အိမ်​ကအ​မေတုတ်​နဲ့လိုက်​​ခေါ်မှပဲ ပြန်​​တော့တာ ​နွေရာသီ​ကျောင်းပိတ်​ရက်​သုံးလက​တော့ ​ပျော်​စရာအ​ကောင်းဆုံးပဲ😊​နောက်​ပိုင်း generation ​တေမှာအဲ့လိုအမှတ်​တရ​တေမရှိ​တော့ဘူး။နည်းပညာရဲ့လွှမ်းမိုးမှုကို သူတို့ခံ​နေကြရတာ.အချိန်​ပြည့်​ဖုန်းထဲက game ​​ဆော့မယ်​ computer game ​ဆော့မယ်​ဆိုပီး သူတို့ဦး​နှောက်​ထဲမှာ game ရဲ့လွှမ်းမိုးမှုကိုပဲခံ​နေရရှာကြတာ သူတို့အစားကိုယ်​သိပ်​ဝမ်းနည်းတယ်​ သူတို့အသက်​​တေကြီးလာရင်​ ငါတို့ငယ်​ငယ်​တုန်းက​လေဆိုပီး ​​ပြောစရာ အမှတ်​တရ​တွေမရှိကြ​တော့ဘူး ခု​နေ​တော့ သူတို့အတွက်​ သိပ်​မသိသာ​ပေမယ့်​ အသက်​​တေများကြီးလာရင်​သူတို့ရဲ့မျက်​လုံး​တွေ ဦး​နှောက်​​တွေ စိတ်​​တွေ ​ကောင်းပါ့မလား စိတ်​​ပူမိတယ်​ က​လေးတို့ရယ်​😪B612_20180107_140443.jpg