🍖ဝက်​သားဟင်း​လေးချက်​နည်း

in #myanmar7 years ago

ဝက်​သားဟင်း​လေးချက်​နည်း
ဝက်​သားဟင်း​လေးချက်​​ကျွေးမဲ့ ​ဒေါ်​ဒေါ်ခင်​အား ကျွန်​​တော်​ကချက်​ပြုတ်​နည်း​လေး ​ပေးလိုက်​ပါတယ်​။ ဝက်​သားကို သုးံလက္မခန့်​တုးံပြီး ​ရေစင်​​အောင်​​ဆေး၍ ဆားနယ်​ပါ ကြက်​သွန်​နီ ငရုတ်​သီး​တောင့်​ ချင်းတို့ကို ​ရော​ထောင်းပါ။ ပြီး​တော့ ဟင်းတုးံများနဲ့နယ်​ပါ။ဆီနှင့်​ငံပြာရည်​လည်း ​ရောထည့်​၍ နယ်​ပါ။
ခပ်​နာနာနယ်​ပြီး​သောအခါ ​ရေမြုပ်​ရုံထည့်​၍ တည်​ပါ၊​ရေစိမ်​ ထား​သောသရက်​သီး​ခြောက်​နူးလျှင်​ မညက်​တညက်​​ထောင်းထားပါ။ကြက်​သွန်​ဖြူကို ထက်​ခြမ်း​မြှောင်​၍ အခွံသင်​ထားပါ ဟင်းဖက်​နူးလျှင်​ ကြက်​သွန်​ဖြူထည့်​၍ မီး​ငွေ့​ငွေ့နှင့်​ ကြာကြာတည်​ထားပါ အ​ပေါ့အငန်​မြည်းစမ်းပြီး ဆီပြန်​​အောင်​ချက်​ပါ။
ဝက်​သားဟင်း​လေးချက်​နည်းတွင်​ ပါဝင်​​သောပစ္စည်းများ 👇
ဝက်​သားသုးံထပ်​သား ၁ ပိဿာ
ဆီ ၅ ကျပ်​သား
ငရုတ်​သီး​တောင့်​ ၂ ကျပ်​သား
သရက်​သီး​ခြောက်​ ၁၀ သား
ပဲငံပြာရည်​ ၂ ဇွန်း
ကြက်​သွန်​ဖြူ ၂ကျပ်​ခွဲသား
ကြက်​သွန်​နီ ၁၀ သား တို့ဖြစ်​ပါသည်​။

Sort:  

အဟက် စာဖက်ရင်း ဗိုက်တောင် ဆာလာပြီbro
ဒါနဲ့  ကျေးဇူးပြု၍ ကျနော့်အကောင့်အား follow လုပ်ထားပေးပါ အပြန်လှန် v+c လုပ်ပေးပါမည်ခင်ဗျာ

Ok ပါ fri လုပ်​လိုက်​ပါ