ယခင် ဘဝတစ်ဆစ်ချိုး အပိုင်း(၅)မှအဆက်..
အပိုင်း(၁)မှ အပိုင်း(၅)ထိ အပိုင်းများပြန်လည်ဖတ်ရှုလိုပါက အောက်တွင်ပြန်လည်ဖတ်ရှုနိုင်ပါသည်။
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
"တော်ပါတော့ကွာ ငါလည်းအဲ့အကြောင်းတွေဆက်မကြားချင်တော့ဘူး မနက်ဖြန်မှ ဘုန်းကြီးကျောင်းမှာ ကုသိုလ်တစ်ခုခုလိုက်ပေးကြတာပေါ့" သြော်နွယ်ရယ် မင်းကိုယ့်ကိုခွဲသွားတာစောလွန်းပါတယ်ကွာ နေသော်ရင်ထဲမှ တိတ်တိတ်လေး ကြိတ်ပြောနေလေရဲ့။
ညခင်း ရေမိုးချိုး ထမင်းစားပြီသည်နှင့်သူငယ်ချင်း လေးယောက်အိပ်ယာတန်းဝင်ကြတော့သည်။ခရီးကလည်း ပန်းလာသည်ဖြစ်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြသည်။ထိုထဲမှ နေသော်တစ်ယောက် အိပ်၍မပျော်နိုင်။ပြင်ဦးလွင်မြို့သို့ ဝင်ရောက်လာလျှင်ပဲ သူ့စိတ်ထဲတွင် တစ်ခုခုကိုခံစားနေမိသည်။ဘာကိုခံစားရလဲဆိုတော့ သူကိုယ်တိုင်ပင် သေသေချာချာမသိ။တောင်တွေးမြောက်တွေးနှင့်ပင် တစ်ယောက်တည်းအိပ်ယာထက် လူးလှိမ့်နေခဲ့သည်။မနက်ဖြန် နွယ် နှစ်ပတ်လည်နေ့အတွက်ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်ဖြစ်သည့်အတွက် နွယ်အကြောင်း ရုတ်တရက် တွေးမိပြန်သည်။အတိတ်ဆိုသည်က မေ့ဖို့ခက်ခဲမှန်း နေသော်သဘောပေါက်လာသည်။တခြားအရာများအား မေ့ပျောက်ရန် လွယ်ကူခဲ့ပေမဲ့လည်း နွယ့်ကိုတော့ မေ့ဖို့မလွယ်ခဲ့။တချိန်က နွယ့်ကို မေ့နိုင်လိုမေ့နိုင်ငြား နိုင်ငံခြားသို့ ထွက်သွားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့။အခုတော့ နွယ်နှစ်ပတ်လည်နေ့ ရောက်တော့မည်ဆိုတော့ကာ ပို၍သတိရမိပြန်သည်။မေ့မရတဲ့အမှတ်တရများစွာအချို့ထဲက.....။
"ကို နွယ်တို့ ဘယ်တော့ လက်ထပ်ကြမလဲဟင်!!"
နေသော်ရင်ခွင်ထဲ ကလေးလေးတစ်ယောက်လို တိုးဝှေ့ရင်း နွယ် မေးခွန်းထုတ်နေလေရဲ့။
"အင်း ကိုယ်လည်း နွယ်နဲ့ အတူနေချင်ပါပြီ လာမဲ့ တနင်္ဂနွေနေ့ကျရင် အဖေနဲ့အမေကို ကိုယ် ဖွင့်ပြောတော့မယ် အိမ်ကလည်း နွယ်နဲ့ဆိုသဘောတူမှာပါ"
ကန်ရေပြင်နံဘေး ခုံတန်းလျားလေးဝယ် ချစ်သူနှစ်ဦး တီးတိုးတီးတိုးနှင့် အချစ်ခန်းဖွင့်ကြည်နူးလို့နေသည်။
"ကို နွယ်လေ ကိုယ့်ကိုသိပ်ချစ်တယ် သိလား နွယ်သေခဲ့ရင်တောင် ကျွတ်မယ်မထင်ဘူး ကိုယ့်ဘေးနားမှာပဲနွယ်နေချင်တာ"
"အိုး နွယ်ရယ် နိမိတ်မရှိ ဘာမရှိစကားတွေ နွယ်ကဘာလို့သေရမှာလဲ"
နွယ့်စကားကြားတော့ နေသော် မျက်နှာပျက်သွားသည်။ဒါကိုနွယ် အလိုက်သိစွာဖြင့်
"နွယ်က သဘောပြောတာပါ နွယ်ကလေ ကိုနဲ့ အတူနေပြီး ကလေးတွေအများကြီးမွေးပေးမှာ"
"ဟ ဟ ဟ"နေသော်တစ်ယောက် မအောင့်အီးနိုင်ဘဲ ဟက်ဟက်ပက်ပက်ရယ်ချလိုက်တော့သည်။
"နေသော် နေသော် ဟျောင့် "ဘယ်လောက်များ အတွေးထဲ မျောပါနေသည်မသိ ဘေးမှ သူငယ်ချင်းတစ်ယောက် လာခေါ်မှ အသိစိတ်များ ပြန်ဝင်လာခဲ့သည်။
"ဟာ လန့်သွားတာပဲကွာ"
"ခေါ်နေတာကြာနေပြီကွာ မလှုပ်မယှက်နဲ့ငြိမ်နေတာ ငါတောင်လန့်ရမှာ"သူငယ်ချင်းမှ ထိုသို့ပြန်ပြောသဖြင့် နေသော် ပြန်တိတ်သွားတော့သည်။
"အေးကွ ငါအိပ်မရလို့ မင်းက ဘာထလုပ်တာလဲ"
"ရေဆာလို့ ရေသွားသောက်လိုက်ဦးမယ်"ပြောပြောဆိုဆိုနှင့်ပင် နေသော့်အနားမှ ထွက်သွားတော့သည်။
ဟူးးးး သက်ပြင်းကို ဖြည်းဖြည်းချရင်း ပြန်အိပ်ရန်ုပြင်လိုက်ပြန်သည်။နာရီကြည့်တော့ ၂နာရီ ခွဲနေပြီ။
"ဟျောင့် နေသော် ထတော့ထတော့ နေမြင့်နေပြီဟ မင်းဘုန်းကြီးကျောင်းသွားမှာမဟုတ်လား"မိုးထက် တစ်ယောက် အော်နိုးလိုက်မှ မျက်လုံးများပွတ်သပ်ကာ နာရီလှမ်းကြည့်လိုက်သည်။မနက် ၈နာရီခွဲ နေပြီ။အိပ်ယာထက်မှ ကပျာကယာထရင်း ရေမိုးချိုး အဝတ်အစားလဲကာ ကော်ဖီသောက်ရန်ပြင်တော့သည်။
"သြော် ဘွားလေး ဒီအနီးအနားမှာ ဘုန်းကြီးကျောင်းရှိတယ်မဟုတ်လား ဘုန်းကြီးကျောင်းမှာ ကုသိုလ်လည်း နည်းနည်းလုပ်ချင်လို့"
"ရှိတယ်လေ ငါ့တူရဲ့ လမ်းထိပ်ကနေ မြောက်ဘက်ကို ဆက်သွား ပြီးရင်ညာကိုချိုးရင်ရောက်ပြီ"ဦးသက္ကမှ မီးဖိုချောင်ဝင်လာရင်း ဘုန်းကြီးကျောင်းသို့သွားရမည့်နေရာအား လမ်းညွန်ပေးနေသည်။သို့နှင့် ကော်ဖီသောက်ပြီး လှူဖွယ်ပစ္စည်းများ ဝယ်ယူကာသူငယ်ချင်းလေးယောက်သား ဘုန်းတော်ကြီးကျောင်းသို့ ဦးတည်လာခဲ့တော့သည်။
"နေသော်ရှေ့လမ်းရောက်ရင် ညာကိုချိုးရမှာနော်"
"အေးပါကွာ ငာသိပါတယ် ဆရာမလုပ်နဲ့"
တီတီတီ ...အကွေ့တစ်ခုအရောက်တွင် ကားဟွန့်ပေးကာနေသော် ဆွဲကွေ့လိုက်သည်။
credit image;http://welcometopyinoolwin.blogspot.com/2015/03/british-style-colonial-buildings-in.html?m=1
&"အိုက်စ်...အ မ လေး အ မေ ရေ"
"ဟာာာာ"
ဂွမ်းး.....အသံများဆူညံပွက်သွားသည်။ရုတ်တရက်အကွေ့တွင် မိန်းကလေးတစ်ယောက် စက်ဘီးဖြင့် ပေါ်လာကာ ကြောက်အားလန့်အားဖြင့် ပစ်လှဲသွားခြင်းဖြစ်သည်။
"ဟေ့ရောင်တွေ ဆင်း ဆင်း ဟိုမှာဘာဖြစ်သွားလဲမသိဘူး"နေသော်နောက်ခန်းမှ သူငယ်ချင်းများအားပြောကာ ကားပေါ်မှ ခပ်မြန်မြန်ဆင်းလိုက်တော့သည်။
ဆက်လက်ရေးသားပါမည်။
Author by @nandasai(msc.076)
နှစ်ပတ်လည်လုပ်ခါနီးကျမှ
အိပ်မက်တွေမက်ရင်း
ကားထမောင်းတော့ စက်ဘီး နှစ်ပတ်လည်ပြီလားဗျ😁
ဟုတ်တယ်ဗျ
ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ
ဟုတ်ကဲ့ ကျေးဇူး ကိုစော
သွားလေသူကို ကုသိုလ်ကောင်းမှုပြု ပြီး အမျှဝေပေးရခြင်းသည် ကောင်မွန်သောသူတို့၏ အလုပ်ဖြစ်သည်
ဟုတ်ကဲ့ မတင်တာကြာပြီနော် ဦးဇင်း
အဲဒီမှာ စတွေ့တာပဲ နောက်တစ်တစ်ချိုးကွေ့
စတွေ့ပြီလေ
တစ်ယောက်တစ်မျိုးဇာတ်လမ်းလေးတွေ မရိုးရပါဘူးဗျာ။
ဟုတ်ကဲ့ စဉ်းစားပြီး ရေးရတာပေါ့ဗျာ
အကုန်ရေးပြီးသွားရင် စာအုပ်ထုတ်တော့ဗျ။
ဟဲ ဟဲ
အရင်ပိုင်းလေးနဲ့ဆက်စပ်ဖြစ်ပါတယ်အရမ်းကောင်းတယ်
အားပေးတဲ့အတွက်ကျေးဇူးပါ
တစ်ဆစ်ပြီးတစ်ဆစ်ချိုးနေတာ ချိုးလိုက်တိုင်းလည်းကောင်းနေတာပါပဲလားဗျာ
ဇာတ်လမ်းစပီလေ 😁
ဟိ ဟိ
မိန်းကလေးဘာဖြစ်လဲသိရအောင် စောင့်နေပါမယ်ဗျာ
ဟုတ်ကဲ့ ကိုသားပေါက်
ဇာတ်ရှိန်ပြန်တက်တော့မလား....😁😁😁
ဆိုပါတော့
အဟွင်းဟွင်း
ဟီ ဟိ
နောက်ထပ်ဖူးစာတော့တွေ့တော့မယ် 😁
တွေ့တော့မယ်လေ