ညီညာလှပ ရင်သပ်ရှုမော မြ၀တီလမ်းအလှ
photo by moe wai (kamawet)မြဝတီလမ်းအလှပါ
ယခုအချိန်သည် နေရာတိုင်းတွင် လှပသပ်ရပ်သော လမ်းကောင်းများနှင့် ဆုံတွေ့သွားလာ နေကြရမည်ဟု ထင်မိပါသည်။
ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် တစ်နေရာကနေတစ်နေရာ သွားချင်လျှင် အချိန်ကို အများကြီး အသုံးပြုကြရပါသည်။မောပန်းစွာနှင့် အချိန်ကုန်ခဲ့ပါသည်။ ခန္ဓာကိုယ်အနှံ့ခရီးတစ်ခုသွားပြီး ပြန်လာသည့်အချိန်တွင် နာကျင်ခြင်းနှင့် ဆုံတွေ့ကြရပါသည်။
photo by moe wai (kamawet)
ယခုတိုးတက်လာသည့် အချိန်အခါကို မှီလိုက်ရသောလူများသည် ကံကောင်းသည်ဟု ဆိုရပါမည်။
ကျွန်မပြောချင်တော့ တောင်ပေါ်လမ်းအလှကလေးကတော့ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ကို သွားရတော့ ကော့ကရိတ်မြ၀တီ တောင်ပေါ်လမ်းအလှကလေးပါ။
photo by moe wai (kamawet)
တကယ့်ကို ကားစီးရင် ငြမ့်ညောင်းစွာ စီးရသည့်နေရာပါ။ နိုင်လွန်ကတ္တရာကို အကျယ်ကြီး ခင်းထားပါသည်။ အကွေ့အကောက်များစွာကိုလည်း အကာအရံများစွာနှင့် လုပ်ထားပါသည်။ အတက်အဆင်းနေရာများကို သတိရှိအောင် ဆိုင်းဘုတ်များ တပ်ဆင်ထားပါသည်။
photo by moe wai (kamawet)
လမ်းအားလုံးအကွေ့အကောက် အတက်အဆင်းများသည် ကျွန်မတို့ငယ်ငယ်တုန်းက နိုင်ငံခြားရုပ်ရှင်ထဲမှသာ တွေ့ဖူးခဲ့ပါသည်။ ယခုတွေ့ရတော့ မြ၀တီလမ်းကလေးသည် ရင်သပ်ရှုမော ကြည်နူးလှပသော မြင်ကွင်းများပါ။ နိုင်ငံခြားရုပ်ရှင်ထဲမှ မြင်တွေ့ရသော လမ်းကလေးအတိုင်းပါ။ လမ်းဘေးဝဲယာတောင်ပေါ်များ၊ စေတီကလေးများ၊ ဒေသထွက်ကွမ်းသီးပင်များ၊ ငှက်ပျောပင်များသည် လူကိုလန်းဆန်း အမောပြေစေသော လမ်းကလေးအဖြစ် မြင်တွေ့ကြရပါသည်။
photo by moe wai (kamawet)
အမြင်ဆန်းလှပစေသော မြ၀တီလမ်းဆီသို့ ချစ်မိတ်ဆွေများ အလည်လာကြပါလို့ ဖိတ်လိုက်ပါရစေ။ လှပအေးငြိမ့်သော မြ၀တီလမ်းကလေးကို လိုက်ပို့ပေးပါမယ်။
ချစ်မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးဝေ
အရမ်းကိုလှသွားပြီနော်
အရင်ကဖားအံကနေမြဝတီသွားလမ်းတော်တော်ဆိုးတယ်
အရင်ကလမ်းကတောင်ပေါာလမ်းလေအတက်တရက်အဆင်းတရက်လမ်းဆိုးတဲ့အပြင်ငပွေးတွေကိုလဲကြောက်ရတာအခုတော့မမရေကြည်နူးစရာလမ်းကလေးပါ
အရင်ကလမ်ကြမ်းတယ်ကျဉ်းတယ်တစ်ခြားစ.ီပဲ
ဟုတ်တယ်
အားကျတာဗျာ
ခုချက်ချင်းကို သွားကြည့်ချင်ပြီ