"မေမေ စာကလေးတွေ ဘာကြောင့်သေ
တာလဲ ဟင်"
မေးမည်ဆိုလည်း မေးချင်စရာပါ။ ယခုသေနေသောစာလေးများမှာအမွှေးအမျှင်ထူပြီး အကောင်ကြီးသည့် သန်စွမ်း
သည့်အကောင်များဖြစ်နေသည်။
ကြုံလှီသေးကွေးသော ငယ်ရွယ်သောငှက်ကလေးများနှင့် ငှက်အချို့မှာ ရှင်သန်နေသည်ကို တွေ့ရသဖြင့်လည်း ရောဂါမဖြစ်နိုင်ပါ။ ဒေါဝေလွင် သေချာသိလိုက်ပါပြီ။
"သား ခုမြင်နေရတဲ့ သေနေတဲ့စာလေးတွေဟာ
ညက သူတို့တောင်ပံကြားကိုတိုးဝင်နေတဲ့ အကောင်ငယ်စာကလေးတွေကို ထိုးဆိပ်လွှတ်တဲ့ အုပ်စုပေါ့ကွယ်"
"ပြီးတော့ ဟော ဟိုမှာ ပျံဝဲပျော်မြူးနေ
ကြတဲ့ စာကလေးတွေကတော့ သူတို့တောင်ပံကြားမှာ စာကလေးငယ်တွေကို
နွေးထွေးစေတဲ့ အုပ်စုပေါ့"
ဒေါဝေလွင်က ဆက်လက်ပြီး "သား မှတ်ထားကွဲ့။ ငါ့မှာ ငါသွားလိုရာကို ပျံသန်းဖို့ ကြံ့ခိုင်သန်စွမ်းတဲ့ အတောင်ပံတွေ
ရှိတယ်။ ချမ်းအေးတဲ့ဒဏ်ကို အံတုဖို့
ထူထဲတဲ့အမွှေးမျှင်တွေကို ပိုင်ဆိုင်တယ်။ ငါဟာ လောကကြီးမှာ ရှင်သန်ရပ်
တည်နိုင်တယ်ဆိုတဲ့ မာန်မာနတွေနဲ့
ကိုယ်ချင်းစာတရား မေတ္တာတရားမထားပဲ မိမိထံ အားကိုးခိုဝင်လာတဲ့ အားနွဲ့ငှက်ကလေးတွေကို ထိုးဆိတ်တဲ့
ငှက်တွေဟာ ချမ်းအေးလွန်းလှတဲ့ ဆောင်းရာသီမှာ မာနကိုပွေ့ပိုက်ရင်းသေ
ဆုံးနေကြတာပေါ့ကွယ်။
ညက သားတွေ့ရတဲ့ အပြန်အလှန်ဖေးမကူညီကြတဲ့ စာကလေးငှက်ကလေးတွေကတော့ တစ်ကောင်ရဲ့အတောင်ပံကြား
တစ်ကောင်တိုးဝှေ့ကြရင်း ဆိုးရွားလှတဲ့
ဆောင်းရာသီရဲ့အအေးဒဏ်ကို ဖြတ်ကျော်ခဲ့ကြတယ် သား"
"သား ဒီစာကလေးတွေရဲ့အဖြစ်အပျက်ကို သင်ခန်းစာယူပါ သား။ ဘာဖြစ်လို့လဲဆိုတော့ သားလေးရဲ့ရှေ့ဆက်ရ
မယ့်ဘဝမှာ သားရဲ့မိတ်ဆွေတွေနဲ့ဖေး
ကူမပြီး ရှေ့ဆက်ပြီး ရှင်သန်ရမှာ မလို့ပဲ
သား။ မာနကိုဖက်တွယ်ရင်း သေဆုံးနေ
ကြတဲ့သူတွေကို သားပတ်ဝန်းကျင်မှာ
တွေ့ရလာရမှာ။ သားလေးကို မေမေမှာ
ချင်တာက သားမှာ အတတ်ပညာ ဥစ္စာဓန ပြည့်စုံကြံ့ခိုင်နေချိန်မှာလည်း တပါး
သူကို စာနာကူညီဖို့ မမေ့ပါနဲ့သား။
သားရဲ့အတောင်အောက်မှာ သူတို့ကို
နွေးထွေးခွင့်ပေးရင် သူတို့ရဲ့အနွေးဓာတ်ကို ပြန်ရလို့ မေ့မေ့သားလေး ကြမ်းတမ်းတဲ့လောကဓံရာသီဥတုကို ဖြတ်ကျော်ပြီး ရှင်သန်နိုင်မှာပါသား။
လောကဓံ လှိုင်းရိုက်ခက်လို့ နိမ့်ပါးတဲ့
ဘဝကိုသား ရင်ဆိုင်ဖြတ်သန်းရချိန်မှာ
သားရဲ့ မိတ်ဆွေတွေက သားကိုအားပေးစကားတွေ မိတ်ဆွေပီသတဲ့ ဖေးမကူ
ညီမှုတွေနဲ့ သားကိုနွေးထွေးစေတဲ့အခါ
အခု မေမေပြောတာတွေကို သားလေး
နားလည်မှာပါ။ မိတ်ဆွေစစ်ဆိုတာ သားအခက်အခဲဖြစ်တဲ့အချိန်မှာ သားအနားမှာ အေးအတူပူအမျှရှိနေနိုင်သူမျိုးပဲသား။ မိတ်ဆွေစစ်ဆိုတာ ရွှေထက်ရှားတယ် သား။ ဒါဆိုရင် သားမေမေ့
ကို မေးချင်လိမ့်မယ်။ မိတ်ဆွေစစ်ကို
ဘယ်လိုတွေ့နိုင်မလဲဆိုရင် မေမေသား
ကိုပြောချင်တာက မိတ်ဆွေစစ်ကို တွေ့ချင်ရင် "ကိုယ်တိုင်က မိတ်ဆွေစစ်
ဖြစ်ဖို့ပဲ"တဲ့။
မိမိတောင်ပံကြားခိုဝင်လာတဲ့ ငှက်ကလေးတွေကို မေတ္တာပွား ကိုယ်ချင်းစာပြီး
နွေးထွေးစေတာ ဟာ မိတ်ဆွေကောင်း
ဖြစ်အောင်နေတာပဲကွဲ့။ ဒါကြောင့်လည်း မိတ်ဆွေငှက်ကလေးတွေရဲ့ နွေးထွေးမှု(မိတ်ဆွေစစ်ဖြစ်မှု)ကြောင့် သူတို့
တွေလည်း ဆက်လက်ရှင်သန်ပြီး ဟိုသည်ပျံဝဲ ပျော်မြူးနေနိုင်ကြတာပေါ့ကွယ်" ဟုဆိုကာ အစာကျွေးနေကျနေရာ
တွင် ပျံဝဲနေသော စာကလေးများကို ကြည့်ကာ ပြုံးလိုက်ပါတော့သည်။
ပြီးနောက် "ကဲ သားလည်း ကျောင်းသွားဖို့အချိန် နီးပြီနော်" မေမေသားနဲ့လိုက်ဖို့ပြင်လိုက်ဦး မယ်။ အဆင်သင့်ပြင်ထားနော်သား" ။ စာအုပ်များကိုစားပွဲ
မှ သိမ်းရင်း" ဟုတ်ကဲ့မေမေ"ဟူသော
ကောင်းထက်အသံက တက်ကြွမှုအပြည့်နှင့်။ ဒါကလည်း အကြောင်းရှိသည်။
သည်နေ့ ကျောင်းမှာ အလယ်တန်းကျောင်းသား များ၏ ကျပန်းစကားပြော
ပြိုင်ပွဲရှိသည် မဟုတ်လား။ ပြင်ဆင်စရာ
ရှိသည်များပြီးစီးသည်နှင့် ဒေါဝေလွင်တို့သားအမိ နှစ်ယောက်ကျောင်းသို့
ထွက်လာခဲ့တော့သည်။
ကျောင်းဝင်းတွင်း၌ ကျောင်းသားများ
လိုက်ပါအားပေးကြသော မိဘများနှင့်
စည်ကားလျက်ရှိသည်။ ပြိုင်ပွဲဝင်များမှာ တိုက်ပုံအကျီင်္လေးများနှင့်။ ကောင်းထက် သူငယ်ချင်းများကိုကြည့်လိုက်ပြီး
မိမိ၏ အဝတ်အစားများကို ကျေနပ်အား
ရမိသည်။ဒေါဝေလွင်သည် သားများအပေါချစ်သလောက် ဂရုလည်းစိုက်ခဲ့
သည်။ ယခုလည်း ကောင်းထက်ဝတ်သောအဝတ်အစား ဖိနပ်တို့ကို ကောင်းပေ့ဆိုသည်များသာဖြစ်သည်။ သို့သော်
မိနှင့်ဖနှင့် ပျော်ရွှင်နေကြသည့်သူငယ်ချင်းများကို မြင်သောအခါတွင်မူ အားငယ်မိပါသည်။
မကြာခင်အချိန်အတောတွင်း၌ တစ်ယောက်ပြီးတစ်ယောက် ပြောသွားကြရာ
ကောင်းထက်အလှည့်သို့ပင်ရောက်လာ
သည်။ မိုက်ရှိရာ စင်မြင့်ပေါလျှောက်လှမ်းသွားရာတွင် ခြေထောက်များမှာ ပျစ်နေသလိုလို။ လူကြီးမိဘနှင့်ကျောင်းသူကျောင်းသား ဆရာဆရာမများနှင့်
များပြားလှသော ပရိတ်သတ်ကိုကြည့်
ကာ ကောင်းထက်တစ်ယောက် ချွေးပြန်လာသည်။ မကြာမီ ဒူးများလည်းတုန်
လာသည်ကို ဖုံးဖိရန် ခြေ၂ချောင်းကို တောင့်ထားလိုက်ရသည်။ အသက်ရှုသံ
များက တဖြည်းဖြည်းမြန်လာပြီး အိမ်မှ
ပြင်ဆင်လာသော ပြောစရာများ မှတ်သားလာသည်များလည်း ခေါင်းထဲ
တွင် ပေါမလာတော့။တောင့်တောင့်ကြီး
ရပ်လျက်ပင် အထစ်ထစ်အငေါ့ငေါ့စကားများ ကောင်းထက်နှုတ်ဖျားမှ ထွက်လာသည်။ ကောင်းထက်အဖို့မူ "တိုးတက်လာသော ခေတ်နှင့် ယဉ်ကျေးမှုများ"ခေါင်းစဉ်ဖြင့် စင်မြင့်ပေါပြောရသော ၁၀ မိနစ်သည် ကြာလွန်းလှသည်။
ဒီလိုနဲ့ပဲ တိုးလိုက်ကျယ်လိုက် ထစ်လိုက်
ချောင်းဟန့်လိုက်နှင့် ပြောနေသည့်ကောင်းထက်ကို မည်သူမျှသဘောကျနှစ်
သက်ဟန်မတူ။စိုးရိမ်ကြီးစွာ ကျပန်းပြောနေရင်း ကောင်းထက်လည်းပရိတ်သတ်ထဲမိမိပြောသည်ကို သဘောကျနှစ်သက်သူများပါလေ မလား။မျှော်လင့်
တကြီး အားကိုးသော မျက်ဝန်းအစုံဖြင့်
ရှာကြည့်သည်။ သို့သော် တွတ်တီ တိုးတိုးပြောကြရင်း နှာခေါင်းရှုံနေကြသည်
ကိုကြည့်ရင်း အခြေအနေကိုသဘောပေါက်လိုက်သည်။ ဒီလိုနှင့်ပဲ ကောင်းထက်၏ ၁၀ မိနစ်ကျပန်းပြော၍ ပြီးသွား
သည်။ ကောင်းထက်လည်း မိမိကိုယ်ကို
စိတ်ပျက်အားငယ်မိသည်။
ထိုအချိန်တွင် "ဖြောင်း ဖြောင်း ဖြောင်း"
လက်ခုပ်သံကို ကြားလိုက်ရသည်။သို့
သော် ကြားရသည်မှာ ခြောက်သွေ့သွေ့
နိုင်လှသည်။ သေချာပါသည်။ ဒါ လူတစ်ယောက်တည်း၏ လက်ခုပ်သံပဲဖြစ်သည်။သည်လက်ခုပ်သံကို ကောင်းထက်
ကြားဖူးသည်။ ရင်းရင်းနှီးနှီးကြားဖူး
သည်ဟု တွေးနေမိသည်။ဒီလက်ခုပ်သံ
သည်ကား မိမိညီလေး လမ်းလျှောက်စအရွယ်တွင်" ရပ်နိုင်ပေ ရပ်နိုင်ပေ"ဟူ
သော အသံနှင့်အတူ လဲသွားလိုက် ပြန်ထလိုက် ယိုင်နဲ့နဲ့ တစ်လှမ်းလှမ်းလိုက်
လဲသွားလိုက်ဖြစ်နေသော ညီလေးကို
အမှတ်ရစေသည်။ ဟုတ်ပါသည်။ လက်ခုပ်သံလာရာသို့ ကြည့်လိုက်ရာ ဒေါဝေလွင်တစ်ယောက် ကောင်းထက်အား လက်ခုပ်တဖြောင်းဖြောင်းတီးလျက်အားပေးနေသည်ကို တွေ့လိုက်ရသည်။
လက်ခုပ်သံ။ဒေါဝေလွင်၏လက်ခုပ်သံသည် ကောင်းထက်တွေ့ဖူးသော အခြား
သော လက်ခုပ်သံများနှင့်မတူပါ။လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲတွင် အနိုင်
ရသူများ ဆုယူချိန်တွင် လက်ခုပ်သံများကိုကောင်းထက်ကြားရသည်။
အတန်းထဲတွင် စာတော်သူများကိုဆုပေးသောအခါတွင်လည်း လက်ခုပ်သံများကိုကြားရသည်။
ဒီလက်ခုပ်သံများကား အနိုင်ရသူတို့အတွက်သာဖြစ်သည်။သေချာပြောရလျှင် ဆုရသူများအတွက် တီးသည့် အသိအမှတ်ပြုသည့် လက်ခုပ်သံ။
ယခုကြားရသော လက်ခုပ်သံကားထိုထို
သော လက်ခုပ်သံများနှင့်မတူပါ။ နွေးထွေးသည်။ လုံခြုံသည်။ပျော်ရွှင်ရသည်။
အားတက်ရသည်။
ဤလက်ခုပ်သံသည်ကား မိခင်တစ်ဦး၏
လက်ခုပ်သံဖြစ်သည်။ဒီလက်ခုပ်သံဖြင့်
ပင် ကလေးတစ်ယောက် လမ်းလျှောက်
တတ်လာသည်။ ရပ်နိုင်ပေ ရပ်နိုင်ပေဟု
ဆိုကာ လက်ခုပ်တီး၍ ကလေးအားမတ်
တပ်ရပ်နိုင်ရန် သင်ပေးနေသည့်မိခင်
တစ်ဦးအား မြင်ယောင်ကြည့်ပါ။ယခု
ထိုလက်ခုပ်သံကို ကောင်းထက်ကြားနေရခြင်းဖြစ်သည်။
တလောကလုံးက လူတွေသင့်ကိုကျော
ခိုင်းသွားလျှင်ပင် သင့်အမေကတော့ သင်နှင့်အမြဲတမ်းရှိနေပါလိမ့်မည်။
မှိုင်တွေငေးနေသည့် ကောင်းထက်ကို
ခေါပြီး ဒေါဝေလွင် အိမ်သို့ပြန်လာခဲ့သည်။
"မေမေ သားနောက်နှစ်တွေမပြိုင်တော့
ဘူး" ဟု ပြောသောကောင်းထက်ကို ဒေါ
ဝေလွင်မှ ပြုံး၍ကြည့်နေရာ"မေမေက
ဘာလို့ပြုံးနေတာလဲ"ဆိုသော သား၏
အမေးကို သားကိုမေမေ ဘဝအတွက်
အရေးကြီးတဲ့ သင်ခန်းစာကို သင်ပေးဖို့
အချိန်ရောက်ပြီလို့ မေမေထင်တယ်။
ကောင်းထက်လည်း"ဟုတ် မေမေ သားကို ဘာသင်ပေးမှာလဲ" ဟု စိတ်ဝင်တစားမေးလိုက်သည်။
"သား ဟိုမှာတွေ့လား" ဒေါဝေညွှန်ပြရာ
သို့ကြည့်လိုက်ရာ အိမ်ရှေ့သစ်ပင်၏ဂွဆုံရှိ ငှက်အသိုက်ထဲတွင် အပျံသင်စငှက်ကလေးများကို တွေ့နေရသည်။ အတောင်စုံစပြု၍ လက်တွေ့လောက၌စတင်ပျံသန်းနေကြသော ငှက်ကလေးကို
ကို သေချာကြည့်နေသည်။ မကြာခင်မှာ
ငှက်ကလေးလည်း အသိုက်ပေါမှ ခုန်ချ
လိုက်သည်။ အသိုက်အောက်သို့ အနည်းငယ်နိမ့်ကျသွားပြီး လေထဲတွက်တောင်ပံကို ရုန်းကန်ခက်နေသည်။ကောင်းထက်မှာ ငှက်ကလေးပြုတ်ကျမှာစိုး
ရိမ်နေစဉ် အောင်မြင်စွာပျံသန်းသွားသောငှက်ကလေးအတွက် သက်ပြင်းချမိ
သည်။
ဒေါဝေလွင်မှ "သား ငှက်ကလေး
ပျံတာတွေ့တယ်မလား တူတူပဲသား အမေတို့လူတွေလည်း ဘဝလေဟာနယ်ထဲကို အသိုက်(အိမ်)ကနေ ပျံသန်းတဲ့အခါ ချောချောမွေ့မွေ့မပျံနိုင်ခင်မှာ
အသိုက်ရဲ့အောက်ကို အရင်ပြုတ်ကျရ
တယ်။ ပြီးမှ ဖလက်ဖလက် လူးလွန့်ပြီး
ရုန်းကန်ပျံသန်းရတယ်သား။ ခု ငှက်ကလေးကိုကြည့်ပါဦး။ လေထဲမှာပျံဝဲ
နေလိုက်ပုံများ။
လူတွေမှာလည်း အတူတူပဲသား။ချောချောမွေ့မွေ့မပျံနိုင်ခင်မှာ ပြုတ်ကျတဲ့အဆင့် နိမ့်ဆင်းတဲ့အဆင့်ကို ဖြတ်ကျော်ရ
တယ်သား။ ရှင်းရှင်းပြောရရင် သားအခု
ကျပန်းစကားပြောပြိုင်တယ်။ပြုတ်ကျခဲ့တယ်။ ဒါဟာ သားချောချောမွေ့မွေ့မပျံနိုင်ခင် ဖြတ်သန်းရတဲ့ အဆင့်ပဲသား။ဒီတော့ သားလူးလွန့် ကြိုးစားပျံသန်းပြီး
လောကသစ်မှာ ပျော်မှာလား။လက်လျှော့လိုက်ပြီး အသေခံမှာလား"
တိတ်ဆိတ်လျက် ခေါင်းညိတ်နေသော
ကောင်းထက်ကို ကြည့်ပြီး ဒေါဝေလွင်
ကျေနပ်စွာပြုံးလိုက်သည်။ သူ၏သင်ခန်းစာကို သားကောင်းထက်နားလည်သွားခဲ့ပြီ ဖြစ်သည်။
ခဏအကြာတွင် တစ်ခုခုကို သတိရဟန်
ဖြင့် ကောင်းထက်ကိုခေါကာ အိမ်မျက်နှာသာရှိ ပန်းပင်များကြားခေါလာခဲ့သည်။
နှင်းဆီပန်းများမှာ အနီ အဖြူ ပန်းရောင်
ဖြင့် အရောင်စုံကာလှပနေသည်။လေပြေတချက်အဝှေ့တွင် ယိမ်းနွဲ့သွားသော
ပန်းများနှင့်အတူ အနည်းငယ်ယိမ်းလိုက်မိသလိုလို။ လိပ်ပြာများကလည်း
ပျံဝဲလျက်။ ဒေါဝေလွင်က "သား ဒီမှာ
လာကြည့်ပါဦး" ဟုဆိုကာ သစ်ကိုင်းတွင်တွဲလောင်းဖြစ်နေသော အရာတစ်ခုကိုပြသည်။
ဒါကို ပေါက်ဖက်လို့ခေါတယ်သား။ လှပတဲ့လိပ်ပြာလေးတွေဆိုတာဖြစ်လာဖို့ သူတို့ရဲ့ပိုးအိမ်ကိုသူတို့
ဖောက်ထွက်ရတယ်သား။ ဖောက်မထွက်နိုင်တဲ့ အကောင်က ပိုးအိမ်ထဲမှာပဲ
သေသွားကြတယ်ဟုဆိုကာ ပိုးအိမ်ထဲ
တွင်သေနေသော ပေါက်ဖက်များကိုပြ
လိုက်သည်။ ခုသားမြင်နေရတဲ့ ပန်းပွင့်တွေပေါ ပျံလိုက်ဝဲလိုက်နဲ့ တောင်ပံ
တဖျက်ဖျက်ခတ်ပြီးလှပနေတဲ့ လိပ်ပြာ
လေးတွေဟာ ပိုးအိမ်ကိုဖောက်ထွက်ခဲ့
ကြလို့ပေါ့ကွယ်။
သားရှေ့ဆက်လျှောက်ရမယ့်ခရီးလမ်း
မှာလည်း သားဟာ ပေါက်ဖက်အနေနဲ့
အခက်အခဲ ဒုက္ခပိုးအိမ်ထဲက ပေါက်ဖက်လေး ဖြစ်လိမ့်မယ်။ သားရင်ဆိုင်ကြုံ
တွေ့ရတဲ့ အခက်အခဲတွေကို အားမလျော့တမ်း ကြံ့ကြံခံသောဇွဲနဲ့ဖောက်ထွက်မယ်ဆိုရင် အရောင်အသွေးစုံတဲ့လိပ်
ပြာလေးလို အောင်မြင်မှုတွေ ပျော်ရွှင်မှု
တွေ ဂုဏ်ယူမှုအရောင်စုံနဲ့ ပတ်ဝန်းကျင်မှာ ပျံသန်းနိုင်မယ့် လှပတဲ့ဘဝလေးကို ပိုင်ဆိုင်မှာနိုင်မှာပေါ့ကွယ်။
"ကဲ ဒီနေ့ကတော့ မေမေ့သားလေးအများကြီးမှတ်ရလို့ ပျင်းနေပြီလား"
"မေ့မေ့သားလေး ရေချိုးတော့နော်
ပြီးရင် ထမင်းစားကြမယ်" ဒေါဝေလွင်လည်းကောင်းထက်ကို ရေချိုးရန်မှာ ပြီး ထမင်းဝိုင်းပြင်ရန် မီးဖိုထဲဝင်သွားတော့သည်။
ဒီလိုနဲ့ပဲ နေ့ရက်တွေက ကုန်ဆုံးသည်မှာ မြန်လွန်းသည် ထင်မိသည်။ ကောင်းထက်လည်း ကလေးပီပီ အပေါင်းအသင်းအပျော်အပါးမက်သည်။ သူငယ်ချင်းများနှင့်ကစားသည်။ညညဆိုလျှင်လည်း tvမှလာသော ကာတွန်းကားများကြည့်သေးသည်။ တဖြည်းဖြည်းနှင့်
ကောင်းထက်၏ စာကြည့်ချိန်တို့နည်း
လာသည်။ဒေါဝေလွင်က မဆူမရိုက်ပါ။သူ့ခံယူချက်က ကလေးများကို ဦးဏှောက်ထဲပဲ မှတ်မိရုံဆုံးမည်ဆိုလျှင်ရိုက်ပြီး
ဆုံးမ၍ ရပါသည်တဲ့။ သို့သော် ကလေး
က ခဏသာ လိုက်နာတတ်ကြသည်။
ကလေးကိုသဘောပေါက်နားလည်သွား
အောင် နှလုံးသားနှင့်ဆုံးမမည်ဆိုပါက
ထိုကလေးက တသက်လုံးအချိန်ကာလ
ရှည်ကြာစွာ လိုက်နာ ကျင့်ကြံကြသည်။
တနင်္ဂနွေ ညတစ်ညတွင် ဒေါဝေလွင်က
"သား ကောင်းထက်ရေ လူတစ်ယောက်အချိန်ကို ဘယ်လိုသုံးနေတယ်ဆိုတာမေ့မေ့ကိုပြပါ။ အဲလူရဲ့အနာဂတ်ကို
မေမေ သားကို ပြမယ်"
"ခုသားရဲ့အနာဂတ်ကို မေမေတို့စဉ်းစား
ကြည့်ရအောင်နော်"
အဲဒီတော့ သားရဲ့အချိန်သုံးစွဲမှုကို ဇယားလေးလုပ်ပြီး မေမေ့ကိုပြ။
ကောင်းထက်လည်း မိမိအချိန်အသုံးပြု
ပုံကို ဇယားချကြည့်လိုက်သည်။
၁။အိပ်ချိန် ၁၀ နာရီ
၂။ကျောင်းစာသင်ချိန် ၆ နာရီ
၃။စာကျက်ချိန် ၁နာရီ
၎။ကစားချိန် ၃ နာရီ
၅။ရုပ်မြင်သံကြားကြည့်ချိန် ၂နာရီ
၆။ဗာဟီရချိန် ၂ နာရီ
ကောင်းထက်အသိစိတ်ဝင်လာသည်။ဟုတ်သည်ပဲ။စာကြည့်ချိန်တစ်နာရီလေးနဲ့ ထူးချွန်ထက်မြက်သူဖြစ်ချင်ရင်
စိတ်ကူးထဲ တိုက်အိမ်ဆောက်သလိုဖြစ်
မည်ပင်။သူ ဇယားသစ်ဆွဲလိုက်သည်။
ထို့နောက်စာကြည့်ချိန်ကို တိုးလိုက်သည်။
နောက်နေ့တွင် ဒေါဝေလွင်လည်း tvကြည့်ရင်း ကောင်းထက်ကို မီးဖိုထဲမှ နွားနို့
ခွက်ကိုယူခိုင်းလိုက်သည်။ကောင်းထက်
လည်း နွားနို့ခွက်ကိုယူလာစဉ် ဧည့်ခန်း
၌ ခလုတ်တိုက်လဲ၍ "ခွပ်"ဟူသောအသံ
နှင့်အတူ နွားနို့ထည့်သော ကြွေပန်းကန်
လည်း ကျကွဲသွားသည်။ ဒေါဝေလွင်လည်း ဘာမှ မပြောပဲ စိုက်ကြည့်နေသဖြင့်
ကောင်းထက်လည်း ကြောက်ရွံ့ကာ မိမိအဆူခံရတော့မှာပဲ ဟု စိုးရိမ်နေလေသည်။သို့သော် ဒေါဝေလွင်က "သားနွားနို့
ခွက်မှောက်ကျတာလား မေမေသားကို
မဆူပါဘူးးဟုဆိုကာ ကြွေခွက်အခွဲများ
ကိုသိမ်းဆည်းနေသည်။ ထို့နော် အနားရောက်လာသော သားအားကြမ်းပြင်
ပေါမှ နွားနို့တို့ဖြင့် မျက်နှာကိုသုတ်လိမ်းကာ သားအမိနှစ်ယောက်ဆော့ကြပါ
သည်။ အတန်ကြာမှ ဒေါဝေလွင်က"သား နွားနို့မှောက်လို့ မေမေမဆူပါဘူးးဒါပေမယ့် သင်ခန်းစာတော့ယူ
တတ်ရမယ်သား။ သွား နောက်ထပ်ရေတစ်ခွက်ခပ်ပြီးယူလာခဲ့။ သားဘယ်လို
လဲတယ် ဘယ်လိုကိုင်လို့ လဲတယ်ဆိုတာသိရအောင် ထပ်လုပ်ကြည့်။ဒေါဝေလွင်က အဲသည်လို။ သားသမီးများကို
စည်းစနစ်ရှိရှိဆုံးမတတ်သည်။ထို့ကြောင့်လည်း ကောင်းထက်မှာ အမှားများကြုံ
တွေ့လျှင် အမှားမှ သင်ခန်းစာယူပြီး ဘဝကို ရှေ့ဆက်ရသည်ဟု ငယ်ငယ်နှင့်ပင်နားလည်ထားသည်။
ကောင်းထက်ဆီသို့မကြာခဏအလည်လာသော ကျော်ကျော်ဆိုသောသူငယ်ချင်းတစ်ယောက်ရှိသည်။ကျော်ကျော်သည် ကျောင်းမကြာခဏလစ်ပြီး
ဆေးလိပ်သောက်ကွမ်းစား လက်တောက်ခုံထိုင်လေ့ရှိသည်။ကောင်းထက်လည်း ကျော်ကျော်ထံသလို့ မကြာခဏအလည်ရောက်ဖြစ်သည်။ ဒီလိုနှင့်တစ်ရက်မှာ ဖဲဝိုင်းသို့ကောင်းထက်ရောက်လာ
ပြီး ထိုင်ကြည့်လေ့ရှိသည်။ဒါကိုပင်လျှင်
ဒေါဝေလွင်ကသိသွားသည်။ကောင်းထက်ကြောက်ကြောင်နှင့်အိမ်ပြန်ခဲ့သည်။
ဒီတစ်ကြိမ်တော့ သူ့အမေရိုက်တော့မည်မှာ သေချာသည်။အိမ်ထဲသို့တိတ်တိတ်လေးဝင်လာစဉ်"သားရေ ခဏလာပါဦးကွယ်"ဒေါဝေလွင်ခေါသံကြောင့် ကောင်းထက်တစ်ယောက် မိမိတံတွေးကို
မြိုချလိုက်မိသည်။ "သား ခုဘယ်ကပြန်
လာတာလဲ မေ့မေ့ကိုမှန်မှန်ပြောနော်"
ကောင်းထက်မလိမ်ရဲပါ "ဟို ဟို ဖဲဝိုင်းမှာ ခဏထိုင်ကြည့်နေတာပါ မေမေ"
"အေး ဘယ်သူတွေရိုက်နေကြတာလဲ
ကွယ့်" ဒေါဝေလွင်အမေးကြောင့် ကောင်းထက် အံ့သြခြင်းဖြစ်ရသည်။ မိမိကိုမဆူပဲ ဖဲရိုက်နေသည့် သူတွေအကြောင်းမေးနေသည်မှာ ထူးဆန်းနေသည်မဟုတ်ပါလား။
ကောင်းထက်က "ဟုတ်မေမေ ရွာထဲက
ဦးကျော်စိုး ဦးကျော်ဝင်း ကိုဝဏ္ဏစိုး ကိုတီးတောင်နဲ့ အရက်ဆိုင်က ကျော်ပုတို့
ပါမေမေ"
ဒေါဝေလွင်က ကောင်းထက်အားသေချာကြည့်လိုက်ပြီး"မေမေမေးတာကို သား သေချာစဉ်းစားပြီးဖြေနော် သားကိုမေမေ မဆူဘူးး အပြစ်မပြောဘူး
အခု သားပြောတဲ့သူတွေထဲမှာ နိုင်ငံတော် သမ္မတဖြစ်မယ့်သူပါလား သား"
ကောင်းထက်ပြုံးမိသည်။
ဒေါဝေလွင်ကဆက်လက်ပြီး" ဒါဆို ရပ်ရွာသာရေးနာရေးလုပ်ပြီး လူအများလေးစားရမယ့် သူကောပါနိုင်လား"
ကောင်းထက်လည်း မနေနိုင်တော့ပဲ
"မေမေကလည်း ဘယ်လိုလုပ်ဖြစ်နိုင်မှာ
လဲ ခု သူတို့အားလုံးက ဘာမှဖြစ်လာမှာ
မဟုတ်ဘူးး"ဟု ဖြေလိုက်သည်။
ဒေါဝေလွင်က ဆက်လက်ပြီး"သားလေး
သူတို့ကြားမှာနေတဲ့ သားကကော ဘာဖြစ်လာမယ်ထင်လဲ"
ကောင်းထက် ငိုင်စင်းသွားသည်။ ဒေါဝေလွင်၏ အမေးကို သူမဖြေနိုင်တော့ပါ။
ဟုတ်သည် မိမိလည်း ဒီလိုဆက်လုပ်နေ
ရင်တော့ ဘာမှဖြစ်လာမည်မဟုတ်။သေချာသည်က သူတို့ထဲကတစ်ယောက်သာဖြစ်လာလိမ့်မည်။
ဦးကျော်စိုးကိုကြည့် သူ့မိန်းမကဈေးဆိုင်ဖွင့်
ထားသည်မို့ အလုပ်မလုပ်ပဲ ဖဲလှည့်ရိုက်နေသူ ဦးကျော်ဝင်းကတော့ ရွာထဲ
ကြက်ဝိုင်း ဖဲဝိုင်းမှန်သမျှ ရောက်တတ်သူ အလုပ်ကိုလက်ကြောတင်းအောင်လုပ်သည်ဟူ၍မရှိ ဝဏ္ဏစိုးနှင့်တီးတောင်ဆိုသူမှာ ကောင်မလေးများနှင့်ပျော်ပါပြီး ဘီယာဆိုင်ထိုင် လေလွင့်ပြီး
မ်ဘလုပ်စာထိုင်စားနေသူ ကျော်ပုကတော အရက်ဆိုင်ဖွင့်ထားသူ သူအရက်လေးဝင်ပြီဆိုလျှင် ကြက်ဝိုင်း ဖဲဝိုင်းတွင်
အာကျယ်တတ်သူ။
ယခု သူတို့ကြားက ကိုကကော ဘာဖြစ်မည်လဲ။
ကောင်းထက် နားလည်သွားပါသည်။
နောက်နေ့မှစပြီး ထိုနေရာများသို့ မသွားတော့ပါ။ ကောင်းထက် သူတို့လိုဘဝကို ဖြစ်သလိုမနေချင်ပါ။
မိခင်၏ လမ်းပြမှုကြောင့်သာ လမ်းမှား
မရောက်ခဲ့တာဖြစ်သည်။ မိခင်ကောင်း၏တန်ဖိုးကို ကျေးဇူးတင်မိသည်။
ဒီလိုနှင့် နောက်တစ်နှစ်ကျပန်းစကားပြိုင်ပွဲတွင် အနိုင်ရဖို့ စာအုပ်တွေဖတ် အိမ်ရှိ မှန်ရှေ့မတ်တပ်ရပ် စကားပြောကျင့်
လိုက် သူငယ်ချင်းများစကားဝိုင်းတွင်
ကြိုးစားပြောကော မိမိ၏အရည်အချင်း
များတိုးတက်အောင်လုပ်ရင်း ပြင်ဆင်နေခဲ့သည်။ သူငယ်ချင်းတွေထက်အချိန်
ပေးရသည်။ကြိုးစားရသည်။ဒီလိုနှင့်ပဲ
ကောင်းထက် မိခင်ကို ရင်ဖွင့်မိသည်။
"မေမေ သားကြိုးစားရတာ ပင်ပန်းနေပြီ
မေမေ သားအိပ်ရေးတွေလည်းပျက်တယ် ခေါင်းတွေပူနေအောင်လည်းစာကြည့်ရတယ်" ပြီးလျှင် တစ်ယောက်တည်း
မငြီးမငွေ အရူးတစ်ယောက်ပမာ စကားပြောရသေးသည်။ ဒီဒဏ်တွေကိုခံ
ရသည်မှာ စိတ်ပျက်ငြီးငွေ့ဖွယ်ဖြစ်နေသည်။ ထို့ကြောင့် မိခင်အားရင်ဖွင့်မိသည်။
ဒေါဝေလွင်က ကောင်းထက်ကို"သား ထိုင်နေတဲ့ ဒီကောဇောကြီး လှရဲ့လား
သား"
ဟင် ကောင်းထက်မေးသည်ကိုမဖြေပဲ
မိခင်ဘာတွေမေးနေသည်မသိ။
ကောင်းထက်လည်း "ဟုတ် လှပါတယ်
မေမေ အနီရောင်တောက်တောက်နဲ့လှ
ပတဲ့ ကော်ဇောကြီးဟာ နူးအိပြီး နွေးထွေးပါတယ် မေမေ"
ဒေါဝေလွင်က "သားဒီမှာကြည်ပါဦး
အခုမြင်ရတာ လှရဲ့လားသား"ဟုမေးရင်း ကောဇော၏ကျောဘက်ကို လှန်ပြရင်းမေးလိုက်တယ်။
ကောင်းထက်လည်း ခေါင်းကိုတွင်တွင်
ခါရမ်းလျက် "မလှဘူးးမေမေ ဟိုအစဒီ
အစတွေနဲ့ ရှုပ်ယှက်ခက်နေတာပဲ။အရောင်ကလည်း မှိန်နေတယ်။ အစေအနများ က ဟိုတစ်စ ဒီတစ်စ"လှဖို့ဝေးစွ။
မြင်ရသည်ကိုက စိတ်ရှုပ်စရာကောင်းလှ
ပါသည်။
ဒေါဝေလွင်က အရောင်တောက်တောက်နှင့်လှပနေသည့် ကောဇောမျက်နှာပြင်ကို ပြလိုက်ပြီး "သားလေး ဒီလိုလှပပြီး
ကျက်သရေရှိတဲ့ ကော်ဇောဖြစ်လာဖို့
ဟောဒီလို မလှမပနဲ့ အစီအစဉ်မကျရှုပ်ထွေးနေတဲ့ ချည်စတွေနဲ့ဖွဲ့စည်းထား
တယ်သား" ဟုပြောရင်း ကောဇော၏ကျော်ဖက်ကို လှန်ပြလိုက်သည်။
တဆက်တည်းပင် "လူတွေရဲ့ဘဝက ကော်ဇောတစ်ချပ်လိုပဲသား။ ကြည့်လို့ရုပ်ဆိုးတဲ့ အကြပ်အတည်းတွေ စိတ်ရှုပ်စ
ရာ အခက်အခဲအစအနတွေက အစီအစဉ်မကျ သားရဲ့ဘဝထဲကို ရောက်လာလိမ့်မယ် သား ဒီအချိန်မှာ သားကြည့်ပြီး
စိတ်ရှုပ်သွားမယ် ငြီးငွေ့နေမယ်။ အခုသား ကြိုးစားရတာတွေကို ငြီးငွေ့သလို
ပဲပေါ့။ အဲဒီလိုဖြစ်ပြီဆိုရင် မကြာခင်မှာ
လှပတဲ့ တဘက်ခြမ်းကို ထိတွေ့ခံစားရ
တော့မှာပါ။ အခုကတော့ သားက ကောဇောရဲ့နောက်ကျောကိုကြည့်နေတယ်လို့မေမေထင်တယ်သား"
ဟုတ်ပါသည်။ ကောင်းထက်ကြည့်နေ
မြင်နေ စိတ်ပျက်နေသည်မှာ ကောဇော၏တစ်ဖက်ခြမ်းကိုဖြစ်သည်။ မကြာခင်မှာပဲ လှပကျက်သရေရှိသော တခြမ်းကို သူတွေ့ရတော့မည် မဟုတ်ပါလား။
ကြိုးစားနေခဲ့သော ကောင်းထက်အတွက် စကားပြောရန် ဝေါဟာရများလည်း
ကြွယ်ဝနေပြီ။ လူရှေ့တွင်လည်း အနည်းငယ်ပြောရဲလာပြီဖြစ်သည်။
ပြုတ်ကျသည့်အဆင့်ဆိုတာ ပျံသန်းနိုင်
ဖို့ ပထမအဆင့်ပင်ဖြစ်သည်။ မည်သည့် အပျံသင်ငှက် မှ မိုးပျံပူပေါင်းတက်သလို အသိုက်မှ ထောင်တက်မပျံသန်းနိုင်ပါ။ မည့်သည့်လူသားမှလည်းအကျအရှုံးမရှိပဲ ထိုးတက်အောင်မြင်မသွားနိုင်ပါ။
နေသည် အိမ်အပေါထပ် အရှေ့ဘက်
ပြတင်းတံခါးမှ ဝင်လာပြီး ကျောပေးထိုင်နေသည့် ကောင်းထက်ကို အရိပ်ထင်
နေစေလျက်ရှိသည်။ သူ၏အရိပ်ကို
ကောင်းထက် စူးစိုက်ကြည့်နေသည်။
မလှမပ အရိပ်မည်းတစ်ခု။
ဒေါဝင်လွင်က ကောင်းထက်၏ ပုခုံးကို
ကိုင်၍ မှတ်သားစရာ စကားတစ်ခွန်းဆို
သည်လိုက်သည်။
"အရိပ်ကိုမြင်နေရတယ်ဆိုတာ အလင်းရောင်ကို ကျောခိုင်းထားလို့ပဲသား"
အလင်းရောင်ကိုကြည့်လိုက်ပါ။ အရိပ်မည်းက အလိုအလိုပျောက်ကွယ်သွားပါ
လိမ့်မယ်။
"ဘဝမှာ အလင်းရောင်ကို ကြည့်တတ်ဖို့
မြင်တတ်ဖို့ ခံစားတတ်ဖို့သင်ယူပါသား"
ဒီလိုနှင့်ပဲ ကောင်းထက် ၈တန်းသို့ရောက်လာသည်။ ကျပန်းစကားပြောပြိုင်ပွဲ
တစ်ကြိမ်ပြန်ရောက်လာပြီဖြစ်သည်။
အကြိမ်ကြိမ်လေ့ကျင့်ပြင်ဆင်ပြီးသည့်
ကောင်းထက်အဖို့ ဒီနှစ်ပွဲသည် သူ့အတွက်များလား ထင်ရသည်။ လက်ခုပ်သံ
များ ဖြောင်းဖြောင်းမြည်လျက် အားပေး
ကြသည်။ချီးမွမ်းထောပနာပြုကြသည်။
ကောင်းထက်ကမူ စင်မြင့်ထက်တွင်မိခင်ဒေါဝေလွင်၏ လက်တစ်စုံဖြင့် တီးသော လက်ခုပ်သံသည် ဤလက်ခုပ်သံများထက် ကျယ်လောင်လှသည်။
အကြောင်းရင်းကား ကျယ်လောင်လှသော သြဘာလက်ခုပ်သံကို နားနှင့်ကြား
ရ၍ မိခင်၏ လက်ခံသံကိုမူ နှလုံးသားမှ
ကြားရခြင်းဖြစ်သည်၏ တွေးတောရင်း
မိခင်၏ ဂုဏ်ကျေးဇူးကို သတိရကာ မျက်ဝန်း၌ မျက်ရည်စတို့ စိုစွတ်ခဲ့ပြီဖြစ်သည်။ ကောင်းထက်ပါးပြင်ပေါက မျက်ရည်စများသည် ဝမ်းသာ၍ ကျသော မျက်ရည်စများသာ။ သို့သော် အဖေတစ်ယောက်ကို လွမ်းဆွတ်တမ်းတသော မျက်ရည်များလည်း ပါနေသည်ကို မည်သူသိမည်နည်း။
ဒီလိုနှင့် ကောင်းထက် တစ်တန်းပြီးတစ်တန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ်
ဝင်တန်းတွင် အမှတ်ကောင်းကောင်းဖြင် အောင်မြင်ခဲ့သည်။ သို့သော်စီးပွားရေး အဆင်မပြေဖြစ်နေသောကြောင့် ကောင်းထက်က dayတက်မည်ပြောသော်
လည်း ဒေါဝေလွင်က လက်မခံပါ။ ကောင်းထက်ကိုသဘောင်္သား အကျီင်္င်နီယာဖြစ်စေချင်သည်။ သို့နှင့်ပင် အိမ်ကွက်းတခြမ်းရောင်းပြီး ကျောင်းတက်ခဲ့ရ
သည်။ကျောင်းစားတစ်ယောက်အတွက်
အကုန်ပာအကျက များလှသည်။ သာမာန်စီးပွားရေး အသင့်အတင့်သာရှိသူတို့မှာ သားသမီးများကို ကျောင်းထားပေးရသည်မှာ လွယ်သည်မဟုတ်ပါ။ထို့ကြောင့်လဲ ရပ်ကွက်ထဲတွင် စာစားလျှင် ကုန်သည် ဟု ပြောနေကြခြင်းဖြစ်သည်။
ယခုလည်း ဒေါဝေလွင်မှာ အကြွေးများ
နှင့်နပန်းလုံးနေရသည်။နောက်ဆုံးလက်ကောက်လေးပါ ပေါင်လိုက်ရသည်။
ဒေါဝေလွင်က လူမှုရေးသိတတ်သလို
မိတ်ဆွေအပေါင်းအသင်းများက ချစ်ကြ
သည်။ဒေါဝေလွင်ကလည်း စိတ်ထားကောင်းသည်။ တဖက်သားကိုကူညီတတ်
သည်။သို့သော် ကောင်းထက် တက္ကသိုလ်တက်နေစဉ် အချိန်များအတွင်း ရပ်ရေးရွာရေးများတွင် ဒေါဝေလွင်ကို တွေ့ရ
နည်းလာသည်။ အသက်အရွယ်ရလာ၍
ဖြစ်မည်ဟု ကောင်းထက်တွေးမိသည်။
နောက်ဆုံး ဒေါဝေလွင်လက်မှ လက်စွပ်
လက်ကောင်များသည်ပင် အတုများဖြစ်
နေသည်ကို ကောင်းထက်သိခဲ့ရသည်။
ဒါကြောင့် မိခင်ဒေါဝေလွင်တစ်ယောက်
အရင်လို ပျော်ပျော်ရွှင်ရွှင်မနေနိုင်တော့
သည်ကို ကောင်းထက်သိခဲ့၍ တစ်ယောက်တည်း ငိုခဲ့ရသည်။
ကောင်းထက်လည်း သင်္ဘေားအကျီင်္နီ
ယာအဖြစ် ကိုရီးယားနိုင်ငံသားပိုင်သင်္ဘောပေါမှာ လုပ်ခွင့်ရသည်။ မိခင်ကိုကျေးဇူးဆပ်နိုင်တော့မည်မို့ ကောင်းထက်မှာ အရမ်းပျော်နေရှာပါသည်။
အလုပ်ခွင်ထဲတွင် ပင်ပန်းသမျှ အလုပ်ရှင်တို့ အော်ငေါက်ဆူသမျှကို စိတ်ဆိုးဒေါသဖြစ်လျှင် မိခင်ထံ ပိုက်ဆံပို့နိုင်ရေး
ကိုသာ တွေးရင်း သည်းခံရသည်။ရေခြားမြေခြားတွင် မည်သူမျှအလုပ်မလုပ်
ချင်ပါ။ ဒီကြားထဲ သူများနိုင်ငံ ကျွန်သွား
လုပ်သည်ဟု မညှာမတာပြောသူများသည် ကောင်းထက်တို့လို့ နိုင်ငံရပ်ခြားမှာ
ပင်ပင်ပန်းပန်းအလုပ်လုပ်ရင်း မိသားစု
ကိုလွမ်း၍ ငိုခဲ့ရသော ညများကိုလည်း
သိမည်မဟုတ်ပါ။
ကျွနော် ကိုကောင်းထက်နှင့် cocဆော့
ရင်း ခင်မင်ခဲ့ကြသည်။ အပြုသဘောနှင့်
ပျော်ပျော်နေတတ်ရာ ကျွန်တော်အားကျရသော အစ်ကိုတစ်ယောက်ဖြစ်သည်။
သူနဲ့facebookပေါဆုံတိုင်း သူရင်ဆိုင်ဖြတ်သန်းရသော ဘဝများ သင်ခန်းစာများ ဓလေ့စရိုက်များကို ကျွန်တော့်ကို
ပြောပြပါသည်။ ခရီးသွားခြင်းသည် စာဖတ်နည်း၃မျိုးတွင် အကောင်းဆုံးစာဖတ်ခြင်းဖြစ်သည်မဟုတ်လား။သူလည်း
မြန်မာပြည်မွေး မြန်မာသွေးနှင့် မြန်မာပြည်သားမို့ မြန်မာလူမျိုးကိုချစ်သည်။
အားကြိုးမာန်တက်အလုပ်လုပ်နေသော
ကိုရီးယားလူငယ်များကိုမြင်ရသောအခါ
လက်ဖက်ရည်ဆိုင်နှင့် အခြားနေရာများ
တွင်အချိန်ကုန်နေသော မြန်မာလူငယ်
များကို ဖြစ်စေချင်သော စိတ်သူ့မှာဖြစ်ရ
သည်။အလုပ်ကြိုးစားသည့်အပြင်ပိုက်ဆံလည်းစုကြသည့်ကိုရီးယားလူမျိုး
များမှာ အသက်၇၀ကျော်ထိအလုပ်လုပ်
ကြပြန်သည်များလည်း ပြောပြသည်။
တနေ့တော့ ကျွန်တော်မမျှော်လင့်သော
စကားကြားရသည်။
"ဘဝက ခါးတယ်ညီရေ"။ သူဒီလိုပြော
တော့ ကျွန်တော် အံ့သြရသည်။ပျော်ပျော်ရွှင်ရွှင်နေသည့် အကောင်းမြင်စိတ်နဲ့
အစ်ကိုတစ်ယောက် အကျီင်္နီယာလစာဖြင့် မိခင်ကိုပျော်ရွှင်စွာလုပ်ကိုင်ကျွေးနေသော အစ်ကိုတစ်ယောက်။အားကျရ
သည့် အစ်ကိုတစ်ယောက်က
"အစ်ကိုကျန်းမာရေးမကောင်းဘူး။အိမ်
က တိတိကျကျမသိသေးဘူး အစ်ကိုက
မပြောပြဘူး"ဟု ပြောသောကြောင် ကျွန်တော် ကျန်းမာရေးဂရုစိုက်ဖို့ပြောဖြစ်
သည်။
ယခုတလော ကိုရီးယားနိုင်ငံသို့အလုပ်လုပ်သွားပြီး မွေးရပ်မြေပြန်လာသောမြန်မာများမှာ အူမကြီးကင်ဆာဖြင့် ဆုံးပါးသွားသူ များအကြောင်းကြားရသည်။စိတ်မကောင်းဖြစ်ရသည်။ ဒါကြောင့် ဒီအစ်ကိုကို ကျန်းမာရေးဂရုစိုက်ဖို့ပြောခြင်းပင်။
သို့သော်
"အခု အစ်ကိုလည်း အဲလိုဖြစ်နေပြီ ညီ
နောက်ထပ်ဘယ်လောက်ကြာအောင်နေရဦးမလဲတော့ မသိဘူး"
"အမေ့ကိုတော့ စိတ်ညစ်မှာစိုးလို့ မပြော
ဘူး"
ကျွန်တော်ရင်ထဲ ဆို့နစ်သွားသည်။
"အလုပ်ကို လုပ်နိုင်သလောက်လုပ်ပြီး
အမေ့ကို အကုန်ပေးခဲ့လိုက်မယ်"
ဆေးခန်းမပြဘူးးလားကျွန်တော်မေး
တော့ "ပြတယ်ညီ အစ်ကို မကုတော့ဘူး
ဒီမှာကုရင် ရှိတာလေးတွေပြောင်သွား
လိမ့်မယ်"
အစ်ကိုရာ ဟုသာ ဆို့နစ်စွာ တကိုယ်တည်းရေရွတ်မိပါသည်။
"အခု ဆေးတော့သောက်တယ် သူတို့က
ဆေးရုံတက်စေချင်တာ"
"အစ်ကိုက အဖေနဲ့အတူမနေခဲ့ရဘူးညီ
အမေက အစ်ကိုရဲ့ ဘုရားပဲ။ အမေ့ကို
စိတ်ချမ်းသာစေချင်တယ်။ အစ်ကိုတို့
ငယ်ငယ်လေးကတည်းက အမေကဘဝ
ကိုရင်စီးခံခဲ့ရတာ။
ခုမှ အပျော်လေးတွေခံစားနေရတုန်းလေး ဘာမှ သောကတွေမပေးချင်ဘူး"
နားထောင်ရင်း ကျနော်လည်း မျက်ရည်
များသုတ်နေရပါသည်။
"အရင်ဘဝကကံပေါ့ ညီရာ" ကျွန်တော့်
ကို ညီလေးတစ်ယောက်လို ရင်ဖွင့်သည်။ ကျွန်တော်က "အစ်ကို ဖိအားတွေ
တော်တော်ရင်ဆိုင်နေရမှာနော်"ဆိုတော့ "နည်းနည်းပါ ညီရာ။ ပျော်သလိုနေတတ်နေပါပြီ။ ဘဝက တိုတိုလေးပါ"
အစ်ကိုဆေးခန်းကကော အခြေအနေဘယ်လိုပြောလဲ ဆိုတော့"အူလမ်းကြောင်းတွေနာနေပြီပြောတယ်။အစားအသောက်စဉ်ခြင်ရင်တော့ နည်းနည်းသက်
သာမယ်တဲ့။ သွေးပါတာက ကြာပြီ။ တစ်နှစ်ကျော်ပြီ။ ဘယ်သူမှ မသိဘူး။
အလုပ်ကလည်း ညဘက်အိပ်ရေးပျက်တာက များတယ် ဆေးကလည်းအလုပ်များနေရင် မသောက်ဖြစ်ပြန်ဘူး။
ဆေးသောက်ပြီးရင်က အိပ်ရမှာလေ။အိပ်ချိန်မရှိတော့ မသောက်ရဘူးပေါ့။
အင်ဂျင်နီယာဆိုတာ နား နှာခေါင်း မျက်စိ အကုန်အာရုံစိုက်ရတာ။အိပ်ငိုက်ရင် ပြဿနာလေ။
ကဗျာဆန်ဆန်ပြောရရင် အထီးကျန်နေ
တာ အစ်ကိုက ဟု အပြောကြောင့် ကျွန်တော် ပြုံးမိလိုက်သည်။
ကျွန်တော်ကတော့ အစ်ကိုတစ်ယောက်
အမြန်ဆုံးနေကောင်းပြီး မိသားစုနှင့် ပျော်ရွှင်နိုင်ပါစေကြောင်းသာ အခါအခါ
ဆုတောင်းနေမိပါတော့သည်။
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆို
သကဲ့သို့ မိဘများနှင့် စုံစုံညီညီနေခွင့်
မရသည့် လူကိုမှ ရက်စက်သောကံကြမ္မာမိုးသည် ရွာသွန်းဖြိုးနေသည်။
"ကျေးဇူးပြုပြီး
စဲပေးပါတော့ ကံကြမ္မာမိုးရယ်"
Writer @nainghtetlin
Msc-219
Credit Google Photo
Goood tal kwar ...
အာပေးလျှက် 😃
ဟုတ် ကျေးဇူး
Worrrr.very nice post
ကျေးဇူးပါ bro
အိုးးးးGood
ဟုတ် ကျေးဇူးပါ bro
အားပေးပါတယ်ဗျာ
ဟုတ် အားပေစလို့ ကျေးဇူးပါ
Good postပါရှင်။
ဟုတ်ကဲ့ အားပေးလို့ ကျေးဇူပါ အမရေ
ရေးနိုင်လိုက်တာ ဖတ်ရတဲ့သူတောင်ညောင်းသွားတယ်
ဟုတ်ဗျာ ကျေးဇူးတင်ပါတဟ်
ကောင်းတာပေါ.ဗျာ။
ဝတ္တုဖတ်ရသလိုဘဲ thanks
ဟုတ်ဗျာ ကိုရီးယားရောက်မြန်မာတစ်ယောက်အကြောင်းကို တင်ပြပေးတာပါ
အ၇မ်းကောင်းတယ်ဗျာ
ဆက်ကြိုးစားပါ အားပေးနေပါတယ်
ဟုတ်ဗျာ ကျေးဇူးပါ bro
Woo
thank ပါ bro
ကောင်းပါတယ်ရှင်
ဝါးတော်တော်ရေးနိုင်တယ်နော်
ဟုတမကဲ့ ကျေးဇူးတင်ပါတဟ်
အရေးအသား အရမ်းကောင်းတယ်
ဟုတ်ကဲ့ ကေ
ရေးနိုင်လိုက်တာနော်
ဟုတ်ကဲ့ ဆကျးဇူးတင်ပါတဟ်ဗျ
အတုယူရမယ်အားကျတယ်ဗျာ အဲ့လိုရေးနိုင်တာ ၀တ္ထုတိုဖတ်နေရသလိုပဲ ကျေးဇူးအကိုရေ
ဟုတ်ကဲ့ ကျေးဇူစပါ အစ်က်ုရေ ကျနော်လည်း ဒီထက်ရေးတတ်ချင်ပါတဟ်
ကောင်းတယ်
အပိုင်း ခွဲရေးသင့်တယ်
ဟုတ် ကျေးဇူးပါဗျ
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
ဟုတ်တယ်ဗျာ ကံဆိုစတဲ့သူနှ ကံထပ်တိုးတယ်ဗျာ
အရေးအသားကောင်းပါတယ်။
ဟုတ်ကဲ့ ကျေးဇူးပါ အမရေ ခုလိုအားပေးလို့
Good post
thankပါ bro
ဟုဆ် ငျးဇူးပါ broရေ
အရှည်ကြီးရေးနိုင်တဲ့အတွက်ကော အရမ်းကောင်းတဲ့အရေးသားတွေအတွက်ပါ respect ပါဗျ . . . သုတကော ရသကောရမယ့် စာကောင်းလေးတွေ ဆက်ပြီးဖတ်ချင်ပါတယ်
ဟုတ်ကဲ့ စာဖတ်သူကျေနပ်ရင်ပဲ အကောင်းဆုံးပြင်ဆင်ရေးသားရကျိုးနပ်ပါပြီဗျာ ပျော်မိပါတဟ် ကျေးဇူးပါbro
အားပေးနေတယ်နော် 😃
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ
အရမ်းကောင်းတယ်ဗျာ power နည်းသူမို့ vote ပေးရတာတောင် အားမရဘူး အများကြီးပေးချင်တယ်
ခုလို cmပေးတာနု့တင် အားရှိပါတယ်ဗျာ ကျေးဇူးတင်ပါတဟ်
အရေးအသားကော စာရေးအားကော အရမ်းကောင်းတယ် voteပေးရတာ အားမရလိုက်တာဗျာ
ဟီးးးကိုကြီးcmပေးတာပဲ လုံလောက်ပါpဗျာ အားရှိပါတယ် ကျေးဇူးပါ အစ်ကို
အရေးအသားတွေကမိုက်တယ် ဗျာ
ကျေးဇူးပါ broရေ