ကံကလာ၍ ကံကိုသွား လူ့လောကသားများ

in #myanmar7 years ago (edited)

“ကံကလာ၍ ကံကိုသွားလူ့လောကသားများ”
image
ကျွန်တော်သည်တွေးခေါ်ပညာရှင်ကြီးမဟုတ်ပါ။ သို့သော်ဘာကြောင့်မှန်းမသိ အတွေးအခေါ်သမားတွေကို သဘော ကျသည်။ အတွေးအခေါ်စာအုပ်တွေဖတ်ရှုရတာလည်းကြိုက်သည်။ နောက်သိပ္ပံပညာရှင်များကိုလည်းသဘောကျသည်။ စဉ်းစားကြည့်ပါ။ သာမန်အမြင်နှင့်ကြည့်လျှင် လူ့လောကယန္တယားကိုမောင်းနှင်နေသူများကို နိုင်ငံခေါင်းဆောင်များလို့ထင် စရာရှိသော်လည်း နိုင်ငံခေါင်းဆောင်တို့သည် တစ်ခေတ်တစ်ခါတွင် လူသိများလှသော်လည်း ခေတ်ကြီးရွေ့လျားသွားသော အခါ ကျန်ရစ်ခဲ့ရသည်။ အတွေးအခေါ်ပညာရှင်များနှင့် သိပ္ပံပညာရှင်များမှာကား ခေတ်ယန္တယားကြီး ဘယ်လောက်ရွေ့ရွေ့၊ အရွေ့ ဟူသ၍ သူတို့နှင့်သာဆိုင်နေပေသည်။ ပြီးလျှင် နိုင်ငံရေးအာဏာသည်ရှုပ်ထွေးလှပြီး ပြိုင်ဆိုင်မှုများ၊ ညစ်ထေး မှုများရှိတတ်သော်လည်း သိပ္ပံပညာရှင်များကို ရှင်ပြိုင်နေကြသူမရှိသလို၊ ညစ်ထေးမှုလည်းမရှိပါ။
image
ဘယ်သူမဆို
ဘယ်မိဘမျိုးရိုးကပဲဆင်းသက်ဆင်းသက်
ဘယ်အရပ်မှာပဲမွေးမွေး
မွေးဖွားစဉ်က ဘယ်လိုနက္ခတ်နဲ့ပဲကြုံကြုံ
သူ့မှာအရင်းအနှီးတပြားမှရှိစရာမလိုဘူး၊သူဟာတစ်စုံတစ်ခုသောရည်မှန်းချက်ပန်းတိုင်ရှိမယ်၊ဒီပန်းတိုင်ကိုအရောက်သွားမယ်ဆိုတဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လ၊ ဝီရိယ ကျိုးစားမှုအားမာန် ပြင်းပြထက်သန်တဲ့စိတ်ထားနဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ရှိမယ်ဆိုရင် ထိုသူလိုချင်သောအရာအားလုံးသည် သူ့လက်ထဲသို့ရောက်ရစမြဲလချည်းဆိုတဲ့အယူအဆကို စွဲကိုင် ထားသူများသည် ကမ္ဘာကြီးကမေ့လို့မရနိုင်သော တွေးခေါ်ပညာရှင် များဖြစ်နေတတ်လေသည်။
သောမတ်အယ်ဒီဆင် ဟူသောပုဂ္ဂိုလ်ကြီးကိုကြည့်ပါ။ သူတီထွင်ခဲ့သော လျှပ်စစ်မီးကြောင့်မဟုတ်လျှင် ကမ္ဘာကြီး သည် ဘယ်အချိန်အထိအမှောင်ကျနေမည်မသိ ယနေ့လိုဖွင့်ဖြိုးတက်လာရန်အကြောင်းသိပ်မမြင်ပါ။ သူတီထွင်ခဲ့သည့် မီးလုံးလေးကိုအခြေခံကာ လျှပ်စစ်မီးအမျိုးအစားပေါင်းများစွာကို ဆင့်ကဲတီထွင်၍ ကမ္ဘာကြီးကိုပြောင်းလဲတိုးတက် စေ ခဲ့ကြသည်။ နျူတန်ဟူသော ပုဂ္ဂိုလ်ကြီးကြောင့် ဆွဲငင်အားအကြောင်းသိခဲ့ရပြီး သံလိုက်သဘောတရားများကို သိရှိလာ ခဲ့ကြသည်။ သူကြောင့် လျှပ်စစ်မော်တာများတီထွင်နိုင်ခဲ့ပြီး ပန်ကာ၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက် ယနေ့ လူတို့ အသုံးပြုနေသည့် ပစ္စည်းများဖြစ်လာခဲ့သည်။ တီတွင်သူပညာရှင်များမရှိတော့သော်လည်း သူတို့တီထွင်ခဲ့သည်။ ပစ္စည်းများကြောင့် လူများစွာအတွက် အသက်ရှင်နေထိုင်ရန် အဆင်ပြေချောမွေ့မှုပြီးကမ္ဘာကြီးကို တိုးတက်စည်ပင်စေ ခဲ့ပါသည်။
ငယ်စဉ်က ကျွန်တော်သည် သေဆုံးရသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ သေလိုခဲ့သည်။ လူတိုင်းသေဆုံးရမည် ဖြစ်ပြီး ဗိုလ်ချုပ်သည် လူသေသော်လည်းနာမည်မသေ ဟူသောအယူအဆကြောင့် အချည်းနှီး ခန္ဒာကိုယ်ကြီးကို ဆုံးရှုံးခံ မည့်အစား နာမည်မသေသော သူရဲကောင်းတို့၏သေခြင်းကိုမက်မောခဲ့ဖူးပါသည်။ ယနေ့အချိန်တွင်မူ ဗိုလ်ချုပ်အောင် ဆန်းသည် နိုင်ငံရေးသမားတစ်ယောက်ပင်ဖြစ်သည့်အတွက် သူ့ကိုချစ်သောသူများရှိသလို မုန်းသောသူများလည်းရှိနေ ကြောင်းသိရှိလာရပြီး နိုင်ငံရေးသမားဘဝကိုလည်းသိပ်ပြီးမမက်မောတော့ပါ။ သိပ္ပံပညာရှင်များကိုတော့ မုန်းကြသူမရှိ ဟုထင်မြင်ပါသည်။ ပုဂ္ဂလိကသဘောဖြင့် မုန်းသူအချို့ရှိကောင်းရှိနိုင်ကြသော်လည်း ကာလကြာသောအခါ သူတို့ပေးခဲ့သည့် ကမ္ဘာကြီးအတွက်လက်ဆောင်အပေါ် ကျေးဇူးတင်နေကြသူများသာရှိနေတော့မည်ထင်ပါသည်။
image
တွေးခေါ်ရှင်ကြီးများအပြင် ကျွန်တော် နှစ်သက်သော ပုဂ္ဂိုလ်ကြီးမှာ ဗုဒ္ဓဖြစ်သည်။ ဗုဒ္ဓကိုဗုဒ္ဓအတွေးအခေါ်ဟုဆို သူတွေရှိ သော်လည်း ဗုဒ္ဓ၏တရားများသည် အတွေးအခေါ်များမဟုတ်ပဲ စိန္တာမယညာဏ်ဖြင့်ထိုးထွင်းသိမြင်မှုများဖြစ်သည် ဟုနားလည်ထားပါသည်။ သို့သော် အနောက်အတိုင်းပညာရှင်များကတော့ ဗုဒ္ဓကိုဗုဒ္ဓအတွေးအခေါ်ပညာရှင်စာရင်းထည့် သွင်းချင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ဗုဒ္ဓကို သဘောကျခြင်းမှာ လူ့လောက၏ဖြစ်တည်ခြင်း၊ပျက်သုန်းခြင်း၊ အကျိုးအကြောင်းတရားများကိုချိတ်ဆက်ပြသနိုင်သောကြောင်ဖြစ်သည်။ ကျွန်တော်ဘာကြောင့်လူဖြစ်လာသလဲ၊ကျွန်တော် ဘာကြောင့်သေဆုံးရမှာလည်း၊ကျွန်တော်ဘယ်ကလာသလဲ၊ ကျွန်တော်ဘယ်ကိုသွားမှာလည်း ဆိုသည်တို့မှာ လူတိုင်း သိလိုကြသည့် အချက်အလက်များဖြစ်ပါသည်။ အဆိုပါအချက်အလက်များအပေါ် မည်သည့်တွေးခေါ်ရှင်မည်သည့် သိပ္ပံပညာရှင်မှ ရှင်းလင်းဖေါ်ပြခြင်းငှါမစွမ်းနိုင်ကြသော်လည်း ဗုဒ္ဓကမူ ကျွန်တော်သည် ကံကလာပြီး ကံကိုပြန်ရမည်ဟုအတိ အလင်းသင်ကြားပြသပေးပြီးဖြစ်ပါသည်။ဤနေရာတွင် ဤစကားအတွက် ဘာသာခြားသူတို့နားရှုပ်သွားနိုင်သဖြင့် အနည်း ငယ်ရှင်းပြပါမည်။ ကံကလာပြီး ကံကိုပြန်ရမည်ဆိုသည်မှာ ဗုဒ္ဓဘာသာအလိုအရ ရှေးဘဝတွင် လူတို့သည် မြင်ကြားနံသိ စိတ်တို့ဖြစ်လေသမျှ ဝေဒနာတို့ဖြစ်ရ၏။ ဝေဒနာအပေါ် မသိမှုအဝိဇ္စာကြောင့် စီရင်မှုသင်္ခါရ တို့ဖြစ်သည်။ ဤနေရာတွင် မသိမှုဆိုသည်ကို ထပ်မံရှင်းပြပါမည်။ ဘာကိုမသိတာလည်း ဟုမေးခွန်းထုတ်စရာကျန်နေမည်စိုး၍ဖြစ်ပါသည်။ မသိမှုဆို သည်မှာ အာရုံနှင့်ဒွါရတို့တိုက်ဆိုင်သမျှလိုချင်မှုလောဘ၊ မလိုချင်မှုဒေါသ စသည်တို့ဖြစ်ပေါ်နေပြီး ထိုလောဘ ဒေါသ တို့ကြောင့်ပင် သံသရာလည်နေရခြင်းကိုမသိမှုကိုဆိုပါသည်။ လောဘဒေါသတို့ကြောင့်ပင် လိုချင်မှု မလိုချင်မှုတဏှာဆက် ဖြစ်ပေါ် ကာ ဥပါဒါန်အစွဲအလန်းတို့ဖြစ်ရသည်။ ဥပါဒါန်တို့ကြောင့်ပင် ဘဝတို့ ဆက်ဖြစ် ရသည်ဖြစ်သည်ဆိုခြင်းဖြစ်ပါသည်။ အတိုချုံ့ လိုက်လျှင် အတိတ် ကံတို့တို့ပြုခဲ့ခြင်းကြောင့် ယခုဘဝတွင် လူလာ၍ဖြစ်ရသည် ။ ရရှိထားသော ကိုယ်ခန္ဓာသည် ပင်လျှင် ကံ၏အကျိုးဖြစ်သောကြောင့် ကံအကြောင်းတို့မလုပ်ခဲ့လျှင် ကံအကျိုး လည်းဖြစ် မလာနိုင်သည့်သဘောကို ဆိုလို ပါသည်။ ထို့ကြောင့် ကံကလာသည်ဟုဆိုလိုခြင်းဖြစ်ပါသည်။ ယခုဘဝပြုလုပ်သမျှ ကောင်းမှု ကံတို့ကြောင့် နောက်ဘဝ တွင်လည်း ခန္ဓာတွေလက်ခံရပါဦးမည် ။ဤသည်ကိုပင် ကံကိုသွားမည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
image
ကျွန်တော်သည် ယခုဘဝတွင် ဝိပဿနာတရားကိုအားထုတ်၍ ကံတို့ကို ရပ်ဆဲရန် ပြင်းပြသောဆန္ဒမရှိသေးပါ။ မကောင်းသောကံများကိုသာတတ်နိုင်သမျှရပ်ဆဲ၍ ကောင်းသောဘုံဘဝများရောက်ရှိရန်အားထုတ်လိုသည့်ဆန္ဒရှိပါသည်။
ကောင်းသောကံဆိုသည်မှာလည်းသာမန်ကုသိုလ်စိတ်ကလေးမျိုးထက် အထက်တွင်ဖေါ်ပြခဲ့သော လူသာတို့ထာဝရ မမေ့နိုင်သော လူသားအကျိုးပြုသိပ္ပံပညာရှင်ကြီးသာဖြစ်လိုပါသည်။
ရေးသားသူ-မင်းစိုးနိုင်
MSC 010
Photo- Google
Myanmar philosophy

Sort:  

ကျွှန်တော်လဲအဲ့ဒါခက်တာပါဘဲ သံသရာလွှတ်ကြောင်းတွေဟောပြောပြသပေးတဲ့ဆရာကောင်းတွေရှိတာတောင် ဒီသံသရာထဲ ဝဲချင်နေမိတယ်

ဤသံသရာဝဲဂယက်မှ လွဲမထွက်နိုင်ပါ ပေါ့လေ ၊ဂလိုပါပဲ


@minnowpond has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ကျနော်လည်း အတွေးအခေါ်တွေလည်းကြိုက်တယ် သိပ္ပံပညာလည်းကြိုက်တယ် အာကာသပညာရှင်တွေကိုလည်းသဘောကျတယ် တီထွင်ဖန်တီးမှုတွေလည်းနှစ်ခြိုက်တယ် ကိုယ်ကတော့ ဘယ်လိုင်းမှမစွံဘူးဗျာ

Wisdom of love ဆိုတာ ပညာရှိကိုခေါ်တာပဲလေ

အတွေးအမြင်သစ်များ ရရှိပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

အားပေးတာကျေးဇူးပါ

ဘဝသံသရာ ရှည်​လျား​ထွေပြားမ​နေမ​နား တစ်​သွားထဲသွားကြတာ😁😁😁

လောဘရယ်၊ဒေါသရယ်၊မောဟရယ် အဝိစ္ဆာသင်္ခါရ ငိုလိုက်ရယ်လိုက်

good post

ဒီလိုPost မျိုသဘောကျတယ်ဗျာ

Good 👍👍👍

သတ္တဝါမှန်သမျှ ဘုံသုံးပါး မှာ တလည်လည်တပတ်ပတ် ကျင်လည်နေကြတာကို သိအောင်မြင်အောင်ပြသခဲ့တာ ဗုဒ္ဓရှင်တော်ပဲဖြစ်ပါတယ်၊ သတ္တဝါတိုင်း သက္ကာရ ကြောင့် သူပဲငါပဲ အမြင်လွဲနေကြတာကို အဝိဇ္ဇာကမမြင်အောင်ကာထားတော့ ဒီအကြောင့်ကြောင့် ကံအကျိုးတွေဖြစ်လာကြရတာပဲလေ၊ အနိစ္စမမြဲမှု၊ ဒုက္ခ ဆင်းရဲမှု၊ အနတ္တ စိုးပိုင်နိုင်ခြင်းမရှိမှုတို့ကို မသိမမြင်နိုင်တဲ့အတွက် ဘဝ သံသယာကြီးဝဲလည်ရှည်လျှားနေရခြင်းဖြစ်ပါသည်။ ကာမတဏှာ လိုချင်တပ် မက်မှုများနျှင့် ပြောင်းဆန်နေသော ဝဲသြဂကြီးမှာ နစ်မြုတ် နေကြရတာခင်ဗျားတို့ ကျုပ်တို့အားလုံးပဲလေ၊ ဒါပေမယ့် မမုန်းနိုင် ကြတော့ ဒုက္ခတွင်းကိုဆင်းကြရဦးမှာပဲပေါ့ဗျာ။