ခွေးရူးကောင်းစား တစ်မွန်းတည့်

in #myanmar4 years ago

ခွေးရူးကောင်းစား တစ်မွန်းတည့်

poster_2021-05-30-065145.png

ယခုတလော ကြားရသည့် သတင်းများက စိတ်မချမ်း
သာစရာများသာ ကြားနေရသည်။ သတင်းကတော့
မိမိ၏ အစ်ကိုဝမ်းကွဲတစ်ယောက်ထံမှ ဖြစ်သည်။
ထိုအစ်ကိုသည် မအလ အာဏာစသိမ်းသည့်နေ့မှ
စ၍ ယခုတိုင် အာဏာရှင် ဆန့်ကျင့်ရေးများတွင်
အားတက်တရော ပါဝင်ခဲ့သည်။

အစ်ကိုသည် မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်
တွင် နေထိုင်သည်။ ဖြစ်ပုံက အခုရက်ပိုင်းအတွင်း
အောင်ပင်လယ်ရပ်ကွက်တွင် စစ်ခွေးများခြေရှုပ်
နေသည်။ အုပ်ချုပ်ရေးမှုးရှုံးကို အစောင့်များ တင်း
ကျပ်စွာချထားကြောင်းသိရသည်။ ညတိုင်း၌
အသံဗုံးများဖောက်ခြင်းလည်း ရှိသည်ဟုသိရသည်။
ထိုကဲ့သို့ စစ်ခွေးနှင့်အသားထဲကလောက်ထွက်တဲ့
ရဲတွေ ထိုအစ်ကို၏ အိမ်ရှေ့သို့ ဖြတ်သွားသည်ကို
တွေ့ရ၍ အစ်ကိုမှာ ဓာတ်ပုံ လှမ်းရိုက်လိုက်မိသည်။
ထိုသို့လှမ်းဓာတ်ပုံလှမ်းရိုက်တာကို ခွေးတစ်ကောင်မှ
မြင်သွား၍ ဖမ်းစီးခြင်းခံရတော့သည်။
အစ်ကို၏ မိခင်နှင့် ဆွေမျိုးများမှ ရပ်ကွက်ရုံးသို့
သွားရောက်ကာ ဖြေရှင်းကြရသည်။ ခက်ခက်ခဲခဲ
ဖြေရှင်းကြရသည်ဟု သိရသည်။ နောက်ဆုံးတွင်
ပြစ်ဒဏ်အနေဖြင့် တစ်နေ့ကို ဝက်သား ၃ ပိဿာ
တစ်လတိတိ ချက်ကျွေးရမည်ဟု ပြောသည်။
ဥပဒေသည် သူတို့ပါးစပ်တွင်သာရှိသည်။ လက်နက်
နှင့် အာဏာရှိနေသောကြောင့် ခွေးရူးများသည်
ကောင်းစားနေကြ၏။

သို့သော်လည်း စကားပုံရှိပါသည်။ "ခွေးရူးကောင်းစား
တစ်မွန်းတည့်"
ဒင်းတို့ ကျဆုံးခန်းမှာ မျက်ရည်မချူကြေးပေါ့...

ကိုကိုမိုးဟိန်း
@myanmarkoko

Sort:  

ငတ်နေတာ မသေခင် ဝအောင် ကျွေးလိုက်ပေါ့ကွာ

အာ့ကောင်တွေတော့ ပြောကို မပြောချင်တော့ပါဘူး လူစိတ်ကော ဦးနှောက်ကောရှိသေးရဲ့လား မသိတော့ပါဘူး

ဒင်းတို့ သေမှ အေးမှာပါ

ဟုတ်တယ် ကိုအောင်ကြီး
အစစအရာရာ ဂရုစိုက်ပါ။