စာမဖတ်သောနိုင်ငံ၊စာမဖတ်သောလူမျိုး

in #myanmar7 years ago

image
အင်တာနက်တွင် ဆောင်းပါးကောင်းကလေးများဖတ်ရသည့်အခါ မိမိလုပ်ဖော်ကိုင်ဖက်များအားလည်းဖတ် စေချင်သိစေချင်သည်။ သို့အတွက်ကြောင့်မိမိဖုန်းလေးပေးငှါးပြီး ဖတ်ကြည့်စမ်းပါဦးကောင်းလွန်းလို့ဆိုပြီး ရုံးမှမိမိ တပည့်များနှင့်လုပ်ဖော်ကိုင်ဖက်များအားပြသည်။မအားသေးလို့ ဦးစိုး ကြည့်တော့ကြည့်မယ်ဟုဆိုပါသည်။ တစ်နေ သာကုန်သွားသည် ယူမကြည့်။ဆိုတော့ ဆောင်းပါးကို Print ထုတ်ပြီး အိမ်အထိယူသွားပြီးမှပြန်ပေးဆိုပြီး အတင်း ငှါးလိုက်သည်။တစ်ပတ်ပြည့်တော့ မိမိပေးထားသောဆောင်းပါးလေးအကြောင်းဆွေးနွေးကြည့်သည်။ မကြည့်ရ သေးဘူး ဦးစိုးဟုဆိုပြန်၏။ ဖတ်မယ်ဖတ်မယ်ဟုတော့ ဂတိပေးသည်။ နောက်တစ်ပတ်ရောက်တော့ မဖတ်ရသေး။ ယူထားပါ အေးအေးဆေးဆေးမှဖတ် ဆိုပြီးတစ်လလောက်နေတော့ မေးကြည့်သည်။ စာရွက်တွေဘယ်နားထား မိမှန်းမသိလို့ မဖတ်ရသေးဘူးလို့သာဆိုပြန်လေသည်။
မိမိသည်စာအုပ်ဆိုင်ရောက်တိုင်း စာအုပ်တစ်အုပ်လောက်မှမဝယ်ရလျှင်နေမထိထိုင်မသာနဲ့မို့ ပုံမှန်တစ် အုပ်တစ်အုပ်ဝယ်ယူလေ့ရှိသည်။ ငါ့စာအုပ်တွေငါတစ်ယောက်တည်းဖတ်နေမယ်အစား ရုံးကလူတွေလည်းဖတ်ချင် ဖတ်ရအောင်ဆိုပြီးရုံးကစားပွဲပေါ်မှာတင်ထားလိုက်သည်။“ဒီမှာနော်ယူဖတ်ချင်တဲ့သူယူဖတ်ကြ”ဆိုပြီးလည်းအော် ပြောထားလိုက်သည်။ မသိလို့ဖြစ်နေမှာစိုးရသေးသည်။ အခု ၅ လခန့်တိုင်ခဲ့ပြီ ကျွန်တော်စာအုပ်တွေ ယူကြည့်မိ သူမရှိကြ။ကိုယ်ကြိုက်သောစာကိုသူတို့မကြိုက်တာလားဆိုပြန်တော့ သူတို့ဘယ်စာမှလည်းဖတ်မနေကြ။ ရုံးအ လုပ် အားလျှင်ဖုန်းတော့ပွတ်သည်။ အတင်းအဖျင်းတွေဆိုရင်တော့ဖတ်ကြသည်။ ပြောကြသည်၊ ဝေဖန်ကြ ငြင်းကြသည်။ခုံကြသည်။
Steemit တွင် ကျွန်တော်ပိုစ်တစ်ခုတင်ဖူးသည်။ ထိုပို့စ်ကို Vote ရဖို့ထက်လူတိုင်းကိုဖတ်စေချင်တာက အဓိကကျသည်။တင်ပြီးတစ်ရက်ကျော်ကျော်ကြာသော်လည်း ဝင်ကြည့်သူက တစ်ယောက်စနှစ်ယောက်စသာရှိ သည်။ ဒါနဲ့ ပို့စ်ကိုဝင်ဖတ်သူကို ဖုန်းဘေတစ်ထောင်ထည့်ပေးမည်ဆိုပြီး Facebook မှာတင်လိုက်သည်။ တကယ်လည်း ဖုန်းဘေဖြည့်ပေးလိုက်သည်။ လူနှစ်ဆယ်ကျော်လောက်ဝင်ဖတ်ကြသည်။
image
စာအုပ်နှစ်အုပ်ဖတ်ဖူးသည်။တစ်အုပ်က နွားကျောင်းသားတစ်ယောက်ကိုသနားတဲ့ သူတစ်ယောက်က နွား ကျောင်းသားကို နေပူပူမှာ နွားကျောင်းနေမယ်အစား တရားသွားနာမယ်ဆိုရင် ငွေတစ်မတ် ပေးမယ် လို့ဆိုသည်။ နွားကျောင်းသားလည်းငွေတစ်မတ်ရဖို့ တစ်လလောက်လုပ်ရမှာကို တရားနာတဲ့နေ့တိုင်း ရမယ် ဆိုတော့ တရား သွား နာသည်။ တရားနာတယ်ဆိုတာကြည့်တော့သာ ထိုင်နေရတာ ။ကိုယ်နားမလည်တာတွေ သည်းခံပြီး နား ထောင်ရတော့ ဘယ်လိုမှအဆင်မပြေ။ ၂ ရက်ကနေ ၃ ရက်မြောက်တော့ မသွားဘူး။နွားပဲပြန်ကျောင်း နေတော့ မယ်ဆိုပြီး နွားကျောင်းသားဘဝပြန်ရောက်သွားသည်။နောက်တစ်အုပ်မှာတော့ တရားရသွားသဖြင့် တရားနာပြီး ငွေတစ်မတ်ယူရတာကို ရှက်လာသဖြင့် ငွေမယူတော့ပဲ တရားပဲဆက်နာသည်။ သောတာပန်တည်သွားသည်။
ကျွန်တော်တို့ Steemit တွင် ပို့စ်တင်သည့်အခါ ဒုတိယနွားကျောင်းသားမျိုးတွေများများတွေ့ချင်သည်။ သို့သော် အများအားဖြင့်ပထမနွားကျောင်းသားများကိုသာတွေ့ရတတ်သည်။သို့သော် ကျွန်တော်သည် စာမဖတ် သူကိုသာတစ်ဖက်သတ်အပြစ်တင်နေလို့လည်းမရပါ။ ကျွန်တော်တို့ရေးသားနေသော ပို့စ်များသည် မြတ်စွာ ဘုရားဟောကြားသော တရားတော်များနှင့်တော့ မနှိုင်းယှဉ်အပ်သော်လည်း လူဖတ်ချင်အောင်ရေးဖို့လည်လို အပ်သည်။ အကောင်းဆုံးမဟုတ်သော်လည်း လူမသိသေးသော၊လူသိနည်းသော၊လူအကျိုးပြုသော အကြောင်း အရာကလေးများကိုတော့ ရွေးချယ်ရေးသားရန်လိုပါသည်။ Facebook ကဲ့သို့ ဘာစာရေးရေး အဆင် ပြေနေ မည့်နေရာမျိုးတော့မဟုတ်ပါ။ Pro တင်သောစာမို့ ဖတ်ရမည်မန့်ကိုမန့်ရမည်ဟု သတ်မှတ်ထားကြသဖြင့် အနုအရွ ရည်းစားစာများကို ကိုယ်လိုအဖိုးကြီးများက မန့်ပေးရသည်မှာ အတော်အခက်အခဲရှိသည်။
ခြုံငုံ၍ဆိုရလျှင် စာတွေကိုလည်းဖတ်စေချင်သည်။ ဖတ်ချင်အောင်လည်းရေးစေလိုသည်။ မိမိစာကိုဖတ် မည့်သူကို အားနာသောအားဖြင့် စေတနာလေးလဲထားစေလိုသည်။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

Sort:  

ဟုတ်တယ်ဗျို့ ဦးစိုးရေ လူအများကို စာဖတ်စေချင်တာ သူတို့တွေက တလွဲဆံပင်ကောင်းနေကြတယ်ဗျာ။

တစ်ခုတော့ရှိတာပေါ့လေ၊ကိုညီတို့၊ ဆရာတင်တို့လိုဖတ်လို့ကောင်းတဲ့စာမျိုးတွေရေးတာတောင် သိပ်မဖတ်ကြတော့ အဖြစ်ရေးတဲ့စာမျိုးကျဖတ်ပေးဖို့ခက်မှာပဲ။ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုရွေးအဖွဲ့ကဆရာကြည်စိုးထွန်းပြောသလို တာဝန်အရသာကြည့်ရတာ စိတ်ကိုပျက်ရောဆိုတာမျိုးတွေလည်းရှိပါတယ်

ဟုတ်တော့လဲ ဟုတ်ပါရဲ့ဗျာ။

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by minsoenaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျ​နော်​တို့ လူငယ်​​တွေကို စာဖတ်​ချင်​လာ​အောင်​ ဘယ်​လိုလုပ်​ရမလဲဗျာ သူတို့က စာအုပ်​ထက်​ အင်​တာနက်​ဂိမ်း​တွေပဲ စိတ်​၀င်​စားကြတာ

ဆရာကောင်းသန့်ပြောတာကတော့ ဂိမ်းအပြင်သူတို့ဝါသနာပါတာ အခြားတစ်ခုခုရှိမှာပေါ့နော။အဲဒီတစ်ခု ဥပမာ စက်ပြင်တာကိုဝါသနာပါတယ်ဆိုင်ရင် စက်ပြင်တဲ့စာအုပ်မျိုးတွေပေးဖတ်တော့ ဖတ်ကြတယ်ဆိုပဲ

Very nice

Thank you for your upvote and comment.So i upvote your 5days ago post

Nice Post bro
Keep try On

ကျွန်တော်လည်းသေချာဖတ်ပြီးမန့်ရင် 0.04 sbd ဆိုပြီးလုပ်နေရတာကိုမင်းစိုးရေ၊ ကျုပ်တို့ငယ်ငယ်က (၉)တန်းကျောင်းသားညဝမှာ တစ်လထွက်တဲ့ ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ် မဖတ်ရသေးတာမရှိအောင်ကိုဖတ်ခဲ့တာ။

စာအုပ်ဆိုင်ကအပြန်အိမ်ရောက်မှာမဖတ်နိုင်ဘူး၊လမ်းဘေးဓါတ် တိုင်အောက်မှာပြီးအောင်ဖတ်နေသေးတာကျွန်တော်က