-------------
ဘဝတစ်ကွေ့ … ခဏတွေ့ချိန်
မေ့မူးသာယာ … တီတီတာနဲ့
မေတ္တာအနှစ်
ချစ်လမ်းဖွင့် …… ခဲ့ကြဖူးတယ် …………
သာယာသံနှော … သူ့ အပြောကို
တယောလိုပင် … စိတ်ဘဝင်ဝယ်
ယစ်မူးတွယ်တာ … ခဲ့ဖူးတယ် ………
အချစ်ဆိုတာ … ခါးတတ်တာလို့ 
ဦးနှောက်ဘယ်လို …တွင်တွင်ဆိုလည်း
ခံစားသိမှု့ … နှလုံးစုက
ငြင်းဆန်အသည်း… မာနခဲနဲ့
မေတ္တာအမှန် …သစ္စာမှန်လျှင်
အကွာ အဝေး… ခဏလေးလို့ 
စိတ်ဝယ်… မှတ်ထင် …ခဲ့ဖူးတယ် ………
သြော် ……… ဘဝဆိုတာ
အချစ်နဲ့သာ …တည်ဆောက်ရာလို့ 
ရူးမိုက်စိတ်ထင် …အတွေးဝင်ချိန်………
ဂုဏ်ရှိန်ပြိုင်ပွဲ …လွန်ဆွဲပွဲမှာ
အလံကိုချ … ခေါင်းငိုက်ကျလျက်
လောကစည်းစိမ်း … ခြွေရံထိန်အလယ်
ချစ်သူ ရွှင်လန်း… မညှိုးနွမ်းဖို့ 
ကမ်းလက်ကိုရုတ် ……
ခြေအစုံတုန့် လို့  ……
ကုတ်ကုတ်လှည့်ပြန် …
မသိဟန်နဲ့ ……
အထီးကျန်ခြင်း ……ရင်နာခြင်းဖြင့်
လွမ်းငွေ့ ဝေဝေ ……
တိတ်တစ္ဆေနှယ် ……
ဘယ်မှာ မေ့လို့ ရမှာလဲ ……………။
@feel
@internet coin-look-for
Write by MyintAungNaing
@myintaungnaing
ၥ
အားပေးနေတယ်အကို
ကျေးဇူးပဲနော်
သူငယ်ချင်းရေသိတဲ့အတိုင်းပဲပါဝါက
ဟုတ်ပါ့ ပါဝါနုတဲ့အချိန်အခါဆိုတော့ အချင်းချင်း ရှိတာလေး ဝေမျှနေရတာကိုးးး နောက်ကျ အဆင်ပြေလာမှာပါ ဖြေးဖြေးပေါ့
ကောင်းတယ်ဗျာ
ကျေးဇူးပါ ညီ အားပေးတဲ့အတွက် ဝမ်းသာပါတယ်