ကထိန်

in #myanmar7 years ago (edited)

ကထိန်

image

image

မြန်မာလူမျိုတွေရဲ့ ချစ်စရာဓလေ့ထုံးစံအများကြီးထဲက တစ်ခုပေါ့။ရက်ရွာ မြို့ပါမကျန် ကထိန်ရောက်ပြီးဆို မိမိတို့တတ်နိင်သမျှနှင့် စုပေါင်းပြီး ကထိန်ခင်းကြလို ငွေကြေးတတ်နိင်တဲ့သူတွေဟုလည်း ပိုက်ဆံအများကြီးနဲ့မတည်ပြီး ခင်းတတ်ကြတယ်။ဒါဟာ ကျွန်တော်တို့မြန်မာတွေရဲ့ ချစ်စရာကောင်းသောအလှူတစ်မျိုးဖြစ်ပါသည်။မြတ်​စွာဘုရားစ​သော သူ​တော်​​ကောင်းတို့က ​ကောင်း၏ဟု
ဝမ်း​မြှောက်​နု​မော သာဓု​ခေါ်သည့်​အတွက်​​ကြောင့်​ ကထိန်​ဟု​ခေါ်သည်​။ကထိန်ကို လူပြည်မှာသာ ပြုလုပ်နိင်ပြီး လူပြည်မှာတောင်မြန်မာပြည်ဝင်ဘဲ လုပ်နိင်ပါတယ်။ကထိန်ခင်ုးခင်းကို မြန်မာပြည်မှာဘဲ တွေ့နိင် လှူနိင်ပါလိမ့်မည်။သီတင်းကျွတ်​လပြည့်ကျော်​ ၁ ရက်​မှ တန်​​ဆောင်​မုန်းလပြည့်​​နေ့ ၁ လ အချိန်​အခါ၌သာ ခင်းခွင့်​ရ၏။ထိုအချိန်မျိုးတွင် ငထိန်ခင်းခြင်းကို အနယ်နယ်အရပ်ရပ် မြို့ ရွာပါမကျန် အသီးသီး ကထိန်အလှူမင်္ဂလာပွဲကို လုပ်ကြပါသည်။

ကထိန်​ခံ​သောရဟန်းတို့ အနာမန္တစ​သော အကျိုးငါးပါး ရရှိခြင်းကြသည်။ကထိန်​ခင်းခွင့်​ရ​သော ဒကာ ဒကာမတို့အား သံဃာ​တော်​တို့ရအပ်​​သော အကျိုးနည်းတူ အကျိုးများရရှိခြင်း။ကထိန်ခင်းသောကျောင်းတွေမှာဆို မိမိတို့ကျောင်းက ရက်ရွာအသီးသီးကလာသော ဧည့်ပရိတ်သတ်အပေါင်းကို ဧည့်ခံကျွေးမွေးဖို့အတွက် တစ်ရွာလုံးတာဝန်ကိုယ်စီယူကာ ကထိန်အလှူအတွက် ပြင်ဆင်နေကြတာ အရမ်းပျော်စရာကောင်းပါတယ်။ဧည့်ကြိုဖို့အတွက် ကာလာသားတစ်သိုက်က တာဝန်ယုကြပြီး ကျွေးမွေးဖို့အတွက် ကာလာသမီးလေးတွေက ချက်ပြုတ်ပြီး ကျွေးမွေးတဲ့အပိုင်းကို တာဝန်ယူကြရပါတယ်။သက်ကြီးရွယ်အို အဘိုးအဘွားများကတော့ ဖိတ်စာရိုက်ဖို့နဲ့ ဖိတ်စာဝေမဲ့ရွာတွေကို အကြောင်းကြားပြီး ဖိတ်စာတွေပေးဝေကြတယ်။ဒါဟာ ကထိန်အလှူတော်မင်္ဂလာပွဲရဲ့ လုပ်ရိုးလုပ်စဉ် အလုပ်တွေပါ။

ရဟန်းတို့ရအပ်​​သော အကျိုးများလည်းအများကြီးရှိကြပါတယ်။ကျောင်းတိုက်​အတွင်းရှိ အတူ​နေရဟန်းများကို မပန်​ကြားပဲပြင်​ပသို့ကြွ​သော်​လည်းအာပတ်​ မသင့်​ခြင်း
အဓိဋ္ဌာန်​တင်​အပ်​​သော တိစီဝရိတ်​သင်္ကန်းနှင့်​ ညဥ့်​ကင်း၍ ​နေ​သော်​လည်း အာပတ်​ မသင့်​ခြင်းစသောအကျိုးကျေးဇူးတွေရရှိတတ်ကြသည်။ဒါတင်မကသေးပါဘူး။နောက်အကျိုးကျေးဇူးများလည်း ရှိကြပါသေးတယ်။ထိုအကျိုးကျေးဇူးများမှာတော့ထမင်းစားကြွပါစသည်​ဖြင့်​ မအပ်​​သော နည်းဖြင့်​ပင့်​ဖိတ်​၍ ၄ပါးထက်​ အလွန်​ကြွ​ရောက်​သုံး​ဆောင်​​သော်​လည်း အာပတ်​ မသင့်​ခြင်းသီတင်းကျွတ်​လပြည့်​​ကျော်​ ၁ရက်​မှ တ​ပေါင်းလပြည့်​​နေ့တိုင်​​အောင်​ ကထိန်​အာနိသင်​၅ လအတွင်းသင်္ကန်းအမျိုးမျိုးကို အဓိဋ္ဌာန်​မတင်​၊ ဝိကပ္ပနာ မပြုထား​သော်​လည်း အာပတ်​ မသင့်​ခြင်းစသော အကျိုးတွေရရှိကြပြီး အာပတ်မသင့်ကြပါ။ရဟန်းတွေအတွက်အကျိုါ်ကျေးဇူးများသလို ကထိန်ဒကာ ဒကာမတွေမှာလည်း အကျိုးကျေးဇူးရှိကြပါတယ်။
image

ကထိန်ခင်းခြင်းအကျိုးကျေးဇူးအများကြီးရှိပါတယ်။ဒါကြောင့် မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူမိပါတယ်။နောက်မြန်မာပြည်မှာ လူလာဖြစ်ရတဲ့အတွက် အရမ်းဝမ်းသာသလို လူဖြစ်ခွင့်ရတဲ့အချိန် အကျိုးရှိရှိအသုံးချသင့်ပါတယ်။ကထိန်ခင်းခြင်းအကျိုးက အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ​ဘေးရန်​ကင်းစွာ သွားလာနိုင်​ခြင်း၊ အသက်​ရှည်​ခြင်း၊ တတိုင်းရခြင်း၊ ခွန်​အားကြီးခြင်း၊ ဉာဏ်​ပညာကြီးခြင်း၊ နိဗ္ဗာန်​သို့မျက်​​မှောက်​ပြုနိုင်​ခြင်းတို့ဖြစ်ကြပါတယ်။ကထိန်​ခင်း​ကောင်း​သောသင်္ကန်း
နှစ်​ထပ်​သင်္ကန်း ကိုယ်​ရုံခါးဝတ်​ တို့ဖြစ်​သည်​။
ဒါဆို ကထိန်ခင်းခြင်းအကြောင်း အနည်းအကျဉ်းလောက် သိသွားပြီးလို့ ထင်ပါတယ်။မိမိတို့လည်း ကထိန်ခင်းနိင်အောင်ကြိုးစားပြီးကထိန်အလှူတော်မင်္ဂလာလုပ်နိင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါသည်။

Msc.207
Naingwintun

Sort:  

ချစ်စရာကောင်းတဲ့ ကထိန်ဓလေ့လေးပါ

ဟုတ်ကဲ့။မြန်မာမှာဘဲရှိတာလေ

ကထိန်ဆိုတာ မြန်မာမှာဘဲရှိတာပါ

ဟုတ်တယ်အကို။right

မှန်ပါတယ်

ok thank you

မှတ်သားစရာလေးတွေပါ

ချစ်စရာကောင်းတဲ့ ကထိန်ဓလေ့လေးပါ

ဟုဆ်တယ်ညီ။ရိုးရာဓလေ့တစ်ခုပေါ့

thank you, your post ^^. Have a good day

Good post

အမြဲသတိရနေတာ

ဘုံကထိန်တွေဆို အရမ်းကြည်နူးခဲ့ရတာပါ

မြန်မာ့တို့ရဲ့ချစ်စရာဓလေ့ပါ

ဟုတ်တယ်အကို

Bro သူများကို vote ment နဲနေတယ်နော် လုပ်ပါ😁

Goodဗျာ

အမြဲသတိရနေတာ

နှစ်သက်ဖွယ်မြန်မာ့ရိုးရာဓလေ့လေးတစ်ခုကိုနှစ်သက်ဖွယ်ကောင်းအောင်တင်ပြပေးတဲ့အကို့ကိုကျေးဇူးတင်ပါတယ်

ကထိန်ပွဲကပျော်စရာကောင်းတယ်နော့် ဘဒို

voting 100% - 0.11$ vote & comment @thi/poe done .

ကြည်နူးစရာပါ

ဟုတ်ပ အကိုရေ