နှင်း ဘယ်သူ့ကိုရွေးချယ်ရမလဲ။နှလုံးသားနှင့်ဦးနှောက် ဘယ်ဘက်ကို ဦးစားပေးရမလဲ။အခါခါ စဉ်းစားတွေးတောရင်း ဦးနှောက်က ကိုက်ခဲလာသည်။နှင်း သက်ပြင်းတစ်ချက်ချရင်း အိပ်ရာပေါ်သို့ ခန္ဓာကိုယ်ပစ်ချကာ လဲချလိုက်မိသည်။ခန္ဓာကိုယ်က လဲလျောင်းနေသော်လည်း အနားမယူနိုင်သော ဦးနှောက်က ကျော်ကျော်နှင့်ဇော်တို့၏ အကြောင်းမျာကို ပြန်လည်တွေးတောနေမိသည်။
ကျော်ကျော် -နှင်းရဲ့ အရင်းနှီးဆုံး,အချစ်ခင်ရဆုံး သူငယ်ချင်း တစ်ဦး။
ကျော်ကျော်ကို နှင်း ၇တန်းနှစ်လောက်မှာ စတင်သိရှိခဲ့ပြီး ချမ်းသာပြီးချောမောသော ကျော်ကျော်ကို မာနကြီးပြီး ဘဝင်မြင့်တတ်တဲ့သူတစ်ဦးဖြစ်လိမ့်မည်ဟု အစတုန်းက နှင်းထင်မြင်ခဲ့သည်။ကျူရှင်တစ်ခုမှာ အတူတူတက်ရင်း ကျော်ကျော်နှင့် ရင်းနှီးသွားသောအခါမှ ကျော်ကျော်သည် အနေအေးသော သူတစ်ယောက်သာဖြစ်ပြီး မာနကြီးသောသူတစ်ယောက်မဟုတ်မှန်း နှင်းစတင်သိရှိခဲ့ရသည်။နောက်ပြီး ကျော်ကျော်သည် စာကြိုးစားသောသူတစ်ဦးလည်း ဖြစ်သည်။ထို့ကြောင့် စာပေလေ့လာမှု့မှာပျော်မွေ့သော နှင်းနှင့် အဖွဲ့ကျကာ ပိုမိုရင်းနှီးလာသည်။ထိုသို့ ကျော်ကျော်နှင့်နှင်း စတင်တွေ့ဆုံချိန်မှ ခုချိန်ထိ ရင်းနှီးမှု့သံဃောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့ရင်း တူတူကြီးပြင်းလာကာ အလုပ်ခွင်သို့တူတူဝင်ရောက်လာခဲ့သည်။
ယခင် ကျော်ကျော်နှင့်နှင်းကြား ဘယ်သူမှမဝင်ရောက်စဉ် အချိန်တုန်းကတော့ ကျော်ကျော်သည် နှင်းအပေါ် ရိုးသားသောသူငယ်ချင်းစိတ်နှင့်သာ ချစ်ခင် ကူညီဖေးမခဲ့သည်။သို့ပေမဲ့ ဇော်ဟူသော ယောက်ျားတစ်ယောက် နှင်းဘဝထဲ တစ်ဖြည်းဖြည်း ဝင်ရောက်သည့်အခါမှစ၍ ကျော်ကျော်သည်လည်း တစ်ဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။
ဇော်
ဇော်က ရဲရင့်သည်။နောက်ပြီး မဟုတ်မခံ။သူ့ထက် ရာထူးကြီးတာ ဘာညာမသိ။သူ့ကို မဟုတ်တမ်းတရား လာပြောလို့ကတော့ ခေါင်းငုံ့မခံဘဲ ပြန်လည်ပြောဆိုတတ်သည်။ထို့ကြောင့် အထက်လူကြီးများက သူ့ကို သိပ်သဘောမကျ။ထို့ကြောင့် အလုပ်မှာထူးချွန်သော်လည်း ရာထူးမတိုးပဲ ဒုံရင်းဒုံရင်းသာ ဖြစ်နေခဲ့သည်။နှင်းနှင့် စတွေ့တုန်းကလည်း project တစ်ခုအတူလုပ်ရင်းအမြင်မတူမှု့ကြောင့် တစ်ချိန်လုံးနှစ်ယောက်သား ရန်ဖြစ်ကာ တကျက်ကျက်ဖြစ်နေခဲ့သည်။ထိုသို့ စကားများရန်ဖြစ်ကာ အတူတူလုပ်ရင်း နောက်ဆုံးရလဒ်ထွက်လာသောအခါ နှစ်ယောက်စလုံး ရလဒ်အား သဘောကျနှစ်သက်မှု့ကြောင့် အပြီးသတ်မှာတော့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြေလည်ငြိမ်းချမ်းမှု့ရခဲ့သည်။ထို့နောက် အခြားအလုပ်များပါ တူတူတွဲလုပ်ကိုင်ရင်း တစ်ဦးနှင့်တစ်ဦး နားလည်ရင်းနှီးမှု့ပိုလာခဲ့သည်။
နှင်းနှင့်ဇော် တစ်ဖြည်းဖြည်းပို၍ရင်းနှီးလာသည်ကို မြင်နေရသော ကျော်ကျော်သည် နှင်းကို စိတ်မချဖြစ်လာသည်နှင့်တူသည်။တစ်သက်လုံး ခုချိန်ထိ သူငယ်ချင်းအဖြစ်သာနေလာပြီးမှ ရုတ်တရက်ကြီး နှင်းအား ရင်ဖွင့်ကာ ရည်းစားစကားပြောလာတော့သည်။တိုင်ပင်လုပ်ယူထားသလားလို့ ထင်ရလောက်အောင် နောက်တစ်နေ့မှာတော့ ဇော်သည်လည်း ရုတ်တရက် နှင်းကို ချစ်ခွင့်ပန်လေသည်။
သူတို့နှစ်ယောက် နှင်းအား ချစ်ခွင့်ပန်ပြီးချိန်မှစ၍ နှင်းလည်း ညတိုင်းစဉ်းစားတွေးတောရင်း အိပ်ရာဝင်နောက်ကျတဲ့ညတွေ,အိပ်ရေးပျက်ညတွေ တစ်ဖြည်းဖြည်းများလာလေသည်။ကျော်ကျော်နှင့်ဇော်ကလည်း စကားကြုံတိုင်း နှင်းဆီက အဖြေတောင်းနေကြသည်။နှင်းမှာတော့ ခုထိမဆုံးဖြတ်နိုင်သေး။
နှင်းအနေနှင့် ဦးနှောက်နှင့် ရွေးချယ်ရလျှင် ကျော်ကျော်ကိုရွေးချယ်ချင်သည်။ကျော်ကျော်သည် ရိုးသားအေးဆေးပြီး နှင်းကိုချစ်ခင်သည်။မိဘများကလည်း ချမ်းသာသည့်အတွက် အိမ်ထောင်ပြုလျှင်လည်း နောင်ရေးစိတ်အေးရမည်။နောက်ပြီး ကျော်ကျော်၏စရိုက်သည် နှင်းဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာတစ်ခုမှ မပြုလုပ်မည့် စရိုက်မျိုးဖြစ်သည်။ဇော်နှင့်ဆိုလျှင်တော့ နှင်း၏ဘဝမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဘဝနှင့် သံသရာလည် လုံးပန်းနေလိမ့်မည်။နောက်ပြီး ဇော်သည် ကျော်ကျော်လောက်လည်း မိသားစုနောက်ခံ စီးပွားရေးအင်အား မတောင့်တင်း။ထို့ကြောင့် ဇော်ကိုရွေးချယ်ပြီး အိမ်ထောင်ပြုမိလျှင် နှင်းရဲ့ဘဝမှာ စီးပွားရေးအတွက် အမြဲရုန်းကန်ရှာဖွေနေရမည်။
ထို့ကြောင့် နှင်းသည် ကျော်ကျော်ကိုသာ ရေွးချယ်ချင်သည်။သို့သော် ကျော်ကျော်ကို ရွေးချယ်မည်ဟု ကြံလိုက်တိုင်း ကာရံတားဆီးနေသော အရာတစ်ခုရှိလေသည်။ထိုအရာသည်ကား နှင်း၏နှလုံးသားခံစားမှု့ ဖြစ်လေသည်။ နှင်း၏နှလုံးသားခံစားမှု့များ မှာ အခြားတစ်ယောက်ဆီမှာ ဖြစ်နေလေသော အခါမှာတော့....။
Photo credit- https://www.pexels.com/photo/beach-fall-in-love-with-feeling-hands-48135/
Author-myothuzar,MSC-033
ဒါကဒီလိုရှိပါတယ်။ နှလုံးသားကလည်းအရေးပါသလို ရှေ့ရေးကလည်းအရေးပါပါတယ်။
မှန်ပါတယ်။စဉ်းစားလေ ဆုံးဖြတ်ရခက်လေပါပဲ။
ဦးနှောက်နှင့် နှလုံးသား ညှိနှိုင်းကာထား သင့်
တစ်ခါတစ်လေကျ ညှိုနှိုင်းလို့ မရ ဖြစ်နေပါတယ်။
စဉ်းစားပေါ့
ဟုတ်ကဲ့။
နှလုံးသား
ဟုတ်။
နှလုံးသားက အတော်ထိန်းရခက်တယ်ဗျာ
ဟုတ်တယ်။
ဘာရွေးမလဲကွယ်
စဉ်းစားတုန်း။
အဲ့ဒီမှာစတွေ့တာပဲ
မိန်းကလေးတွေက ဆိုးမှပဲချစ်ကျတာ အာ့ပဲကြည့် 😁
ဟီး
ရန်ကလည်းခဏခဏဖြစ်ရင်မကောင်းဘူးလေ
ဟုတ်တယ်နော်။
အချစ်က ပူနွေးနေတုန်းတော့ ကောင်းပေမယ့် အေးခဲလာတဲ့အချိန်မှာတော့ ကိန်းဂဏန်းတွေကနေရာယူလာပါတယ်ဗျာ
ဒါဆို ဦးနှောက်နဲ့ပဲ ရွေးချယ်တာ အကောင်းဆုံးပေါ့။
နှလုံးသားက ခိုင်းရင်ဦးနှောက်ကအလုပ်လုပ်တယ်
ဟုတ်ကဲ့။
Great post!
Thanks for tasting the eden!