"ဦးလေး ကျွန်တော်ဦးလေးနဲ့ တိုင်ပင်စရာတစ်ခုရှိတယ် နွယ်နဲ့ပတ်သတ်ပြီးတော့ပေါ့"
"ဦးလေးလည်း ငါ့တူလေးကို ပြောပြစရာတစ်ခုရှိတယ် နွယ်နဲ့ပတ်သတ်ပြီးတော့ပေါ့ ဒါပေမဲ့ အကောင်းဘက်က မျှော်လင့်မထားပါနဲ့"ဦးလေးသက္က၏စကားများကြောင့် နေသော် သိလိုသောစိတ်များ ပြင်းပြသွားခဲ့သည်။
"တိုက်ဆိုင်လိုက်တာ ငါ့တူရယ် ငါ့တူက ဘာအကြောင်းပြောပြမလို့တုန်း ဒါပေမဲ့လို့ ဦးလေးလောက် အံသြစရာကောင်းမယ်မထင်ဘူး"
"နေပါဦး ဦးသက္ကရဲ့ ဦးလေးက ဘာတွေများအရေးကြီးပြောစရာရှိနေလဲ ဆိုပြပါဦး"ထိုအခါ ဦးသက္ကမှဆက်ပြီး
"ဒါပေမဲ့ ဦးလေးသက္ကကိုကတိတစ်ခုတော့ပေးကွာ အခု ငါ့တူကို ဦးသက္ကပြောပြပြီးရင် နွယ်ဝင်စားနေတဲ့ သူဇာ့ကို မမုန်းလိုက်ပါနဲ့ အဲ့တစ်ခုတော့ ကတိပေး"
"ဗျာ"
ဦးသက္ကစကားကြောင့် နေသော် မျက်လုံးပြူး၍ အံ့သြသွားသည်။ဆိုလိုရင်းအဓိပ္ပါယ်ကိုနားမလည်နိုင်ဖြစ်နေသည်။ဦးသက္ကမှဆက်ပြီး
"တူမောင်လေး ကတိပေးမယ်မဟုတ်လား"
နေသော်တစ်ချက်တွေဝေသွားသည်။ထို့နောက် ဦးသက္က မျက်နှာ စေ့စေ့ကြည့်ကာ
"ဟုတ်ကဲ့ ကျွန်တော်ကတိပေးပါတယ် ဘယ်တော့မှ သူ့ကိုမမုန်းပါဘူး"နေသော်စကားကြောင့်ဦးသက္က ကျေနပ်ဟန်ရှိသွားသည်။ဆက်ပြောမည်အပြု
"ကိုရေ. ရေခပ်လာပါပြီ သောက်လို့ရပြီနော်" အိမ်ထဲမှ ပျာပျာသလဲ ထွက်လာသော သူဇာကြောင့် ဦးသက္ကပြောလက်စစကားများ ရပ်လိုက်ရသည်။
"ကို နွယ် အရီးမြနဲ့ ဈေးလိုက်သွားမယ် အကိုကြိုက်တတ်တဲ့ ငရံ့အူဟင်းချက်ပေးမယ် နော်" နေသော်မအံ့သြတော့ပါ။မိမိကြိုက်တတ်သောအရာများအား သူဇာသိနေခြင်းပေါ့။
"နွယ် လိုက်သွားမယ်နော်"
"အင်းပါ လိုက်သွား"နေသော်ခွင့်ပြုချက်ရသည်ဆိုပဲ အရီးမြနှင့် ဈေးသို့ ထွက်သွားတော့သည်။
မိမိလည်း သူဇာလေးအား မြင်ကွင်းဆုံးသည်အထိ ကြည့်လိုက်ပြီး မြင်ကွင်းမှပျောက်ကွယ်ခါမှ ဦးသက္ကဘက် ပြန်လှည့်ကြည့်မိလိုက်သည်။
"သူဇာလေးကို တူလေး သံယောဇဉ်ရှိနေပြီလား" ဦးသက္ကမေးခွန်း စကားကြောင့် နေသော်မှင်သက်သွားသည်။credit imagehttps://www.ebay.com/itm/Handsome-Boy-Quiff-Full-Wig-Korean-Short-Black-Mens-Male-Hair-Cosplay-Wig-/162866171814
"သံယောဇဉ်ရှိတာတော့အမှန်ပါ ဒါပေမဲ့ ၅၂၈မေတ္တာနဲ့လား ကွဲပြားတဲ့ ၁၅၀၀မေတ္တာတွေနဲ့လားဆိုတာတော့ ကိုယ့်ကိုယ်ကို မသိနိုင်သေးဘူးဗျာ"နေသော့်စကားကြောင့် ဦးသက္ကတစ်ချက်ပြုံးလိုက်သည်။
"ဒီလောက်ဆိုရင် လုံလောက်ပြီ စောနကငါ့တူလေးသိချင်နေတဲ့အကြောင်း ပြောပြမယ် သေသေချာချာနားထောင်"
"ဟုတ်ကဲ့ ဆက်ပြောပါ"
"အခုသူဇာလေးမှာ မိဘမစုံကြတော့ဘူးဆိုတာတူလေးသိတယ်နော် သူ့မိခင်က သေသွားပြီး သူ့အဖေကထောင်ထဲရောက်နေတာဆိုရောပေါ့"
"သိပါတယ် ဦးလေးဦးသက္က အန်တီချိုလေးပြောပြလို့သိသင့်သလောက်သိထားပါပြီ"
"အေး ဒါ့ထက် ငါ့တူလေးမသိသေးတာတစ်ခုရှိနေတယ် သူဇာ့ အဖေ ဘာအတွက်နဲ့ထောင်ကျခဲ့သလဲသိလား"ဦးသက္က၏စကားကြောင့် နေသော် အရမ်းစိတ်ဝင်စားဟန်ဖြင့် အာရုံစူးစိုက်နားထောင်လိုက်သည်။ပြီးတော့
"ဆက်ပြောပါဦး ဦးသက္က ဘာကြောင့်လဲလို့"
"ငါ့တူလေး သိရင် အရမ်းအံ့သြနေမှာ သူဇာ့အဖေထောင်ကျတာ ဘာအတွက်လည်းဆိုတော့ ကားတိုက်မှုကြောင့် ထောင်ကျတာပဲ"
"ဗျာ ကားတိုက်မှုတစ်ခု ဟုတ်လား"အံ့သြမှုများနှင့် နေသော်ထိုင်နေရာမှထလိုက်သည်။
"ဟုတ်တယ် ငါ့တူလေးမသိသေးတဲ့အရာဟာ အဲ့တာပဲ ပြီးတော့.."ပြီးတော့ဆိုပြီး စကားကိုဆက်မပြောသေးဘဲ နေသော်မျက်နှာအား ဦးသက္ကလှမ်းကြည့်လိုက်သည်။နေသော်မှာ အလွန်စိတ်ဝင်စားနေသော အခြေအနေသို့ရောက်နေပေသည်။
"ပြီးတော့ အဲ့ယာဉ်တိုက်မှုမှာ မိန်းကလေးနှစ်ယောက်သေဆုံးသွားတယ်"
"အဲ့ဒီမိန်းကလေးကဘယ်သူလဲ ဦးသက္က"နေသော်မှာ သွေးမရှိသော မျက်နှာတစ်ခုဖြင့် ဦးသက္ကအဖြေကို စိုက်နားထောင်နေတော့သည်။
"အဲ့ဒီမိန်းကလေးက နွယ်နဲ့ နဒီပဲ ငါ့တူ"ဦးသက္က၏အဖြေကြောင့် နေသော်ဒူးခေါင်းများ ညွတ်ကျသွားသည်။တစ်ကမ္ဘာလုံး မိုးစုန်းးစုန်းချူပ်သွားသည်ထင်ရသည်။
"ဟုတ်တယ် ငါ့တူ ဦးသက္ကလည်း လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲသိခဲ့တာ သိသိချင်း ဦးလေး ဖုန်းဆက်မလို့ပါပဲ ဒါပေမဲ့ အခုလိုကိစ္စကသေသေချာချာပြောမှ ဖြစ်မှာမို့ပါ"
"ကံကြမ္မာ ကဆန်းကျယ်လိုက်တာ ဦးလေးရယ် ကျွန်တော်နဲ့ လက်ထပ်တော့မဲ့ မိန်းကလေးကို ကားနဲ့တိုက်သတ်သွားတာ သူဇာအဖေတဲ့လား ကျွန်တော်က သနားပြီး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့မိန်းကလေးက ကျွန်တော့်ချစ်သူကိုသတ်ခဲ့တဲ့ လူရဲ့သမီးပေါ့"နေသော်ပြောရင်း မျက်ရည်များစီးကျလာသည်။ဘယ်သို့ဘယ်ပုံကြောင့်ကျလာသောမျက်ရည်များမသိ။
"ငါ့တူလေး သူဇာကိုမမုန်းပါနဲ့ကွယ် တကယ်ဆိုသူ့မှာ ဘာအပြစ်များမှမရှိပါဘူး ဖြစ်ခဲ့တာတွေလည်းဖြစ်ပြီးပြီလေ"သြော် နွယ်ရယ် တမင်များ သူဇာနဲ့နီးအောင်ဖန်တီးနေတာလား။ကို ဘယ်လိုလုပ်ရမလဲ။စိတ်ထဲ မွန်းကျပ်မှုများနှင့် ဆို့နစ်လာသည်။ကံတရားကိုပဲ ပုံချရမလားလေ။credit imagehttp://7-themes.com/collections/hdq-beautiful-girl-wallpapers
ဇာတ်သိမ်းပိုင်းမျှော်
Author by @nandasai(MSC.076)
ဆန်းကြယ်လိုက်တဲ့ လူ့ဘုံလောကရယ်
ဇာတ်လမ်းလေးပါဗျာ တစ်ကယ်ရှိရင်လည်း ရှိမယ်ထင်
မျှော်နေပါသည်ကောင်းပါသည်ဇတ်လမ်းကလေးက
ဟုတ်ကဲ့ ကျေးဇူးပါဗျ
ဇာတ်ကွက်တွေမြင့်တယ်။
အဲ့လောက်လည်း မဟုတ်ရပါဘူးဗျာ
ဇာတ်လမ်းဖန်တီးပုံအရမ်းကောင်းပါသည်။
ကျေးဇူးပါ အမ
ဇာတ်လမ်းက အတော်ကောင်းဗျာ။ အရေးအသားကလည်း ပြောင်မြောက်ပါပေ့
ဟုတ်ကဲ့ကြိုးစားပါဦးမယ်ဗျာ
နောက်တစ်ပိုင်းသိမ်းတော့မည်ပေါ့။
ဟုတ်တယ် ကိုထွေး
ကံကြမ္မာတရားရယ်ရက်စက်တယ်
ဟုတ်တယ် ရက်ရက်စက်စက်
ဝိုးး လှည့်ကွက်တွေများတဲ့ ကံကြမ္မာကြီးပါလား... ဖက်ရတာအရမ်းကောင်းတယ်ဗျာ..
ကိုလင်း postတွေလည်း အရမ်းကောင်းပါတယ်
တော်တော်ရေးနိုင်တာပဲဗျာ။စိတ်ကူးကောင်းပါဘိ
ကျေးဇူးအထူးတင်ပါတယ် ဗျာ
ဇာတ်လမ်းအနေထားကတော့ ကောင်းမွန်လှပတယ်
ကျေးဇူးပါခင်ဗျ
အရမ်းကောင်းပါတယ်ဗျ
ဇာတ်သိမ်းပိုင်းကို လှလှလေးသိမ်းပေးပါဗျ
အကောင်းဆုံးကြိုးစားပေးပါ့မယ်
ကြိုတင်ကြေညာထားပါလား သိမ်းတော့မယ်ဆိုတာ
ဟုတ်ကဲ့ ကိုစော
ဇာတ်သိမိးမျော်နေပါ့မယ်
ဆန်းကြယ်တဲ့လောကရယ်😜😜😜
ဇာတ်လမ်းဇာတ်ကွက်လေး သဘောကျသဗျာ။
ဟိုက် ယူရခက်ကြီးပါလား 😂
Congratulations @nandasai! You have received a personal award!
1 Year on Steemit
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard:
Congratulations @nandasai! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!