Covid-19 ရောဂါကို ကာကွယ်ဖို့ ခင်ဗျားတို့ ဘာတံဆိပ် အရက်ပျံ spray သို့မဟုတ် gel ကို
သုံးကြပါသလဲ ကျွန်တော်လည်း ဘာသုံးရမလဲ မသိဘူး။ နားလည်း သိပ်မလည် ပါဘူး။
ကြောက်တာနဲ့ ဟိုနေ့က shop.com.mm ကနေ guard ဆိုတဲ့ တံဆိပ်နဲ့
အရက်ပျံ spray ဆိုတာလေးကို ဝယ်လိုက်လို့ မနေ့က လာပို့တယ်။ spray က ၁၂၀၀ ကျပ်
ပေးရတယ် shop.com.mm က ပြောတာတော့ flash sale ဆိုလား ဒါကြောင့်မို့
၁၂၀၀ ကျပ်က လျှော့စျေးတဲ့ ဒါပေမဲ့ ပို့ခက ၉၉၅ ကျပ် ဒီတော့ ၂၂၀၀ ပေးလိုက်ရတယ်
လာပို့တဲ့ ပစ္စည်း ပုံလေး တင်ပေးလိုက်တယ်။
အစစ်လား အတုလားလည်း မသိ ပိုးကို တကယ် သတ်နိုင်လားလည်း မသိပါဘူး
အခု covid-19 ဖြစ်လာမှ ပေါ်လာတဲ့ တံဆိပ်တွေ ထင်တာပဲ
လက်ကို ဖြန်းကြည့်တော့ ချော်ချွတ်ချွတ် ဖြစ်တယ်။ ခဏနေကျ ခြောက်သွားပါတယ်။
အနံ့ကြီးက အရမ်းမွှေးတာတော့ မကြိုက်ဘူးဗျ ကုလားရေမွှေးကျနေတာပဲ
ဒါက
အရက်ပျံ အနံ့တော့ ဘာမှ မရဘူး။ အနံ့က မတရားမွှေးနေလို့လားတော့ မသိ။
ကျွန်တော်တော့ shop.com.mm ကို အားကိုးယုံကြည်ပြီးပဲ ဝယ်လိုက်ရတာ။
Shop.com.mm က ပစ္စည်းအတု ပိုးတကယ်မသေတဲ့ product တော့ မရောင်းလောက်ပါဘူး
ဆိုပြီးတော့ပေါ့ ခင်ဗျားတို့တော့ ဘာတံဆိပ် သုံးကြလဲ ကျွန်တော်လည်း ဘာတံဆိပ် ဝယ်ရမှန်းမသိတာနဲ့
တွေ့တဲ့ နောက်တံဆိပ် တစ်ခုလည်း မှာထားသေးတယ် Dr Li တဲ့ အဲဒါကတော့ လာမပို့သေးဘူး
တကယ် ပိုးမသေးတဲ့ spray တွေကို ထုတ်လုပ်ပြီး လိမ်ရောင်းမယ်တော့ မထင်ချင်ဘူး
တကယ်လို့ လိမ်ရောင်းခဲ့ရင်တော့ အမေစုပြောသလို ဒါက ယုတ်မာတာပဲ
နောက် Dr Li ဆိုတဲ့ တံဆိပ်နဲ့ ပစ္စည်းလာပို့မှ ထပ်တင်ပြဦးမယ် ဒါပါပဲဗျာ
ပိုက်ဆံပေါတော့လည်း ဝယ်ပေါ့ကွာ အစစ်လား ပိုးတကယ်သေလား ငါလည်းမသိဘူး ဆရာဝန်မေးကြည့်ပေါ့
တတ်နိုင်ရင်တော့ လက်ကို မကြာခဏဆေးတာ ပိုကောင်းတာပေါ့
ဘတ်စ်ကား စီးတဲ့အခါကျရင် အသုံးတည့်တယ်
ကိုဗစ် ကင်းစင် ကမ္ဘာတစ်ခွင်
Shop.com.mm က အတုတော့ မရောင်းဘူး ထင်တာပဲ
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android: https://android.esteem.app, iOS: https://ios.esteem.app mobile app or desktop app for Windows, Mac, Linux: https://desktop.esteem.app
Learn more: https://esteem.app
Join our discord: https://discord.me/esteem