Steemit ဆိုတာ Social Network တစ်ခုပါ။

in #myanmar6 years ago (edited)

image

Steemit ဆိုတာ Social Network တစ်ခုပါ။

Social Network ဆိုတာဆိုတာလည်း စကားစမြည်ပြောစရာ အသိညာဏ်ဖယ်လှယ်ဆွေးနွေးရာတိုင်ပင်ရာနေ ရာပါ။ သို့သော် Steemit ရဲ့ထူးခြားချက်က စကားစမြည်ပြောရင်း၊ တိုင်ပင်ရင်း၊ အသိညာဏ်ဖယ်လှယ်ကြရင်း ဝင်ငွေရစေ ရန်ပါဖန်တီးထားတာပါ။ အဲဒီတော့ အသိညာဏ်များများဖယ်လှယ်လေလေ၊ စကားစမြည်များများပြောလေလေ၊ တိုင်ပင် ဆွေးနွေးငြင်းခုံလေလေ ဝင်ငွေရလေလေဖြစ်အောင်ဖန်တီးထားတာပါ။ဒါကြောင့် စကားစမြည်များများပြောပါ၊အသိညာဏ် များများဖယ်လှယ်ပါ၊တိုင်ပင် ဆွေးနွေးငြင်းခုံပေးကြပါ။

တစ်နေ့တစ်နေ့ Facebook messenger မှာပြောဆိုဆွေးနွေးနေကြပြီး ဆွေးနွေးငြင်းခုံသမျှ အပြန်အလှန် vote ကြ၊ မန့်ကြ၊ မန့်တွေကို Vote ကြဆိုရင် ဘယ်လောက်အဓိပ္ပါယ်ရှိသွားမလဲ။ တကယ်တော့ ကျွန်တော်တို့တွေဟာ ခက်ခက်ခဲခဲ ပို့စ်တွေရေးတင်ကြ၊ စာလုံးရေပြည့်မီအောင်ကြိုးစားကြ၊ဆောင်းပါးရှည်တွေ၊ ဝတ္တုတွေ သူများဖတ်ချင်မှန်းမသိ၊မဖတ်ချင်မှန်း မသိ ရေးနေကြ၊ကိုယ်ကလည်းစိတ်မပါ့တစ်ပါနဲ့ ဝတ္တရားကျေအောင် သီးခံဖတ်ရှုပြီး မရေးချင့်ရေးချင် မန့်တွေကို ဖြစ်ညှစ်ရေးနေကြ ပြီးတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် Vote ပေးလိုက်ကြ။

တကယ်တော့ Steemit ကခရီးရှည်ကြီးပါ။ ဒီခရီးကိုဒီနည်းနဲ့သွားနေတာမှန်ရဲ့လား။ပြန်သုံးသပ်သင့် တယ်ထင်ပါ တယ်။ ကြာရင်ခြေကုန် လက်ပမ်းကျလာကြမှာမလွဲပါ။ဘယ်လောက်အတွေ့အကြုံတွေရှိနေပါသလဲ၊ ဘယ်လောက် အတွေး အခေါ်တွေရှိနေပါသလဲ၊ ဘယ်လောက် ဖန်တီးနိုင်စွမ်းတွေရှိနေပါသလဲ။လူတွေဟာမငြီးမငွေ့ နေ့စဉ်စကား စမည်တွေ ပြောကြား နေကြပေမယ့် နေ့စဉ်စာရေးနိုင်ပါ့လား။ Steemit သည် Post ရေးတင်မှသာ Vote ပေးနိုင်သည်ဟု သတ်မှတ်မထားပါ။ စာကားစမြည်တွေကိုလည်း Vote ပေးနိုင်ကြောင်းအားလုံးအသိပင်ဖြစ်ပါသည်။

လွန်ခဲ့သော ၅ ရက်ခန့်က @mmunited ဆိုသူက ကျွန်တော်၏ စည်းလုံးညီညာ Steemit Myanmar အစီ အစဉ်တွင် Link လာချပေးပါတယ်။ သူ၏ ရည်ရွယ်ချက်မှာ သူ့ပို့စ်ကို Vote ပေးစေဖို့ထက် သူ့အစီအစဉ်ကို ဖတ်ရှုကြည့် စေလိုပုံရပါသည်။ သူရေးသားပုံမှာ မေးခွန်း… သင့်အကြိုက်ဆုံး ရုပ်ရှင်နှင့် ကြိုက်ရသည့်အကြောင်းရင်းတဲ့။အဲတာကို မန့်ပြီး အထက်အောက် မန့်တွေကိုပါ။Up Vote ပေးခိုင်းတာပါ။လူတိုင်းမှာ အကြိုက်ဆုံးရုပ်ရှင်ရှိကြပါတယ်၊ ကြိုက်ရသည့်အ ကြောင်း ရင်းလည်း ရှိပါတယ်။ တကယ်တော့ ဒါဟာဆွေးနွေးငြင်းခုံဖို့အလွန်ကောင်းတဲ့ လုပ်ဆောင်ချက်ပါ။ သူရဲ့လုပ် ဆောင်ချက်ကအလွန်ကောင်းမွန်ပေမယ့် အဲ့ဒီနေ့က ကျွန်တော်အပါအဝင် ၄ ဦးသာပဲ ဝင်ရောက် ကွန်မန့်ရေးခဲ့ကြပါတယ်။

တကယ်တော့ ကျွန်တော်တို့တွေဟာ မတတ်တစ်တတ် ရေးသားနေကြတဲ့ ဝတ္တုတွေကိုမပြောနဲ့ တကယ့်စာရေး ဆရာကြီးတွေ ကိုယ်တိုင်ရေးသားနေကြတဲ့ ဝတ္တု၊ဆောင်းပါးတွေကိုတောင်ဖတ်ဖို့ အချိန်ပေးချင်ကြတာမဟုတ်ပါဘူး။ ဒီမှာက Dollar လေးမြင်ပြီးအောင့်အီးဖတ်နေကြတာဟာရေရှည်အတွက် အကောင်းဘက်မှာမရှိပါဘူး။ ဒါကြောင့်လည်း MSC မှာ Steem ဈေးတွေ တက်လာလိုက်၊ Member တွေ တိုးလာလိုက် Steem ဈေးတွေထိုးကျလာလိုက် Member တွေပျောက်သွားလိုက်ဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့တွေ အပြန်အလှန်စကားစမြည်ပြောမှု အများဆုံးပို့တွေကို Steemit ကသတိထားစောင့်ကြည့်ပြီး ထောက်ပံ့မှုပေးလာတတ်တယ်ဆိုတာ မသိရှိကြတာပါ။တကယ်ကတော့ messenger မှာ မန့်ရတာလွယ်ပြီး Steemit မှာ မန့်ရတာခက်ခဲ့ပါတယ်။အဓိကကတော့ အလွယ်တကူ sent လို့မရတာပါ။ ဒါကြောင့်လူ့သ ဘာဝအရ လွယ်တဲ့နေရာမှာ အတိုင်းအဆမရှိပြောဆိုနေတတ်ကြပေမယ့် ၊ခက်တဲ့နေရာမှာတော့ တစ်ချက်လောက်မန့်ဖို့ အလွန်အားယူရပါတယ်။

ဒါကြောင့်အများစုစိတ်ဝင်စားမှု အရှိဆုံးအကြောင်းအရာတစ်ခုကို တင်ကြပြီး ဝိုင်းဝန်းဆွေးနွေးကြရင် Active ဖြစ်လာကြမယ်ထင်ပါတယ်။ ဒီတော့ အများစုစိတ်ဝင်စားမယ့်အကြောင်းအရာတွေက ဘာပါလဲ။ ရုပ်ရှင်လား၊ ဂီတလား၊ ကဗျာလား၊ ဆောင်းပါးလား၊ဝတ္တုလား။တစ်ခုမှမဟုတ်ပါဘူး။ တကယ်အများစုစိတ်ဝင်စားတာက ငွေပါ။ Steemit ပေါ်ရောက်ရှိလာကြသူအများစုကလည်း ငွေအတွက်ရောက်လာကြတာများပါတယ်။ ဒီတော့ Steemit မှာ SP တိုးနိုင်မယ့်နည်းလမ်းတွေ၊ RP ကိုအချိန်တိုတိုအတွင်းတိုးစေတဲ့အကြောင်းရင်းတွေ၊ UP vote အရများနိုင်မယ် နည်းလမ်း တွေရေးနိုင်သူကရေးမယ်။ မရေးနိုင်သူကမေးမယ်။ မေးတဲ့သူကို CB Please မလုပ်ပဲနဲ့ မန့်မှာတစ်ခါတည်းဖြေ၊ မရှင်းရင်ထပ်မေး၊ ရေးတဲ့သူထက်ပိုနားလည်တဲ့သူပါရင် ဝင်ပြီးရေးပေး။ဒီလိုရေးပေးလာသူကိုလည်း အပြန်အလှန် Vote တွေပေး။ ဒီလိုလုပ်သွားကြရင် နိုင်ငံခြားပို့စ်တွေမှာ ယခုအချိန်အထိ တွေ့မိကြလားမသိဘူး။ 1000.00$ အကျော်တွေခု အထိရှိကြတုန်းပါ။ မန့်တွေကြည့်လိုက် ရာချီနေတယ်။ ကိုယ်မန့်တာတောင်သိပါ့မလား စိတ်ပူမိသေးတယ်။ ဒါပေမယ့် သူတို့ဒီလိုမျိုးသွားနေကြတာပါ။

နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ အသိညာဏ်ဖယ်လှယ်ပါ၊ ဆွေးနွေးငြင်းခုံပါ၊ စကားစမြည်ပြောကြပါ။ ယခု ဤနေရာမှစတင်ကာလေ…..

မင်းစိုးနိုင်

MSC 010

Photo-Google

Sort:  

ကောင်းတယ် ဘရို။ ကျွန်တော်လဲ ဝင်ဆွေးနွေးပေးပါ့မယ်။

တဖြည်းဖြည်းစွဲခေါ်ရဦးမှာ ယုံကြည်မှုမရှိကြသေးဘူး၊

အဲ့ဒီ feel ကျနော့မှာလည်းရှိတယ်သူများဖတ်ချင်၏မဖတ်ချင်၏မသိစာတွေရေး၊ရေးလိုက်တဲ့စာက မကောင်းရင်လည်း ကိုယ့်ဘာသာမလုံမလြဲဖစ်ရတယ်၊ဘယ်သူကမှတော့ မကောင်းပါဘူးလို့မမန့်ပေမယ့် တာဝန်တစ်ခုကြောင့်သာ မန့်တွေရေးကြ ကောင်းကောင်းမကောင်းကောင်း ကောင်းပါတယ် ပြောရနဲ့၊တစ်ခာတစ်လေ ဦးမင်းပြောသလိုပဲ ခြေကုန်လက်ပမ်းကျချင်ချင်ဖြစ်တယ်၊steemit ကိုဝင်လာတဲ့သူတိုင်းက ရလာမယ့် $လေးတွေတော့ မက်ကြတာပါပဲ၊steemit မှာတင်မဟုတ်ပါဘူး အရိယာမဖြစ်သေးသ၍ လူတိုင်းကတော့ ငွေမက်ကြမှာသေချာပါတယ်။သိုပေမယ့်လည်း အဖွဲ့အစည်းနဲ့လုပ်ကြတာဆိုတော့ အဖွဲ့ရဲ့ မူဘောင်အတိုင်းပဲသွားရမယ်ဆိုတာ နားလည်ပါတယ်၊ကောင်းတာကတော့ စာလေးလဲရေး ဦးမင်းပြောသလို စကားစမြည်ပြောကြသလိုလည်းလုပ်နိုင်ရင်တော့ သက်တောင့်သက်သာ နဲ့ရေရှည်ခရီးသွားနိုင်တာပေါ့၊

ဟုတ်တယ် အဲတာကိုဆိုတာပဲ စာကားစမြည်ကိုလည်း vote ပေးနိုင်တာပဲနော၊ တစ်ခုပဲရှိတယ်၊ VP ကအကန့်အသတ်ရှိတော့ အကုန်တော့ vote ပေးနိုင်မှာမဟုတ်ဘူး ၊စကားကတော့ အများကြီးပြောလို့ရတယ်

ကျ​နော်​ဒါကိုမြင်​ခဲ့တာကြာပါပီ။ ခက်​တာက ဥမင်​ ​ပြောခဲ့သလိုပဲ လွယ်​လွယ်​ကူကူ sent မရတာလည်း အားနည်းချက်​တခုလို​ပေါ့။ အဲ့အတွက်​ steemit chat အဖွဲ့​တွေလုပ်​ခဲ့​ပေမယ့်​ active မဖြစ်​ကြ​တော့ အဆင်​မ​ပြေခဲ့ဖူးဘူး။ ​နောက်​တခုက social media ​တွေ​တော်​​တော်​များများက $ မရ​တော့ ဒီအတိုင်း​ရေးကြတာ။ ဒီမှာက $ ရ​နေ​တော့ ​$ပိုရဖို့ Q post ​တွေ​ရေးတာထက်​ အခြားနည်းလမ်း​တွေသုံးလာကြတယ်​။ ဥပမာ bot ​တွေ​ပေါ့။ steemit ကလည်းဒါကိုမြင်​တယ်​ သို့​သော်​ ထိန်းချုပ်​ဖို့ကလည်း အချိန်​ယူ လုပ်​​ဆောင်​​နေပါတယ်​။အနည်းနဲ့အများ​တော့ ​အချိန်​ကျရင်​အဆင်​​ပြေသွားမှာပါ။

Steem chat ကဘာအကျိုးရှိလို့လည်း ၊ messenger ထက်ခက်တာပဲပိုတယ်၊ bot တွေကလည်းအဆင်မပြေပါဘူး ၊ရှုံးအောင်လုပ်ထားတာ စကားပြောတာကို vote လ်ု့ အဲ့မှာမရဘူးလေ၊ ဒီလိုအပြန်အလှန်ပြောရင်း vote သွားမှနည်းမှန်မယ် ၊ ပို့စ်တွေ နေ့တိုင်းမတင်နိုင်ပေမယ့် စကားကနေ့တိုင်းပြောလို့ရတယ်လေ၊

ကျွှန်တော်တို့ကတော့ အသိပညာအားနည်းသူတွေဆိုတော့ သူများလုပ်တဲ့ဆီမှာ ဝင်လုပ်နေရဆဲပါ ။ တစ်ကယ်လို့ အဲ့ဒီထက်ကောင်းတဲ့ အစီစဉ်တွေကို အကောင်ထည်ဖော်နိုင်တယ်ဆို steemit ထက်ကောင်းတာတစ်ခု ကိုယ်တိုင်ဖန်တီးလိုက်ရင် အရမ်းကိုအောင်မြင်မယ်ထင်ပါတယ် အလွန်ကောင်းတဲ့ အကြံဥာဏ်တွေရှိထားပြီးရင် လက်တွေ့လုပ်ဖို့ဘဲလိုတာပါ အဲ့ကျ ကျွှန်တော်တို့လဲ အကောင့်လေးတစ်ခုလုပ်ပြီး လာရင် လာဖြစ်မှာပေါ့ဗျာ ။

လေ့လာနေဆဲပါဆရာ

စကားစမြည်ကတော့ လေ့လာစဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပြောလို့ရပါတယ်

ဒို့က​တော့ စကားကိုFbချက်​​ဘောက်​မှာ​ပြောလွန်းလို့လူ​တွေ​တောင်​အမြင်​ကပ်​​နေပီ

ချက်ဘောက်ကမပြောပဲ မန့်မှာပြောပြီးပိုက်ပိုက်ယူဖို့ပြောနေတာပါ

VP ကကျနေပေမယ့် vote ပေးခဲ့ပါတယ်။ စကားစမြည်ပြောချင်ရင် Chat Group ထဲ လာလာနေပါ ဆာမင်းစိုးရယ်

စာကိုမဖတ်ဘူးလား ဆရာစိုး chat group ကို steemit ထဲရွေ့ခိုင်းနေတာပါ၊

သူတို့အတွက် အကျိုးရှိစေတာက ဝေဖန်တာကိုလက်ခံနိုင်ကြလို့ပါ ဒီမှာက ဝေဖန်တာကို လက်မခံနိုင်ပါဘူးလေ ပြဿနာတွေ ဖန်တီးပေးသလိုဖြစ်သွားဖို့ များပါတယ် အာ့ကြောင့် Chat group ပဲဖြစ်နေနိုင်သေးတာပါ စိတ်သဘောထားလေးတွေမြင့်လာပြီဆိုရင်တော့ နိုင်ငံခြားသားများလို ဖြစ်နိုင်ပါလိမ့်မယ် Post ကိုတောင် vote သိပ်မလုပ်ချင်ကြသေး မန့်ဆိုရင် vote ရဖို့မလွယ်နိုင်သေးပါဘူး ဆာမင်းစိုးရယ်

ဘာသာရေး၊နိုင်ငံရေးမှမဟုတ်တာဆရာစိုးရယ်၊ပညာရပ်ဆိုင်ရာတွေ အထူးသဖြင့် Steemit နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့၊တချို့ကလေ့လာအားကောင်းတယ်၊အချို့က ဝေဖန်အားကောင်းတယ်၊အချို့က မှတ်ဉာဏ်ကောင်းတယ်၊ အမြင်မတူသူတွေဝိုင်းဆွေးနွေးမှ အားလုံးမျှမျှတတ ပညာရလာမှာလေ ၊ခုဟာက သိတဲ့သူတွေကသိသလောက်ရေးပေမယ့် ။လူတွေကနားမလည်ဘူး၊chat group ဆိုတာလည်း တစ်ယောက်တစ်ပေါက်ပြောချင်ရာပြောကြတော့ မသိလည်ငြိမ်နေလိုက်ရရော

စဉ်းစားကြည့်ကြတာပေါ့ဗျာ

ဆရာ ရွှေ့ပေးပါ ။ လိုက်လာမည့်သူတွေ ရှိကောင်းရှိမှာပါလေ ။ ဘားဟုဖူး ဆွေးနွေးငြင်းခုံဆိုလို့ လိုက်ပတ်ပြောနာ ခ်ခ်

မှန်ပါတယ် အကို ။အဓိကပြသနာက စိတ်ဝင်စားမှု အားနည်းကြတာပါ content ကို ။
အပြစ်တင်လို့ ကလည်း မရပြန်ဘူးဗျ။ တော်တန်ရုံဝါသနာနဲ့ တော့ ဝထ္ထုတိုပေါင်းချုပ်
ကြီးကို ဖတ်ရသလိုမျိုး တစိုက်မတ်မတ်ဖတ်ကြလိမ့်မယ်မထင်ဘူးဗျ။ ဒါမျိုးကျ ဖေ့ဘွတ် အသုံးပြုသူတွေက အားသာသွားပါတယ် ။ဘယ်လိုအားသာတာလဲဆိုတော့ ဖေ့ဘွတ်ကိုလူတွေဘာကြောင့်သုံးတာလဲဆိုရင် ဗဟုသုတ ရလို့ မဟုတ်ပါဘူး။ အင်ဖော်မေးရှင်း လိုချင်လို့ ပါ ။ လူတွေက အင်ဖော်မေးရှင်းကို အဓိက စားသုံးကြပါတယ်။ education ကိုပြောတာမဟုတ်ပါဘူး ၊ ဆိုရှယ်မီဒီယာတစ်ခုမှာ
education လုပ်နိုင်ဖို့ ဆိုတာကလည်း တကယ်မလွယ်တာပါ။ ခေတ်နဲ့ အမီ
သတင်းအချက်အလက်တွေကိုသာ လူတွေကလိုချင်တာပါ။ ဖေ့ဘွတ်က အဲဒီ
အချက်ကို အဓိသုံးပြီး attention base လုပ်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ 
Pro ပို့ စ်တွေကိုလည်း ဂျာနယ်တစ်စောင်ကို ဖတ်ရသလိုမျိုး ကဏ္ဍစုံအောင်
စီမံခန့် ခွဲသွားနိုင်မယ်ဆိုရင် လူတွေကတကယ်စိတ်ဝင်စားပြီး ဗုတ်ပေးလာကြလိမ့် မယ်လို့ ထင်မိပါတယ် အကို။

ကဏ္ဍစုံအောင်ဆိုတာက ကဗျာ၊ဂီတ၊ကာတွန့်၊ဝတ္တု၊ဆောင်းပါး ဒီလိုလား။ကျွန်တော့အမြင်ကတော့ online money ကဏ္ဍကိုသာ info မျိုးစုံနဲ့တင်မှလူတွေစိတ်ဝင်စားမယ်ထင်နေတာပါ၊

ဟုတ် ကျနော့် အမြင်တော့ steemit က user interface ပိုင်းမှာ အားနည်းချက်ရှိပါတယ်။ အဲဒီအားနည်းချက်ကလည်း copyright ကြောင့်ပါ။ social media ဆိုပေမယ့်
blog ရေးရတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ online money ကဏ္ဍကိုပဲ တင်နေကြမယ်ဆို ရင် ကြာရင်လူတွေ စိတ်ဝင်စားမှုက အချိန်ကြာလာရင်နည်းလာမယ်ထင်ပါတယ်။
ကဗျာ၊ဂီတ၊ကာတွန့်၊ဝတ္တု၊ဆောင်းပါး ဆိုတာထက် သတင်းကို (News) တွေက
လူတွေကို ဖတ်ဖြစ်အောင်ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ်ဗျ။

ဟုတ်တယ် အဲ့ဒီစိတ်ကူးလေးမဆိုးဘူး အပြန်အလှန် ကွန်မန့်မှာ ပြေကြရင်းနဲ့လဲ ရင်နှီးမှုရနိုင်တာပဲ

ခုတော့ မန့် vote တွေသိပ်မပေးနိုင်ပေမယ့်နောက်မှာ ပေးလာနိုင်ကြမှာပါ၊ Chat group မှာ ထွေရာလေးပါးပြောနေကြတာထက် ပိုကောင်းမယ်ထင်တယ်လေ

ဟုတ်တယ်နော်

ဆရာ ပြောသလို တကယ်ကို မတွေးမိခဲ့ဘူးဗျာ..

လက်ခံတယ်ဆိုရင်ကျေးဇူးတင်ပါသည်

ကောင်းတယ်ဗျာ ဒီအကြံလေး အရင်က ဖြစ်ခဲ့ဖူးပါတယ်။ သို့သော် များသောအားဖြင့် ဆွေးနွေးင်ြင်းခုံဖို့ နေနေသာသာ ပိုစ်ကိုတောင်ဆုံးအောင်ဖတ်မသွားကြ အားနာမန့်လေးတွေမန့်သွားကြတာများပါတယ်။ ဒါပေမယ့်လေ ကိုယ့်ဘလော့ကိုရောက်လာသူတိုင်းကိုလေးစားပါတယ်ဗျာ။ ကိုကြီးစိုးပြောသလို တဖြေးဖြေး လုပ်ကြည့်သွားကြမယ်လေ။ မန့်တိုင်းတော့ မဘုတ်နိုင်ပေမယ့် ပြန်လှန်စကားပြောခြင်းတော့ လုပ်နိုင်ပါတယ်။

ဒီလိုကိုညီရေ လူတွေက ဝတ္တုတွေ၊ဆောင်းပါးတွေအတွက် မဖတ်ချင်သူရှိနိုင်ပေမယ့် ၊နည်းပညာတော့ စိတ်ဝင်စားမှာအမှန်ပါ၊တခြားနည်းပညာကိုပြောတာလည်းမဟုတ်ပါဘူး၊ steemit ကမသိသေးတဲ့ လေ့လာစဲ ပညာတွေကိုဆွေးနွေးပေးဖို့ပါ၊မန့်သမျှတော့လောလောဆယ် vote မပေးနိုင်ဘူးပေါ့

ဆွေးနွေးငြင်းခုံအဖြေရှာကြိုးစားသင့်ပါသည်

ခုကစပြီးငြင်းခုံလို့ရပါပြီ၊အားနာဖို့မလိုပါ

ဆွေးနွေးမှုဆိုရင်တော့ ထောက်ခံပါတယ် အန်ကယ်

ဆွေးနွေးတယ်၊ပြောဆိုတယ်၊တိုင်ပင်တယ်၊ဖယ်လှယ်တယ်ပေါ့

တခြားအရာလည်း ပြောလို့ ရတယ်ပေါ့ အဓိက မန့် post များများတတ်လေ user rp တတ်လေ ဆိုတဲ့ ရည်ရွယ်ချက်ထင်တယ် ဦးမင်းရေ

မှန်ပါတယ်ဘုရား

လေးစားပြီးဗျာ ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းလို့
စိတ်ကူးအသစ်လေးကောင်းတယ်

အင်း @ansoe တို့ကတော့ဆွေးနွေးငြင်းခုံဖို့ဆိုတာ တို့လူမျိုးတွေအတွက်မဖြစ်နိုင်သေးဘူးတဲ့မန့်သွားတယ်၊ ကိုပြောချင်တာက ဘာသာရေးနိုင်ငံရေးလို ကိစ္စမျိုးတွေငြင်းခုံမှာမဟုတ်ပါဘူး ၊ငွေရှာတဲ့နေရာမှာအယူအဆအမှားအမှန်လေးတွေပါ၊ဥပမာ cheetah ကအစကတကယ်ကြောက်ဖို့ကောင်းတဲ့အမှန်တရား နောက်ပိုင်းကျလူရှုပ်လူပွေလိုလျောက်လုပ်နေတာမျိုးတွေပေါ့

မိမိက စပြောင်းလဲရပါမည်။

မှန်ပါပေသည်၊အဓိကက လူအားလုံးလက်သင့်ခံနားလည်လာအောင်လုပ်ရပါသေးသည်၊ နားလည်လက်ခံမှပြုပြင်လို့ရပါမည်

အကြောင်းအရာတစ်ခုကို တည်ပီး ပြောခိုင်းတာမျိုးထက် ကိုယ်ကြိုက်တာကိုယ်ဝင်မန့်ခိုင်းရင် လူပိုစည်မယ်ထင်ပါတယ်။

မှန်ပါတယ် ၊အကြောင်းအရာက မျိုးစုံမှာပါ၊

ကျွန်​မလည်း​ထောက်​ခံတယ်​ရှင့်​။တခါတခါမဖတ်​ချင်​ဘဲဖတ်​​နေရတာ​တွေရှိတယ်​။ကိုယ့်​​ရေးတဲ့စာကိုလည်းတခြားသူ​တွေဒီလိုfeelingဖြစ်​မှာပါပဲ။

လူတိုင်းဖြစ်ကြမှာပဲ

နည်းဗျူဟာ ပိုင်း ပျောက်နေတာလို့ထင်တာပဲဗျာ
ကျွမ်းကျင်သူများကျတော့ တစ်လတောင် မကြာဘူး rp 50 ကျော်သွားတယ်လေ
ကျွန်တော်တို့က စာရေးဖို့ sbd လောက်ရဖို့ အားသန်နေတာ တကယ်တော့ steemit က ဘယ်လို အလုပ်လုပ်သလဲ steemit က ဘာလိုချင်တာလဲ ဘာဖြစ်စေချင်တာလဲ ဘယ်ကိုရွေ့မှာလဲ ဒါတွေကို အခြေခံကျကျ စဉ်းစားတာ ဘယ်သူလဲ ကျွန်တော်တော့ မဟုတ်ဘူးဗျ 😜
end user လောက်သာ သုံးတတ်တာ ဗျာ ခုလို ဈေးကျတော့ မောတာပေါ့
ဗျူဟာ ကျကျ ချဉ်းကပ်မယ် steemit လိုချင်တာလေး ပေးလိုက် ကျွန်တော်တို့ လိုချင်တာလည်း ပြန်ယူဆိုရင်တော့ steemit သုံးရတာ ဘာခက်မလဲ
ကျွန်တော်ဆို steemit welcome page ကို စုံအောင် မဖတ်ရသေးဘူး အဲဒီမှာ ပြောပြပေးထားတာ တော်တော် ကောင်းတယ် ခင်ဗျ ဒါပေမဲ့ တစ်ခုတော့ ပျောက်နေတယ်
အဲဒါက တော့ သဘာလေ
ဒီတော့ သဘာရယ် အထာရယ်ပေါင်းလိုက်ရင် ???
@aggamun

မှန်လိုက်တာ ဒါပဲဗျ ကျွန်တော်တို့ အမြဲမြင်တွေ့နေတဲ့ $1000 တွေကို ကိုယ့်လောက်တောင် RP မရှိသေးတဲ့သူတွေမှာမြင်နေရတယ်ဒီလူတွေ ဘာနည်းလမ်းနဲ့သွားနေကြလည်းသိဖို့လေ့လာဖို့လိုနေတာ၊

ဟုတ်ဗျ 👍

မတူတဲ့ရှုထောင့်လေးကနေအပြုသဘောဆောင်ပြီး
ရှင်းပြသွားလို့ကျေးဇူးပါအစ်ကိုရေ
အဲ့လိုအစီအစဉ်တွေရှိလာခဲ့ရင်လည်း
ပါဝင်ဖို့အဆင်သင့်ပါပဲဗျာ

@minsoenaing has set 0.050 STEEM bounty on this post!
logo_for-light-bg_1000.png

Bounties are a new way you can earn rewards irrespective of you Steem Power. Go here to learn how bounties work.

Earn the bounty by commenting what you think the bounty creator wants to know from you.

Find more bounties here and become a bounty hunter.

Happy Rewards Hunting!

Congratulations to the following winner(s) of the bounty!

  • @ayeayethaw has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @zinminhtet has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @thatkozaw has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @mmunited has earned 0.007 STEEM. 0.005 STEEM from the creator of the bounty and 0.002 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @ansoe has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @yuzana has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @kyawthuyein has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @nweoomon has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @nyinyiwin has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.
  • @thettinaung has earned 0.005 STEEM. 0.005 STEEM from the creator of the bounty and 0.000 STEEM from the community!
    Find more bounties here and become a bounty hunter.