အမျိုးမျိုးအထွေထွေသော ဘဝပေါင်းများစွာမှာ
မတူညီသော
မရိုးနိုင်တဲ့ အကြောင်းချင်းရာတွေ
ရှိနေမယ်ဆိုရင်
တစ်ခါတစ်လေ
ဘဝချင်းတူတာတောင်
ရှင်သန်ရပ်တည်မှုချင်း မတူညီနိုင်တာကို
စာနာ နားလည်ပေးနိုင်ကြမယ်ဆိုရင်
အချို့သော ဘဝတွေမှာ
လူသိမခံဝံ့တဲ့
နာကျည်းစရာ အတိတ်တို့နဲ့
ပြည့်နှက်နေလိမ့်မယ်ဆိုတာ
လက်ခံပေးနိုင်မယ်ဆိုရင်
ဖြစ်တည်မှုတိုင်းဟာ
ကိုယ့်ရဲ့ ကံကြောင့်ပါလို့
မချိတင်ကဲ ရေရွတ်ရင်း
အားတင်းကာရှင်သန်နေရတဲ့ ဘဝတွေကို
ဖေးမပေးနိုင်ကြမယ်ဆိုရင်
ကျွန်တော်တို့ရှင်သန်ရာ ဘဝကြီးဟာလေ
discrimination လို့ အော်ဟစ်နေတဲ့
ခွဲခြားဆက်ဆံခံရမှုတွေ ကင်းဝေးပြီး
လူကို လူလို့သတ်မှတ် နိုင်ကြပါစေဗျာ။
photo credit; google image@nainghtookhant
Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.