ယခင်ဘဝတစ်ဆစ်ချိုးအပိုင်း(၁)၊အပိုင်း(၂)အပိုင်း(၃)နှင့်အပိုင်း(၄)တို့အားပြန်လည်ဖတ်ရှုနိုင်ပါသည်။credit; https://travel.jumia.com/blog/mm/cat/top-destinations/pyin-oo-lwin
နောက်တစ်နေ့တွင် သူငယ်ချင်းများနှင့် ဆုံတွေ့ကြကာ လိုရမယ်ရပစ္စည်းများ အဝယ်ထွက်ကြတော့သည်။ထို့နောက်သူငယ်ချင်းလေးယောက်သား အတွဲညီညီဖြင့် ပြင်ဦးလွင်သို့ချီတက်ခဲ့ကြတော့သည်။ရန်ကုန်မှ ပြင်ဦးလွင်ဆိုသော ခရီးအတိုင်းအတာကာ နည်းလှသည်တော့မဟုတ်။ထို့ကြောင့် သူငယ်ချင်းများနှင့်တစ်လှည့်စီ မောင်းနှင်လာခဲ့ရသည်။သူငယ်ချင်းများကတော့ အပန်းဖြေရမည်ဖြစ်၍ ပျော်နေကြသည်။လန်းဆန်းတက်ကြွနေတော့သည်။နေသော်သည် ငယ်စဉ်က ပြည့်စုံကြွယ်ဝသောအသိုင်းအဝိုင်းမှကြီးပြင်းလာရသူဖြစ်၍ ဘာအပူအပင်မှ မရှိခဲ့။မိဘများကတော့ ဘဝရှေ့ရေးအတွက်ရှေးရှုပြီး တစ်ဦးတည်းသောသားတစ်ယောက်အတွက် ပြင်ဦးလွင်တွင် အိမ်နှင့်ခြံပါ ဝယ်ပေးထားခဲ့သည်။ထိုအိမ်လေးတွင် နွေရာသီအပန်းဖြေစရာအိမ်အဖြစ် ထားရှိထားခဲ့ကြသည်။ထိုနေရာတွင်သဘာဝ၏လတ်ဆတ်သော အငွေ့အသက်များဖြင့် အပန်းဖြေရန် ဥယျာဉ်ခြံငယ်လေးများရှိသည်။ထို့ပြင် လိမ္မော်ခြံများလည်း စိုက်ပျိုးထားသေးသည်။နေသော့်ဖခင်ကြီး ဦးဝင်းမြိုင်မှာ လူယုံတော်လည်းဖြစ် တူတော်လည်းဖြစ်သော မောင်ဝဏ္ဏအားထားရှိကာ လိမ္မော်ခြံအား ဦးစီးလုပ်ကိုင်စေခဲ့သည်။အိမ်ခြံစောင့်ကိုတော့ ဦးသက္ကတို့ဇနီးမောင်နှံအား အပ်နှံထိန်းသိမ်းထားစေခဲ့သည်။ဦးသက္ကကတော့ ဦးဝင်းမြိုင် ငယ်စဉ်က ထိန်းကျောင်းပေးခဲ့ရရှာပြီး ယခုတော့ ပြင်ဦးလွင်တွင် ခြံစောင့်ရင်း ပန်းအလှစိုက်ပျိုးသောအလုပ်ကို လုပ်ကိုင်နေသည်။အခုလည်း နေသော်တို့သူငယ်ချင်းတစ်စု ပြင်ဦးလွင်သို့ လာနေမည်ဖြစ်၍ဝမ်းသာနေကြသည်။မနက်စောသောထ ဈေးသွားကာ ဟင်းချက်မည့်ပစ္စည်းများအား စုံစုံလင်လင်ဝယ်လာခဲ့ပြီး ချက်ပြုတ်နေကြတော့သည်။ပြင်ဦးလွင်ရှိအိမ်ကြီးတွင်လည်း ဦးသက္ကတို့ဇနှီးမောင်နှံသာ နေရသည်ဖြစ်၍တိတ်ဆိတ်ခြောက်သွေ့နေခဲ့သည်။အခုကား နေသော်နှင့်သူငယ်ချင်းများလာရောက်တော့မည်ဖြစ်၍ ပျော်နေကြတော့သည်။https://www.thewrap.com/4th-man-out-review-evan-todd-parker-young-chord-overstreet
ကားလေးတစ်စီး တရိပ်ရိပ်ဖြင့် အဝေးပြေးလမ်းပေါ် အရှိန်ဖြင့်မောင်းနှင်နေခဲ့သည်။နားလိုက်မောင်းလိုက်နှင့် မေမြို့(သို့မဟုတ်)ပြင်ဦးလွင်မြို့သို့ ဝင်ရောက်လာခဲ့တော့သည်။မြို့သို့ဝင်ရောက်လာပြီဆိုရင်ပဲ အေးချမ်းသော တောတောင်သဘာဝအလှများနှင့်လတ်ဆတ်သောလေကောင်းလေသန့်တို့က ဆီးကြိုလို့နေသယောင်ယောင်။စိတ်ထဲပေါ့ပါးလန်းဆန်းနေတော့သည်။ပန်းမြို့တော်ဟုတင်စားခေါ်ဝေါ်ကြသော ပြင်ဦးလွင်မြို့တွင် ပန်းမြို့တော်နာမည်နှင့်အညီ ပန်းပေါင်းများစွာလည်း တွေ့မြင်ခံစားနိုင်ပါသည်။
"တီတီ..တီတီ."........အိမ်ရှေ့မှကားဟွန်းတီးသံ။ဦးသက္ကတစ်ယောက် ပန်းရေလောင်းနေရာမှ တံခါးဆီသို့ အပြေးအလွှား သွားကြည့်တော့သည်။
"ဟာ မောင်နေသော်တို့ပါလား ခဏလေး ဦးလေးတံခါးဖွင့်ပေးမယ်"ပြောပြောဆိုဆို ဦးသက္ကတစ်ယောက် တံခါးအားတွန်းဖွင့်လိုက်သည်။
"မယ်မြရေ ဒီမှာ မောင်နေသော်တို့ရောက်လာပြီဟေ့ ပစ္စည်းတွေ လာသယ်ကူပါဦး"ဦးသက္ကကတော့ ဇနီးဖြစ်သူကို လာအော်နေလေရဲ့။
"ရပါတယ် ဦးသက္ကရယ် ကျွန်တော်အရွယ်ရောက်ပါပြီဗျ ငယ်ငယ်ကလို မသယ်နိုင်တာမှမဟုတ်ဘဲ ဘွားလေးကိုလည်း မခိုင်းရက်ပါဘူး"ကားပေါ်မှဆင်းရင်း နေသော်ဦးသက္ကအား ဆီးပြောလိုက်သည်။
ထို့နောက် ဦးသက္ကဇနီးဖြစ်သူ မယ်မြလည်း မီးဖိုချောင်ထဲမှခပ်သုပ်သုပ်ထွက်လာကာ
"ပေး..ပေး..တူလေးတို့အိတ်တွေ ဘွားလေးသယ်ကူမယ်"
"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ..ရပါတယ်"နေသော့်သူငယ်ချင်းသုံးယောက်လုံး သံပြိုင် ညှိ့ထားသလိုသံပြိုင်ပြောလိုက်တော့သည်။credit; commons.m.wikimedia.org
"လာကြ လာကြ အမောပြေ အအေးလေးသောက်လိုက်ဦး ပြီးမှ ခနနားလိုက်"
"ဟုတ်ကဲ့ ဘွားလေး"
နေသော်တို့သူငယ်ချင်းလေးယောက်သား အအေးသောက်ရင်း ခဏတာ အနားယူကြတော့သည်။အနားယူနေရင်းက ရုတ်တရက်နေသော်တစ်ယောက် တစ်ခုခုကို သတိရမိသွားသည်။ပြီးနောက် ညိုးငယ်သောမျက်နှာဖြင့်
"သြော် ငါမေ့တော့မလို့ မနက်ဖြန် နွယ် နှစ်ပတ်လည်နေပဲ ဘုန်းကြီးကျောင်းသွားပြီး ကုသိုလ်လုပ်ပေးမှပဲ"
"အေး ဟုတ်သားပဲ ငါတို့လည်း လိုက်ခဲ့ပေးမယ်လေကွာ"မိုးထက်မှ နေသော်ပုခုံးကာ ပုတ်လိုက်ရင်း ပြောလိုက်သည်။
"အေးကွာ ဘာလိုလိုနဲ့ နွယ်ဆုံးတာ ၃နှစ်ကျော်ခဲ့ပြီ နွယ့်အဖြစ်က ဆိုးပါတယ်ကွာ"နေသော်သူငယ်ချင်းထဲမှ အောင်ကောင်းထက်က ဆက်ပြောလိုက်သည်။
"တော်ပါတော့ကွာ ငါလည်းအဲ့အကြောင်းတွေဆက်မကြားချင်တော့ဘူး မနက်ဖြန်မှ ဘုန်းကြီးကျောင်းမှာ ကုသိုလ်တစ်ခုခုလိုက်ပေးကြတာပေါ့" သြော်နွယ်ရယ် မင်းကိုယ့်ကိုခွဲသွားတာစောလွန်းပါတယ်ကွာ နေသော်ရင်ထဲမှ တိတ်တိတ်လေး ကြိတ်ပြောနေလေရဲ့။
ဆက်လက်ရေးသားပါမည်။
Author by @nandasai(MSC.076)
ခရီးထွက်တာ ပျော်ဖို့ ကောင်းပေမယ့် အတိတ်ကလွမ်းဆွေးစရာက မေ့လို့မရပါဘူးလေ
ရေးသားပါအုံးဗျာ
နှစ်ပတ်လည်မှာလည်း မေ့မရတာတွေနဲ့ဝမ်းနည်းနေရမှာလားမသိဘူးနော်
ဟုတ်ကဲ့ ကိုမိုး
ဖက်လို့ကောင်းတယ် အဆက်ကိုစောင့်ဖက်ပါမယ်ခင်ဗျာ
ကျေးဇူးပါကိုလင်း
ရည်းစားသေ နိုင်ငံခြားသွား ပြန်လာ ပြင်ဦးလွင်ရောက်
နောက်တစ်ဆစ် ဘယ်တော့ချိုးဦးမလဲ
ချိုးတော့မယ်
ဇာတ်လမ်းတွေဖတ်တာများရင်း ရှုပ်သွားပီ။နွယ် ဆိုတာအရှေ့အပိုင်းတွေမှာကျန်ခဲ့ပီလာဟင်။ 😁
ရှေ့ကအပိုင်းမှာပါ ပါတယ် ...
ပုံလေးတွေကြည့်ပြီး ပြင်ဦးလွင် ဇာတိမြို့လေးတောင်
သတိရမိသွားတယ်😁😁😁
ပြင်ဦးလွင် သားပေါ့ အဲ့မြို့ကိုတော့ အရမ်းသဘောကျတယ်
ဟုတ်ပါတယ်ဗျ😁😁😁
အခန်းဆက်တွေဆိုတော့ ရှေ့တစ်ပိုင်းပါ ပြန်ပြန်ဖတ်မှ ဇာတ်ရည်လည်တယ်ဗျို့။
ရှည်နိုင်သမျှ ရှည်အောင် ဆွဲဆန့် ထားရတယ်ဗျို့
ဝမ်းနည်းရတော့မယ်ထင်တယ်
ပျော်ရမှာ
ဆက်စောင့်ရင်း အရမ်းကောင်းတယ်ဗျ
အားပေးခဲ့တယ်ညီရေ
နွေရာသီပူပူမှာပြင်ဦးလွင်တောင်သွားချင်မိတယ်
သွား အေးချမ်းတယ်
ပြင်ဦးလွင်လမ်းကတော့ တစ်ဆစ်ချိုးမကဘူးနော်😁😁😁
ဟုတ်ပါ့ဗျာ
အတိတ်အတိတ် မေ့ပြစ်ဖို့အခက်သားလား😅😅
အမှန်ပော့ဗျာ
အတိတ်က မေ့ဖို့ခက်သားနော့် ဘဒိုရေ
ရင်ထဲတစ်မျိုးကြီးရယ် ဖတ်ပြီးတော့ထိတယ်ဗျာ