ကိုယ့်ကိုကိုယ် ရည်ချင်းမရှိဟု ထင်နေသောသူတွေ ကိုယ့်ကိုကိုယ် သုည လို့ အားငယ်စိတ်မွေးတဲ့သူတွေ ပြောချင်တာ ဘာပဲဖြစ့်ဖြစ် အားမငယ်နဲ့ ဘဝကတိုက်ပွဲပဲ, မင်းကသုည ဆိုပြီးအဖိုးမတန်ဘူးမထင်နဲ့ ၁နောက်မှာသွားရပ်နေလိုက် ၁ ကို ၁၀ ဆလောက် တန်းဖိုးမြှင့်ပေးလိုက်တာက မင်းဆို တဲ့ သုည ပဲ တကယ်တော့ အရည်အချင်းက လူတိုင်းမှာရှိပါတယ် အသုံးမချတတ်လို့ပါ သုံးချတတ်ဖို့ ရဲ့ရင့် ဖို့လို မယ် လုပ်ရဲရမယ် ကြောက်ရွံ့နေရင်တော့ ကိုယ့်မှာရှိတဲ့အရည်အချင်းက ငုံလျှိုနေလိမ့်မယ် မကြောက်ပါနဲ့ လုပ်စရာရှိတာလုပ်ပါ ကျုပ်တို့ လူတွေ မွေးကတည်းက ငိုပြီး လောက ကြီိးထဲဝင်လာတဲ့သူတွေပါ အခု ငိုဖို့မလိုဘူး။အနာဂတ် ကို အောင်မြင်နေဖို့ လမ်းခင်းရမယ် အားထုတ်ရမယ် တိုးတက်နေတဲ့ခေတ်ကြီးမှာ သူသူငါငါ အပြိုင်အဆိုင် အောင်မြင်ဖို့ကြိုးစားနေတဲ့ သူတွေထဲမှာ ဝင်ပြိုင်ပစ်လိုက်စမ်းပါ ကျရှုံးမှာမကြောက်နဲ့ အောင်မြင်မှုကိုပဲ ရအောင်လုပ် အခက်ခဲ တိုင်းနောက်မှာ အောင်မြင်မှုပဲ ။အောင်မြင်ပြီးကျော်ကြားနေတဲ့သူတိုင်းကို မေးကြည့်လဲ အခုလို အခြေအနေ ရောက်လာဖို့ "ဘယ်နှစ်ခါလောက်ကျရှုံးခဲ့ဖူးလည်း ဘယ်နှစ်ခါလောင် လဲကျဖူးလည်းလို့" သေချာတယ် သူ ကျရှုံးခဲ့ဖူးလိမ့်မယ် အကြိမ်ကြိမ်လဲကျခဲ့ဖူးလိမ့်မယ် မရပ်တန့်ပဲ ဆက်ပြီး ကြိုးစားခဲ့လို့ အောင်မြင်သူဖြစ်လာတာ။
ဘဝဆိုတာ ဘာလဲ သေချာမသိဘူး မွေးလာကတည်းက အခက်အခဲ ပေါင်းများစွာ ဝမ်းနည်းစရာတွေ ပျော်ရွှင်စရာတွေ အံ့သြထိတ်လန့်စရာတွေ ဖော်မပြနိုင်တဲ့ခံစားချက်တွေ နဲ့ လူတိုင်း ရသ ၉ပါး စုံအောင်ခံစားနေရတယ် ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ခက်ခဲဆိုတာလူတိုင်းတွေ့ကြုံနေရတယ် ။တချို့လူတွေက ထင်နေကြတယ် ကိုယ်တစ်ယောက်ထဲပဲ ဒုက္ခ ရောက်နေတယ်လို့ အဲ့လိုမဟုတ်ဘူး လူဖြစ်လာရင် အခက်အခဲ ဒုက္ခ ကိုယ်စီရှိကြမှာပဲ ထိုင်ပြီးငိုမနေနဲ့ ရင်ဆိုင်လိုက် တွေးပြီးကြောက်မနေနဲ့ပြေးပြီးတွေ့လိုက် ဒုက္ခ ကိုမကြောက်တတ်အောင်နေရမည်။ပြီးရင်အောင်မြင်ဖို့ အတွက်အလုပ်လုပ်ရမယ် ကံကောင်းဖို့ ဘုရားမှ ဆုမတောင်းရဘူး အလုပ်လုပ်ရမယ် အလုပ်ဟာကံပဲ ။အားငယ်တတ်တဲ့စိတ်တွေကိုဖျောက်ပါ၊ စိတ်ကောင်းထားပါ၊ကူညီတတ်တဲ့သူတစ်ယောက်ဖြစ်အောင်လုပ်ပါ ၊အမြဲပြုံး၍နုတ်ဆက်ပါ၊အလုပ်ကိုဘာအလုပ်ပဲဖြစ်ဖြစ် လေးလေးနက်နက် လုပ်ပါ၊ကိုယ်ထက်တော်သောသူကို အတုယူပါ မနာလိုစိတ်မထားရ၊ကိုယ့်အမှားကို ဝန်ခံတတ်သောသူဖြစ်အောင်လုပ်ပါ။
ကြိုးစားချင်စိတ်ရှိဖို့ ၊အောင်မြင်ချင်စိတ်ရှိဖို့ လိုအပ်တယ် ပါးစပ်က အောင်မြင်ချင်တယ် လို့ပြောနေလို့မရဘူး ပါးစပ်ကအောင်မြင်ချင်ပြီး လူကပျင်းနေလို့မရဘူး။ဥပမာလေးတစ်ခုရှိတယ် ပဲစေ့ နှစ်စေ့ရှိတယ် ပဲစေ့တစ်စေ့က "ငါ ပျင်းတယ် ငါ့ကိုယ်ထဲကအမြှစ်တွေ မထုတ်ချင်ဘူး အညွန့်တွေထက်လာရင်လည်းအညွှန့်တွေအတက်တွေနဲ့ နေရမှာရှုပ်တယ် အဲ့လိုတွေမဖြစ်ခင် ငါ ကို ကြက်ကလာကောက်စားသွားမလား ငှက်က ကောက်စားမလား တွေးပြီးကြောက်နေရတယ် အညွှန့်လေထွက်လားပြီပဲထား တစ်ခုခုနဲထိပြီး ပဲ့သွားရင်ဘယ်လို့လုပ်မလဲ အပင်ကြီးဖြစ်သွားပြီးရင်အသီးတွေသီးရဦးမယ် အလုပ်ကရှုပ်ပြီ ပျင်းပါတယ်ဒီတိုင်းပဲနေမယ်" ဆိုပြီးတော့တွေးတယ် အပျင်းထူတဲ့ပဲစေ့လေးပေါ့ နောက်တစ်စေ့ကတော့ အဲ့လိုမဟုတ်ဘူး "ငါ အဓိပ္ပါယ်ရှိတဲ့ ဘဝလေးကိုလိုချင်တယ် ငါ့ကိုယ်ထဲ့ကအမြှစ်တွေကိုထုတ်ပြီး မြေကြီးကိုကုတ်တွယ်မယ် ပြီးရင် အညွန့်လေးတွေထုတ်ပြီး ရှင်သန်မယ် အပွင့်တွေပွင့်တဲ့ အခါလှလှပ့ပ့နဲ့နေမယ် အသီးတွေသီးလာရင် အသီးတွေနဲ့လောကကြီးကို အကျိုးပြုမယ် စိမ်းလန်းတဲ့သစ်ရွက်တေနဲ့လောကကြီးကိုသာယာစေမယ် " တက်ကြွတဲ့ပဲစေ့လေးပေါ့ အဲ့လိုနဲ့ နောက်ရက်မှာ မိုးတွေရွာတယ် တက်ကြွတဲ့ပဲစေ့က အမြှစ်တွေ နဲ့မြေကြီးကိုကုတ်တွယ်ဖို့ကြိုးစားနေတယ် အပျင်းထူးတဲ့ပဲစေ့ကတော့ ဇိမ်ပဲပေါ့ နောက်တစ်ပတ်ကြာတော့ တက်ကြွတဲ့ပဲစေ့လေးက အပင်လေးဖြစ်လာနေပြီး အပျင်းထူးတဲ့ပဲစေ့ကတော့ အစာရှာတဲ့ကြက်တစ်ကောင်ရဲ့စာဖြစ်သွားရှာတယ်။အပျင်းမထူးပဲကြိုးစားပါ တက်တက်ကြွကြွနေပါ အခက်အခဲတွေးမကြောက်နဲ့ အားမငယ်ပါနဲ့ ။
@အညာသားလေး(13.1.2018Sat)
MSC-155
Credit photo facebook
ဟုတ်တာဘူးbro
Thank bro
လူမှန်နေရာမှန်ရောက်ဖို့လိုတာပေါ့..bro..
တန်ဖိုးမရှိဘူးဆိုတာထက် ကိုယ့်တန်ဖိုးနဲ့ကိုက်ညီတဲ့နေရာကို မရောက်သေးကြတာပေါ့...
ဟုတ်ပါတယ်ဗျ
ကိုကြီးစာဖတ်ပြီး အားငယ်တော့ဘူးကွ 💪💪
ဟုတ်ဟုတ်
Nice post, bro
Thank bro
Good
Thank
အားရှိစေသော post ပါပဲဗျာ
ကျေးဇူး ပါ
ပိုလ့်လေး ဖတ်ရတာ ဘဝအတွက် အားဖြစ်စေပါတယ်
ဟုတ်ကဲ့ပါဗျ
good post လေးပါ
စာသားလေးတွေကတန်ဖိုးရှိပါတယ်
အားပေးပါတယ်
ကျေးဇူးတင်ပါတယ်
@originalworks
Thank ဘုန်းဘုန်း
Good ,ဆက်လက်အားပေးနေပါတယ် bro
Thank bro
ကြွက်အစာမဖြစ်ဖို့ ကြိုးစားရပါမည်
ကျေးဇူး bro
good writing
ကျေးဇူးပါ
good postလေးပါ
ကျေးဇူး ပါbro
ကောင်းတယ်ဗျာ
Thank ပါဗျ
Good bro
Thank bro
Tag မှာ steem က တချိန် ဒုက္ခပေးလာမယ်
Not relevant
သတိပေးတာပါ ပုံတော်တော်ကြိုက်လို့ down သွားတယ်
အဲ့ဒါကိုယ့်ဘဝ
ကျေးဇူးပါဗျာ့
Good
Thank
great post
Good post
အားပေးပါတယ်
Good
Thank
good
nice post
Thank