ယခင်ဘဝတစ်ဆစ်ချိုးအပိုင်း(၁)၊အပိုင်း(၂)နှင့်အပိုင်း(၃)တို့အားပြန်လည်ဖတ်ရှုနိုင်ပါသည်။"ကြည့်စမ်း အမေ့သားလေးက တော်တော် ချောလာတာပဲ မမြင်ရတာလည်းကြာတော့ ပိန်သွားသလိုပဲ မေမေ့သားကို အရမ်းလွမ်းနေတာ လာ လာ သား"နေသော်မိခင် ဒေါ်စိန်စီမှာဝမ်းပန်းတသာဖြင့် စောင့်ကြိုလို့နေပါသည်။(၃)နှစ်တာကာလအတွင်း ကင်းကွာခဲ့သော နေသော်အတွက် အရာရာတိုင်းဟာအထူးအဆန်းသဖွယ်။မြန်မာပြည်ကိုပြန်ရောက်ပြီဆိုတော့ စိတ်ထဲ သွားချင်သောနေရာများကို လျှောက်လည်ရန် အစီအစဉ်ချထားခဲ့သည်။ကိုယ်ရော စိတ်ပါ အနားပေးဖို့ လိုအပ်နေသည်။ယခင် ၃နှစ်ကာလအတွင်းက စိတ်ဒဏ်ရာအနာဟောင်းများ လုံးဝပကတိပျောက်ကင်းရန်ကုစားသည့်သဘောပင်။
credit; http://luxurymenblog.com/thursday-gentleman-style
"သား မြန်မာပြည်ပြန်ရောက်ပြီဆိုတော့ သားဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ အဖေ့ကိုပြော အဖေအတတ်နိုင်ဆုံးဖြစ်အောင်လုပ်ပေးမယ်"ဖခင်ဖြစ်သူ ဦးဝင်းမြိုင်မှာ သားလေးအတွက် လိုလေသေးမရှိဆောင်ရွက်ပေးရန်အသင့်ပင်။မိခင်ဖြစ်သူမှာလည်း ထိုနည်းအတိုင်းပင်။
"သားအခု ဘာအလုပ်မှမလုပ်ချင်သေးဘူးအဖေ သားအနားယူနေချင်သေးတယ် သား တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးတစ်ခုမှာ အေးအေးဆေးဆေးအနားယူချင်တယ်ဗျာ ပြီးမှ အဖေတို့်အမေတို့လုပ်ငန်းထဲ သား ဝင်လုပ်ပေးပါ့မယ်"
"အေးပါကွယ်အမေတို့လည်း ငါ့သားလေးကိုမခိုင်းရက်သေးပါဘူး ငါ့သားလေး အနားယူချင်တယ်ဆို မေမေတို့ ပြင်ဦးလွင်မှာ ဝယ်ထားတဲ့ အိမ်မှာ သွားနေပါလား အဲ့မှာ အမေတို့ စပျစ်ခြံလည်း ရှိတယ်လေ သားအပျင်းပြေ လျှောက်လည်ကြည့်ပေါ့ မဟုတ်ဘူးလား"မိခင်ဖြစ်သူ ဒေါ်စိန်စီတော့ အကြံပေးနေလေရဲ့။
"အမေပေးတဲ့ အကြံမဆိုးဘူးပဲ သားဒီမှာတစ်ရက် နှစ်ရက်လောက်နေပြီး သူငယ်ချင်းတွေနဲ့ ပြင်လွင်ဦးကို ရွေ့တော့မယ်"
"အေးပါကွယ် အေးပါ သားစိတ်ကြိုက်သာလုပ်ပါ အခုတော့ သွားနားချေဦး ခရီးပန်းလာရောပေါ့"ဒီလိုနဲ့ နေသ်ာလည်း ပြင်ဦးလွင်သို့ အေးဆေးအနားယူရန် စီစဉ်လိုက်ပါတော့သည်။
တူ... တူ.. တူ..နေသော့်ဖုန်းမြည်သံ။မျက်လုံးများစမ်းတစ်ဝါးဝါးဖြင့် ဖုန်းအားကိုင်လိုက်သည်။
credit; http://welovecele.com/archives/4838
"ဟဲလို"
"အေး ငါပါကွ မိုးထက်ပါ မင်းမြန်မာပြည်ကို ပြန်ရောက်နေပြီဆို"
"သြော် အေး ဟုတ်တယ်ကွ မနေ့တုန်းကမှပြန်ရောက်တာ"
"အေးကွာ ငါ့ကို အကြောင်းမကြား ဘာမကြားနဲ့ onlineမှာလည်း မတွေ့ရဘူး ငါတို့ကိုအဆက်အသွယ်ဖြတ်ထားတာလားကွာ"
"မဟုတ်ရပါဘူးကွာ မင်းတို့ဆီအဆက်သွယ်မလုပ်တာမဟုတ်ပါဘူး တစ်လောကလုံးကို ခဏလေးမေ့ထားချင်လို့ပါပြီးတော့အစီအစဉ်တစ်ခုလည်းဆွဲနေလို့ဟ"
ဘာအစီအစဉ်လည်း ပြောပြဦးလေကွာ
"ဒီလိုကွ ငါနောက်နှစ်ရက်နေရင် ပြင်ဦးလွင်ကို ပြောင်းနေမလို့ အဲ့ဒါ မင်းတို့ကိုလည်း ခေါ်သွားမလို့ အပျင်းပြေ စိတ်အေးလက်အေးအနားယူရအောင်ပေါ့"
"ကြိုက်သွားပြီ ကွာ ငါတို့လည်း ပြင်ဦးလွင်မရောက်တာကြာပြီ စရိတ်အားလုံးမင်းခံနော်"
"အေးပါကွာ အစဉ်အလာအရ ငါပဲ ကုသိုလ်လုပ်ရမှာပေါ့ကွာ"
"ဟ ဟ အေးပါကွာာာ ငါဟိုနှစ်ယောက်ကိုဖုန်းလှမ်းပေးထားမယ်နော် အေးအေး ငါဖုန်းချလိုက်တော့မယ် ok"
ဟူးး....နေသော် သက်ပြင်းမောတစ်ချက်ချလိုက်တော့သည်။နေသော်တွင်ကျောင်းနေဖက်သူငယ်ချင်းလေးယောက်ရှိသည်။ထိုထဲတွင် နေသော်သည် အနစ်နာခံဆုံး စိတ်အရှည်ဆုံး အသီးခံတတ်ဆုံးဖြစ်သည်။ပြသာနာတစ်ခုခုဖြစ်ခဲ့လျှင် နေသော်သာဦးဆောင်ရှင်းပေးသည်။ထို့ကြောင့် သူငယ်ချင်းများက နေသော့်အား လေးစားအားကိုးကြသည်။အခုလည်း ပြင်ဦးလွင်သို့ သွားရမည်ဖြစ်၍ သူငယ်ချင်းများအားမထားခဲ့နိုင်။အတူတူသွားရန် ခေါ်လိုက်ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင် သူငယ်ချင်းများနှင့် ဆုံတွေ့ကြကာ လိုရမယ်ရပစ္စည်းများ အဝယ်ထွက်ကြတော့သည်။
Author by @nandasai(msc.076)
ဒရာမာဇာတ်လမ်းလေးပေါ့ ... နောက်အပိုင်းကို ဆက်လက်စောင့်မျှော်နေပါ့မယ်
သုံးနှစ်တာ ကာလအတွင်း ဒဏ်ရာတွေပျောက်သွားခဲ့ရပြီလားဗျ
ပျောက်သွားပြီဆိုပါတော့ ဟီး
ပြင်ဦးလွင်ကနေလို့ကောင်းတယ်။ ကျွန်တော်တောင် ပြောင်းနေချင်တာ
ဟုတ်ပါ့ဗျာ
ဇာတ်လမ်းအဆက်ကို မေ့နေလို့ အရင်ဟာတွေကို ပြန်ဖတ်ရသေးတယ် ဇာတ်ရည်လည်အောင်။
ဟုတ်ကဲ့ ကိုထွေး
ဟီးး ဇာတ်ရည်မလည်တော့ အစကနေ ပြန်ဖက်ရတော့မယ်😁
ကျွန်တော့လိုပေါ့။
အပြင်သွားရင် ဒကာခံရတာ ထုံးစံကြီးကိုဖြစ်လို့ 😂
တိုက်ဆိုင်သွားတယ်ပေါ့
တစ်ပိုင်းလွှတ်သွားတယ် ပြန်ဖက်ပါရစေ😁😁
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
စိုက်ခင်းကြီး သဘောကျသကွာ
ပြင်ဦးလွင်ကပါ ကိုဟိန်း
သင်္ကြန်နဲ့ဆိုတော့ အဆက်ပြတ်သွားတယ် အရင်အပိုင်းတွေပါ ပြန်ဖတ်လိုက်ရတယ်
ဟုတ်ကဲ့ ကျေးဇူးပါ
အင်း စိတ်သစ်လူသစ်ဖြစ်ပြီး ပြင်ဦးလွင်မှာ နေပျော်မှာပါဗျာ...
ဘာတွေဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ
ဟုတ်ကဲ့ ဆက်ကြိုးစားပါဦးမယ်
ပြင်ဦးလွင်လိုသာယာတဲ့မြို့လေးမှာဘာတွေဘလိုဆက်ဖြစ်မလဲဆိုတာတော့ မလွတ်တမ်းစောင့်ဖတ်ရတော့မှာပေါ့
ဟုတ်ကဲ့ အားပေးတဲ့အတွက်ကျေးဇူးပါ