ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဖယ်ကြစို့(အဆက်)၃

in #myanmar7 years ago

image
(၇) ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ကျောက်ဖရုံသီးနဲ့ဆေးကြောနည်း။
image
ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်မှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အသည်းက အာဟာရ ရသရည်တွေထဲက အဆိပ်တွေကို ချေဖျက်ပေးတာဖြစ်ပြီး ကျောက်ကပ်ကတော့ သွေးရည်ထဲက အဆိပ်တွေနဲ့ ပရိုတင်းပြိုကွဲရာကနေ ထွက်လာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ဖယ်ရှားပေးရတာဖြစ်ပေမယ့် အညစ် အကြေးတွေဟာ သိပ်ပျစ်ပြီး ပြင်းလွန်းအားကြီးရင် ကျောက်ကပ်ရဲ့ ခံနိုင်ဝန်အားနဲ့ မမျှတတော့ပါဘူ။ အဲဒီအခါမှာ ကျောက်ကပ်လုပ်ငန်းကျဆင်းသွားတာမို့ ကျောက်ကပ်ရောဂါတွေစတင်လာတတ်ပါတယ်။
ကျေက်ကပ်ကိုဆေးကြောဖို့အတွက် အကေင်းဆုံးသဘဝအစားအစာကတော့ ကျောက်ဖရုံသီးပဲဖြစ်ပါ တယ်။ ကျောက်ဖရုံသီးကို ဒီအတိုင်းကြိတ်ပြီးသောက်နိုင်ရင်တော့အကေင်းဆုံးဖြစ်ပြီး အဲဒီလိုကြိတ်ထားတဲ့ အရည် ကိုမသောက်နိုင်ရင်တော့ အမြဲတမ်းသောက်ဖြစ်အောင်အရသာရှိတဲ့ ဟင်းချိုအဖြစ်လုပ်သောက်တာက ပိုကောင်း ပါတယ်။ အသားစားတဲ့သူတွေကတော့ ကြက်ရိုး၊ဝက်ရိုးတာတွေနဲ့ ချက်စားလို့ရပါတယ်။ တရုတ်နံနံလေးခပ်ပြီ သံပုရာသီးလေးပါညှစ်ထည့်လိုက်ရင်တော့ အရသာရှိတဲ့ဟင်ချိုလေးသောက်လို့ရပါပြီး။ ကျောက်ဖရုံသီးဟင်းချိုက ကျောက်ကပ်မှ အောင်းနေတဲ့အဆိပ်အတောက်တွေသာမက ကျောက်ကပ်မှာကပ်နေတဲ့ အနယ်အဖတ် ကျောက်တွေကိုပါ ဖယ်ရှးရှင်းလင်းပေးပြီး ကျောကိကပ်ကိုသန့်ရှင်းစေမှာဖြစ်ပါတယ်။ အဲဒီကျောက်ဖရုံသီး ဟင်းချို ကို တစ်ပတ်ကိုတစ်ကြိမ်သောက်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ လူအများစုဟာရေသောက်နည်းလွန်းကြတဲ့ အတွက် ကျောက်ဖရုံသီးဟင်းချိုကလေးကို အမြဲအားကိုးနေရမှာဖြစ်ပါတယ်။
image
(၈) သည်းချေထဲကအဆိပ်အတောက်တွေကို ပန်းသီးနဲ့ဖယ်ရှားပါ့မယ်။
image
သည်းခြေကနေ ဆီကိုအစာချေပေးမယ် အင်ဇိုင်းရည်ကို ထုတ်ပေးပါတယ်။ သည်းခြေဟာကိုယ်တိုင် အဆိပ်ဖြေပေးတတ်တဲ့ကလီစာတော့မဟုတ်ပါဘူး။သို့သော်လည်းသည်းခြေမှာအိတ်ရှိပါတယ်။ အဲဒီသည်းခြေအိတ်ထဲမှာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေ ဝင်အောင်းနေနိုင်ပါတယ်။သည်းခြေအိတ်မှာ အဆိပ်အတောက်တွေခိုအောင်းနေရင် သည်းခြေရည်မှာလည်း အဆိပ်အတောက်တွေပါသွားပြီးအစာချေဖျက်မှု စနစ်ကို အနှောက်အယှက်ပေးနိုင်ပါတယ်။
သည်းခြေကိုဆေးဖို့အတွက် အကောင်းဆုံးသောသဘဝအစားအစာကတော့ ပန်းသီးပဲဖြစ်ပါတယ်။ ပန်းသီးကိုသစ်သီးဖျော်စက်နဲ့ဖျော်ပြီးသောက်ပေးနိုင်ပါတယ်။ပန်းသီးကျတော့အရသာရှိတဲ့အသီးမို့လူတိုင်းသောက်နိုင်ကြပါတယ်။အကယ်၍ ပန်းသီးဖျော်ရည်သောက်ရတာမလုပ်ချင်ရင်လည်း ဒီအတိုင်းကိုက်စားလည်းရပါတယ်။ တစ်ပတ်တစ်ကြိမ်လောက်တော့ စားသင့်ပြီး စားတဲ့အခါ ဗိုက်ဝတဲ့အထိ စားပေးသင့်ပါတယ်။ ဒီလိုစားပေးရင် သည်းခြေအိတ်မှာရှိတဲ့ အဆိပ်အတောက်တွေသာမက သည်းခြေအိတ်ထဲမှာရှိတဲ့ ကျောက်တွေကိုပါ အပြင် ထွက်သွားအောင် ပန်းသီးကလုပ်ဆောင်ပေးပြီး သည်းခြေကိုသန့်ရှင်းစေမှာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်>>>>
ရေးသားသူ - မင်းစိုးနိုင်
Photo -google
MSC No -010

Sort:  

အသိထဲမှာ​ကျောက်​ကပ်​​ဆေး​နေရတဲ့လူ​တွေရှိတယ်​ရှင့်​။ကျောက်​ဖရုံသီးအ​ကြာင်း​ပြောပြလိုက်​ဦးမယ်​ရှင့်​။

ကျောက်ကပ်က ရောဂါမဖြစ်ခင်ကြိုတင်ကုမှကောင်းတာ ဖြစ်ပြီးမှဆိုမလွယ်လောက်ဘူး။

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by minsoenaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အကျိုးရှိ ​စေမယ့်​postပါပဲဗျာ

Steemit အဖွဲ့သားတွေအတွက်ကောင်းနိုးရာရာပေါ့ဗျာ

အသဲခြောက်တာတဲ့ဗျိုး ကျွန်တော့်ညီတယောက်ဖြစ်နေတာ
မနေ့ကဆေးခန်းသွားပြတယ် ဓာတ်မှန်ရိုက် ဆေးစစ် အဖြေတောင်မသိရသေးဘူး ၂သိန်းနီးပါးပေးခဲ့ရပီ၊
တခုခုဖြစ်ပီဆိုမလွယ်ဘူး။ မဖြစ်ခင်ထဲက သဘာဝအဲလိုဓာတ်စာတွေစားပေးသင့်တယ်။ ခုလိုတင်ပေးတာ ကျေးဇူးပါ။

အသည်းက မန်ကျည်းဖျော်ရည်ပေါ့၊ လူတိုင်းရောဂါဖြစ်ဖြစ်မဖြစ်ဖြစ် တစ်လတစ်ကြမ်လောက်သောက်ပေးသင့်တာပါ

ဗဟုသုတ အများကြီးရတယ် ဆရာ။ကျေးဇူးပါခင်ဗျာ။

ကျန်မားရေးကအရေးကြီးတယ်လေ၊ဒါကြောင်အဖွဲ့သားတွေတစ်ဦးသိုမဟုတ်နှစ်ဦးအသုံးဝင်လည်းကောင်းမှာပဲဆိုပြီးလေ

အစာလည်းဆေး ဆေးလည်းအစာပေါ့ဗျာ

အစာအဟာရကို သတိနဲ့စားပြီး တွေ့ကရာတွေမစားတတ်ဖို့လိုတာပေါ့

ဗဟုသုတရစေပါတယ်

ကျေးဇူးပါ

ကျေးဇူးပါခင်ဗျ

ကျေးဇူးပါခင်ဗျာ

အပြန်အလှန်ပေါ့

ဗဟုသုတရပါတယ်။မှတ်သားထားပါ့မယ်။

အကျိုးမယုတ်စေရပါဘူး

အသီးအရွတ်​ လွတ်​ဖြစ်​​နေတာခက်​တယ်​😂

လတ်ဆပ်တဲ့အသီးအရွက်တွေမှာ အင်တီအောက်ဆီဒင့်ဓာတ်တွေကြွယ်ဝတဲ့အတွက် freeradicle တွေကိုတိုက်ဖျက်ပေးနိုင်တယ်၊ တတ်နိုင်သလောက်စားပေးစေချင်ပါတယ်

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါခင်​ဗျာ

အကျိုးကျေးဇူးများလှပါတယ်ရှင် မင်္ဂလာပါ