Facebook က အိမ်တွင်း အန္တရာယ် တစ်ခုလို ဖြစ်နေပြီ
Facebook has become like a danger in a household
လူတွေက Facebook ကို လိုတာထက် ပိုရေး အရေးထားနေကြတယ်
People care about Facebook more than they should
ကျွန်တော်မှာ Facebook account ခုနှစ်ခု ရှိပါတယ်
I have seven Facebook accounts till now
ကျွန်တော်က Facebook ပေါ်မှာ ပြောဆိုနေကြတဲ့ အရာတွေကို ပြောတိုင်း မယုံပါဘူး
I don't usually believe all the things said on Facebook when they said it
Facebook ပေါ်က သတင်းတွေမှ မဟုတ်ပါဘူး နာမည်ရ သတင်းစာ ဂျာနယ်တွေမှာ ရေးနေတိုင်းတောင် ယုံချင်မှ ယုံတာပါ
It is not just news on Facebook but on other prominent publications in the world
that I do not believe
သင်သိတဲ့အတိုင်းပဲ ကမ္ဘာပေါ်က မီဒီယာ ကုမ္ပဏီကြီးတွေတောင် ကိုယ်ကျိုးအတွက် ဘက်လိုက်ရေးသားနေတာတွေ ရှိပါတယ်။
As you know, even prominent media companies in the world are bias for their own benefit
NGO တွေ UN အဖွဲ့အစည်းတွေရဲ့ ပေးစာကမ်းစာကို ယူပြီး သံယောင်လိုက် လိုက်ရေးနေတဲ့ မီဒီယာ အဖွဲ့အစည်းတွေကလည်း အများကြီးပါ
There are media organizations which accept donations from NGO and UN organizations
reflecting their views
ဒီလိုအချိန်မျိုးမှာ Facebook ပေါ် ဘယ်သူက တင်လိုက်မှန်းမသိတဲ့ သတင်းကို ဟုတ်ပြီဟု တရားသေ မှတ်ယူခြင်းက တုံးရာကျပါတယ်
In this time of an era, just believing a Facebook post portraying false news is like an idiot job
ခက်တာက လူတွေက Facebook ကို လိုတာထက်ပို အရေးပေးပြီး တင်လိုက်တဲ့ post တစ်ခုအတွက် တရားစွဲတဲ့အထိ ဖြစ်တာပဲ
What is difficult is that people focus on Facebook more than they should even prosecuting a post owner
ဒါက ဖြစ်သင့်ရဲ့လား Facebook ပေါ်မှာ post တင်တာ သတင်းစာ ထုတ်ဝေတာ မဟုတ်ဘူး။ ဂျာနယ်ထုတ်တာလည်း မဟုတ်ဘူး
အစိုးရဆီက ထုတ်ဝေခွင့် တင်ထားတာလည်း မဟုတ်ဘူး ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်ကို ဖော်ပြတာပါ
Uploading a post is not publishing an official news. it does not needs a publishing license
nor a licensed company. Just showing one's own opinion
ဒီအမြင်က မှန်ချင်မှန်မယ် မှားချင် မှားမယ် ယုံချင်တဲ့သူ ယုံမယ် မယုံချင်တဲ့သူ မယုံဘူး ဒီလိုပဲ ဖြစ်ရမယ်
This own personal views may be right or wrong and might be believed by some or condemned by some
တရားစွဲစရာတော့ လိုမယ် မထင်ဘူး။ ခက်တာက လူတွေက Facebook ပေါ်က အရာတွေကို အရမ်းအရေးပေးနေတာပဲ
There is no need to prosecute someone for his post, it is his own view
Facebook ပေါ်က ကိစ္စကို Facebook ပေါ်မှာပဲ ရှင်းလို့ မရဘူးလား ဥပမာ post ရေးတင်သူကို block တာ report တင်တာ
Can we not solve issues on Facebook just on Facebook for example blocking post owner or report them
ဒီလိုသာ Facebook ပေါ်မှာ ရှယ်တိုင်း post တင်တိုင်း တရားစွဲနိုင်မယ်ဆိုရင် Facebook က ကြောက်စရာ ကောင်းနေပြီ
If someone has the right to prosecute someone for a post he upload, Facebook will be frightening
လူဆိုတာ သိတဲ့အတိုင်းပဲ အမြဲတမ်း သတိနဲ့ ဆင်ခြင်နိုင်တဲ့ သတ္တဝါ မဟုတ်ဘူး။ ဒေါသ ထွက်လာရင် ဆဲမိမှာပဲ
Human are not creature that can always mind his own action, if he get angry, he may curse
ပြီးတော့ ခုခေတ် phone တွေကလည်း လူနဲ့ တစ်လက်မမှ ခွာတာမဟုတ်ဘူး။ အိမ်သာသွားတာ ညတစ်ရေးနိုးတာတောင် လူနဲ့အတူ ရှိနေတာ။
Smart phones are always with human even when they go to toilet or in the bed after waking up
in the middle of the night
နိုင်ငံရေးအရ sensitive ဖြစ်တဲ့ post တစ်ခုကို တစ်ရေးနိုး အိပ်ချင်မူးတူးနဲ့ ယောင်နှိပ်မိလည်း ခင်ဗျား ထောင်ကျနိုင်တယ်
If you accidentally push a share button of politically sensitive post
in the middle of the night being half awake and half asleep, you may go to jail
ဒါက မဖြစ်သင့်ဘူးလို့ ထင်တာပါပဲ ဒီလို ထောင်ချလို့ ရစတမ်းဆို Facebook စာပေစိစစ်ရေးဝန်ကြီးဌာန ထောင်ထားမှ ဖြစ်မယ် (စိစစ်ရေးအဖွဲ့နဲ့တင် မလုံ
လောက်နိုင်ဘူး ဘာလို့လဲဆိုတော့ post တွေက နိုင်ငံ လူဦးရေးထက် များနိုင်တယ်)မဖြစ်နိုင်တာကို ပြောကြည့်တာပါ လူတွေ တင်သမျှ post တွေကို
Facebook ပေါ် မတင်မီ အာဏာပိုင်တွေက သင့်၏ မသင့်၏ စိစစ်ပေါ့
It should not be like this. If somebody got jailed for his post, authorities should form a Facebook
Monitoring Ministry (not enough to be with a team because posts will be bigger than population of the
country) by monitoring all Facebook posts people upload
သိပါတယ် အသရေဖျက်တဲ့ ကိစ္စတွေ ရှိနိုင်တယ်ဆိုတာ ဒါပေမဲ့ ကိုယ်မဟုတ်ရင် ဘာမှ စောက်ဂရုစိုက်စရာ မလိုဘူး။ ဦးနှောက် မရှိတဲ့လူတွေ ယုံကြလိမ့်မယ်။
I know there may be defamation cases, but if you are not, you do not need to care about it. Only the
idiots will believe it.
ဒါကလည်း တရားဝင် သတင်းမီဒီယာကနေ ထုတ်ဝေခွင့်ရ မီဒီယာကနေ အသရေဖျက်တာမျိုး မဟုတ်ဘူး။
လူတိုင်း တံခါးမရှိ ဓါးမရှိ လွင့်တင်လို့ရတဲ့ လူမှုကွန်ယက် မီဒီယာပါ ဒါကို သိထားဖို့ လိုတယ်။
The defamation is not coming from official media nor licensed media company. It is just from social media
where there needs no authorized license.
ဒီလို မဟုတ်ပဲသာ ထောင်ချလို့ ရစတမ်းဆိုရင် Facebook app ကို ဖြုတ်ထားတာ ဖွင့်မကြည့်တာပဲ ကောင်းတယ်
If not so, Facebook app is better uninstalled or not opened forever.
မှတ်ချက်
ကျွန်တော် ထင်မြင်တာလေး ရေးတာပါ။ သဘောမတူရင်လည်း လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်
Remark
This is just my opinion. Feel free to disagree
အထက်ပါ စာမူကို ကျွန်တော် လုံးလုံး ယုံကြည်သည်ဟု ပြောမရသေးပါ။ လေ့လာနေဆဲသာ ဖြစ်သည်။
It cannot assumed that I fully believe above concept yet. I am still analysing.
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem