ကျွန်တော့် နာမည်က မင်းဝဏ်ပါ
၂၅ရက် ၆လ ၁၉၉၈ မှာ မွေးပါတယ်
အဖအမည် ဦးနိုင်ဝင်း
အမိအမည် ဒေါ်ခင်နှင်းလှိုင်
စစ်တုရင်ကို ကျွန်တော် ၂တန်းနှစ်ကတည်းက စတင် မိတ်ဆွေဖွဲ့ခဲ့မိတယ်
ငယ်ငယ်ကတည်းက အဖေ့ အလုပ်ရုံလိုက်သွားတိုင်း အလုပ်သမားအကိုကြီးတွေနဲ့ ကျားကစားတယ်
ကျွန်တော့်စီ စစ်တုရင်ကစားနည်း သယ်ဆောင်လာတာက ကျွန်တော့်အကို
မှတ်မှတ်ရရ အာ့တုန်းက အရုပ်နဲ့ ကစားတာမဟုတ်ဘူး
သွားတိုက်ဆေးဗူးက ဂျပ်ထူတွေကို ဖြတ်
အာ့အပေါ် စာရေးပြီးဆော့ခဲ့တာ
အာ့အချိန်က R ကို ရပ်ကွက်အခေါ် c လို့ပဲ သိခဲ့တာ
မြင်းကို H ပေါ့
နောက်တော့ ကျွန်တော့်အကိုလဲ အတန်းကြီးလာတော့ ဆော့ရမဲ့သူမရှိတော့ မဆော့ဖြစ်တော့ဘူး
၈တန်းနှစ်မှ နည်းနည်း အပျော် ပြန်ဆော့ဖြစ်တယ်
၉တန်းနှစ်မှာ အား/ကာ က လူလာရွေးတော့ ပျော်မိသွားတယ်
ကျွန်တော် အား/ကာ မှာ ဆရာ သန်းထိုက်ဇော်ဆီက ပညာသင်ခွင့်ရတယ်
ဆရာရဲ့ အဆူခံရဆုံးကတော့ ကျွန်တော်ပေါ့
တစ်ရက်မှာ ဆရာ ဦးနေ၀င်း စစ်တုရင် ခန်းမထဲ ၀င်လာတယ်
သက်တမ်းအလိုက်ပြိုင်ပွဲရှိတယ်ပေါ့
အဲ့ပြိုင်ပွဲမှာတော့ ဆုမရလိုက်ပေမယ့် ခံစားချက်တွေတော့ တစ်ပုံကြီးရလိုက်တယ်
အားကစားသမားဆိုတာ အားကစားပြိုင်ပွဲဆိုတာ ဒါပါလား သိခွင့်ရလိုက်တယ်
အား/ကာ ဖိတ်ခေါ်ပြိုင်ပွဲမှာတော့ ကံမကောင်းပဲ တတိယလားပဲ ရတယ်
နောက်တော့ မန်းလေးတိုင်းပြိုင်ပွဲတွေ ၀င်ပြိုင်ဖြစ်တယ်
တိုင်းနဲ့ပြည်နယ် ပြိုင်ပွဲတွေ ၀င်ပြိုင်ရလာတယ်
ကျွန်တော့် သင်ဆရာ မြင်စရာတွေက ဆရာ ဦးဇော်ဝင်း,ကိုကျော်လေးထိုက်,ဦးဇော်ဝမ်း,ဦးနေဦး အစရှိသဖြင့် ပြောရင်မကုန်ဘူး
စစ်တုရင်သမားတိုင်းက ကျွန်တော့်ဆရာပဲ
ကျွန်တော့်အတွက် တန်ဖိုး အရှိဆုံးလို့ သတ်မှတ်ထားတဲ့ဆုက အမျိုးသားအားကစားပွဲတော်ဆုပါပဲ
စစ်တုရင်က မှော်ဆန်တယ်
ပြိုင်ပွဲရလဒ်တွေက မျက်လှည့်ဆန်တယ်
ထင်မှတ်ထားတဲ့ အရာတွေထဲက မထင်မှတ်ထားတာတွေ ထွက်လာတယ်
အားကစားတစ်ခုကို စားဝတ်နေရေးဆိုတဲ့ အရာတစ်ခုက ဖုံးသွားတတ်တယ်
ကျွန်တော့်အတွက် ဖုံးသွားစေတယ်
စစ်တုရင်အမျှ ချစ်ရတဲ့ ဘာသာရပ်တစ်ခု ကျွန်တော်ထပ်တွေ့တယ်
သူ့ကို လေ့လာတယ်
သူကနေ အခု စားဝတ်နေရေးအတွက် အလုပ်တစ်ခုရလာတယ်
ဒါပေမယ့် ကျွန်တော့်အတွက် စစ်တုရင်နဲ့တော့ အတော်ဝေးသွားစေခဲ့တယ်
နောက်ဆုံးပြိုင်ပွဲ ရလဒ်က ကျွန်တော့်ကို စစ်တုရင်ပြိုင်ပွဲတွေကနေ လက်ပြစေခဲ့တယ်
စစ်တုရင်ကို မချစ်တာ မဟုတ်ပါဘူး
ခပ်ဝေးဝေးတစ်နေရာကနေပဲ ကျွန်တော် လှမ်းမျှော်ကြည့်နေတော့တာပါ
စစ်တုရင်ခုံမြင်ရင်တော့ ကစားမိပါတယ်
problem တွေမြင်ရင်လဲ တွေးမိပါတယ်
ပြိုင်ပွဲလေးတွေ ၀င်မပြိုင်ဖြစ်တော့တာ
စာအုပ်တွေ ဆက်မလေ့လာဖြစ်တော့တာ
၂ခုတည်းပါပဲ :3
အခု ကျွန်တော့် ဘ၀ရဲ့ အရေးကြီးဆုံးတွေထဲက တစ်ခုကို တွေ့ရှိခဲ့တယ်
Money is second god.
ကျွန်တော့် လိုအင်တွေ ပြည့်ဝဖို့
သင်တန်းတွေတတ်ဖို့ ပိုက်ဆံတွေ လိုလာတယ်
ကျွန်တော့် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ
ကျွန်တော် အလုပ်ကြမ်း မလုပ်နိုင်ခဲ့ဘူး
ကျွန်တော် Online ပေါ်က ပိုက်ဆံရှာဖို့ ကြိုးစားခဲ့တယ်
ဒါကြောင့် အခု ကျွန်တော် steemit ကိုရောက်လာတာပါ
အခု ကျွန်တော် တ၀ဲလည်လည်ဖြစ်နေတုန်း
steemit myanmar က အကိုတစ်ယောက်ရောက်လာပြီး အကူအညီပေးတယ်
နောက်လဲ အကူအညီတွေပေးကြပါအုံးလို့ ပြောကြားရင်း ကျွန်တော့် post ကို အဆုံးသတ်လိုက်ပါတယ်
MSC-074@minwan
အတော်လေးကောင်းတဲ့ introducing post ပါ။ Welcome to Myanmar steemit community .
Thz အဟီးး
I'm from indonesia
Welcome to steemit, and
I wish you luckWelcome @minwan
Thz bro
အကို့ရေမင်္ဂလာပါ vote and followခဲ့တယ်နော် ကျွန်နော်ကိုလဲvote and followပြန်ပေးပေးပါအုံးဗျ friနည်းနေလို့
hote အကို :*
Welcome to steemit
Hote bro
မင်္ဂလာပါ ကြိုဆိုပါတယ်ခင်ဗျ
ကျေးဇူးပါ အကိုရေ
Warmly welcom Bro,
Have a nice time in steemit.
Thz brother
welcome
Thz :*
Welcome bro
thz
Congratulations @minwan! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ကြိုဆိုပါတယ်
Hote
welcome par
hote
Congratulations @minwan! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ကြိုဆိုပါတယ်ဗျ
hote :*
Welcome
ေ ကျးဇူးပါ အကိုရေ
သားရေ MSC ကနွေးထွေးလှိုက်လှဲစွာနဲ့ကြိုဆိုပါတယ်။ အတွေးကောင်းကောင်းလေးနဲ့ ရေးလိုက်တာပါပဲ။ အတွေးကောင်းသလိုအရေးကောင်းဖို့လဲလိုအပ်တယ်သားရေ။ အခုလဲဆူမယ့်ဆရာတစ်ယောက်တိုးလာပြီလို့သတ်မှတ်ထားပေတော့၊ စာရေးသားပုံ နဲ့ပတ်သက်လာရင်ဆရာကတော့ဆူမှာပဲနော်၊ "ရှေးရှု့မေတ္တာ၊ ဂရုဏာနှင့်၊ နာနာကျင်ကျင်၊ အပစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ဆုံးမတတ်သူ၊ ဆရာဟူလော့"လို့ မန်လည်ဆရာတော်ကြီးစကားနဲ့ထပ်တူ ဆရာကတော့ဆူရမှာပေါ့ကွာ။ ဆရာမပြောဘဲနေရင် ဆရာလွတ်တော့ရိုင်း၊ မျဉ်းလွတ်တောကိုင်းတဲ့။ ဆရာကပြောနိုင်မှ ဆရာကောင်တပည့်၊ ပန်းကောင်းပန်လို့ ဆရာ့ထက်တပည့်လက်စောင်းထက်တော့မပေါ့ကွယ်။ Steem Myanmar အားလုံးကိုချစ်တဲ့ ဆရာTHO.